အစ္စလာမ်မစ် စစ်သွေးကြအုပ်စု မြန်မာကို ဦးတည်ချိန်ရွယ်နေပြီ
Monday, August 6, 2012
ဆယ်စုနှစ်များ
အထီးကျန်နေခဲ့ရသော မြန်မာစစ်အစိုးရ၏
အုပ်ချုပ်ရေးစနစ်ကုန်ဆုံးသွားပြီးနောက် ပထမမျိုးဆက်သစ်တို့က
မြန်မာနိုင်ငံအားဒီမိုကရေစီပြုပြင်ပြောင်းလဲ ခြင်းများနှင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးလာနေပြီဖြစ်သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပြုလုပ်နေစဉ်အတွင်း မျှော်လင့်မထားသော
အကျိုး ဆက်နှင့် လွှမ်းမိုးမှုများတစ်ခု အဖြစ် ပြည်တွင်းနှင့် ပြည်ပတို့ကပါ
မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ရသည်။ ထိုအကျိုးဆက်များ မှာ
မြန်မာအစိုးရ၏ ပွင့်လင်းမြင်သာမှုကို ဦးတည်ဆောင်ရွက်နေသော လမ်း
ကြောင်းသစ်အတွက် အတွင်းလှိုက် စားမှုတစ်ခု ဖြစ်ပေါ်လာနိုင်ပေသည်။
မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံအနောက်ဘက်ရှိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခသည် အရှေ့တောင်ပိုင်းနှင့် အရှေ့တောင်အာရှတစ်ခွင်ရှိ အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုများ၏ အာရုံ စိုက်ခြင်းကို ခံခဲ့ရသည်။
နိုင်ငံအတွင်းမှ ထွက်ပြေးသွားသူ ထောင်ချီသော ရိုဟင်ဂျာများ ဦးရေမြင့်တက်လာခဲ့ပြီး ၄င်းတို့က ကမ္ဘာပေါ်တွင် ဂျီဟတ်များ၏ ရန်ဘက်အဖြစ် ယခင်က မသိခဲ့သော မြန် မာအပေါ်တွင် ဂျီဟတ်ဝါဒဖြန့်ချိ မှုများကို မေလလောက်ကပင်စတင်၍ မြန်မာသို့ ဦးတည်လာခဲ့တော့သည်။

တစ်ချိန်တည်းမှာပင်
အရှေ့ တောင်အာရှနှင့် တောင်အာရှတွင်ပါ ဒေသဆိုင်ရာ မတည်မငြိမ်ဖြစ်မှုများ
ကြီးထွားလာခဲ့ရသည်။ ၄င်းဒေသများမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့်
အိန္ဒိယအာသံနယ်မြေဆက်စပ် နယ်စပ်တစ်လျှောက်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ
ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာများအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ်
တစ်ချိန် တည်းမှာပင် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အတွင်း ရှိ မူဆလင်များနှင့်
ဟိန္ဒူတို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြပြန်သည်။
ဇူလိုင်လလယ်လောက်မှ စတင်ဖြစ်ပွားနေခဲ့ရာ စုစုပေါင်း လူ (၃ဝ) ကျော် သေဆုံးသွားခဲ့ကြပြီး အာသံနယ်ထဲမှ လူဦးရေ (၁၅ဝဝဝဝ)ခန့် နေရပ်ရွှေ့ပြောင်း ထွက်ပြေး ခဲ့ကြပြီဖြစ်ပေသည်။ ၄င်းဖြစ်ရပ်မှာ အိန္ဒိယနိုင်ငံရှိ ကိုရာဟာနှင့် ချာရင်းခရိုင်များတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုး နွယ်စုဘိုဒူးများနှင့်လာရောက် အခြေချနေထိုင် သူ အစ္စလာမ် ဘာသာဝင်များအကြား ပြဿနာ ဖြစ်ခဲ့ကြခြင်းဖြစ်သည်။
ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အခြေချနေထိုင်သူများ ဖြစ်ပြီး တရားမဝင်လာရောက်သူများအဖြစ် မြန်မာနိုင်ငံသားများက ယူဆထားကြသည်။ ထိုနည်း တူစွာ အိန္ဒိယနိုင်ငံအာသံပြည်နယ်ရှိ ဘင်္ဂါလီများကိုလည်း ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်လာရောက်နေထိုင်သူ ဘင်္ဂါလီများအဖြစ် ယူဆကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့လူဦးရေ သိပ်သည်းထူထပ်မှု အများဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ထို့ပြင် အိန္ဒိယ နှင့် မြန်မာတို့မှာ ဒုက္ခသည် ဘင်္ဂါလီ အစုံအပြုံလိုက်တို့ကို တရားဝင် အထောက်အထား မပြည့်စုံသူများအဖြစ် ယာယီဆက်သွယ်လက်ခံ ထားသောနိုင်ငံများ ဖြစ်သည်။ ဘင်္ဂလားဒေရှ့်၏ လူဦးရေသည် သန်း ၁၆ဝ မျှရှိပြီး ဧရိယာ အကျယ်အဝန်းမှာ အမေရိကန်နိုင်ငံ အိုင်အိုဝါ ပြည်နယ် (Iowa) လောက်သာရှိသည်။ လူဦးရေ ၃ သန်းမျှသာရှိသော အိုင်အိုဝါပြည်နယ်နှင့် လူဦးရေကွာခြားမှု အလွန် ပင် ခြားနားနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၄င်းတို့၏ ဘိုးစဉ်ဘောင်ဆက်ကပင် မူဆလင်အစွန်းရောက်အုပ်စုများနှင့် ပြဿနာများစွာရှိနေခဲ့သော နိုင်ငံတစ်ခု ဖြစ်သည်။ ထိုအုပ်စုများထဲမှ ဟစ်ဇ်အပ်တာရီရာ( Hizb ut-Tahrir) အဖွဲ့ကို ၂ဝဝ၉ ခုနှစ်တွင် တရားမဝင် အဖွဲ့တစ်ခုအဖြစ် အာဏာပိုင်များက တားဆီးပိတ်ပင်ထားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံးမြိြု့ ကီး နှစ်ခုဖြစ်ေ သာဒါကာနှင့် စစ်တကောင်းတို့၌ မြေအောက်လှုပ်ရှားနေသော အဖွဲ့တစ်ခုဖြစ်သည့် အင်ဒီယန်းမူဂျာ ဟစ်ဒင် ( Indian Mujahideen) ခေါင်းဆောင် ယာဆင်ဘာခဲ ( Yasin Bhatkal)သည် ပါကစ္စတန်တော် လှန် ရေးအဖွဲ့ ( ISI- Inter-Services Intelligence)၏ အကူအညီရယူထား သူအဖြစ် စွပ်စွဲခံထား ရသူ ဖြစ်သည်။
ဘင်္ဂလားဒေရှ့်အစိုးအနေဖြင့် အစ္စလာမ်အစွန်းရောက်များ၏ အန္တရာယ်ကို သိမြင်လာခြင်းကြောင့် ၄င်းတို့နိုင်ငံအတွင်း အစွန်းရောက် များလက်ကျန်မရှိစေရန် ရပ်တည် ချက် ဖ်ာပြလာခဲ့သည်။ မကြာသေးမီကာလ တိုးမြင့်လာနေသော ဘာသာရေး အစွန်းရောက်များ၏ ဂျီဟတ်ဝါဒဖြန့်မှုများ အပေါ်တွင် ရှုတ်ချသည့် အနေဖြင့် မိမိတို့နိုင်ငံအတွင်း ဝင်ရောက်လာသော ရိုဟင်ဂျာဒုက္ခသည်များကို ကူညီထောက်ပံ့ပေးရန် မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့သည်။
ဇူလိုင်လ ၂ဝ ရက်နေ့တွင် တာလီဘန်တို့က မြန်မာနိုင်ငံအပေါ် ခါးခါးသီးသီးကြေညာချက်တစ်ခုကို ထုတ်ပြန်လာခဲ့ကြသည်။
”မြန်မာနိုင်ငံရှိ
မူဆလင်များသည် လူသားသမိုင်းတွင် မည်သည့်အခါမှ မတွေ့မြင်ဖူးခဲ့သည့်
ဖြစ်ရပ်အဖြစ် လွန်ခဲ့သော ၂ လကတည်းက အဖိနှိပ်ခံရက်စက် ယုတ်မာမှုများ ကို
ခံစားနေကြရကြောင်း၊ ထို့ပြင် ညှာတာမှု ကင်းမဲ့စွာဖြင့် ကလေးငယ်များ၊
အမျိုးသမီး၊ အမျိုးသားများကို မီးတင်ရှို့ကြပြီး သိုးတစ်ကောင်ကဲ့ သို့ပင်
မီးဖုတ်ခံခဲ့ကြရသည်။ မည်သည့် တရားဥပဒေမျှမရှိဘဲ ကုသိုလ်ကံ မကောင်းလှသော
မွတ်ဆလင် များ ကို ဦးတည်၍ အုပ်စုလိုက် လူသတ်ပွဲကြီးကို ပြုလုပ်ခဲ့ကြသည်။
၎င်းတို့သည်
မိမိတို့၏ နယ်မြေများကို စွန့်ခွာလာကြရပေပြီ၊ အိုးအိမ်ရာများမှ
နှင်ထုတ်ခံကြရရုံသာမက ဓနဥစ္စာများကိုပါ ကျူးကျော်လုယူခံနေကြရသည်။ သူတို့၏
အတင်းလုယူ ဓားပြတိုက်ခံနေရသော ချီးကျူးဂုဏ်ပြုစရာများကို မူဆလင်
ကမ္ဘာတစ်ခုလုံးက မမြင်ချင်ယောင် ဆောင်မနေကြဘဲ ၄င်းတို့၏ အတိဒုက္ခကို
မျှဝေပြောင်းလဲ ရန် ဖြစ်သည်။အာဖဂန်နစ္စတန် အစ္စလာမ် ပြည်ထောင်စု ( The Islamic Emirates of Afghaniston)က လူ့ သမိုင်း၏ ရာဇဝတ်မှု ဒဏ်ရာအမှတ်တစ်ခုအဖြစ် တွေးတောယူဆလျက် ဤကဲ့သို့ ရက်စက်မှုများနှင့် လူသတ်ပွဲဖြစ် စဉ်များကို မြန်မာအစိုးရက ချက်ချင်းရပ်ဆိုင်းပေးရန်နှင့် လူ့အခွင့်အရေးကို ချိုးဖောက်သည့် သမိုင်းဖြစ်ရပ် ဆူပူမှုများကို ရပ်ဆိုင်းရန် တောင်းဆိုလိုက်သည်။ သူတို့သိမြင်သင့်သည်မှာ မြန်မာနိုင်ငံရှိ မူဆလင်များ အပေါ် ရာဇဝတ်မှုကျူးလွန်သည် သာမက မူဆလင်ကမ္ဘာသားတစ်ဝှမ်းလုံး အပေါ် အထူးသဖြင့် ခွင့်မလွှတ် နိုင်သည့် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်”ဟု ဖော်ပြထားသည်။
ဤသို့ ထုတ်ပြန်ချက်များသည် ရိုဟင်ဂျာ၏ ပြဿနာများကို မမြင်နိုင်သော နေရာများရောက်ရှိနေသော အစ္စလာမ်အစွန်းရောက်များဆီသို့ ပေးလိုက်သော သတင်းစကား များဖြစ်သည်။ သူတို့၏ ဝါဒလမ်းစဉ်သည် အစွန်းရောက် အုပ်စုများရှိရာ ဒေသအားလုံးသို့ ရည်ညွှန်း ဦးတည်နေပေသည်။
၎င်းတို့ထဲတွင် ဖြစ်နိုင်ခြေရှိသော လှုံ့ဆော်ပေးသူပုံရိပ်များရှိကြသည်။ ရိုဟင်ဂျာတစ်ဦးဖြစ်သူ အဘူဇာအယ်ဘူမီ ( Abu Zar al- Burmi) သည် ဘာသာရေးပညာရှင် တစ်ဦး ဖြစ်ပြီး ပါကစ္စတန် နှင့် အာဖဂန်နှစ် နိုင်ငံအကြားရှိ ဥဇဘက်ကစ္စတန် အခြေစိုက် အစ္စလာမ်မစ်လှုပ်ရှားရေး အဖွဲ့ဝင်၏ လုပ်ရပ် အဖြစ် ယူဆထားကြသည်။ မည်သည့် နိုင်ငံအထောက်အထားမျှ မရှိသူများဖြစ်သည့် ရိုဟင်ဂျာများ ကို မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့က နိုင်ငံသားအဖြစ် အသိအမှတ်ပြုလက်ခံ လိမ့်မည်မဟုတ်။ ဤဖြစ်ရပ်ကို အယ်ဘူမီက နိုင်ငံတကာနယ်စပ်များ ကျင့်ထုံးလေးစား လိုက်နာမှုမရှိဘဲ ကမ္ဘာ့မူဆလင် အသိုက်အဝန်းကြီးဆီသို့ ဦးတည်၍ ပရိုမိုရှင်း ( Promotion) တစ်ရပ်ကို ဖန်တီးပေးလိုက်ပေသည်။
ရခိုင်နှင့် အာသံပြည်နယ်များတွင် တိုးပွားလာနေသော တိုက်ခိုက် မှုများ အကြမ်းဖက်မှုများနှင့် ပြည့်လျှံ ထွက်လာသော အကျပ်အတည်း များမှာ မြန်မာနှင့်ဘင်္ဂလားဒေရှ့် အစိုးရအပေါ်တွင် ဖိအားအသစ် များ ပေးလာကြတော့သည်။ ဤကဲ့သို့ ဆူပူမှုဝဲကတော့များနှင့် အစိုးရများ၏ ရပ်ရွာအေးချမ်းတည်ငြိမ်မှု ပျက်ပြားနိုင်ခြင်း၊ လူသတ်မှု များဖြစ်လာခြင်းကြောင့် တရားဥပဒေစိုးမိုးမှု ကျဆင်းလာပြီး လုံခြုံမှုမရှိဘဲ အကျပ်အတည်းများစွာရှိသော ဒေသနယ်မြေအသစ် တစ်ခုအဖြစ်ရောက်ရှိ လာနိုင်ပေသည်။
(မှတ်ချက်- ယခုဖော်ပြသတင်း သည် Asia Time သတင်းစာမျက်နှာတွင် Jacob Zenn ၏ ‘ Islamic Militants Take Aim at Myanmar’ ကို ထုတ်နုတ် ရည်ညွှန်းဖော်ပြထားခြင်းဖြစ်သည်။ Jacob Zenn သည် ဝါရှင်တန်အခြေစိုက် နိုင်ငံရေးသုတေသီ အကြံပေးတစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှ၊ အာရှအလယ်ပိုင်းနှင့် နိုင် ဂျီးရီးယားတို့ရှိ စစ်သွေးကြွအုပ်စုများကို လေ့လာစောင့်ကြည့်နေသူဖြစ်သည်။)
ကိုလင်းမာန်အောင်
----------------------
No comments:
Post a Comment