ထိုင်းနိုင်ငံရဲ့ အခမဲ့ Wi Fi စနစ်
ဘန်ကောက်မြို့မှာတော့ ICT Expo 2012 ပြပွဲကို ထိုင်းဝန်ကြီးချုပ် ဒေါ်ယင်လတ်က အခမ်းအနားနဲ့ ဖွင့် လှစ်ပေးခဲ့ပြီး အဲဒီအထဲမှာ ဘန်ကောက်မြို့အနီးဝန်းကျင် Muang Thong Thani. အတွက် အခမဲ့ Wi Fi စနစ်ကို တိုးချဲ့မှု ပါဝင်ကြောင်း သိရပါတယ်။အရင်ကတော့ အခမဲ့ Wi Fi စနစ် ကို ဇုံသတ်မှတ်ပြီး သုဝဏ္ဏဘုမ္မိ အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအ၀င် အဓိက နေရာ ၅ ခုမှာပဲ ရှိခဲ့တာပါ။
ထိုင်းအစိုးရက ယမန်နှစ်ကတည်းက အခမဲ့ Wi Fi စနစ် ကို access points ပေါင်း ၂၀၀, ၀၀၀ ကျော်ကို နိုင်ငံ တ၀ှမ်းလုံး ရာထားခဲ့ရာ အခုတော့ ၇၆၀၀၀ ၀န်းကျင် လောက်ကို တပ်ဆင်နေပြီလည်းဖြစ်တယ်လို့ ဆိုတာကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ သြဂုတ်လ ၄ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ရစေဖို့က ဆက်သွယ်ရေးဟာ အဓိက ကျတဲ့ အခန်းကဏ္ဍက ပါဝင်နေ တာကို သိရှိတဲ့ ထိုင်းနိုင်ငံကတော့ အခုလို ဘန်ကောက်ကို အခမဲ့ Wi Fi စနစ် စီစဉ်နေတာဟာ ကြီးမားတဲ့ ဆွဲဆောင်မှုလည်း ဖြစ်ပါတယ်။







No comments:
Post a Comment