Wednesday, November 28, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ နိုဝင်ဘာလ၂၉ ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်၍ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူအချို့ရှိကြောင်း သိရ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ နိုဝင်ဘာလ၂၉ ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်၍ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူအချို့ရှိကြောင်း သိရ  PDF Print
Thursday, 29 November 2012 04:12
AddThis Social Bookmark Button
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာလ၂၉ ရက်နေ့  နံနက် ၃နာရီအချိန်မှစတင်၍  လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့သဖြင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော Eleven Media Group  မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ ဖြိုခွင်းမှုကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာအတွင်းရှိ စုဝေးနေသည့် သပိတ်စခန်း ၆ခုအနက် ၃ခုမှ သံဃာတော်များနှင့် ဒေသခံများ ဖယ်ရှားပေးခဲ့ရကြောင်းသိရသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၇ ရက်နေ့ည ၁၂ နာရီနောက်ဆုံးထားပြီး ရုပ်သိမ်းရန် ကြေညာထားသော်လည်း နိုဝင်ဘာ လ၂၈ ရက် နေ့ အထိ ရုပ်သိမ်းခြင်း မရှိသဖြင့် ထပ်မံ၍ နိုဝင်ဘာလ ၂၈ရက်နေ့ ည ၁၂နာရီတွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေးနီစီမံကိန်း ဧရိယာ၌ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ကြောငြာခဲ့ကြောင်း သိရသည်။
ယင်းသို့ကြေငြာမှုအား နိုဝင်ဘာလ ၂၈ရက်နေ့ည  ၇နာရီခွဲတွင် တစ်ကြိမ်၊ ၈ နာရီ ၁၀ မိနစ်တစ်ကြိမ်၊ ၈နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် ထပ်မံကြောငြာခဲ့ပြီးနောက် နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃နာရီ စတင်ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းများ
Update : 3:00 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်းခြောက်ခုမှာ နိုဝင်ဘာလ ၂၉ ရက် နံနက် ၂ နာရီအထိ ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရှိရပါသည်။
စုဝေးနေသူများအား နိုဝင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီအချိန်တွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ် နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၈ ရက်နေ့ ည ၇နာရီ ၃၀ မိနစ်၊ ၈ နာရီ ၁၀ မိနစ်နှင့်   ၈ နာရီ ၅၀ မိနစ်တို့တွင် တာဝန်ကျ ရဲတပ်ဖွဲ့မှကြေညာခဲ့သော်လည်း ၂၉ ရက် နံနက် ၂ နာရီ အထိ အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးကြောင်းသိရသည်။
lbt1
lbt2
lbt3
lbt4
Update 3:15 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား  နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။ ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 3:50 AM
ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာတော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေး ယူလိုက်ပြီဖြစ်ကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 4:09 AM
လက်ရှိအချိန်တွင် ထပ်မံ၍ သပိတ်စခန်းတခု ဖယ်ရှားပေးခဲ့ရသဖြင့် စုစုပေါင်း သပိတ်စခန်း ၃ ခု ဖယ်ရှားပေးခဲ့ရပြီဖြစ်ကြောင်းသိရသည်။
Update 4:30 AM
လက်ရှိ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် သံဃာတော် အများအပြား ပါဝင်ကြောင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

thn-29-11-12-3
မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
 

thn-29-11-12-4
မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်

Update 5:30 AM
သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များအား မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် ထိုသို့ မီးလောင်ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင် ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။ ဖောင်းကားတောင်ရွာဘုန်တော်ကြီးကျောင်းမှ ဒဏ်ရာအပြင်းအထန်ရရှိသူသံဃာ ၆ ပါးနှင့် လူတစ်ဦးရှိနေပြီး ဖြိုခွင်းမှုကြောင့် ပိတ်မိနေသောအဖွဲ့များ ဖောင်းကားဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်စုစည်းမိကြပြီဖြစ်ကြောင်းလည်းသိရသည်။ လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီးပြန်ခိုင်းခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

thn-29-11-12-10
သပိတ်စခန်းတစ်ခုအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက် စီးနင်းနေစဉ်
 
thn-29-11-12-5
ကြေးနီစီမံကိန်း ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်

thn-29-11-12-6
ကြေးနီစီမံကိန်း ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်

thn-29-11-12-7
ကြေးနီစီမံကိန်း ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်

thn-29-11-12-8
ကြေးနီစီမံကိန်း ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်

thn-29-11-12-9
ကြေးနီစီမံကိန်း ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်

thn-29-11-12-11
ကြေးနီစီမံကိန်း ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်

Update 5:50 AM
ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်း ၆ခုအနက်မှ  ၃ခုမှာ မီးရှို့ဖျက်စီးခံရပြီး စခန်း၂ခုတွင် ရှိနေသူများအား ခြိမ်းခြောက် ပြန်ခိုင်းသဖြင့် ပြန်ခဲ့ရကြောင်း၊ လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာလည်း ပိတ်မိနေရာမှ ပြန်ခိုင်းသဖြင့် စခန်းတွင်ရှိနေသူများ ပြန်သွားရပြီဖြစ်ကြောင်း ထို့ကြောင့် စခန်း ၆ ခုလုံးအား ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူထားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

Update 8:00 AM

ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများတွင် သံဃာတော် အများအပြားပါဝင်ပြီး အချို့မှာ မုံရွာဆေးရုံသို့ ပို့ဆောင်ကုသနေပြီး ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးအား မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထို့အပြင် သပိတ်စခန်းများမှ လူစုကွဲလာသော ထိခိုက်ဒဏ်ရာရသူအချို့အား နီးစပ်ရာနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းအချို့မှ ကူညီပေးလျက်ရှိကြောင်း သိရသည်။
DSC_0091
လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတစ်ပါးအား တွေ့မြင်ရစဉ်

DSC_0095
လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတစ်ပါးအား တွေ့မြင်ရစဉ်
UPDATED 8:10 AM
သပိတ်စခန်းများကို ၀င်ရောက်ဖြိုခွင်းသည့် ဖြစ်စဉ်ကြောင့် မုံရွာဆေးရုံတွင် လူ ၅၀ ခန့် ကုသမှုခံယူနေကြောင်းသိရပြီး အများစုမှာ မီလောင်ဒဏ်ရာများ ဖြစ်ကြောင်း သိရသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ၀မ်ပေါင်ကုမ္ပဏီ ပြင်ပဂိတ်ရှေ့ရှိ သံဃာတော် (၃)ပါး၊ ကျော်ရွာဂိတ်မှ (၂)ပါး၊ တောင်ကြားအလယ်ဂိတ်မှ (၅)ပါး တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိမ်းသိမ်းထားကြောင်း သိရသည်။
UPDATED 9:30 AM

မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေမှုများ
injury1
မုံရွာဆေးရုံတွင် ဆေးကုသမှုခံနေသော သံဃာတော်များ နှင့် ဒေသခံများ

injury2
မုံရွာဆေးရုံတွင် ဆေးကုသမှုခံနေသော သံဃာတော်များ နှင့် ဒေသခံများ

injury3
injury4
injury5

UPDATED 10:00 AM
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် လက်နက်များ အသုံးပြုနှိမ်နင်းခဲ့သည် ဆိုသည်ကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးသို့ ဆက်သွယ် စုံစမ်းလျက်ရှိပြီး မြန်မာနိုင်ငံ ရဲချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော် သမ္မတရုံးတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှ ရဲတပ်ဖွဲ့ဝင်အင်အား မည်မျှဖြင့် မည်သည့်လက်နက်များ အသုံးပြု နှိမ်နင်းခဲ့သည်ကို ဆက်သွယ်မေးမြန်းခဲ့ရာ "ခင်ဗျားတို့ မြင်ပြီးပြီမလား၊ ကြားပြီးပြီမလား။ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့် မရှိပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
UPDATED 10:20 AM
ထို့အတူ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှ ရဲတပ်ဖွဲ့ဝင်အင်အား မည်မျှဖြင့် မည်သည့်လက်နက်များ အသုံးပြု နှိမ်နှင်းခဲ့သည်ကို ဆက်သွယ် မေးမြန်းခဲ့ရာ "ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
 

Comments 

 
+18 #33 third son 2012-11-29 09:29
မျက်ရည်ယိုဗုံးလား၊ မီးလောင်ဗုံးလား၊ မြင်ရတာစိတ်မချမ်းသာဘူးဗျာ။ အမြန်ဆုံးကျန်းမာလာကြပါစေဗျာ။
 
+30 #32 Rain 2012-11-29 09:26
ကြောင်ကြာကြာရေမငုပ်နိုင်ပါဘူး...ဆိုတဲ့စကားလေးတခွန်းရှိပါ
တယ်..ဆိုလိုတာက ကြောင်ဆိုတဲ့သတ္တဝါတွေဟာ ရေကိုသိပ်
ကြောက်တဲ့သတ္တဝါတွေပါ..မဖြစ်မနေရေထဲငုတ်ရမယ်ဆိုရင်တောင်အကြာကြီးရေထဲမှာမနေနိုင်ပါဘူး...
အဲဒီလိုပါပဲ..ကိုယ်မလုပ်ချင်တာတွေကိုလူကြိုက်များအောင်ဟန်
ဆောင်ပြီး ပြည်သူတွေရဲ့ အသံကိုနားထောင်ပါမယ်..ပြည်သူတွေ
မကြိုက်တာဆိုမလုပ်ပါဘူး..ဆိုတဲ့ကျွန်တော်တို့ ရဲ့ so called
ဒီမိုကရေစီအစိုးရသစ်ကြီးလဲ နောက်ဆုံးမတော့ ရေငုတ်နေရာက
ပြန်ပေါ်လာပြီလို့ ပဲဆိုရတော့မယ်ထင်တယ်...
 
+21 #31 shwe phyu 2012-11-29 09:21
Quoting Mr.talkative11:
နောက်ဆုံးတော့ ဘီလူးကဘီလူးပါပဲဗျာ။ ဘယ်လောက်ပဲ မင်းသားခေါင်းဆောင်းဆောင်း အကျိုးစီးပွါးထိလာတော့ အားလုံးရှုမြင်ကြရတဲ့အတိုင်းပါပဲ။ စကောလောက်မှ ဇောက်မနက်တဲ့ စစ်ခွေးဘီလူးတွေရဲ့ နိုင်ငံရေးလုပ်ကြံမှုပါပဲ။
စိတ်ကုန်လို့ဘာမှမပြောလိုတော့ပါ။
လူစိတ်မရှိတဲ့ အာဏာရှင် ကျဆုံးပါစေ၊ ဘဝမကူးခင် ဝဋ်လည်ပါစေလို့ပဲ မြန်မာပြည်သူအားလုံးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။
အားလုံးဘေးကင်းကြပါစေ။
ကိုယ်လဲပြောစရာစကားကုန်ပြီ...
 
+27 #30 Mr.Moore 2012-11-29 09:21
လက်ပံတောင်းတောင်စီမံကိန်း သွေးမြေကျက ဦးပိုင်မီးဟုန်းဟုန်းတောက်စေရမည်(အရေးကြီးသတင်း လက်ဆင့်ကမ်းShare ပေးရန်)

အစိုးရအာဏာပိုင် လုံခြုံရေးအဖွဲ့ဝင်များနှင့် ဦးပိုင်တာဝန်ရှိသူများသည် ယနေ့ညပိုင်းအချိန်တွင် သပိတ်စခန်းများအား ဖယ်ရှားပေးရန် ရာဇသံေ
ပးလျက်ရှိသည်။ သပိတ်စခန်းများမှ ဆန္ဒဖော်ထုတ်သူများဘက်မှ နောက်မဆုတ်ပေးနိုင်ကြောင်းနှင့် စီမံကိန်းရပ်တန့်မှ သပိတ်လှန်မည်ဖြစ်ကြောင်း နှစ်ဦးနှစ်ဘက် အခြေအနေတင်းမာလျက်ရှိသည်။ ထိုသို့တင်းမာလျက်ရှိသော အခြေအနေကို အေးချမ်းစွာမဖြေရှင်းပဲ နိုင်ငံခြားသားတရုတ်များ၏ အကျိုးစီးပွားဖက်ကို လိုက်ပြီး ထိခိုက်အနာတရ သေဆုံးအောင် အကြမ်းဖက်နှိမ်နင်းပါက တရုတ်သြဇာခံ စီးပွားရေးဦးပိုင်လီမိတက်အား သပိတ်မှောက်မည်ဖြစ်ကြောင်းနှင့် ဦးပိုင်နှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဘတ်စ်ကားလိုင်းများ၊ Taxi ကားများ၊ စူပါမားကတ်များ၊ ဘီယာနှင့် အခြားယမကာလုပ်ငန်းများ၊ ဘဏ်များနှင့် အခြားဆက်စပ်လုပ်ငန်းများမှထုတ်လုပ်ဖြန့်ဖြူးသော လူသုံးကုန်ပစ္စည်းများအား လုံးဝ(လုံးဝ)သုံးစွဲခြင်းမပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
Post by: People Development for Knowledge

https://www.facebook.com/pages/People-Development-For-Knowledge/307904635932447?ref=stream
 
+51 #29 ဇော်ကြီး 2012-11-29 09:03
ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကိုတော့ ပြည်ပရဲ့လက်ညိုးထိုးခံရမှာစိုးလို့ သိမ်မွေ့စွာကိုင်တွယ်တယ်တဲ့။ လက်နက်အားကိုးနဲ့ ကချင်ပြည်နယ်မှာဗိုလ်ကျစိုးမိုးဖို့လုပ်နေတဲ့ ကချင်အာဏာရူးတွေကိုကျတော့ ထိထိရောက်ရောက်မရှိခဲ့ဘူး။ အခု ကျောမွဲဆင်းရဲသားပြည်သူတွေကို ကိုင်တွယ်ချက်ကတော့ ပက်စက်လှပါလား..။ အေးလေ..တရုတ်နဲ့ဦးပိုင်ပေါင်းပြီးလုပ်စားနေတဲ့လုပ်ကွက်ကို လာထိတယ်ဆိုတော့ မချိအောင်နာတတ်တယ်ပေါ့။ ဒီလုပ်ရပ်ကို လုံးဝရှုံ့ချတယ်။ ဒါ..ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ ထုံးစံမရှိဘူး။
 
+20 #28 mann 2012-11-29 08:59
Pls not blame China, just blame our own government and UMEHL
 
+11 #27 ဇမ္ဗူတလူ 2012-11-29 08:53
Another type of smoke grenade is the bursting variation. These are filled with white phosphorus (WP), which is spread by explosive action. White phosphorus catches fire in the presence of air, and burns with a brilliant yellow flame, while producing copious amounts of white smoke (phosphorus pentoxide). These double as incendiary grenades, and a variant of these are also launched from infantry-portable or armored fighting vehicle-mounted grenade launchers. Users must also be wary of wind direction when using smoke grenades.
URL: http://en.wikipedia.org/wiki/Smoke_grenade
Convention on Certain Conventional Weapons (Protocol III)
Protocol on Prohibitions or Restrictions on the Use of Incendiary Weapons.
Geneva, 10 October 1980
Article 2
Protection of civilians and civilian objects
It is prohibited in all circumstances to make the civilian population as such, individual civilians or civilian objects the object of attack by incendiary weapons.
It is prohibited in all circumstances to make any military objective located within a concentration of civilians the object of attack by air-delivered incendiary weapons.
URL: http://www.globalsecurity.org/military/library/policy/int/convention_conventional-wpns_prot-iii.htm

ဓါတ်ပုံထဲက မီးလောင်နေတာတွေကြည့်ရင် တော်တော်လေးကို အထက်ပါအချက်တွေနဲ့ ကိုက်ညီနေတဲ့သဘောရှိပါတယ်။
 
+18 #26 mann 2012-11-29 08:52
take care your moves, UMEHL, we are not fool
 
+57 #25 Mr.talkative11 2012-11-29 08:48
နောက်ဆုံးတော့ ဘီလူးကဘီလူးပါပဲဗျာ။ ဘယ်လောက်ပဲ မင်းသားခေါင်းဆောင်းဆောင်း အကျိုးစီးပွါးထိလာတော့ အားလုံးရှုမြင်ကြရတဲ့အတိုင်းပါပဲ။ စကောလောက်မှ ဇောက်မနက်တဲ့ စစ်ခွေးဘီလူးတွေရဲ့ နိုင်ငံရေးလုပ်ကြံမှုပါပဲ။
စိတ်ကုန်လို့ဘာမှမပြောလိုတော့ပါ။
လူစိတ်မရှိတဲ့ အာဏာရှင် ကျဆုံးပါစေ၊ ဘဝမကူးခင် ဝဋ်လည်ပါစေလို့ပဲ မြန်မာပြည်သူအားလုံးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။
အားလုံးဘေးကင်းကြပါစေ။
 
+21 #24 For people 2012-11-29 08:45
Slaves of Chinese

1. YOU HAVE LIED YOUR OWN CITIZENS & WORLD LEADERS.

2. We are not fooled by your talks anymore.

3. You have cared too much for Chinese money

4. What if they all reverse what they have given to you....MR. OBAMA said "Suspended"...not withdraw yet...

5. All the domestic investors who have invested so much in hope of opening this country........will lose everything they put into big projects

We will all lose our hopes....Our country will be in hell again.....we may not be able to recover from great economic crisis for this time.....

That's because we believe in you so much ......all citizens have been spending so much money with cars, projects.....But no foreigners have invested any big money yet.....Please be careful of this move..it will only hurt Myanmar only ..


Thasaung Mong Full Moon Day by people



Thasaung Mong Full Moon Day by slaves of Chinese

 
+54 #23 romanceboy13 2012-11-29 08:33
တောက်..တချက်ခေါက်မိတယ် .. မျက်လုံးအိမ်မှာ မျက်ရည်တွေပါ ရစ်သီလာသလိုပဲ .. ဆဒ္ဒပြတဲ့ အထဲကျတော်အမျိုးတွေမပါပေမဲ့ ငြိမ်းချမ်းစွာ ထိုင်နေတဲ့လူတွေကို အကြမ်းဖက်တာ ရင်ထဲထိခိုက်ရတယ်.. လက်အုပ်ချီမိုးရှိခိုးရတဲ့ ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ပြစ်ရဲတယ်ဆိုတာ သေချာပေါက် အပယ်လားမဲ့ အကုသိုလ်ကောင်တွေပါ .. ပြသနာတွေအားလုံးကိုငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ကျပါစေ .. လူကိုလူလို့ မြင်နိုင်ကျပါစေ .. မင်းတို့ရက်စက်နေတဲ့မီးရှို့လိုက်တဲ့ သူတွေဟာ .. သံဃာတော်တွေနဲ့ ခံစားချက်၇ှိတဲ့လူတွေ ကွာ.. မင်းတို့ပြည်သူတွေရဲ့ ဒေါသကိုခံစားရလိမ့်မယ် .. 88 တုန်းကရဲအသဲ အရက်နဲ့မြည်းတယ်ဆိုတာ 2012 မှာထပ်မဖြစ်အောင်ဆုတောင်းကျတော့ ..
 
+36 #22 SANAYMAUNG 2012-11-29 08:13
U Thein Sein, U Aung Min, U Soe Thein & etc. are like as SAME WHISKEY IN DIFFERENT BOTTLE.
 
+67 #21 melt.pyown 2012-11-29 08:05
အမေရိကန် Foreign Policy မဂ္ဂဇင်းကို တရားစွဲမည်…..
ခင်ဗျားတို့ အာဏာရူး ကြောင်ချီးကို မတန်မရာဆုတွေချလိုက်တော့...
အခုလူတွေကို လိုက်ရိုက်ခိုင်းနေပြီ...
 
+68 #20 mon min 2012-11-29 07:57
ဆိုးဝါးလှတဲ့အဓမ္မမှု ကိုကျူးလွန်လိုက်ကြပြီ။ ကမ္ဘာကြေတောင်ဥဒါန်းမကြေဘူး။
ကောငိးကျိုးမပေးတဲ့အရှေ့ဘက်ကအိမ်နီးချင်းတွေ......
ကောက်ရိုးပုံစောင့်တဲ့သတ္တဝါတွေလဲ သတိထားပြီးနေကြ....မင်းတို့သမိုင်းကရိုင်းလွန်းမကရိုင်းသွားပြီ။
ပြည်သူ့မေတ္တာစူးရောက်မှုမင်းတို့တွေ မခံရပါစေနဲ့လို့ပဲ။
 

+59 #19 kyawnaing60 2012-11-29 07:55
ပြည်သူ့အစိုးရလိုမည်သို့ပင်အော်နေပါစေလုပ်ရပ်များကသက်သေခံနေပါပြီး၊အကြာကြီးဖုံကွယ်ထားလို
မရပါဘူး၊ပြည်သူအားလုံးလည်သိကြပါပြီ၊ရှေဆက်မည်သို့လုပ်ဆောင်သင့်သလဲစဉ်စားဆုံဖြတ်
လုပ်ဆောင်ရမည်အချိန်ရောက်ပါပြီ။
 
+55 #18 Demoe 2012-11-29 07:47
President Thein Sein- are you working for China? You are loyal to China?
Aung Min - If you really respect to China, give your daughter and wife to them.
U Paing - Biggest robber in the country.You are not represent to soilders, but for generals!
Wan Poung - Get out from our country!

Stupid government!
 
+71 #17 soranotomo 2012-11-29 07:47
နောက်ဆုံးတော့ အရင်အစိုးရအတိုင်းပါပဲ..
ပြည်သူကရွေးကောက်တင်မြှောက်ထားပါတယ်လို့ ပါးစပ်ကပြောနေရုံနဲ့မပြီးဘူးလေဦးသိန်းစိန်ရဲ့..
ပြည်သူတွေရဲ့အသံကို မကြားချင်တာလား သောက်ဂရုမစိုက်တာလား ငါတို့လုပ်ချင်တာ လုပ်မယ်ကွာဆိုတဲ့သဘောလား...
ဒါဆိုရင်တော့ ဒီမိုကရေစီနိုင်ငံရဲ့ပါတီနိုင်ငံရေးထဲကို ခင်ဗျားတို့မပါသင့်ဘူး...

Action is louder than words
ဆိုတာလေးတော့ လောလောလတ်လတ်ကမ္ဘာ့ဥာဏ်ကြီးရှင်ဘွဲ့ရထားတဲ့သမ္မတတယောက်ကို ဘာသာပြန်ပြစရာလိုမယ်မထင်ပါဘူး
ခင်ဗျားတို့ ပါးစပ်ကနေ နိုင်ငံအကျိုးအတွက် တိုင်းပြည်အကျိုးအတွက် ဘယ်လောက်ဖင်ပြဲအောင်အော်နေနေ နောက်ဆုံးတော့ လက်တွေ့လုပ်ရပ်တွေက သက်သေပြတာပါပဲ ....
အစိုးရအဖွဲ့အစည်းတရပ်အနေနဲ့ နိုင်ငံရဲ့ကိစ္စအ၀၀ကို ကောင်းကောင်းစီမံအုပ်ချုပ်နိုင်ရမှာပါ... တာဝန်မယူနိုင်ဘူး အရည်အချင်းမရှိဘူးဆိုရင် နှုတ်ထွက်ကြပါ... ခရိုနီတွေကလွဲပြီး ခင်ဗျားတို့ကို ဘယ်သူမှ လွမ်းနေမှာ မဟုတ်ပါဘူး...
ထိခိုက်ဒဏ်ရာရတဲ့သူတွေ အတွက် စိတ်မကောင်းပါဘူး...
ခင်ဗျားတို့ဟာ ကျနော့်ထက် သတ္တိရှိတယ်ဆိုတာ အထင်အရှားပါ...
ဒီကနေပဲ အားလုံးကို လေးစားဂါရ၀ ပြုလိုက်ပါတယ်...
 
+75 #16 klvnaung 2012-11-29 07:41
နရသီဟပတေ့အတွက် ဂုဏ်ယူပါတယ်။ သူ့ခမျာ တရုတ်မနိုင်လို့ ရိုးရိုးသားသား ထွက်ပြေးရှာတယ်။ ဦးသိန်းစိန် နှုတ်ထွက်ပေးပါ။
 
+96 #15 shyat_sayagyi 2012-11-29 07:03
ဦးအောင်မင်းး.....ခင်ဗျားလာတာ ဒီအတွက်လား...
 
+70 #14 kinglakeshore 2012-11-29 06:49
အိမ်ဘေးကကောင်တွေ
မင်းတို့ ဖျာလိပ်ထားလိုက်တော့…..
မင်းတို့……ကြမ္မာငင်ခြင်းရဲ့ နိဒါန်းဘဲ...

+128 #13 အောင်ဘု 2012-11-29 06:30
တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိမယ့် စီမံကိန်းဆိုရင် ပြည်သူလူထုက လက္ခံမှာပဲဖြစ်တယ်
အခု ဒီစီမံကိန်းတွေဟာ စလုပ်ကတည်းက အများပြည်သူကို ပွင့်လင်းစွာ ထုတ်ဖေါ်အသိပေး လုပ်ကိုင်ခဲ့ခြင်းမရှိ နိုင်ငံတကာသတ်မှတ် စံချိန် စည်းမျဉ်းကိုမလိုက်နာပဲ လုပ်ဆောင်နေခြင်းကြောင့် ပတ်ဝန်းကျင် ရေမြေများ ညစ်ညမ်း အဆိပ့်သင့်ဒါဏ်ကို ဒေသခံပြည်သူများခံစားနေကြရပြီ
မိမိတို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့ကြသော လယ်ယာမြေများစွာကိုလည်း မတရားသိမ်းပိုက်ခဲ့လေသည်
သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရမည့်အစား ဘုရားကျောင်းကန်တို့နှင့် ဆက်စပ်နေသောမြေများ အဆောက်ဦးများကို ဖြိုဖျက် သိမ်းယူနေကြပြီ
စီမံကိန်းလုပ်ငန်းတွေကြောင့် ဒေသခံပြည်သူလူထု လူနေမှု့ဘဝ အလုပ်အကိုင် ဆင်းရဲဒုက္ခများတွေ့ကြုံနေရခြင်း
လူမျိုးခြားတို့၏အကျိုးစီးပွါးကို ကာကွယ်ပေး၍ ကိုယ့်လူမျိုးအခြင်းခြင်း မတရားအနိုင်ကျင့်ပြုမှုနေကြခြင်း
ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့အစည်းများကို လူတစ်စုက သူတို့အကျိုးစီးပွါးအတွက် အသုံးချနေကြခြင်းတို့ကြောင့်
ပြည်သူလူထု၏ ဆန္ဒကို လျှစ်လျှူရှု့ ဥပက္ခါပြု တသောက်ကန်း လုပ်ဆောင်နေကြသော တယုတ်အားကိုး . . . . . များကို အမျိုးသားရေးတာဝန်အသိဖြင့် ကျွန်တော်တို့ ပြည်သူလူထုအားလုံး ဝိုင်းဝန်းဆန့်ကျင်ကြပါစို့
 
+133 #12 naythurein 2012-11-29 06:15
ရွံစရာကောင်းလိုက်တဲ့လုပ်ရပ်...
အောက်တန်းကျလိုက်တဲ့လုပ်ရပ်..
ဒီနေ့ဒေါ်စုလာတော့မယ်ဆိုတော့သူ့ကိုနိုင်ငံရေးသေ
သွားအောင်အကွက်ကျကျလုပ်ကြံတာ၊
ဒီစောက်ချိုးမျိုးတွေတော့ပြည်သူတွေကရိုးနေပြီ၊
နောက်ဆုံးတော့ ခွေးဟာခွေးဘဲ
ခွေးကျင့်ဖွတ်ကြံ..စောက်မျိုးတွေအကုန်သေမှမြန်မာ
ပြည်အေးချမ်းတော့မှာ...
ခွေးဘီလူးကကြာကြာဟန်ဆောင်ထားလို့မရဘူး
ခုတော့မျက်နှာဖုံးတွေအကုန်ကွာကျပြီမဟုတ်လား
ဒါနဲ့များ ဘာတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုဇကာတင် စာရင်းထဲမှာထည့်ထားခံရတယ်..ခုလည်းICG ဆုတဲ့..ထွီ............
ပြည်သူတွေပါထားတဲ့ချီးတွေကိုထုပ်ပြီးဆုအဖြစ်ပေါက်
ပေးလိုက်မယ်...မင်းတို့ဖွတ်မျိုးတွေအကုန်စားကြ..
ဖွတ်မျိုးခွေးမျိုး ကျည်ထောက်စွတ်ထားတာပြုတ်သွားလို့ အမြီးပြန်ကောက်သွားပြီဘာမှမပြောင်းဘူး....
ဝေါ့ ..ဝေါ့..ထွီ..
 
+128 #11 Tokegyi 2012-11-29 06:14
တောက်... ကြည့်ရင်းကို ဒေါသထွက်လာတယ်ဗျာ ... ဒီလို ရင်နာစရာ ကောင်းတဲ့ အကြမ်းဖက်ကိစ္စကို တောသူတောင်သား ဆင်းရဲသားတွေအပေါ် ရက်ရက်စက်စက် လုပ်ခွင့်ပေးခဲ့တဲ့၊ တားနိုင်ရဲ့နဲ့ မတားမြစ်ခဲ့တဲ့သူတွေ အားလုံးကို ကမ္ဘာမကြေဘူး ... မတရားမှုတစ်ခုမှာ လက်ပိုက်ကြည့်နေရင် ဒါဟာ မတရားတဲ့ဘက်ကို ပါတာပါပဲတဲ့ .. ဒေါ်အောင်ဆန်းစုကြည် ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခုပြောတာကို၊ ဆောင်ရွက်တာကို ကျနော်တို့ စောင့်ကြည့်နေပါမယ်။ ဦးသိန်းစိန်ကတော့ ပြီးသွားပြီ၊ ဒါ သူခွင့်ပြုခဲ့လို့ ရဲတွေ လုပ်ခဲ့တာပါပဲ။ ခင်ဗျားတို့ဗျာ ... အခါကြီးရက်ကြီးတောင် မရှောင်၊ သံဃာတော်တွေကို ဒီလောက် မိုက်ရိုင်းစော်ကားရဲတာ ဘာလူမျိုး ဘယ်ဘာသာဝင်တွေလဲ၊ မြန်မာပြည်သားဖြစ်ရတာ တော်တော်ရှက်မိတယ် ... မျှော်လင့်ချက်တွေ အကုန်သွားတာပဲ။

+152 #10 Tokegyi 2012-11-29 05:59
တို့ရခိုင်နယ်စပ်က ကျူးကျော်ဘင်္ဂလီတွေပဲ မီးရှို့တတ်တယ်ထင်တာ.. လက်စသက်တော့ တို့ပြည်သူ့ရဲများကလည်း မီးရှို့တတ်တာပေကိုး... ဆရာသမားတို့ပြောတော့ မီးသတ်ပိုက်နဲ့ လူစုခွဲတယ်ဆို .. ခုမြင်နေရတာတော့ သပိတ်စခန်းကို မီးတိုက်ပြီး လူမနေနိုင်အောင် လုပ်လွှတ်တာပဲဗျ။ ရက်စက်လိုက်ကြတာဗျာ .. တရုတ်အကျိုးစီးပွား၊ ခင်ဗျားတို့ အကျိုးစီပွား ကာကွယ်ဖို့အတွက် ကိုယ့်တိုင်းသူပြည်သားတွေကို အဲ့ဒီလောက်တောင် ရက်စက်ရသလား၊ ယုတ်မာရသလားဗျာ။ ခင်ဗျားတို့ လူမှ ဟုတ်ရဲ့လား။ ကျုပ်တို့မိခင်ငယ်ငယ်တုန်းက ပြောလေ့ရှိတဲ့ အိမ်ကျယ်ဆိုတာ ဒီအစိုးရမှအစစ်။ ကုလားနဲ့ တရုတ်ကျတော့ ကြောက်လိုက်တာ။ မထိန်းနိုင် မသိမ်းနိုင် ကြောက်ရပါတယ်ခင်ဗျဆိုတာက ပါးစပ်ကြီးကနေ ပွင့်ထွက်လာသေး.. ထွီ ..
 
+109 #9 kokonaing 2012-11-29 05:52
အမှန်တိုင်းပြောရရင်တပ်မတော်နဲ့ ပြည်သူရဲကို..ကျွန်တော်အိမ်မှာမွေးထားတဲ့ ခွေး
တစ်ကောင်လောက်တောင်တန်ဖိုးမထားပါဘူး..ခွေးဆိုတာသူသခင်ကိုဘယ်တော့မှပြန်မကိုက်ပါဘူး
(ရူးနေချိန်မှလွဲပြီး)။။သူတို့ လုပ်ရပ်တွေဘယ်နေရာကြည့်ကြည့်ညဏ်ပညာမဲ့ စွာလူမိုက်လုပ်ရပ်တွေကြီးပါ.။.
#8 Zawtika 2012-11-29 05:47
ဘယ်လောက်ပဲ အမျိုးချစ်တယ်ပြောပြော နောက်ဆုံးတော့
တရုတ် လက်ကိုင်တုတ်က တရုတ် လက်ကိုင်တုတ်ပါဘဲ။

ဘာမထီ အာဇာနည်တဲ့
ထွီ................................
ကုလားမြင်လဲ ကုန်း ရှိခိုး
တရုတ်မြင်လဲ ကုန်း ရှိခိုး
ကိုယ့် ဗမာ အချင်းချင်း ကျတော့ ချီးနိုင် သေးနိုင် နိုင်.......

ကောင်းစားပါလိမ့်အုံးမယ် ခင်ဗျားတို့တော့..........
 
+117 #7 NyanHtet 2012-11-29 05:38
အာဏာရှင် ဘီလူး အစိုးရ ရဲ့ လုပ်ကွက် ကိုသေချာကြည့်ပါ။
ဆယ်တန်းမအောင်တဲ့ သူတွေ...သာမာန်ဘွဲ့ရထားတဲ့ သူတွေကို အရေးကြီးတဲ့ ၀န်ကြီးနေရာတွေ ပေးထားချိန်မှာ...
ကမ္ဘာက လေးစားရတဲ့ အရည်အသွေးရှိ ဒေါ်စုကို ဘာမဟုတ်တဲ့နေရာကို ထည့်ထားလိုက်တယ်....
ပြသနာရှုပ်ထွေး သပွတ်အူထနေတဲ့ လက်ပန်းတောင်းကြေးနီကို ဒေါ်စု လာမယ်လို့ သတင်းလွှင့်ထားတယ်....လူထု ဟောပြောပဲ့လုပ်ခွင့်ပေးထားတယ်...
မလာခင်ညမှာဘဲ ထုံးစံအတိုင်း ၂၀၀၇က ဘုန်းကြီးကျောင်းတွေ ၀င်စီးနင်းသလို စီးနင်းလိုက်တယ်...ဒေါ်စု သွားဖြစ်ခဲ့ယင် အစိုးရက လုံခြုံရေးအကြောင်းပြ အစိုးရ ကိုယ်စားလှယ် ၀န်ကြီးတစ်ပါးလို အခွင့်ထူးခံ ယာဉ်တန်းကြီးနဲ့ အထူးစီစဉ်ကြမှာ...
ပြည်သူ့ကြားထဲနေပြီး ပြည်သူနဲ့ တသားထဲကျတဲ့ လူထုခေါင်းဆောင်..
ပြည်သူဘက်ကို ကြည့်လိုက်ပါ...
ညတိုင်းမအိပ်ရ...အစားအသောက်မရှိ ဒီကြားထဲ အသက်လု ပြေးခဲ့ရတဲ့ ပြည်သူ...သေချာတာက ဒီပြည်သူတွေရဲ့ ဒေါသက ဒီနေ့မှာ အမြင့်ဆုံးဖြစ်နေချိန်ဘဲ...ဘာငြိမ်းချမ်းရေး စကားကိုမှ နားဝင်တော့မယ် မထင်ပါဘူး။ရေချိန်ပိုမြင့်အောင် ငါးမင်းဆွေလို
လူမျိုးကို ကြိုလွှတ်ထားလိုက်သေးတယ်။
ပြည်သူနဲ့ တသားထဲကျနေတယ်ဆိုတဲ့ အမေစု....VIP ကားတန်းနဲ့ အထူးအခွင့်အရေးပေးပြီးသွားလို့ ကတော့ ...သေချာတယ်။
ကမ္ဘာ့အကောင်းဆုံး ဥာဏ်ပညာရှင်လို့ ပြောနေကြတဲ့ သူကြီး သေချာ စီစဉ်ထားတဲ့ တိတိကျကျ အကွက်.......
ကွက်တိဘဲ.....တစ်ချက်ခုတ် အချက် ၁၀၀ လောက်ပြတ်တဲ့...နိုင်ငံရေး လုပ်ကြံမှု....
 
+109 #6 Truth Seeker 2012-11-29 05:10
အဆိုးတွေရတဲ့ အစိုးရဆိုသူတွေရေ ဘင်္ဂါလီအကြမ်းဖက်သမားတွေအပေါ်မှာတောင် နှစ်နိုင်ငံအရေးရှုပ်ထွေးမှာစိုးလို့၊ လူမျိုးရေး ဘာသာရေးရှုပ်ထွေးလာမှာစိုးလို့ ညင်သာစွာကိုင်တွယ်ရတယ်လို့ ခင်ဗျားတို့ပဲ ပြောကြတယ်လေ။ အဲဒီတော့ သံဃာတွေကို လေးလေးစားစား သိမ်သိမ်မွေ့မွေ့ ဆက်ဆံကြပါဗျာ။
သပိတ်ဦးဆောင်သူတွေနဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေကိုလည်း တောင်းပန်ချင်ပါတယ်။ သံဃာတွေက ရှေ့တန်းခံတပ်ဖြစ်နေတာ သဘာဝမကျပါဘူး။ သံဃာတော်တွေ ထိခိုက်နစ်နာတာ လုံးဝမမြင်မတွေ့ချင်ဘူးဗျာ။ ၂၀၀၇ ရင်နာတာ ခုထိမပျောက်သေးလို့ပါ။ အားလုံးထိခိုက်ဆုံးရှုံးမှုမရှိကြပါစေနဲ့။ လိုလားချက်တွေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ပြည့်နိုင်ပါစေဗျာ။
ပြဿနာမကြီးကြီးအောင်လုပ်တတ်တဲ့၊ အဓိကရုန်းမဖြစ်ဖြစ်အာင်လုပ်တတ်တဲ့ တောကြောင်တွေကိုလည်း သတိထားပါ။ နောက်ကြောင်းပြန်လှည့်ဖို့ ခွင်ဖန်နေသူတွေကို အထူးသတိထားကြပါ။ သူတို့တွေက လုံးဝပြောင်းလဲရေးကို မလုပ်ပေးနိုင်ဘူးဆိုတာ အသိသာကြီးမို့ သူတို့ဇာတ်လမ်းဆင်ရာ လိုက်မကမိဖို့သတိထားကြပါ။
 
+122 #5 Truth Seeker 2012-11-29 05:09
လုံးဝမဖြစ်စေချင်တာတွေ ဖြစ်လာပါပေါ့လား။ ရင်ထဲမှာ မကောင်းဘူးဗျာ။ ဘယ်လိုခံစားရမှန်းတောင် ပြောမပြတတ်ဘူး။ ရက်စက်လိုက်တာဗျာ။ အနုနည်းနဲ့ ညင်ညင်သာသာ ဖြေရှင်းလို့ရသားနဲ့။ မိုက်ရိုင်းလိုက်ကြတာ။
ပြည်ထဲရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ အိမ်နီးချင်းနိုင်ငံအကြား နှစ်နိုင်ငံနယ်စပ်လုံခြုံရေး ကာကွယ်တဲ့နေရာမှာ တွေဝေသလောက် လက်နက်မဲ့ရဟန်းရှင်လူ ပြည်သူတွေအပေါ်မှာတော့ မြန်လှ၊ သွက်လှ၊ သတ္တိကောင်းလိုက်တာ။ ရှေ့က အဝီစိဆင်းသွားသူတွေနောက် အမှီမလိုက်ရမှာ စိုးလို့ထင်ပါရဲ့။
လူသတ်မှု၊ ဖောက်ထွင်းမှု၊ ဓားပြမှု၊ မုဒိန်းမှု၊ ခိုးမှု၊ ရိုက်မှုတွေကို သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးသလောက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လက်နက်မဲ့သံဃာတွေကိုတော့ မတရားဖြိုခွင်းပြီး၊ ဖမ်းပြီးထောင်ထဲထည့်အုံးမှာလား။ ပြည်သူတွေက မခံနိုင်လို့ အုံကြွလာရင် မလွှဲသာမရှောင်သာ တပ်မတော်ကဝင်ပြီး ထိန်းသိမ်းအုံးမှာလား။ တေဇအပါအဝင် အစိုးရလက်တွဲဖော်ခရိုနီကြီးတွေရဲ့ စီးပွားရေးဖွင့်ပေးလိုက်တော့ နိုင်ငံတကာထောက်ခံမှု လုံလောက်သွားပြီလား။ လူရယ်လို့ဖြစ်လာတဲ့ဘဝမှာ မသေမချင်း လူအများကို ကလိမ်ကကျစ်နည်းနဲ့ ယုတ်မာရက်စက်သွားမည်လို့များ အဓိဋ္ဌာန်ပြုထားကြသလားဗျာ။
 
+101 #4 ooookyaw 2012-11-29 05:02
စီမံကိန်းမစခင်ကတည်းက EIA, SIA လုပ်ပြီး ရှောင်သင့်တာရှောင်၊ လျှော့သင့်တာလျှော့ ပြီးမှ စရတာဟာ သဘာဝလည်းကျ၊ နိုင်ငံတကာစံနှုန်းနဲ့လည်း ညီပါတယ်။ ဒါတွေမလုပ်ဘဲ စလုပ်မိခဲ့တာက ထားပါတော့၊ ပြည်သူတွေက EIA, SIA အခုလုပ်ပါ၊ လုပ်နေတုန်း ၇ပ်ထားပါ၊ အဲဒါတွေပြီးမှ ပြန်စသင့်စပါလို့ ဖြစ်သင့်ဖြစ်ထိုက်တာကို တောင်းဆိုတာ မလိုက်လျောဘဲ မရပ်နိုင်ဘူးလို့ ပြောတာဟာ အစိုးရရဲ့ အကြီးဆုံးအမှား ဖြစ်ပါတယ်။ ပြည်သူတွေ ဘာပြောပြော၊ တရုတ်နဲ့ ဦးပိုင်ကို ထိရင် ဘယ်လိုမှ သီးမခံဘူး ဆိုတာ ထင်ရှားစွာ ပြလိုက်တာပဲ ဖြစ်ပါတယ်။
 
+104 #3 kyawwonna 2012-11-29 05:01
သမ္မတကြီးကိုထောက်ခံပါတယ်ဆိုတဲ့ သူတွေ ဒီသတင်းကို ကြည့်ကြပါဗျာ။ဆင်းရဲသား လူထုတွေ ၊ ကိုယ်ကျိုးမပါဘဲ ပြည်သူ့အကျိုးအတွက် တရားဓမ္မအလုပ်ကို တောင်မလုပ်နိုင်တဲ့ ရဟန်းသံဃာတွေ ဒီလို မီးလောင် ဗုံးတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်တောင် သေကြေ စတေးရအုံးမလဲ မသိပါ။စစ်အာဏာရှင်ဆိုတဲ့ သူတွေဟာ ဒီလိုဘဲဆိုတာ ပြည်သူလူထုကြီး မသိနိုင်သေးတာ ခက်လိုက်တာ။ပြည်သူ့အကျိုးကို ကာကွယ်ကြရမဲ့ ရဲတွေဟာ ရခိုင်အရေးအခင်းမှာ တိုင်းရင်းသားဘက်က ဒီလိုပြတ်သားစွာ ကာကွယ်နိုင်ခဲ့ယင် ငါတို့ ရခိုင်တွေ ခုလို မီးလောင်ဘ၀ပျက် ဖြစ်မယ်မထင်ပါဘူး။သမ္မကြီးကိုထောက်ခံပါတယ် ကျမ်းမာပါစေဆိုပြီး ထောက်ခံကြအုံးလေဗျာ။ဒီလို အာဏာရှင်တွေနဲ့ တရုပ်အဖေခေါ်တဲ့ ကြံ့ဖွတ်တွေကို နောက်ထပ် ထောက်ခံကြအုံးလေ။၂၀၁၅ ရောက်ယင် မဲထည့်ကြအုံးလေ။တရုပ်သြဇာခံ အစိုးရကို ချီးကျူးကြအုံး။
 
+103 #2 NyanHtet 2012-11-29 04:46
လက်ရှိ အစိုးရဟာ စစ်အစိုးရပါ..
ကမ္ဘာကို လိမ်ညာဘို့ ခေါင်းပေါင်းစ တစ်လူလူနဲ့ အသွင်ပြောင်းထား
တဲ့ ဘီလူးတွေပါ။
သူတို့ရဲ့ အခြေခံ စိတ်ဓါတ်ဟာ ဥာဏ်ပညာနဲ့ စီးပွားရှာမဲ့ သူတွေ မဟုတ်ပါ။လက်နက်နဲ့ အင်အားသုံးဖြေရှင်းမဲ့ အဖွဲ့များ ဖြစ်ပါတယ်။
ဒီလို အင်အားသုံး အနိုင်ကျင့်ခဲ့လို့ အရှေ့တောင်အာရှ မှာ အောက်ဆုံးရောက်နေခဲ့တာပါ။
ဒီလို နည်းတွေနဲ့ ရခိုင်ဒေသမှာ ကျူးကျော်သူတွေကို ဖြေရှင်းပေးခဲ့
ယင် ရခိုင်လူထု ယခုကဲ့သို့ မီးလောင်တိုက် သွင်းခံရမည် မဟုတ်ပါ။ တလွဲ ဆံပင်ကောင်းခဲ့လို့..
ကမ္ဘာမှာ နာမည်ကျော် အသုံးမကျတဲ့ အခြေအနေ ရောက်ခဲ့တာပါ။
ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူများ.....ရဟန်း သံဃာတော်များ
သွေးစွန်းတဲ့ သတင်းများ မကြားရပါစေနဲ့။
 
+94 #1 zeya 2012-11-29 04:42
ခွေး ခွေး ခွေးမျိုးယုတ်တွေ...
ခွေးသူခိုးတွေ ခွေးသူတောင်းစားတွေ
ခွေးဓါးမြတွေ...
၂၀၀၇ တုန်းကလိုမျိုးခွေးဇာတ်ခင်းပြန်ပြီ၊
ပြည်သူများအားလုံးငြိမ်နေလို့မရတော့ဘူး...
ဒီလုပ်ရပ်ကိုပြင်းပြင်းထန်ထန်ဆန့်ကျင်တယ်..
စောစောစီးစီး ဒေါသထွက်ရတာကျက်သရေတုံးတယ်..
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။