ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို
နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ-အောင်ဇော်ထွန်း

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအား နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ-အောင်ဇော်ထွန်း
ကမ္ဘာအေးစေတီလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ မီးပွိုင့်အနီးတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားပုံတူ
ရေးဆွဲထားမှုကို နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ-အောင်ဇော်ထွန်း
ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တံဆိပ်ရိုက်လုပ်ငန်းများတွင် အမေရိကန်နိုင်ငံအလံများကို တွေ့ရစဉ် ဓာတ်ပုံ-အောင်ဇော်ထွန်း
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန်သမ္မတ
အိုဘားမား အား မြန်မာ့ဒီမိုကရေစီအရေးကို စဉ်ဆက်မပြတ် အားပေးခဲ့သည့်
နိုင်ငံ့ခေါင်းဆောင် တစ်ဦးအား ကြိုဆိုသည့်အသွင်ဖြင့် သမ္မတ အိုဘားမားအား
မြန်မာပြည်သူများက ကြိုဆိုကြမည်ဖြစ်ကြောင်း Facebook ကဲ့သို့သော
လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ် ပျံ့နှံ့နေသည်။
အဆိုပါသတင်းများ၌ အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့
လာရောက်ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အိုဘားမားပုံစံတူလူ
ရုပ်ကြီးများဖြင့်လည်း ကြိုဆိုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမေရိကန် သမ္မတတစ်ဦး၏ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော
ခရီးစဉ် အား မြန်မာပြည်သူ များမှ ကြိုဆိုလိုလျှင် လုံခြုံရေးအခြေ
အနေပေါ်မူတည်ကာ ကြိုဆိုခွင့် ပေးသွား မည် ဖြစ်ကြောင်း မြန်မာအစိုးရနှင့်
နီးစပ်သူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမား၏
မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ကြိုဆိုမှုအဖြစ်
ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်းနှင့် ရွှေဂုံတိုင် Excel Tower အနီးတွင်
အိုဘားမား၏ ရုပ်ပုံ၊ မြန်မာနိုင်ငံအလံနှင့် အမေရိကန်နိုင်ငံ အလံတို့ကို
ပေါင်းစပ်ထားသည့် Welcome Obama စာသားပါ Graffiti ရုပ်ပုံတစ်ခုကို
မြန်မာ လူငယ်တစ်စုက ရေးဆွဲခဲ့သည်။ တံဆိပ်ရိုက်လုပ်ငန်းများတွင်လည်း
အမေရိကန်သမ္မတ လာရောက်လျှင် ကြိုဆိုရန်အတွက် ပြင်ဆင်နေသူများက
အမေရိကန်နိုင်ငံ အလံများ ၀ယ်ယူမှုများပြားလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်သည် တိုင်းတစ်ပါး နယ်ချဲ့လက်အောက်သို့ ကျရောက်စဉ်ကစ၍
လွတ်လပ်ရေး ကြိုးပမ်းသည့် ကာလအထိ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ခေတ်သမိုင်း အဆက်ဆက်တွင် ထင်ရှားသည့်
ကျောင်းသားခေါင်းဆောင်များ၊ မျိုးချစ်ခေါင်းဆောင်ကြီးများနှင့်
စာပေအနုပညာရှင်ကြီးများ ထွက်ပေါ်ခဲ့သည့် နေရာဖြစ်သလို . . .
|
ထို့အပြင် သမ္မတအိုဘားမားသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အစဉ်အလာ
ကြီးမားခဲ့သော ရန်ကုန်တက္ကသိုလ်တွင် လူထုအား မိန့်ခွန်းပြောကြားရန်
စီစဉ်ထားရာ ၎င်းမလာရောက်ခင် ရက်ပိုင်း အတွင်းတွင် ရန်ကုန်တက္ကသိုလ်ကို
အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေသည်။
ရန်ကုန်တက္ကသိုလ်သည် တိုင်းတစ်ပါးနယ်ချဲ့လက်အောက်သို့ ကျရောက်စဉ်ကစ၍
လွတ်လပ်ရေး ကြိုးပမ်းသည့်ကာလ အထိ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င်ခေတ် သမိုင်း အဆက်ဆက်တွင် ထင်ရှားသည့်
ကျောင်းသားခေါင်းဆောင်များ၊ မျိုးချစ်ခေါင်းဆောင်ကြီးများနှင့်
စာပေအနုပညာရှင်ကြီးများ ထွက်ပေါ်ခဲ့သည့်နေရာ ဖြစ်သလို၁၉၆၂ ခုနှစ်၊ ၁၉၈၈
ခုနှစ် ကျောင်းသား လှုပ်ရှားမှုများနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင်
ထင်ရှားသည့်ဖြစ်စဉ်များ ရန်ကုန်တက္ကသိုလ် နယ်မြေတွင် ပေါ်ပေါက်ခဲ့ပြီး ၁၉၆၂
ခုနှစ် ဇူလိုင်လ အတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦအား
ဖောက်ခွဲဖျက်ဆီး ခံခဲ့ရသည်။
အမေရိကန်သံရုံး တာဝန်ရှိသူများ က ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း
လုံခြုံရေးနှင့် ပတ်သက်သော ဆောင် ရွက်မှုများ၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်
ခန်းမဆောင်အား ပြင်ဆင်နေမှုများကို လာရောက် ပြုလုပ်လျက်ရှိသည်။
အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး ပြောင်းလဲမှု
ဖြစ်စဉ်များအတွက် အထောက်တစ်စုံ တစ်ရာအကူပြုနိုင်မည့် ခရီးစဉ်တစ်ခု
ဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း နှင့်မြန်မာနိုင်ငံနှင့်
ကမ္ဘာ့နိုင်ငံ များ ဆက်ဆံရေးပြောင်းလဲမှု တစ်ခုဟု သုံးသပ်မှုများလည်း ရှိနေသည်။
“သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာတာဟာ မြန်မာနိုင်ငံရဲ့
ပြုပြင်ပြောင်းလဲရေးကို အမေရိကန်က အသိအမှတ်ပြုတာ ဖြစ်သလို အမေရိကန်-မြန်မာ
သံတမန် အဆက်အသွယ် ပိုမိုခိုင်မာလာစေတယ်လို့ ကျွန်တော့်အနေ နဲ့ယူဆပါတယ်။
ကိုယ်တိုင်ကြိုဆိုခွင့် ရခဲ့မယ် ဆိုရင်တော့ အမေရိကန်သမ္မတကို
သွားကြိုမှာပါ”ဟု IT လုပ်ငန်း လုပ်ကိုင်နေသူ ကိုနိုင်နိုင်ထက်က ပြောပါသည်။
“အိုဘားမားက ပထမအကြိမ် ရွေးကောက်ပွဲမှာ ကတိပေးခဲ့တာက သူသာသမ္မတဖြစ်ခဲ့မယ်
ဆိုရင် ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်လို့ ပြောခဲ့တယ်။ သူကတကယ်တမ်း သမ္မတလဲ
ဖြစ်လာရော သူ့ကတိအတိုင်း ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တယ်။
သူလုပ်ဆောင်ခဲ့တဲ့ ပြောင်းလဲမှုတွေမှာ မြန်မာ -အမေရိကန် ဆက်ဆံရေးလဲ
ပါဝင်တယ်။ မြန်မာနိုင်ငံအပေါ်မှာ ထားတဲ့ အမေရိကန်နိုင်ငံရဲ့ သဘော ထားတွေ လည်း
ပြောင်းလဲလာခဲ့တယ်။ အမေ ရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထား
ပြောင်း လဲမှုဟာ အနောက် အင်အားကြီး နိုင်ငံတွေအပေါ်လည်း အတော်လေး
သက်ရောက်မှုရှိခဲ့တယ်။ ကျွန်တော်တို့ တိုင်းပြည်ကိုသူလို လူမျိုး
လာရောက်တာကို ကြိုဆိုပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေက
ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အပေါ်တွင်
နယ်ပယ်အသီးသီးမှလူပုဂ္ဂိုလ်များက လည်းကြိုဆိုခဲ့ကြပြီး နိုင်ငံတကာ၏
မြန်မာနိုင်ငံကို ဆက်ဆံရေးပြောင်းလဲ မှုတစ်ခုဟုရှုမြင်ကြောင်း ပြောကြား မှု
များလည်းရှိခဲ့သည်။
ရန်ကုန်တက္ကသိုလ်မှ သမိုင်းဌာန ပါမောက္ခဒေါက်တာ ခင်စောနွယ်က
“မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံရဲ့ သမ္မတတစ်ယောက် လာတယ်ဆိုတာကို
ဝမ်းပန်းတသာ ကြိုဆိုပါတယ်။ ပြည်သူ တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံကို
တန်ဖိုးထားတယ်၊ အသိအမှတ်ပြုပြီး လာတယ်ဆိုတာကို ဂုဏ်ယူပါတယ်” ဟု
ပြောကြားခဲ့ပါသည်။
“အမေရိကန်နိုင်ငံလို ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံနဲ့ ဆက်ဆံရေးထူ
ထောင်လာနိုင်တာ ဟာ မြန်မာနိုင်ငံအနေ နဲ့ကမ္ဘာ့ အသိုင်းအ၀ိုင်းကို
ဝင်ဆံ့လာတယ်လို့ ဆိုနိုင်တယ်။ ပူပူနွေးနွေး ရွေးကောက် ပွဲ အနိုင်ရထားတဲ့
အမေရိကန် သမ္မတတစ်ယောက် ကျွန်တော်တို့ နိုင်ငံကိုလာရောက်ခြင်းဟာ
ကြိုဆိုရမယ့် ကိစ္စတစ်ခုပါ” လူငယ်အဆိုတော် ရသက ပြောကြားခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် ကိုပြုံးချိုက “ကမ္ဘာ
မှာဒီမိုကရေစီရဲ့ အလေ့အကျင့်ကောင်းတွေ ကို ကာလကြာရှည်စွာ ကျင့်သုံးခဲ့ပြီး
ကျေညက်နေတဲ့ နိုင်ငံတစ်ခုရဲ့ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ထားတဲ့
သမ္မတကိုယ်တိုင် က ကျွန်တော်တို့နိုင်ငံမှာ တွေ့သင့်တွေ့ထိုက်တဲ့သူကို
တွေ့ဆုံပြီး အပြုသဘောဆောင် တဲ့ အပြောင်းအလဲတွေကို တိုးမြင့်ပေးနိုင်မယ်လို့
မျှော်လင့်မိပါတယ်။ လူထုက တိုက်ရိုက် ရွေးချယ်ထား တဲ့သမ္မတ၊ လူထုကိုအမြဲတမ်း
မျက်နှာမူထားတဲ့ စံနှုန်းတွေကိုပိုင်ဆိုင်ထားတဲ့ သမ္မတတစ်ယောက်၊ အဲဒီ
စံနှုန်းတွေကို သွားနေတဲ့ တိုင်းပြည်တစ်ခုက ပြည်သူတွေဆီကို ကောင်းမွန်တဲ့
သတင်းစကားတွေ သယ်ဆောင် ပေါင်းကူးနိုင်တဲ့ခရီးစဉ်လည်းဖြစ်သလို၊
မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ကမ္ဘာ့အ၀န်း အ၀ိုင်းက
အာရုံစိုက်နိုင်လောက်တဲ့ခရီး စဉ်တစ်ခုလည်းဖြစ်တဲ့အတွက် ဒီခရီး စဉ်ကို
ကြိုဆိုပါတယ်”ဟု ပြောကြား ခဲ့သည်။
“အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုရေစီရရှိရေးအတွက် သမ္မတကိုယ်တိုင်
ထဲထဲဝင်ဝင် ပါဝင်လာတယ် လို့ဆို နိုင်တယ်။ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့
အတွေးအခေါ်တွေ၊ မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာမယ် လို့လည်း
မျှော်လင့်ရတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီမှ ဦးစိုင်းစောသန်း မြင့်က
ပြောကြားခဲ့သည်။
အိုဘားမားသည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားစသည့် အရှေ့တောင်
အာရှနိုင်ငံများသို့ နိုဝင်ဘာလ ၁၇ ရက် မှ ၂၀ ရက်နေ့အထိ လာရောက်မည်
ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် မှ အတည်ပြု ပြောကြား ထားသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး
ဦးဝင်းကြိုင် က “အမေရိကန် မြန်မာ ဆက်ဆံရေးကို ပြန်ကြည့်ရင်
လွတ်လပ်ရေးရပြီးနောက်ပိုင်း လုံးဝမကောင်းခဲ့ပါဘူး။ ဖဆပလ အစိုးရခေတ်မှာ လည်း
တရုတ်ဖြူ ကျူးကျော်မှုနဲ့ပတ်သက်ပြီး ချောချောမွေ့မွေ့ မဖြစ်ခဲ့ဘူး။
၁၉၆၂ခုနှစ် တပ်မတော် အာဏာသိမ်းခဲ့မှုက အမေရိကန်မြန်မာ ဆက်ဆံရေးကို
ပိုပြီးတော့ အေးစက်စက် ဖြစ်စေခဲ့ပြီး ဆက်ဆံရေး မရှိသလောက် ဖြစ်ခဲ့တယ်။
၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကာလမှာတော့ အမေရိကန် အစိုးရ
တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံ ခေါင်းဆောင်တွေကို ဒီမိုကရေစီ
ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး တိုက်တွန်းပြောဆိုတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်
တပ်မတော်က အာဏာသိမ်း လိုက်တဲ့ အခါ အမေရိကန်မြန်မာ ဆက်ဆံရေးဟာ အဆိုးဝါးဆုံး
အခြေအနေကို ရောက်ရှိခဲ့ပြီး အမေရိကန် အနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊
စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခု အစိုးရသစ် လက်ထက် မှာတော့
ဆက်ဆံရေး ပြန်ပွင့်လာပြီး အမေရိကန်သမ္မတကိုယ်တိုင် မြန်မာနိုင်ငံကို
လာမယ်ဆိုတာ အမေရိကန် မြန်မာဆက်ဆံရေးဟာ ပိုမိုလေးနက်ပြီး
အနှစ်သာရရှိလာတယ်လို့ ယူဆပါတယ်” ဟု ပြောပြခဲ့ပါသည်။
အခု အမေရိကန်သမ္မတဟာ သူ့ရဲ့ ဒုတိယသက်တမ်းမှာ ပထမဆုံး ခရီးစဉ်အဖြစ်
မြန်မာနိုင်ငံကို လာတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့
ကဏ္ဍ အသီးသီးမှာ အမေရိကန် ရဲ့အကူအညီ တွေရရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံဟာ
အချိန်တိုအတွင်း လွယ်လင့်တကူ တိုးတက်လာမယ်လို့ ယုံကြည်တဲ့ အတွက်
အမေရိကန်သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်”ဟု ဦးဝင်းကြိုင်က
ဆက်လက် ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ သက်တမ်းနှစ်ကြိမ်ဆက်
ရွေးချယ်ခြင်းခံ ခဲ့ရသော အိုဘားမားသည် ခရီးစဉ် အတွင်းတွင်
သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ၌
တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရပြီး ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာ လမ်းရှိသူမ၏ နေအိမ်၌
တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ |
No comments:
Post a Comment