ကျေးရွာအုပ်ချုပ်ရေးမှူး၏ လူမဆန်သည့်လုပ်ရပ် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့တိုင်ကြား
သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ သာ ပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ် စု ဘုရားနီကျေးရွာအုပ်ချုပ်ရေးမှူး ၏ မင်းမဲ့စရိုက်ဆန်စွာရိုက်နှက်မှု ကြောင့် ကျေးရွာတွင်နေထိုင်သူရွာ သားများက အမျိုးသားလူ့အခွင့်အ ရေးကော်မရှင်ထံသို့ တိုင်ကြားထား ကြောင်းသိရှိရသည်။
အဆိုပါအုပ်ချုပ်ရေးမှူး၏လက် ချက်ကြောင့် သွားရှစ်ချောင်းကျိုး ခဲ့ရသည့် ဘုရားနီကျေးရွာသားဦး လှမြိုင်၊ ကိုချမ်းမြေ့၊ ဦးကျင်လှိုင် တို့က စုပေါင်း၍ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
သွားရှစ်ချောင်းကျိုးခဲ့သူဦးလှ မြိုင်က “အစ်ကိုလင်မယားရန်ဖြစ် တာကို ၀င်ရောက်ဖျန်ဖြေတာမှာ နောက်ကနေ၀င်ရောက်လာတဲ့ အုပ်ချုပ်ရေးမှူးက ကျွန်တော့်ကိုဆံ ပင်ဆွဲ၊ မျက်နှာကိုလက်သီးနဲ့ခြောက် ချက်လောက်ထိုးကြိတ်ကာ သွားရှစ် ချောင်းကျွတ်ထွက်ခဲ့တယ်။ အခုအဲ ဒီသွားတွေကို ကျွန်တော့်သမီးတွေ ကအမှတ်တရဆိုပြီးသိမ်းထားတယ်” ဟု ပြောသည်။
အလားတူရိုက်နှက်ခံရသည့်အြ့ပင် ဒဏ်ငွေကျပ်တစ်သောင်းပေး ဆောင်ခဲ့ရသူဦးကျင်လှိုင်ဆိုသူက “လင်မယားစကားများနေတာကို အုပ်ချုပ်ရေးမှူးရောက်လာပြီး ကျွန် တော့်ကိုလက်သီးနဲ့ငါးချက်လောက် ထိုးတယ်။ ကျွန်တော်ကနောက်မ ဖြစ်တော့ပါဘူးဆိုပြီး ခြေသလုံးဖက် ပြီးတောင်းပန်တယ်။အဲဒီမှားဒူးခေါင်း နဲ့တိုက်ပြီး ကန်တယ်။ ကျွန်တော် နောက်ဘက်လန်ကျပြီးမေ့မြောသွား တယ်။ ပြီးတော့ဒဏ်ငွေတစ်သောင်း ပေးခဲ့ရတယ်” ဟုယင်းကပြောသည်။
အဆိုပါအုပ်ချုပ်ရေးမှူးသည် ယင်းကျေးရွာနေ မောင်ချမ်းမြေ့ ကိုလည်း ရိုက်နှက်ခဲ့သည်ဟုသိရ သည်။
“ကျွန်တော်တို့လင်မယားအ ချေအတင်စကားများနေချိန်မှာအုပ် ချုပ်ရေးမှူးရောက်လာပြီးနှစ်ယောက် စလုံးကိုသိုက်ဝါးနဲ့ရိုက်တယ်။ အခု ချိန်ထိ နာကျင်ကိုက်ခဲတဲ့ဝေဒနာ တွေကိုခံစားနေရတယ်” ဟုယင်းက ဆိုသည်။
ထို့ပြင် မောင်ချမ်းမြေ့၏ဇနီး ကလည်း “ကျွန်မတို့ကဆင်းရဲတယ်။ ဆေးခန်းလဲမပြနိုင်ဘူး။ ပြီးတော့ သူ့ ကိုလည်းကြောက်တယ်”ဟုဆိုသည်။
ယခုကဲ့သို့ဥပဒေမဲ့အနိုင်ကျင့် သောအုပ်ချုပ်ရေးမှူး၏စရိုက်ကြောင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါဝင်သူ ဦးသိန်းမြင့်နှင့် ဦးမြင့်ခိုင်တို့နှစ်ဦးမှာ ခွဲထွက်ကာသီးခြားရပ်တည်နေ ကြောင်း ယင်းတို့ကဆိုသည်။
“အားလုံးအပေါ်ဆရာလုပ် ချင်တယ်။ ရွာသားတွေကိုဆက်ဆံ တာကလူမထင်တဲ့ပုံစံမျိုး၊ ကျွန် တော်တို့နဲ့စရိုက်ချင်းမတူဘူး။ ဒါ ကြောင့် လမ်းခွဲတာ””ဟုဦးသိန်းမြင့် ကဆိုသည်။
အဆိုပါ ဖြစ်စဉ်များသည် ၂၀၀၅ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် တို့တွင်ဖြစ်ပွားခဲ့သောဖြစ်စဉ် များဖြစ်ကြောင်း၊ ယခုအခါမှ တိုင် ကြားရာမှာလည်းနိုင်ငံသားတို့၏ အခွင့်အရေးဆုံးရှုံးမှုများအား ဖော် ထုတ်ကာကွယ်စောင့်ရှောက်ပေး နိုင်ရန် နိုင်ငံတော်အစိုးရက လူ့အ ခွင့်အရေးကော်မတီကို ဖွဲ့စည်းပေး ထားပြီး ဖြစ်ကြောင်းကြားသိရသ ဖြင့် ယုံကြည်အားကိုးစွာတိုင်ကြား ရခြင်းဖြစ်ကြောင်းသိရှိရသည်။
မော်ကျွန်းသူ

No comments:
Post a Comment