Monday, August 6, 2012

နိုင်ငံတနိုင်ငံ၏ ဖွဲ့ စည်းအုပ်ချုပ်ပုံကို ပြောင်းပေးသင့်သည်ဟု ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ်က ပြောပိုင်ခွင့်ရှိသလား




နိုင်ငံတနိုင်ငံ၏ ဖွဲ့ စည်းအုပ်ချုပ်ပုံကို ပြောင်းပေးသင့်သည်ဟု ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ်က ပြောပိုင်ခွင့်ရှိသလား 

ကုလသမ္မဂဆိုင်ရာ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူ မစ္စတာသောမတ်စ်အိုဟေး ကင်တားနားက သြဂုတ်လ-၄-ရက်နေ့ တွင် မင်္ဂလာဒုံလေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးခဲ့ သည် ။ လူ့ အခွင့်အရေးတာဝန်ခံက သူပြောချင်ရာပြောပြီး သတင်းထောက်များ၏ လူ့ အခွင့်အရေးကိုတော့ ဘာမှ မလေးစားဘဲ မေး ခွန်း(၄ ) ခုသာ မေးစေသည် ။ ပြီးတော့ သတင်းထောက်များ မေးခွန်းထုတ်သည်ကို မဖြေဆိုဘဲနေခဲ့ သည်ဟု သတင်းများတွင် ဖတ်ရသည် ။ လူ့ အခွင့်အရေးဆိုသည်မှာ လွပ်လွပ်စွာ ထုတ်ဖေါ်ခွင့် ရှိပါသည် ။ ပြောချင်ရာပြောပြီး ဟိုမမေးရ ၊ ဒီမမေးရ ဆိုသည်မှာ လူ့ အခွင့်အရေးစံနုံးကို မှေးမှိန်စေသည် ။
သူနှင့်အတူ ပါလာသော နိုင်ငံတကာ သံတမန်များမှာ ပြည်ပမီဒီယာများ၏ သတင်းအမှားကြောင့် ယခုလို ရခိုင်ပြည်နယ်၏ ပကတိဖြစ်ပျက်နေသော အမြင်များနှင့် များစွာကွာခြားနေပါသည်ဟု ထုတ်ဖေါ်ပြောဆိုသွားကြသည် ။ သူတို့  ပြောဆိုသော များစွာကွာခြားသည်ဆိုခြင်းမှာ အဓိကအားဖြင့် ( So call Rohngyas ) များကို ပြောဆိုခြင်း ။ အကြမ်းဖက်သူများမှာ ဘင်္ဂလီများသာဖြစ်နေခြင်း ၊စစ်တပ်မှ ဘင်္ဂလီအမျိုးသမီးများအား မုဒိမ်းကျင့် ၊ လူသတ်ခြင်းမှာ မဟုတ်ခြင်း နှင့် နေအိမ်များကို မီးရို့  ခြင်းမှာ ဘင်္ဂလီများသာဖြစ်ကြောင်း ၊ ပြည်ပမီဒီယာများမှ စွပ်စွဲချက်များနှင့် လုံးဝဆန့် ကျင်ဖက်ဖြစ်ကြောင်းတို့ ကို ပြောဆိုခြင်းဖြစ်သည် ။
အတူတူ ပါလာသော သံတမန်များက ယင်းသို့ အမြင် ရှိပါလျှက်ကယ်နှင့် ကင်တာနားက မည်သည့်အတွက်ကြောင့် ယင်းသို့  အမြင်မရှိရလေသနည်း ။ ပြီးတော့ မြန်မာနိုင်ငံ၏ ပဋိပက္ခများကို ဆက်လက်ကြီးထွားအောင် ဘာကြောင့်များ သွေးလန့် ပေးလေသနည်းဆိုသည်မှာ စဉ်းစားစရာတွေဖြစ်လာသည် ။ ကုလသမ္မဂ၏ လူ့ အခွင့်အရေးကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးသားရမည်ဟု တိုက်တွန်းရအောင် သူက မြန်မာနိုင်ငံမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်း မဟုတ် ။ မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ မြန်မာနိုင်ငံသားများအတွက်သာ ဖြစ်သည်ကို သူဘာကြောင့်များ နားမလည်ဖြစ်နေရသနည်း ။ ဥပမာအားဖြင့် အမေရိကပြည်ထောင်စုတွင် နယ်စပ်ချင်းကပ်နေသည့် မက္ကဆီကို နိုင်ငံမှ ခိုးဝင်သော မက္ကဆီကို နိုင်ငံသားများကို နေ့ စဉ်ပင် အမေရိကပြည်ထောင်စု၏ တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုပေးသည်ကို နယူးယောက်မြို့ မှာ နေထိုင်သော ကင်တားနားက နားလည်လိမ့်မည်ထင်သည် ။ ကင်တာနားက မြန်မာနိုင်ငံကိုသာ ပြောရဲပြီး အမေရိကပြည်ထောင်စု သမတ အိုဘားမားရော ပြည်သူတွေကို ယင်းသို့  အမေရိကပြည်ထောင်စု၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြောင်းလဲ ပေးရမည်လို့  ပြောရဲပါ့မလား ။ ချက်ချင်း သတင်းစားများမှ လွပ်လွပ်လပ်လပ် ရေးပြီး ဆော်ပလော်တီးလိုက်ကြမည်မှာ လွယ်မည့်ပြသနာမဟုတ် ။ ပြီးတော့ သူကိုယ်တိုင် လာရောက် စစ်ဆေးခဲ့ ပါလျှက်နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ စေလွှတ်ပေးရန်လိုသည်ဟု ထပ်မံသွေးထိုးလှုံ့ ဆော်ခဲ့ သည် ။ အဓိကမှာ သူတို့ ၏ ဖမ်းဆီးခံထားရသော တရားခံ ဖြစ်နေသည့် -UNHCR -မှ ၀န်ထမ်းများနှင့် NGOs ၀န်ထမ်းများကို ဖမ်းဆီးထား၍ ယင်းသို့  စုံစမ်းစစ်ဆေးရေးအဖွဲ့  စေလွှတ်သင့်သည်ဟု ပြောဆိုသွားခြင်းဖြစ်သည် ။ သူတို့ အား ဖမ်းဆီးထားသည်မှာ အခြေအမြစ် မရှိဟု သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခြင်းသည် အစိုးရ၏ မျက်နှာကို ခြေထောက်နှင့် ပိတ်ကန်သွားခြင်းဖြစ်သည် ။ သူက အချုပ်ခန်းထဲက တရားခံ စကားကိုသာ ယုံကြည်လက်ခံပြီး သမ္မတ၊ ၀န်ကြီး များ ပြောသော စကားကို လက်မခံသော အောက်တန်းကျလှသည့် သံတမန်အဆင့်ဖြစ်နေသည် ။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့်လည်း မတွေ့ ဆုံခဲ့ ဟု ကြားရသည် ။ ကုလသမ္မဂဆိုသည်မှာ ဂုဏ်ကြက်သရေရှိလှသော နိုင်ငံတကာအစိုးရများ၏ ဋ္ဌါနချုပ်ဖြစ်သော် လည်း တခါက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ကိုဖိအာနန်၏ သားဖြစ်သူမှာ ဖခင်ဖြစ်သူ၏ သြဇါကို သုံးပြီး လာဘ်ငွေစားခဲ့ ၍ ပြသနာအကြီးအကျယ် ဖြစ်ခဲ့ ပြီးနောက် မစ္စတာကိုဖိအာနန်လည်း ပလ္လင်ပေါ်မှ ဆင်းခဲ့ ရဖူးသည် ။ ယခုလည်း ကင်တားနားသည် အခြားသံတမန်များ၏ အမြင်နှင့် ကွဲပြားစွာ ရှိနေသည်ကို သံသယထားကာ ဆက်ဆံရမည့် ပုဂိုလ်ဖြစ်နေပြီ ။ တိတိကျကျ ပြောရလျှင် သူ အား မြန်မာနိုင်ငံဆိုင်ရာ ခန့် ထားပေးသော ကိုယ်စားလှယ်ရာထူးကို လက်မခံကြောင်း မြန်မာအစိုးရမှ ကြေညာပေးရန်လိုပြီ ။
မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်း သမ္မတမှ ကြေညာထားခြင်းကို နိုင်ငံခြားသား တဦးက အထူးသဖြင့် ကုလ၀န်ထမ်းတဦးက ပြောဆိုဝေဖန်ခြင်းသည် နိုင်ငံတနိုင်ငံ၏ အချုပ်အချာအာဏာကို ထိပါး စော်ကားလာခြင်းဖြစ်သည် ။ ပဋိပက္ခဖြစ်နေသည်ကို ကြားဝင်ဖြန်ဖြေပေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးရန် ကုလတာဝန်ရှိသူများကသာ ပြုလုပ်သင့်သည် ။ ယခုဖြစ်နေသော ရခိုင်ပြည်နယ်မှ ပြသနာသည် ရမ်းဗြဲမှ မိန်းခလေးငယ်တဦးအား သတ်ဖြတ်ခြင်းကြောင့် ရှည်လျှားထွေပြား ဖြစ်လာသော ပြသနာမဟုတ်၊ တောင်ကုတ်မှာ ဖြစ်လာသော ပဋိပက္ခကြောင့် ဖြစ်လာနေသည့် မငြိမ်းသော ပြသနာမဟုတ် ။ အချိန်မရွေး ထတောက်လာမည့် မီးတောက်ကို ရခိုင်လူမျိုးတို့ သည် စောစီးစွာ သိရှိထားကြပြီးဖြစ်သည် ။
ယခုအချိန်ထိ ဘင်္ဂလီလူမျိုးတို့ ၏ အကြမ်းဖက်တိုက်ခိုက်နေမှ သတင်းများကို ကြားနေရသေးသည် ။ ဤဆောင်းပါးရေးနေချိန်မှာ ကျောက်တော်မြို့ နယ်တွင် အကြမ်းဖက်တိုက်ခိုက်နေသည်ဆိုသော သတင်းကြားရသည် ။ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဋ္ဌါနသည် ယခုအချိန်ထိ တုံဏှိဘာဝေ နေရလေသနည်း ။ ကမ္ဘာအရပ်ရပ်တွင် သတင်းအမှားများကို ဖြန့်ချီရေးသားနေခြင်းကို မြန်မာနိုင်ငံမီဒီယာများက ဘာကြောင့်များ ရေးခွင့် တုန့် ပြန်ခွင့် မရကြနည်း ။

အောင်သာနီ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။