Wednesday, November 28, 2012

သိမ်ဖြူဆိပ်ခံတံတားနှင့် ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းအား သမ္မတအကြံပေး ကောင်စီဝင်တစ်ဦး ၏ KMA Shipping ကုမ္ပဏီမှ BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ရရှိ၊ လုပ်ငန်းအတွက် ပြည်ပမှ တင်သွင်းမည့် ယာဉ်ယန္တရားတန်ဖိုး ကျပ်သန်းပေါင်း ၁၄၇၂၀ ဖိုး အခွန်ကင်းလွတ်ခွင့် ရမည်


သိမ်ဖြူဆိပ်ခံတံတားနှင့် ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းအား သမ္မတအကြံပေး ကောင်စီဝင်တစ်ဦး ၏ KMA Shipping ကုမ္ပဏီမှ BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ရရှိ၊ လုပ်ငန်းအတွက် ပြည်ပမှ တင်သွင်းမည့် ယာဉ်ယန္တရားတန်ဖိုး ကျပ်သန်းပေါင်း ၁၄၇၂၀ ဖိုး အခွန်ကင်းလွတ်ခွင့် ရမည်   PDF Print
Wednesday, 28 November 2012 10:07
AddThis Social Bookmark Button
ha-28-11-2
BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိသွားသည့် သိမ်ဖြူဆိပ်ကမ်းအား တွေ့ရစဉ်
ဆိပ်ခံတံတားတည်ဆောက်ပြီး ဆိပ်ခံတံတား ၀န်ဆောင်မှုပေးမည့် လုပ်ငန်းအား သမ္မတအကြံပေး ကောင်စီဝင်တစ်ဦး၏ KMA Shipping Co.,Ltd မှ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအရ ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း တည်ဆောက်ရန်အတွက် ကျပ်သန်းပေါင်း ၁၄၇၀၀ ကျော်ဖိုးရှိ ပြည်ပမှတင်သွင်းမည့်ယာဉ်၊ ယန္တရားများအတွက် အခွန်လွတ်ဖြင့် တင်သွင်းခွင့် ရရှိနိုင်သည်။
ရန်ကုန်မြို့ရှိ သိမ်ဖြူသင်္ဘောကျင်းနှင့် ဆက်စပ်နေရာအား သိမ်ဖြူကုန်သေတ္တာတင် ဆိပ်ခံတားတည်ဆောက်၍ ဆိပ်ကမ်းဝန်ဆောင်မှုပေးမည့် လုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းအား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယခုလုပ်ငန်း အကောင်အထည်ဖော်မည့်နေရာမှာ ၂၂ ဒသမ ၆၂ ဧက ကျယ်ဝန်းကြောင်းနှင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့် ရထားကြောင်း သိရှိရပါသည်။
ရင်းနှီးမြှုပ်နှံမည့်ပမာဏမှာ ကျပ် ၅၈၅၃၉ ဒသမ ၈၄ သန်းဖြစ်ကြောင်းနှင့် KMA Shipping ကုမ္ပဏီလီမိတက်မှ MIC သို့ တင်ပြချက်အရ ကုမ္ပဏီ Executive စာရင်းတွင် ဦးခင်မောင်အေး ပါဝင်ကြောင်းလည်း သိရှိရပါသည်။
KMA Group of Companies ၏ ဥက္ကဋ္ဌမှာ လက်ရှိ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီတွင် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
KMA Group of Companies သည် မြန်မာနိုင်ငံအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သင်္ဘောလိုင်းကုမ္ပဏီ၊ အိုးအိမ်ဖွံ့ဖြိုးမှုလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ စက်ယန္တရားလုပ်ငန်း၊ တည်ဆောက် ရေးလုပ်ငန်း၊ သစ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ လျှပ်စစ်နှင့် အိုင်တီလုပ်ငန်း၊ ကားအရောင်းစင်တာ ဖွင့်ခြင်းနှင့် အနုပညာလုပ်ငန်းများအပြင် စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။
Myanmar Citizens Invsetment Law အရ နိုင်ငံသားများ မြှုပ်နှံမှု

ခုနှစ် လုပ်ငန်းအရေအတွက် ပမာဏ(ကျပ်သန်း)
၂၀၀၇ (နိုဝင်ဘာလထိ) ၆၇၉ ၁၄၁၃၈၁ .၃၄
၂၀၀၉ (ဇူလိုင်လထိ) ၇၀၂ ၁၆၉၅၄၄ .၁၀
၂၀၁၀ (နိုဝင်ဘာလထိ) ၇၆၅ ၁၀၅၀၆၂၅ .၃၄
၂၀၁၁ (အောက်တိုဘာလထိ) ၈၁၃ ၁၄၃၄၃၄၆ .၂၇
၂၀၁၂ (သြဂုတ်လ ၁၃ ထိ) ၈၅၇ ၁၈၄၄၀၉၃ .၄၅
၂၀၁၂(အောက်တိုဘာ ၁ ရက်ထိ) ၈၆၀ ၁၉၀၄၇၈၈ .၅၆
၂၀၁၂(နိုဝင်ဘာလ ၁၉ ရက်ထိ) ၈၆၅ ၁၉၉၉၄၃၀ .၈၁
 

Comments 

+12 #20 kyawswa1234 2012-11-28 23:19
မြန်မာစကားပုံ စာ-၂၈။
ကြောင်သူတော်ဆိုယိုတော့ကြွက်မွှေး။ ။သူတော်ကောင်းကြောင်ဟု
အမည်ခံနေသော်လည်းသူ၏မစင်တွင်မူကြွက်မွှေးများတွေ့ရသကဲ့သို့
သူတော်ကောင်းဟုအမည်ခံနေသော်လည်းလုပ်ရပ်များ၌မရိုးသား
သောလက္ခဏာများတစွန်းတစတွေ့မြင်ရသည်။
အသက်ရင့်ဝါကြီး၍ပုတီးကိုကိုင်ကာဘုရားသံတရားသံပါပါနှင့်
ကြောင်သူတော်ဟန်ဖန်တီးပြီးကြွက်ချေးယိုသူအဘိုးကြီးများလည်း
ရှိတတ်လှသဖြင့် .......(၁၃၀၂-ခန့်)မိန်းမမှု။၃၇။

+7 #19 Thandar 2012-11-28 22:07
There are a number of ,so called, marine experts working at KMA who had decades of experience ONLY with ships of
smaller size and this might be their advice to their boss who
is the advisor to the president.
+9 #18 an ming 2012-11-28 21:29
Yangon is handicapped in that there is no deep water close to the city. Since colonial days the port has been located next to the downtown on the banks of the Yangon River. That port has a depth of only 8 or 9 meters even with dredging, however, and there are two sandbars between the mouth of the river and the downtown that ships with that draft can cross only at high tide. As a result, the port can accommodate only relatively
small ships carrying up to 1,000 twenty-foot-equivalent (TEU) containers and it can take as many as two days for a ship to navigate from the sea up the river channel and across the sandbars to reach port.
Now the world largest container vessel, Emma Maersk is 15, 000 TEU and has draft of 15.5 m. 1000 TEU vessel is not a ocean going vessel, it is only the smallest feeder that carry container to handover to the real ocean going vessel.
Let's say the depth of the river can dredge up to 13 m, only the vessel of draft most 12 m, approximately 3000 TEU vessel can accomodate, I don't know what is the idea they want to expand the port in downtown area, and if the port is really operated, traffic jump would be an unavoidable problem, I just prefer to expand the Thilawar Port area there can avoid one of the two sandbars and has a
depth of 9 meters, better than the downtown port, even the one sand bar need to train to get deeper depth, really very strange idea! :cry:

+45 #17 shyat_sayagyi 2012-11-28 18:09
အကြံပေးချင်း အတူတူဗျာ... ရတဲ့လူတွေကြတော့..ထားစရာမရှိအောင် ဖြစ်နေကြတယ်... :-?
+52 #16 AwJuu 2012-11-28 17:36
ELEVEN ရေ... ဒီလိုသတင်းတွေတော့ ရှယ်ကြိုက်တယ်ဗျာ... super like! အားပေးနေမယ်ဗျာ....

+91 #15 Righteous 2012-11-28 16:42
ဒီလောက်အရင်းအနှီးများတဲ့ ပရောဂျက်မင်းလုပ်နိုင်လို့လာပြောနေတာလားဆိုရင်တော့၊ အနားတောင်မကပ်နိုင်ပါဘူးခင်ဗျာ။ ဦးလေးတို့ခေတ်ပဲဗျာ။ဦးလေးတို့လုပ်နိုင်ကြတဲ့သူတွေပဲ လုပ်ခွင့်ရတာကောင်းပါတယ်။ သို့သော် အခွန်လေးတော့မှန်မှန်ကန်ကန်ဆောင်ကြစေချင်တယ်ဗျာ။ ဒီလုပ်ငန်းလုပ်ပြီဆိုကတည်းက လုပ်ငန်းနဲ့ပတ်သတ်တဲ့အရာအားလုံး ရှိရမယ်လေဗျာ။ မရှိပဲ ဘာလို့အလုပ်လက်ခံလဲ?? အလုပ်လက်ခံပြီးလိုအပ်လို့ ဝယ်ရမယ်ဆို အခွန်ဆောင်ပေါ့ဗျ။ ခေတ်အဆက်ဆက် ဒီလိုကြီးပဲ။ အဆောက်အဦးအတွက် သစ်ဘယ်နှတန် လိုပါတယ်ဆိုပြီး လိုတာထက်ပိုပြ၊ ပြီးရင်ပြန်ရောင်းစား။ သုံးမဲ့ကြွေပြားအရေအတွက်ကိုပိုပြ၊ ဈေးနှုန်းကို မတန်တဆတင်။ လုပ်ငန်းကိုကိုယ်တိုင်ကမလုပ်တတ်ဘဲ ပရောဂျက်ကိုယူထားပြီး သူများကိုအောက်ဈေးနဲ့ပြန်ပေး။ လုပ်ပေါက်တွေက ရိုးနေပြီ။ စီးပွားရေးနဲ့ပတ်သတ်ရင် ဒီလူနည်းစု အမြဲခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ပဲကြိုးစားနေကြတယ်။ ဒါလားပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတာ။
+50 #14 cyan 2012-11-28 16:06
Consultant Contractor ကြီးတယောက်ပေါ့နော် ။ :lol:
+96 #13 ဇမ္ဗူတလူ 2012-11-28 15:35
အော် ... တကယ်တော့ အကြံပေးဆိုတာ

ကိုယ့်အတွက် ကျန် အောင်လို့ အကြံပေးတတ်တဲ့ ပုဂ္ဂိုလ်ကို ဆိုလိုတာကိုး။ ဟိုး ဟိုး
+73 #12 myo1 2012-11-28 14:30
အော်...ဂလို လား??? သူကျတော့ ခရိုနီ မဟုတ်တော့ပါဘူး...ဂလိုလုပ်လိုက်တော့..ဂလိုနီဖြစ်သွားတာပေါ့ .......

+101 #11 soranotomo 2012-11-28 13:39
တဖြည်းဖြည်း အစိုးရရဲ့သရုပ်မှန်က ရုပ်လုံးပေါ်လာပါပြီ...
လောလောဆယ် ဖြစ်ပျက်သမျှတွေအရ ...
လွှတ်တော်အတွင်းမှာ ညောင်မြစ်တူးမယ့် ဥပဒေမျိုး ပြဌာန်းခွင့်မပြု
မီဒီယာကို တနည်းမဟုတ်တနည်းနဲ့ တုတ်နှောင်မယ့် ဥပဒေတင်ဖို့ကြိုးစား...
ဆက်သွယ်ရေးက သတင်းအချက်အလက်တွေကို ထိန်းချင်တဲ့အရိပ်အယောင်ပြ ဥပဒေထုတ်...
လုပ်ငန်းတွေကို နိုင်ငံသားပိုင်ကုမ္မဏီလို့ပြောပြီး သူတို့ချင်းလက်သိတ်ထိုး ခွဲကြ...

အင်း... ကျနော်ပဲ အကောင်းမမြင်တတ်လို့လားဗျာ...
ဘာတခုမှ ပြည်သူအတွက်မပါပါလား...

ဟိုတခါ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ဆိုပြီး ကြွေးကျော်သွားတာကတော့ ဘယ်လောက်အထိ ခရီးရောက်သလဲမသိဘူး.... ဘယ်လိုဘယ်ပုံဘယ်လိုဖြေရှင်းလိုက်တာလဲ...အလုပ်အကိုင် ဖန်တီးပေးတာဆို လူဘယ်နှစ်ယောက် အလုပ်အကိုင်တွေရသွားတာလဲ ..
ဒါမှမဟုတ် ထောက်ပံ့ကြေးတွေ ပေးလိုက်တာလား...
ဘယ်နှစ်နှစ် စီမံချက်လဲ....တနိုင်ငံလုံးရဲ့ ဘယ်နှရာခိုင်နှုန်းကို အကျိုးပြုသွားတာလဲ.... ဟိုတုန်းကလိုမျိုး သတိရရင် ထပြီး ဆိုင်းဘုတ်ထောင်တာမျိုးလား...
+120 #10 minhtetpaizin 2012-11-28 13:14
အပေါ်ကလူတွေက အခွန်တွေရှောင် ၊ တရားဝင်အခွန်ကင်းလွတ်ခွင့်တွေရ ပြီးရင် နိုင်ငံတကာကရရှိတဲ့အခွန်ရရှိမှု့ဇယားတွေနဲ့ယှဉ်ပြ ။ အခွန်အရနဲတယ်ဆိုပြီးညည်း ၊ ရာထားချက်အခွန်ပြည့်မှီရေးဆိုပြီးကြေငြာ ၊ လမ်းဘေးလက်ဖက်ရည်ဆိုင်ကြီးဆိုင်သေးတွေကအစ လည်ပင်းညှစ်ပြီးအခွန်ကောက် .....
+30 #9 Thandar 2012-11-28 13:04
Under the patronage of this president, years before, KMA owed millions of dollars to Myanma Port Authority and it is not clear that money was paid back or not. KMA had sold it's vessels to Indian scrap yards and no more a ship owner. KMA is a real crony of both the last (Military) and present governments. HTOO is the last government's biggest crony but not the biggest crony,now, but KMA is. Please wait and see to confirm to which extent this president will patronize his own crony KMA.
+151 #8 Maung San 2012-11-28 12:25
နောက်ဆုံးတော့လည်း ခင်ဗျားတို့နှုတ်က တသသ ပြောနေကြတဲ့ သမ္မတကြီး သမ္မတကြီးဆိုတာလည်း ဒီပုတ်ထဲက ဒီပဲပါပဲ...
+19 #7 ZeyarSG 2012-11-28 12:20
conflict of interest to the max.
+40 #6 USaytanar 2012-11-28 11:56
Thanks EMG for guiding our government. Our government according to this news, is in wrong way/path.

Hope that government will avoid "conflict of interests" in the future.
Government advisers also should declare their wealth officially.
+188 #5 Rain 2012-11-28 11:37
ကျွန်တော်တို့ ပြည်သူတွေကသာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့အစိုးရ
ကိုကြံဖန်ပြီးကျေးဇူးတွေတင်နေကြတာ...
ဒီအစိုးရလဲအရင်အစိုးရလိုပဲ ခေါက်ရိုးကျိုးနေတဲ့ အကိုကြီး..ညီလေး အစဉ်အလာအတိုင်းပါပဲလား..

ဒါကြောင့်မို့ လည်းရှေးလူကြီးတွေက ဒီပုတ်ထဲဒီပဲ ဆိုတဲ့စကားပုံ
ကိုထားခဲ့ကြတာနေမှာ... :sigh:
+106 #4 aungsanthar 2012-11-28 11:07
မသေမချင်းမှတ်ထားကြ...အဲဒါ မြန်မာကွ.....ဟားဟာားဟား
+198 #3 kinglakeshore 2012-11-28 11:05
စင်ပေါ်တင်ထားတဲ့ သတင်းတစ်ပုဒ်က..... ကျကွဲ
လောဘဒေါသမောဟတွေက.....နေရာတိုင်းမှာ ပြန့်ကျဲ
ရေမချိုးဘဲ မိတ်ကပ်ထူလပြစ်လိမ်းထားတဲ့ မိန်းမရှာဒီမိုကရေစီက.....လှနေဆဲ
ခရိုနီတွေက...ဝပြဲ
ငါတို့တတွေရဲ့....မန့်ပွဲ.. :lol:
+155 #2 myomin19 2012-11-28 10:53
ဒီလိုပဲဖြစ်ရမှာပေါ.လေ။ ဘယ်သူပြောတာလဲ ကွ မြန်မာပြည် ပြောင်းလဲနေပြီဆိုတာ ကို။
+201 #1 Mr.talkative11 2012-11-28 10:32
Quote:
KMA Group of Companies ၏ ဥက္ကဋ္ဌမှာ လက်ရှိ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီတွင် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ကမ္ဘာ့ဉာဏ်ကြီးရှင် နံပါတ်တစ်ရဲ့ အကြံပေးဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ဘယ်လောက်တောင် ဉဏ်ကြီးမလဲဆိုတာ။ ဪ သန်းရှင်းသော အစိုးရ၊ သန်းရှင်းသော အစိုးရ :lol:

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။