ကေအိုင်အေ နှင့် မြန်မာစစ်တပ်တို့ မန်စီမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
သြဂုတ် (၆) ရက်
ပြီးခဲ့တဲ့
သြဂုတ်လ (၃) ရက်နေ့က နေ့လည် (၁၂) နာရီ အချိန်ခန့်မှာ မြန်မာစစ်တပ်အမှတ်
(၄၁၉) တပ်ရင်း နှင့် ကေအိုင်အေအဖွဲ့တို့ မန်စီမြို့နယ်
လွယ်ခမ်းကျေးရွာနှင့် ဘာထန်ကျေးရွာကြားမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့
သိရှိရပါတယ်။
ကေအိုင်အေ
(ကချင်အဖွဲ့) ဘက်က (၇) ဦးလောက်တော့ရှိမယ် သေနတ်သံတွေကြားတော့ ရွာထဲက
ဘယ်သူမှလည်း မထွက်ရဲကြဘူး။ အဲဒီ အနီးအနားကတောင်ယာနဲ့ လယ်လုပ်သူတွေတောင်
ရွာထဲကို ပြေးလာ ကြလို့ ရုတ်ရုတ်သဲသဲဖြစ်သွားတာပေါ့။
တိုက်ပွဲပြီးသွားလို့
သေနတ်သံတွေ ငြိမ်သွားမှ သွားကြည့်ကြတာ။ ကေအိုင်အေ အဖွဲ့တွေ တော်တော်
အထိနာသွားတယ်ထင်တယ်။ မြန်မာစစ်တပ်က ကေအိုင်အေဘက်က အလောင်း (၃) လောင်း ၊
သေနတ်(၁) လက် ၊ ကျည်ဆံတွေ ၊ မိုင်းတွေရသွားတယ်လို့ သိရတယ်။ ဘာထန်ရွာဘက်က
လူတွေပြောတာတော့ သူတို့ရွာဘက်ကို ကေအိုင်အေတွေ ထွက်ပြေးလာတယ်လို့
လွယ်ခမ်းကျေးရွာနေ ဦးဂျာမိုင်မှ ယခုလို ပြောခဲ့ပါတယ်။
No comments:
Post a Comment