ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
ရဲလုပ်ထုံးလုပ် နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ....
Comments
သြော်သြော်......
ရဲလုပ်ထုံးလုပ် နည်းဥပဒေ ဆိုတာ မီးလောင်တိုက် သွင်းတာ ကို ပြောတာကိုး...............
မင်းတို့မှ တကဲ့ မျိုးချစ် ဗမာတွေဘဲ............
လူသတ်မှု၊ ဖောက်ထွင်းမှု၊ ဓားပြမှု၊ မုဒိန်းမှု၊ ခိုးမှု၊ ရိုက်မှုတွေကို သမ္မတကြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးသလောက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လက်နက်မဲ့သံဃာတွေကိုတော့ ဖမ်းပြီးထောင်ထဲထည့်အုံးမှာလား။ ပြည်သူတွေက မခံနိုင်လို့ အုံကြွလာရင် မလွှဲသာမရှောင်သာ တပ်မတော်ကဝင်ပြီး ထိန်းသိမ်းအုံးမှာလား။ တေဇအပါအဝင် အစိုးရလက်တွဲဖော်ခရိုနီကြီးတွေရဲ့ စီးပွားရေးဖွင့်ပေးလိုက်တော့ နိုင်ငံတကာထောက်ခံမှု လုံလောက်သွားပြီလား။ လူရယ်လို့ဖြစ်လာတဲ့ဘဝမှာ မသေမချင်း လူအများကို ကလိမ်ကကျစ်နည်းနဲ့ ယုတ်မာရက်စက်သွားမည်လို့များ အဓိဋ္ဌာန်ပြုထားကြသလားဗျာ။
ဘင်္ဂါလီအကြမ်းဖက်သမားတွေအပေါ်မှာတောင် နှစ်နိုင်ငံအရေးရှုပ်ထွေးမှာစိုးလို့၊ လူမျိုးရေး ဘာသာရေးရှုပ်ထွေးလာမှာစိုးလို့ ညင်သာစွာကိုင်တွယ်ရတယ်လို့ ခင်ဗျားတို့ပဲ ပြောကြတယ်လေ။ အဲဒီတော့ သံဃာတွေကို လေးလေးစားစား သိမ်သိမ်မွေ့မွေ့ ဆက်ဆံကြပါဗျာ။
သပိတ်ဦးဆောင်သူတွေနဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေကိုလည်း တောင်းပန်ချင်ပါတယ်။ သံဃာတွေက ရှေ့တန်းခံတပ်ဖြစ်နေတာ သဘာဝမကျပါဘူး။ သံဃာတော်တွေ ထိခိုက်နစ်နာတာ လုံးဝမမြင်မတွေ့ချင်ဘူးဗျာ။ ၂၀၀၇ ရင်နာတာ ခုထိမပျောက်သေးလို့ပါ။ အားလုံးထိခိုက်ဆုံးရှုံးမှုမရှိပဲ လိုလားချက်တွေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ပြည့်နိုင်ပါစေဗျာ။