Wednesday, November 28, 2012

လက်ပံတောင်း စီမံကိန်းဧရိယာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို ကယ်ဆယ်ရေး အခက်ကြုံ


လက်ပံတောင်း စီမံကိန်းဧရိယာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို ကယ်ဆယ်ရေး အခက်ကြုံ   PDF Print
Thursday, 29 November 2012 10:44
AddThis Social Bookmark Button
လက်ပံတောင်း စီမံကိန်းဧရိယာ အတွင်း၌ရှိသော သပိတ်စခန်းများအား ယနေ့နံနက် ၃ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွင်းခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သူ အများအပြားရှိခဲ့ရာ နံနက် ၁၀ နာရီအချိန်အထိ ဒဏ်ရာရရှိသူ အများစုသည် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ပုန်းအောင်းနေရဆဲဖြစ်ပြီး ဆေးကုသမှုခံယူရန် အရေးတကြီး လိုအပ်နေကြောင်း သတင်းရရှိပါသည်။ နံနက် ၃ နာရီအချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် မီးသတ်ပိုက်များဖြင့်စတင်ရှင်းလင်းခဲ့ပြီး လူစုမကွဲဘဲ ကျန်ရှိနေသူများအား မီးလောင်ဗုံးများဖြင့် နှိမ်နင်းခဲ့ကြောင်း အဆိုပါဒေသတွင် ရောက်ရှိနေသော Eleven Media Group  သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။ မီးလောင်ဗုံးဖြင့် နှိမ်နင်းခြင်းကြောင့် သံဃာတော်အများအပြား မီးလောင်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။
“ သပိတ်စခန်းတွေမှာရှိတဲ့ သံဃာတွေ အတော်များများ မီးလောင်ခံရပါတယ်။ အနီးပတ်ဝန်းကျင်က ရွာတွေဆီ ပြေးလွှားတမ်းရှောင်ရင်း ဖြစ်သလို ဆေမြီးတိုနဲ့ ကုသနေရတာ များပါတယ်။ လူမှုရေးအဖွဲ့တွေ အကူအညီနဲ့ မုံရွာဆေးရုံကို သံဃာအပါး အစိတ်လောက် ရောက်သွားပါပြီ။ အခုလုံခြုံရေးတွေက စီမံကိန်းဧရိယာ တစ်ခုလုံးမှာရှိတဲ့ လမ်းတွေကိုပိတ်ထားလို့ ပိတ်မိနေကြတယ်။ လူမှုရေးအဖွဲ့အစည်းတွေက ကားတွေကိုလည်း ၀င်ခွင့်မပေးတော့ဘူး။ အခုနောက်ဆုံးကြားရတာကတော့ သံဃာတော် ၆ ပါး ပျံတော်မူသွားပြီလို့ ကြားရပါတယ်။ လမ်းတွေကပိတ်ထားတဲ့အ တွက် အပြင်ထွက်ပြီး အတည်ပြုချက်ရဖို့ ခက်နေပါတယ်”ဟု EMG သတင်းထောက်က ပြောပါသည်။
Eleven Media Group အနေဖြင့် လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း လုပ်ဆောင်နေသည့် လုံခြုံရေးအစီအမံများနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအား ဆက်သွယ် မေးမြန်းခဲ့ရာတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မုံရွာစီမံကိန်း တာဝန်ခံဦးမြင့်အောင်က “ကျွန်တော်တို့ လက်ပံတောင်းတောင်စီမံကိန်း တစ်ဝိုက်လုံခြုံရေးက တိုင်းရဲတပ်ဖွဲ့မှူး အစီအစဉ်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အစီအစဉ်တွေနဲ့ လုံခြုံရေး ရယူထားပါတယ်။ မနေ့ည(နိုဝင်ဘာလ ၂၈ရက်နေ့ည)က ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကို အသေးစိတ် မသိရှိပါဘူး။ ကျွန်တော်တို့ ဒီနေ့(နိုဝင်ဘာလ ၂၉ ရက်နေ့)မှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ တောင်းဆိုသူတွေရဲ့ လိုအပ်ချက် ကို တရားဝင်စာနဲ့ တောင်းဆိုပါ။ လူကိုယ်တိုင်လည်း လာရောက်ညှိနှိုင်းလို့ ရပါတယ်။ တောင်းဆိုမှုတွေအတွက် ညှိနှိုင်းပြီး အမျှတဆုံး ဖြစ်အောင် ဆောင်ရွက်ပေးဖို့ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
 

Comments 

+2 #9 myomin19 2012-11-29 11:35
စစ်တပ်ဟာသူ.အကျိုးစီးပွား နဲ.ပတ်သက်လာရင် သံဃာ မဆိုထားနဲ. ဘုရားသခင်ကိုယ်တော်မြတ် သက်ရှိထင်ရှား လာတားရင်တောင် အကြမ်းဖက်နှိမ်နှင်း မှာပါ။
လူမိုက်တွေဆို တာ ယခုဘဝ မှာ ဘယ်တုန်းကမှ မမျှော်မှန်းဘူးတဲ.၊ ကိုယ်နဲ. မတန်မရာ ခံစာနေရတဲ.၊ မတရား ရ တဲ. စည်းစိမ် ဥစ္စာတွေ ကို မဆုံးရှုံးဖို. သူတို.ရဲ. နောင်သံသရာ တစ်ခုလုံးနဲ. တောင် အလဲအထပ်လုပ် ပြီး အကြောက်အကန်၊ မတရားသဖြင်.၊ ကိုယ်.ဘို.တစ်ခုထဲကြည်.ပြီး ၊ပြည်သူကို စတေးပြီး၊ အသေအကျေ ကာကွယ်မှာပါ။

သံဝေဂ ရမိပါတယ်။
 
+3 #8 ဥုံဖွ 2012-11-29 11:28
ဒီလိုသိလိုက်ရကြားလိုက်ရတော့ ကျနော်ငယ်ငယ်က အဖွား ပြောပြတဲ့သူတို.ငယ်ဘ၀က ဂျပန်ဖက်ဆစ်ခောတ်ကိုပြန်မြင်ယောင်မိတယ် အော် ဖက်ဆစ်ထက် ဆိုးပါလားနော် အမျိုးဆိုထိအောင်ပစ်တာဒို.ဗမာကွ စောက်သုံးမကျတဲ့ကောင်တွေ
 
+14 #7 Zawtika 2012-11-29 11:25
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အားလုံး....
မြန်မာ့ တပ်မတော် ခေါင်းဆောင် ဆိုသူများသည် ၎င်းတို့၏ သွေးသားရင်း ဘာသာရင်း ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်များပေါ်တွင်ပင် ငဲ့ညှာခြင်း မရှိသည်ကို သင်တို့ မြင်ကြရပြီ............
၎င်းတို့၏ ကတိ စကားသည် မိန်းမပျက် တစ်ဦး၏ စကားမျှလောက်ပင် တန်ဘိုး မရှိ/လက်ခံ၍ မရနိုင်ကြောင်း လက်ပန်တောင်းတောင် အဖြစ်အပျက်ကို သက်သေထား၍ ဆင်ခြင်ကြ ပါကုန်လော့
 
+27 #4 Mr.talkative11 2012-11-29 11:06
Quote:
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မုံရွာစီမံကိန်း တာဝန်ခံဦးမြင့်အောင်က “မနေ့ည(နိုဝင်ဘာလ ၂၈ရက်နေ့ည)က ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကို အသေးစိတ် မသိရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ တောင်းဆိုသူတွေရဲ့ လိုအပ်ချက် ကို တရားဝင်စာနဲ့ တောင်းဆိုပါ။ လူကိုယ်တိုင်လည်း လာရောက်ညှိနှိုင်းလို့ ရပါတယ်။ တောင်းဆိုမှုတွေအတွက် ညှိနှိုင်းပြီး အမျှတဆုံး ဖြစ်အောင် ဆောင်ရွက်ပေးဖို့ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

အဲဒီ အောက်တန်းကျတဲ့ စကားတွေ ပြောမဲ့အစား ခင်ဗျားပါးစပ်ကြီး ပိတ်ထားလိုက်စမ်းပါဗျာ။
မနေ့ကပဲ အချက်သုံးချက် ပါသည့် တောင်းဆိုချက် ကို ပေးပို့ခဲ့တယ်။ လက်ခံရင် ၂၀၁၃ ခုနှစ်မတ်လအထိ ယာယီ ရပ်ဆိုင်းထားမယ်လို့ ပါပြီးသား။
ဦးပိုင်ကျဆုံးရမဲ့ အချိန်တန်ပါပြီ။
ဒီမီးလောင်ဗုံးတွေရဲ့ အပူချိန်ဟာ ၈၀၀-၁၀၀၀ ဒီဂရီ စင်တီဂရိတ်ထိ ရှိနိုင်ပါတယ်တဲ့။ ၁၀၀ဒီဂရီ ဆိုရင်ပဲ ရေဆူမှတ်ရောက်နေပါပြီ။ ၈၀၀ဆိုရင် စဉ်းစားတာ ကြည့်ပါတော့ ။
ဒဏ်ရာရသူတွေ အမြန်ကုသခွင့်ပေးပါ၊ လူမဆန်တာတွေ ရပ်ပါတော့။
 
+33 #3 Change 2012-11-29 11:04
လပြည့်ညကိုတောင်မရှောင်တဲ့မိစ္ဆာခွေးမျိုးတွေရဲ့လုပ်ရပ်ကိုကျွန်တော်တို့ပြည်သူတစ်ရပ်လုံးကဝိုင်းဝန်းရှုံ့
ချရပါမည်...
 
+33 #2 Zawtika 2012-11-29 10:55
ဟား ဟား ဟား ဟား
ကိုယ်လူမျိုးကို ကိုယ်ပြန်နှိပ်စက်ပီး သခင်အားရ ကျွန်ပါးဝတဲ့
မိန်းမရွှင်ကျင့် ကျင့် တဲ့
မိန်းမရွှင်ကြံ ကြံ တဲ့ ကောင်တွေကများ
သူတို့ကိုယ် သူတို့ ဘာမထီ အာဇာနည် မျိုးချစ် တပ်မတော် တဲ့
ရာရာ စစ....
ထမင်းကျွေးတဲ့ လက်ကိုပြန်ကိုက်တဲ့ တရုတ်ချီးစားခွေးတွေ
ဗမာကျွေးတဲ့ ထမင်းထက် တရုတ်ချီး ကိုမှ မက်မောခုံမင်တဲ့ မင်းတို့ ဟာ ဗမာ တိုင်းရဲ့ ရန်သူဘဲ........
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။