ကြေးနီစီမံကိန်း ဧရိယာအတွင်း သပိတ်စခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
ကြေးနီစီမံကိန်း ဧရိယာအတွင်း သပိတ်စခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အင်းအားသုံးဖြိုခွင်းရာတွင်
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သပိတ်စခန်း တည်ရှိရာနေရာများသို့
မီးလောင်စေသော ဓါတုပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့်
အင်အားသုံးနှိမ်နင်းခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံခဲ့သူများ၏
ပြောကြားချက်များအရ သိရသည်။ "ကျွန်တော်တို့က စဖြစ်တဲ့အချိန်မှာ
ဝမ်ပေါင်ကုမ္ပဏီရှေ့မှာရှိတဲ့ ပင်မသပိတ်စခန်းမှာ ရှိနေခဲ့တာပါ။ သူတို့က
ပထမပိုင်းတုန်းက အင်းအား သုံးပြီး ဖြိုခွင်းမယ်ဆိုပြီး ကြေညာပါတယ်။ မနက်
၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက
ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက
ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊
မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ ပစ်ကုန်ရော။ အဲဒီဗုံးတွေက
ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။
အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။
အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။
အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ
မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး
မီးလောင်ကုန်တယ်။ လက်ရှိအချိန်မှာတော့ သပိတ်စခန်းတွေမှာရှိတဲ့
သံဃာတော်တွေနဲ့ လူတွေကို ပတ်ဝန်းကျင်က ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေမှာ
ဆေးကုသနေရတယ်။ ထိခိုက်တဲ့အထဲမှာ လူတွေထက် သံဃာတော်တွေက ပိုပြီးဒဏ်ရာရကြတာ
တွေ့ရတယ်။ တစ်ချို့  ကို မုံရွာဆေးရုံကို ပို့ပေးပြီးတော့
ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်"
ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးမှ ပြောကြားခဲ့သည်။ ”စဖြစ်တာက နိုဝင်ဘာလ
၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်မှာ စတင်ဖြစ်သွားခဲ့တာပါ။ အစဦးဆုံး
မီးသတ်ပိုက်နဲ့ မထိုးခင်မှာ ကျော်ရွာဂိတ်ဆီက သေနတ် ၃ ချက်
ဖောက်လိုက်သံကြားလိုက်ရတယ်။ အဲဒီနောက်မှာပဲ စတော့တာပါပဲ။ ပထမ
မီးသတ်ပိုက်နဲ့ သပိတ်စခန်းထဲမှာ ရှိနေတဲ့သူတွေကို ရေတွေနဲ့ စဖျန်းပါတယ်။ ၁၀
မိနစ်လောက်ကြာတဲ့အခါမှာတော့ မီးကျည်လိုအရာတွေနဲ့ စပစ်တယ်။
နောက်မီးခိုးတွေထွက်တယ် နောက်ပေါက်ကွဲတယ်။ အစကတော့ သပိတ်စခန်းထဲမှာ နေရင်
အခြေအနေ မဟန်တော့ဘူးဆိုတာ သိပါတယ်။ အဲဒီတော့ သပိတ်စခန်းတွေ ပျက်ဆီးချင်
ပျက်ဆီးသွားပါစေ။ လူတွေကိုတော့ လွတ်ရာကိုပြေးကြဖို့အတွက် ဆရာတော်တွေက
ဆော်သြပေးတယ်။ ဒါနဲ့ပဲ လွတ်ရာကိုတောင် ကြား၊ တောင်ပေါ်တွေကနေ
ပြေးခဲ့ကြရပါတယ်။ သံဃာအများစု ထိခိုက်ဒဏ်ရာရကြတယ် လူတွေလည်းအနည်းငယ်
ထိခိုက်မှုတွေရှိပါတယ်။ သံဃာတချို့ကိုလည်း ရဲကားတွေအပေါ်မှာ
ပါသွားတာမြင်လိုက်ရပါတယ်။ အခုချိန် ထိဖြိုခွဲခံရတဲ့ သပိတ်အဖွဲ့ဝင်တွေဟာ
လုံခြုံတဲ့နေရာမှာ ရှိနေ ကြပါတယ်”ဟု မောင်းတန်ဂိတ်(တောင်ပေါ်ဂိတ်)
သပိတ်အဖွဲ့ဝင်တစ်ဦးက ကိုယ်တွေ့ကြုံခဲ့သည်များကို ပြောပြခဲ့သည်။ ဖြစ်စဉ်ကြောင့်
ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း
သိရသည်။ လတ်တလော ရရှိထေားသော သတင်းများအရ မုံရွာဆေးရုံတွင်
ရောက်ရှိကုသခံနေရသူ ၅၀ကျော်ခန့်ရှိပြီး အများစုမှာ
မီးလောင်ဒဏ်ရာများဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရသူများထဲမှ
ဒဏ်ရာအခြေအနေ ပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့
ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ အင်အားသုံးဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူ
ရာဂဏန်းခန့်ရှိပြီး အတည်မပြုနိုင်သော သတင်းများအရ ယခုဖြစ်စဉ်ကြောင့်
သေဆုံးသူများရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများလည်း ရှိနေကြောင်း
သိရှိရသည်။
ကြေးနီစီမံကိန်း ဧရိယာအတွင်း သပိတ်စခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
”စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။
ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့်
အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့
ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ်
အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ
အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို
ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့
ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့
နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm
နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး
ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။
ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး
လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ
ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ
ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။ အခု ဆန္ဒပြသံဃာတော်တွေကို
အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး
ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယို ဗုံးဆိုတာက
မီးလောင်ဗုံးမှမဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့
လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။ အခု
အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့
တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု
ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်” ဟု အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင်
တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း
စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် လက်နှက်များ အသုံးပြုနှိမ်နင်းခဲ့သည်
ဆိုသည်ကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးသို့
ဆက်သွယ် စုံစမ်းလျက်ရှိပြီး မြန်မာနိုင်ငံ ရဲချုပ်နှင့် တာဝန်ရှိသူများသည်
နိုင်ငံတော် သမ္မတရုံးတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး
ပြုလုပ်နေကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven
Media Group မှ ရဲတပ်ဖွဲ့ဝင်အင်အား မည်မျှဖြင့် မည်သည့်လက်နှက်များ
အသုံးပြု နှိမ်နင်းခဲ့သည်ကို ဆက်သွယ်မေးမြန်းခဲ့ရာ "ခင်ဗျားတို့
မြင်ပြီးမလား၊ ကြားပြီးပြီမလား။ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့်
မရှိပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
ထို့အတူ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှ ရဲတပ်ဖွဲ့ဝင်အင်အား
မည်မျှဖြင့် မည်သည့်လက်နှက်များ အသုံးပြု နှိမ်နင်းခဲ့သည်ကို
ဆက်သွယ်မေးမြန်းခဲ့ရာ "ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး။" ဟု ပြန်လည်
ဖြေကြားခဲ့ပါသည်။ |
Comments
နောက်ဆုံးတော့လည်း ကျီးက ကျီးးဒေါင်းကဒေါင်းပါပဲ။ "ငရဲကလာသူတွေပြာပူမကြောက်ဘူး" ဆိုတာဒါမျိုးလားမသိ။ မင်းသားခေါင်းဆောင်းထားရတာညောင်းလာပီနဲ့တူပါတယ်။ ကျွန်တော်တို့ကိုယ်ကအမှတ်မရှိသွားယုံတာကိုး။
တူသောအကျိုးပေးပါစေလို့ ဆုတောင်းပါတယ်
ဘယ်သူလုပ်ခိုင်းတာလဲ...
ဘယ်သူတွေလုပ်ရက်ကြတာလဲ...
ဒေါ်လာသိန်းချီအကုန်ခံပြီးပညာသင်ပေးထားတဲ့ကျနော့သာသမီးတွေရယ်
ကျနော်တို့ လင်မယားနှစ်ပေါင်းများစွာလုပ်ကိုင်ပြီးရယူခဲ့တဲ့အတွေ့ အကြုံနယ်းပညာတွေ
ကိုယ့်မိခင်နိုင်ငံအကျိုးအတွက် ပြန်လာပြီးတတ်နိုင်သလောက်လုပ်ပေးမယ်စိတ်ကူးထားတာတွေလဲဒီတချက်ထဲနဲ့ ပျက်စီးခဲ့ရပါပြီ
နိုင်ငံသားပြောင်းဖို့ ဆုံးဖြတ်ချက်ဒုံးဒုံးကျသွားပါပြီ
မြန်မာသတင်းလည်းမဖတ်တော့ပါ
ဘာ comment မှလည်းမပေးတော့ပါ
မြန်မာပြည် good bye
ကြံ့ဖွံ့
ဦးပိုင်
မင်းတို့ကိုယ်မင်းတို့ ဗမာတွေ
မင်းတို့ကိုယ်မင်းတို့ ဗုဒ္ဓဘာသာဝင်တွေလို့ သတ်မှတ်ဘို့ မသင့်တော့ဘူး။
မင်းတို့ဟာ တစ်ကယ်တော့ တရုတ်ချီး စားနေတဲ့ တရုတ်ချီးစားခွေး တွေဘဲ။
တရုတ်ချီးစားခွေးတွေရဲ့ စာရင်း
တရုတ်ချီးစားခွေးတွေရဲ့ မိသားစုဝင် စာရင်း ပြုစု ထားကြ
ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းပီး အမျိုးဘာသာ သာသနာ သန့်စင်ရေးအတွက် သုတ်သင်ကြ။
ဒီလောက်အောက်တန်းကျ၊ယုတ်မာတဲ့၊ဘယ်သူမှစိတ်မကူးမိတဲ့လုပ်ရပ်ကို အမိန့်ပေးတဲ့တာဝန်ရှိသူဘယ်သူလဲဆိုတာဖော်ထုတ်ပါ၊တာဝန်မှနုတ်ထွက်ပါ၊ဒူးထောက်တောင်ပန်ပါ။
ခင်ဗျားတို့ဘက်ကအောက်တန်းကျတော့ ကျုပ်တို့ပြည်သူအားလုံးကလဲ ဒီစီမံကိန်းမှာပတ်သပ်တဲ့ ဦးပိုင်တရုတ်တွေ အကုန်သတ်မှာ မယုံမရှိနဲ့၊သတိသာထားကြပေတော့။
ဝမ်ပေါင်company ဟာတယုတ်ပြည်မှာစစ်လက်နက်ထုတ်တဲ့ company ပါ
စစ်တပ်နဲ့ ရဲကိုယ့်လူမျိုးကိုယ့်နိုင်ငံသားဘာသာသာသနာအပေါ်မှာ
အဆုံးစွန်ရက်ဆက်ယုတ်မာဖို့ ဘယ်တော့မှလက်မတွန့် ဘူးဆိုတာ
အနှစ်၅၀သက်သေပြခဲ့ပြီးပါပြီ
စစ်တပ်နဲ့ ရဲဆိုတာ ဘယ်လောက်အောက်တန်းကျပြီးယုတ်ညံ့တဲ့အဖွဲ့ အစည်းတွေဆိုတာ
ကမ္ဘာကသိအောင်လက်တွေ့ ထပ်ပြီးလုပ်ပြလိုက်တာပါ
သမ္မတ ဦးသိန်းစိန်တနှစ်ကျော်ကြိုးစားပြီးရယူခဲ့တဲ့ပြည်သူတွေရဲ့ချစ်ခင်လေးစားမှုလည်း
ဒီအချက်တခုတည်းနဲ့ ရေဆုန်မျှောသွားရှာပါပြီ
သားတွေ၊ဘုန်းကြီးတွေကျတော့ လုပ်ရက်ကြတယ်။
ကိုယ့်လူမျိုး၊ကိုယ့်သာသနာကိုစော်ကား၊နယ်မြေချဲ့ထွင်
တဲ့ဘင်္ဂလီတွေ၊တရုတ်တွေကျတော့ခေါင်းပေါ်တင်ထားတယ်။ရခိုင်မှာဖြစ်တုန်းက
ကုလားတွေကိုကျတော့အဲလိုတစ်ကောင်မှမလုပ်ရဲကြဘူး
ပြောတော့ဒီမိုအစိုးရဖြစ်လို့အဲလိုမလုပ်တာ။ခုကြတော့
ဘာလို့သည်လိုလုပ်ရက်တာလဲ။ကိုယ့်လူမျိုးတွေ
အပေါ်ကျတော့ ဒီမိုအစိုးရမဟုတ်တော့ဘူးလား။
ဒီမိုကရေစီဆိုတာ မြန်မာလူမျိုး၊မြန်မာတိုင်းရင်းသား
တွေအတွက်လုံးဝမဟုတ်ဘဲ ကုလားနဲ့တရုတ်အတွက်
သီးသန့်ဖြစ်နေပြီဆိုတာ ခုတော့ နားလည်သဘော
ပေါက်သွားပါပြီ။ဥပဒေ၏အထက်၊အောက်၊ဘေး၊
အတွင်း၊အပြင် နေရာပေါင်းစုံမှာ ကုလားနဲ့တရုတ်တွေ
ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာဘဲ။
ပြဿနာကြီးက သေးမှ မသေးတာ...။
အမေစုလာလို့ စုံစမ်းရင် ညောင်မြစ်တူးရင် ပုတ်သင်ဥ ပေါ်ကုန်တော့မယ်လေ..။
အောက်က ဆောင်းပါးကိုသာ ဖတ်ကြည့်ကြပါ..။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ နောက်ကွယ်
www.thithtoolwin.com/2012/09/blog-post_9870.html
မြဲမြဲမှတ်ထား ဦးပိုင်ဆိုတာ စစ်တပ်က ပိုင်တယ် ဒါ့ကြောင့် လက်ရှိအစိုးရ ဖခင်။
ပြီးတော့ ဝမ်ပေါင်ဆိုတာ တရုတ် ပိုင် ဒါ့ကြောင့် လက်ရှိအစိုးရ ဖခင်ဘဲ။ ဒ့ါကြောင့် ဖခင်ရဲ့ ဖခင်တွေကို ထိတော့ သိတယ်မဟုတ်လား။
သမ်မတကြီး သို့သော်လည်း သို့သော်လည်း ဆိုပြီး ဘာတွေ ဝေ့လည်ကြောင်ပတ်လုပ်ဦးမလဲ။ စောင့်ကြည့်ပါစို့။ ကြွ့ဖွဲ့ မဲပေးမိတဲ့သူတွေ နောင်တရလော့။
နဲ့ နတ်သံနှောသွားသေးတယ်...ဘာတဲ့..(တရုတ်ကိုလည်း တပည့်တော်တို့ ကကြောက်နေရပါတယ်ဆိုလားပဲ...ပြီးတော့..တပည့်တော်ကို တမျိုးမထင်ကြပါနဲ့ လို့ လည်း ကာဗာ ဆွဲသွားသေးတယ်..)
အခုတော့ ဘီလူးဆိုင်းတီးပြီး ဘီလူးက ကပြီပေါ့လေ...
မင်းသားမျက်နှာဖုံးဆောင်းထားတာကို ခွါချလိုက်ပြီပေါ့...
ဆိုလို့ ဒေါ်စုမလာခင်မှာအပြတ်ဖြတ်တာဖြစ်မယ်..
ဘာကြောင့်လဲဆိုတော့ ဒေါ်စုရောက်လာရင် နိုင်ငံတကာမှာရော
ပြည်တွင်းကသတင်းဂျာနယ်တွေမှာရောဝိုင်းရေးကြရင် ပိုပြီးတော့
လူသိများလာမယ်...ပိုပြီးတော့လုပ်ရကိုင်ရခက်လာမယ်..
သူတို့ ပထွေးကျေးဇူးရှင်ပေါက်ဖော်ကြီးကအရင်မြစ်ဆုံကိစ္စကို
တင်းနေတာတောင်ဒေါသမပြေသေးဘူး..သူတို့ တွေသူခိုးဈေးနဲ့ 
ရထားတဲ့နောက်ထပ်စီမံကိန်းတခု ထပ်ပြီးရပ်ရမယ်ဆိုရင်..
သူတို့ ကိုမယားပါသားအဖြစ်ကနေ အမွှေပြတ်စွန့် လွှတ်လိုက်မှာ
စိုးလို့ တခါထဲအပြတ်ရှင်းဖို့ လုပ်တာပါ..
EMG ရေ... သတင်းတွေဆက်လက်ရှင်သန်နိုင်ပါစေ၊ မီးလောင်ဗုံးလည်းသတိထားနေဦးဗျ။ ကျေးဇူးတင်ပါတယ်။
ဓါတ်ပုံတွေမြင်ရတာ မျက်ရည်ကျမိတယ်။ ဒင်းတို့တွေ မတရားလွန်းနေပြီ။
Dictator Thein Sein!
Grand son of dictator Ne Win (now in hell)
Son of dictator Than Shwe (book to go hell)
You want Nobel Piece Prize?
Ha ha ha ha.
Stupid government.
နိုင်ငံတကာမှ လာရောက်စစ်ဆေးပြီး ဒီလူမဆန်တဲ့ လုပ်ရပ်ကို လိုအပ်သလို နိုင်ငံတကာ ခုံရုံးတင် တရားစွဲဆိုသင့်ပါတယ်။