Friday, August 24, 2012

SSA-S တပ်ဖွဲ့ဝင်များကို UWSA ဖမ်းဆီးထား


SSA-S တပ်ဖွဲ့ဝင်များကို UWSA ဖမ်းဆီးထား

Hits: 199

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့ဝင် ၁၄ ဦးကို နယ်မြေ ကျူးကျော်မှုဖြင့် နယ်မြေခံ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) တပ်က ဖမ်းဆီးထားသည်။ အရာရှိ ၂ ဦး ပါဝင်သော အဆိုပါ SSA-S တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်၍ ဖမ်းဆီးထိန်းခံနေရပြီး ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း SSA-S က ပြောသည်။ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး အတွက်  တာဝန် ရှိသူများ ညှိနှိုင်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။