Friday, August 24, 2012

ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လာသည့် သ၀ဏ်လွှာကို လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် လွှတ်တော်သို့ တင်ပြမှုရွှေ့ဆိုင်း


ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လာသည့် သ၀ဏ်လွှာကို လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် လွှတ်တော်သို့ တင်ပြမှုရွှေ့ဆိုင်း 

Friday, 24 August 2012 03:24
ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတရုံး၏ ၁၇-၈-၂၀၁၂ ရက်စွဲပါ စာအမှတ် ၁၀၇ (၁)/၈/သမ္မတရုံးဖြင့် ပေးပို့သော နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုများ ရှိလာသဖြင့် သြဂုတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ ဖတ်ကြား တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း ဆောင်ရွက်ခြင်းတို့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က "ယနေ့ အစည်းအဝေးမှာ အစီအစဉ် ၆ ကို ကန့်ကွက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတဲ့အတွက် ရွှေ့ဆိုင်းပါတယ်"ဟု ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတမှ ပေးပို့သည့် သ၀ဏ်လွှာနှင့်အတူ  သတင်းသုံးသပ်ချက် မှတ်တမ်းများပါရှိသည်။ သတင်းသုံးသပ်ချက် မှတ်တမ်းများတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု အခြေအနေ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေများ၊ အလုပ် အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှု အခြေအနေ၊ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေ၊ ဘင်္ဂါလီမူဆလင်များ၏ အခြေအနေ၊ နိုင်ငံတကာ၏ တုံပြန်မှုများ၊ လတ်တလော ဖြေရှင်ဆောင်ရွက်မှုများ၊ ရေရှည်ဆောင်ရွက်ရန် အစီအမံများ၊ စီးပွားရေး၊ ဥပဒေစိုးမိုးရေး၊ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်းပေးပို့ထားကြောင်း သိရှိရသည်။
သတင်းလွှာတွင် ရခိုင်တိုင်းရင်းသားများ၏ အခြေအနေကို သုံးသပ်ရာတွင် (က)နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှု စိတ်ဓာတ်ကို အလွန်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုက်အ၀န်းများသို့ပါ ချည်းကပ်စည်းရုံး ဆောင်ရွက်လျက်ရှိသည်။ (ခ)နိုင်ငံအနှံ့ အများတွင် နေထိုင်သည့် ဘင်္ဂါလီမူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အဆက်မပြတ်ကြံစည် လုပ်ဆောင်လျက်ရှိသည်။ (ဂ) မြန်မာ နိုင်ငံ၏ ခေတ်အဆက်အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမပြု၊ ကာကွယ်ပေးခြင်းမရှိဘဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည်ဟူသော တိုင်းရင်းသားစည်း လုံးညီညွတ်မှု ပြိုကွဲစေသည့် လှုံဆော်မှုမျိုး တွေ့ရှိရသည်။ (ဃ) ရခိုင်ပြည် နယ်အတွင်း ဘင်္ဂါလီများခိုးဝင်မှုကို ထိရောက်စွာ တားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများအပေါ် အဂတိလိုက်စားသော ၀န်ထမ်းများအား အရေးယူခြင်းမရှိကြောင်း အစိုးရအပေါ် စွပ်စွဲမှုအချို့ ရှိသည်။ (င) ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကို မျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီမူဆလင်များအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျက်ရှိသည်။ (စ) ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ဘင်္ဂါလီမူဆလင်များ နိုင်ငံသားဖြစ်လာနိုင်သည့် အခြေအနေကိုလည်း နားလည်လက်ခံနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။ (ဆ) ဘင်္ဂါလီများကိုသာ တစ်ဖက်သတ် ကူညီနေသည်ဟု ရှုမြင်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအပေါ် ငြိုးထားကာ ယင်းအဖွဲ့အစည်းများ ဒေသတွင် မနေရဲအောင် လုပ်ကိုင်ဆောင်ရွက်လာသည်။ (ဇ) ရခိုင်တိုင်း ရင်းသား စီးပွားရေးလုပ်ငန်းရှင်အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီများ၏ စီးပွားရေး လုပ်ငန်းများကို အချောင်ရယူရန် ကြိုးပမ်းလာကြောင်း တွေ့ရှိရသည်။ (ဈ) ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအားလုံး စိတ်ဆိုင်ရာ ထိခိုက်ခံစားရလျက်ရှိသည်။ ထို့ကြောင့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည် စသည့်အချက်များပါဝင်သည်။ 

ဘင်္ဂါလီမူဆလင်များ၏ အခြေအနေကို သုံးသပ်ရာတွင် (က)ဘင်္ဂါလီမူဆလင်များတွင် သာမာန်ပြည်သူများနှင့် ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းများဟု အပိုင်း(၂)ပိုင်း တွေ့ရသည်။(ခ)သာမန် ပြည်သူများသည် ဘ၀ရပ်တည်ရေး အသက်ရှင်နေထိုင်ရေးကိုသာ အာရုံ ပြုနေရသည်။ အမျိုးသမီးနှင့် ကလေးများသည် လူဦးရေ၏ လေးပုံသုံးပုံခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းမှု အခက်အခဲများကို ရင်ဆိုင်နေရသည်။ (ဂ) ပညာတတ်မြောက်မှု နည်းပါးပြီး ဘာသာရေးအစွန်းရောက်များ၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်ရခြင်း၊ မည်သည့် မီဒီယာနှင့်မျှ ထိတွေ့မှု မရှိခြင်း၊ ဗဟုသုတ နည်းပါးခြင်းတို့ကြောင့် အဆမတန်လူဦးရေတိုးပွားမှုကို ထိန်းချုပ်ရန် နားမလည်ခြင်းတို့သည် ဘင်္ဂါလီများ၏ လက်တွေ့ဘ၀ ဖြစ်နေသည်။ အစွန်းရောက် အစ္စလမ်မော်လ၀ီအချို့သည် ဘာသာရေးမှိုင်းပြ၍ လူဦးရေများပြားမှုကို အသုံးချရန် ကြံစည်လျက်ရှိသည်။ (ဃ) အစ္စလာမ်ဘာသာရေး အစွန်းရောက်အဖွဲ့အစည်းများသည် ပြည်ပရှိ အစ္စလာမ်ဘာသာဝင်နိုင်ငံများ၊ အစ္စလာမ်အစွန်းရောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ထောက်ပံ့မှုများ ရယူလျက် ၎င်းတို့အလိုကျ ဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ဒုက္ခဆင်းရဲမှုအခြေအနေကို ဗန်းပြ၍  နိုင်ငံတကာ၏ အမြင်တွင် လူသားချင်းစာနာမှုရှုထောင့်မှ အသာစီးရရန် ကြိုးစားလျက်ရှိသည်ဟု ဖော်ပြထားသည်။

ထိုသို့ ကန့်ကွက်ရခြင်းနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က "ကန့်ကွက်တဲ့ အထဲမှာ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးပါတယ်။ ကျွန်တော်တို့က အခုဆို စုံစမ်းစစ်ဆေးရေး လွတ်လပ်တဲ့ ကော်မရှင်တစ်ခု ဖွဲ့ထားပြီးပြီ။ နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာ မှာပါတဲ့ အချက်ခြောက်ချက်က ယေဘုယျကောင်းပါတယ်။ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ နောက်ထပ် သုံးသပ်ချက်ဆိုတဲ့ အပိုင်းမှာ ၁၀ ချက်က ရခိုင်တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ သုံးသပ်ထားတာ။ စွပ်စွဲထားတာ ပေါ့နော်။ ဒါတွေကို တစ်ချက်ချင်း ပြန်ကြည့်တဲ့ အခါမှာ အခြေအမြစ် မရှိဘူးဆိုတာ ကျွန်တော်တို့တွေ့တယ်။ အဲဒါကြောင့် ကန့်ကွက်လွှာကို ကျွန်တော်တို့ တင်တာပါ။ ဥပမာ ဆိုပါတော့ဗျာ။ အဲဒီထဲက တစ်ချက်မှာ ဒီပဋိပက္ခကြောင့် ဘင်္ဂါလီ စီးပွားရေး သမားတွေရဲ့ နေရာကို ရခိုင် တိုင်းရင်းသားတွေက အချောင်ရလိုစိတ် ရှိတယ်ဆိုတဲ့ သဘောမျိုး သုံးသပ်တယ်။ ဘဂါင်္လီ စီးပွားပျက်တယ် ဆိုတာက ရခိုင်လည်း စီးပွားပျက်မှာပဲ။ ဘင်္ဂါလီစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ နေရာကို အချောင်ရလိုတဲ့စိတ်၊ အဲဒါမျိုး သုံးထားတယ်။ ဒါမသုံးသင့်၊ မသုံးအပ်တဲ့ ကာလ။ အဲဒါမျိုး ကျွန်တော်တို့ ယုဆတယ်။ ဘာစီးပွားရေးတွေလဲ။ ဘယ်လိုအချောင် ရယူချင်တာလဲ။ စွပ်စွဲတဲ့ပုဂ္ဂိုလ်က ဘယ်လို အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်က ဒီလိုကိစ္စကို စုံစမ်းစစ်ဆေးတာလဲ။ ဘာကြောင့် ဒီလိုကောက်ချက် ချတာလဲ။ ဘယ်လိုအချက်အလက်တွေ အခိုင်အမာရှိလဲ။ ဒါတွေကို မဖော်ပြဘဲနဲ့ ဒီလိုအချောင်ရလိုမှု ရှိတယ်ဆိုတာကို ဒီကာလ၊ ဒီလို ပြည်ထောင်စုလွှတ်တော်လို ဟာမျိုးမှာ ဒီလိုသုံးသပ်ချက် မပါသင့်ဘူး။ နောက်တစ်ခုက နိုင်ငံရေး ပါတီတွေ၊ သံဃာတော်တွေ၊ တချို့ ရခိုင်ပုဂ္ဂိုလ်တွေက ဒီပြဿနာ ဖြစ်အောင် ဖန်တီးတယ်ဆိုတဲ့ သဘောလို။ လူမျိုးရေးစိတ်ဓာတ် ပြင်းထန်ပြီးကာမှ လူမျိုးရေးစိတ်ပိုပြီးတော့ ပေါက်ကွဲလာအောင် လှုံ့ဆော်တယ်။ အဲဒါမျိုး သုံးသပ် ထားတာရှိတယ်။ အဲဒါမျိုးတွေလည်း ဒီကာလ၊ ဒီလိုအခြေအနေမျိုးမှာ မသုံးသင့်၊ မသုံးအပ် သေးဘူးလို့မြင်တယ်။ ဘယ်လို အထောက်အထားတွေနဲ့ ပြောတာလဲ။ တစ်ကယ်ကော ဟုတ်ရဲ့လား။ ဒီဖြစ်စဉ်အပေါ်မှာ ပြန်ပြီးသုံးသပ်ဖို့ လိုတယ်။ သုံးသပ်ချက်တစ်ခု ရှိရင်တော့ အထောက်အထားတော့ လိုမယ်လေ။ စွပ်စွဲချက်တစ်ခု ရှိရင်တော့ အထောက်အထား ခိုင်ခိုင်မာမာ ကျွန်တော်တို့က မသိရဘူး"ဟု ပြောပါသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက "သမ္မတကြီးရဲ့သ၀ဏ်လွှာချည်းပဲဆိုရင် ဘာမှမဖြစ်ပါဘူး။ ရိုးရိုးလေးပဲ သုံးသပ်ထားတာပါ။ နောက်ကသတင်း သုံးသပ်ချက်မှာ ရခိုင်ကအခြေအနေကို ပြောတဲ့အခါမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေတွေကို ဘင်္ဂါလီတွေရဲ့ အခြေအနေတွေလည်း ပါတယ်။ နောက် အခြားခေါင်းစဉ်တွေလည်း ပါပါတယ်။ ဒီနေရာမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေကို ပြောတဲ့အခါမှာ တင်းမာသွားပြီး ထိခိုက်တာတွေရှိတယ်။ ဒါ သမ္မတရေးတာတော့ မဟုတ်လောက်ပါဘူး။ အမှန်က သ၀ဏ်လွှာနဲ့ မတွဲဘဲနဲ့ သတင်းထုတ်ပြန်ရေးက သပ်သပ်လုပ်ရမှာ။ အခုဟာက သမ္မတရဲ့သဘောထားလို ဖြစ်သွားတယ်လို့ ထင်ပါတယ်"ဟု ပြောဆိုခဲ့ပါသည်။
ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ သြဂုတ်လ ၂၃ ရက်နေ့ က ပေးပို့သော သ၀ဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
A1
A2
A3



B33










 

Comments 

+1 #12 စံပယ်ဖြူ 2012-08-24 15:07
သြော် ... လူတွေ ... လူတွေ...
ဘာလို့ အဖြစ်မှန်ကို လက်မခံနိုင်ကြပါလိမ့် ....
သမ္မတက တစ်နိုင်ငံလုံးကို အုပ်ချုပ်နေတဲ့သူ ..... မဟုတ်တာ လုပ်ပါ့မလား ... ဒီကိစ္စကိုလဲ တစ်ကမ္ဘာလုံးကလဲ သိနေကြတာ .... ဘာလို့ သမ္မတကိုပဲ အပြစ်တင်နေကြပါလိမ့် ......... သမ္မတက မဟုတ်တာကို တစ်ကမ္ဘာလုံးသိအောင် ကြေငြာပါ့မလား ... နဲနဲပါးပါးလဲ စဉ်းစားကြပါအုံး ..... :sad: :sad: :sad:
နာ့ comment တော့ နီရဲနေတော့မှာပဲ ........
နာ့ကိုလဲ ဘာလူမျိုးဆိုပြီး ... စွပ်စွဲကြအုံးမလဲ မသိဘူး ....... :sad: :sad: :cry: :cry:
 
+15 #11 sis min aung 2012-08-24 13:26
ခင်ဗျား တို့ ဘယ်နိုင်ငံကို မဆိုသွားကြည့် ပါ
နိုင်ငံသား တိုင်းရင်းသား အခွင့်အရေးနဲ့
နိုင်ငံသားမဟုတ်တဲ့လူတစ်ယောက်အခွင့်အရေး တူလားဆိုတာ
ဘယ်တော့မှ ဘယ်တော့မှ မတူဘူး
အေး တူသွားပြီးဆိုရင်လည်း ကိုယ်လည်းပင်းကို ကြိုးကွင်း
ကိုယ်တိုင်စွပ်နေတဲ့ အရူးတိုင်းပြည်နဲ့အရူးအုပ်ချုပ်သူ တွေနေတဲ့ နိုင်ငံပါပဲ လုံးဝလက်မခံနိုင်ပါဘူး
တာလီဘန်နဲ့ အယ်ကိုင်းဒါးကို ရေးခိုင်းရင်တောင်
ဒိထက်လက်ခံချင်စရာကောင်းဦးမယ်
 
+5 #10 Bunny 2012-08-24 13:16
Another lie again!
What is interesting in this PDF document which we all Myanmar people has to be keep in mind is that, the facts mentioned under the subtitle of “International responses”, I think. The obvious point to consider this as FAKE is that the Organizations or entities mentioned under this subtitle are being represented for Bangali Muslim (or) the so called Rohingyas, why there was not any single international organization which could show a little concern for Rakhine people if Rakhine are suspected to had contact with any of those international bodies as mentioned in the bullet point (Ka) of the Article 9.?? Then, look those events / facts in details and you would find more inconsistencies; something like the protest groups in Egypt, Malaysia (who are they/ whom they attacked, etc.) ..
Therefore, I would like to request all of my Rakhine colleagues to be a bit calm down even though this information is totally unbearable for all of Rakhine people. And, I do understand this PDF version is NOT coming from the President U Thein Sein.
 
+12 #9 maungmyaygyi 2012-08-24 13:10
ဒီသ၀ဏ်လွှာရဲ့ သုံးသပ်ချက်ထဲမှာ ပါတဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် မတော်မတရား စွပ်စွဲပြီး အသရေဖျက်ထားတဲ့ ၉။ (က)ကနေ (ဇ)အထိ စွပ်စွဲချက်တွေ အားလုံးကို ကန့်ကွက်တယ်။ ဒီအချက်တွေကို ရေးတဲ့သူဟာ မူဆလင်ကုလားကောင်တွေကို အလုပ်အကျွေးပြုနေတဲ့ မူဆလင်ကုလားကောင်တွေရဲ့ လက်ကိုင်တုတ်၊ မွတ်ဆလင်ကုလားကောင်တွေရဲ့ အစေးအပါးတစ်ယောက်ဖြစ်တဲ့ အတွက် အမြန်ဆုံး ဖယ်ရှားပစ်ဖို့ တောင်းဆိုပါတယ်။
စာပိုဒ် ၁၀ အရ ရေးတဲ့သူဟာ မူဆလင်ကုလားကောင်တွေနဲ့ ဆွေးမျိုးတော်စပ်နေသူသာ ဖြစ်တဲ့အတွက် တခြားသော ရခိုင်ဗမာတိုင်းရင်းသားတွေအားလုံးကိုလဲ မူဆလင်ကုလားကောင်တွေနဲ့ ဆွေးမျိုးတော်စပ်ခိုင်းပြီး မူဆလင်ဘာသာပြောင်းခိုင်းတယ်လို့ နားလည်ပါတယ်။
စာပိုဒ် ၁၂ (ခ)မှာ “ဥပဒေအရ နိုင်ငံသားဖြစ်မှုနှင့် လိမ်မာပါးနပ်စွာ ချိတ်ဆက်ထားသင့်သည်” လို့ မူဆလင်ကုလားကောင်တွေကို တိုက်တွန်းထားတယ်။ ဒီတော့ ဒီသုံးသပ်ချက်ရေးတဲ့ကောင်ရဲ့ ရပ်တည်ချက် ဘာလဲ ဆိုတာ မေးစရာ မလိုအောင် ရှင်းနေပါပြီ။ ဒီကောင်ဟာ ကိုယ့်နိုင်ငံကို ကျူးကျော်စော်ကားလာတဲ့ မူဆလင်ကုလားကောင်တွေကို နိုင်ငံသားကဒ်ထုတ်ပေးပြီး ရခိုင့်မြေကို သိမ်းခိုင်းနေခြင်းသာ ဖြစ်တယ်။ လုံးဝ ရှုပ်ချတယ်။ ဒီသုံးသပ်ချက်ကိုရေးတဲ့ အမျိုးသားသစ္စာဖောက် လောက်ကောင်ကို တွေ့ ရာသချိင်္ုင်း ဓားမဆိုင်းဖို့ပဲ ကျုပ်တို့ တိုင်းရင်းသားတွေဘက်က လုပ်စရာ ရှိတော့တယ်။
 
 
+21 #8 nyi nyi han 2012-08-24 12:28
ရခိုင်တိုင်းရင်းသားများ၏အခြေအနေ သုံးသပ်ချက်အချို့သည် အစွန်းရောက်အဖွဲ့တစ်ခု၏ ကြေငြာချက်ကို ဘာသာပြန်ထားသလား အောင်းမေ့ရသည်...
 
+17 #7 U Mar Ga 2012-08-24 12:17
တိုင်းရင်သားတစ်ယောက်အနေဖြင့် နောက်ဆက်တွဲပါအား လုံးဝ (လုံးဝ) ကန့်ကွက်ပါသည်။
ဖော်ပြပါ သုံးသပ်ချက်သည် ဖွတ်ကုလားအမတ်(၃)ဦးရေးခြင်းသာဖြစ်ပါလိမ့်မည်။
ဦးမြင့်ဆွေက တည်းဖြတ်ပေးတာပါ။
လ၀ကနှင့် နတလ၀န်ကြီးတို့မှထောက်ခံပေးထားတာဖြစ်ပါမည်။
 
+18 #6 Thu Htut 2012-08-24 10:56
President U Thein Sein clarified both sides as of "the truth exist somewhere between two edges".
Most of the facts are bitterness truth to accept at moment, but we need to see consequences in future.
 
+31 #5 sans 2012-08-24 10:27
လတ်တလောမှာသမ္မတကြီး ကို နိုင်ငံတကာ ကရော မြန်မာပြည်ကလူတွေ ချစ်ကြတယ်။ထုံးစံအတိုင်း မနာလို ချစားသူတစုကံစည် တာကို ခံလိုက်ရပုံရတယ်။ဒီအချိန်မှာသမ္မတ အနေနဲ့ သတိထားသင့်တယ်။ကိုယ့်နားမှာ နေပြီးနောက်ကျောဓါးနဲ့ ထိုးခံရတတ်တယ်။မြန်မာပြည်မှာ နေရင် မြန်မာပြည်သားအတွက် ဦးစားပေးစဉ်းစားပေးရမှာ ခေါင်းဆောင်ကောင်းအလုပ်။ဘင်္ဂလီ ဆိုတာ ကျူးကျော်သူတွေ ဆိုတာ သိထားသင့်တယ်။အရင် ကတည်းကနေသူမဟုတ်ပါ ။တဖြေးဖြေ ခုထိ စိမ့်ဝင်နေတာ ဘဂ်လ်ီပါ။
 
+28 #4 mazinmar 2012-08-24 10:13
ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ဒီကိစ္စကိုလုံးဝ
ကန့်ကွက်ချင်ပါတယ် ဒီလိုအခြေအနေမျိုးမှာ ဒီသ၀ဏ်လွှာအဆိုကို
တင်သွင်းတဲ့ကိစ္စဟာအင်မတန်မှမဖြစ်သင့်တဲ့ကိစ္စပါ
 
+25 #3 pa yit 2012-08-24 10:00
ဘင်္ဂါလီရိုဟင်ဂျာတွေက ဗဟုသုတနည်းလို့ မျိုးပွားနှုန်းကို မထိန်းချုပ်နိုင်တာမဟုတ်ဘူး သမတကြီးရဲ့.....တမင်ရခိုင်ဒေသကို သိမ်းပိုက်ချင်လို့ မျိုးတွေအလွန်အကျွံပွားပြီး စောက်ကုလားတွေအကျင့်ယုတ်နေတာ မသိဘူးလား........သမတရဲ့ သ၀ဏ်လွှာတွေကို ရေးပေးရတဲ့ အကြံပေးတွေက ဘာအကြံတွေပေးနေတာလဲ......ကြည့်ရတာ ဦးစိုးသိန်း၊ဦးအောင်မင်းနဲ့ ဦးလှမောင်ရွှေတို့ရဲ့ egress လက်ချက်ပဲနဲ့တူတယ်....
 
+13 #2 Margosa 2012-08-24 08:06
ငါ့သမီးတော်လှ၊ တော်လှနဲ့ နောက်ဆုံးတော့ မြင်းစီးထွက်တာပေါ့လေ။ သမ္မတရေးသည်ဖြစ်စေ၊ မရေးသည်ဖြစ်စေ သမ္မတရဲ့ သဘောထားမပါဘဲ ဘာကြောင့် သမ္မတက လက်မှတ်ထိုးရတာလဲ။ UNHCR မဟာမင်းကြီးနဲ့ တွေ့စဉ်က စကားတစ်မျိုး၊ သန်းလွင်ထွန်းနဲ့တွေ့တော့ လေသံကတစ်မျိုး၊ ဘယ်လိုသမ္မတလဲ။ ရာဇသင်္ကြရဲ့ ပဲပြားပင်လိုကျင့်မယ်ဆိုရင် သက်တမ်းတော့ ရှည်ချင်ရှည်မှာပေါ့။ ဒါပေမယ့် သမိုင်းတော့ကောင်းမှာမဟုတ်ဘူး။ သိန်းစိန်လိမ်ထုတ် မြန်မာပြုတ်လို့ သမိုင်းတွင်ချင်လို့လား။
 
+33 #1 shwe phyu 2012-08-24 05:03
ဒါ သမ္မတရေးတာတော့ မဟုတ်လောက်ပါဘူး။ အမှန်က သ၀ဏ်လွှာနဲ့ မတွဲဘဲနဲ့ သတင်းထုတ်ပြန်ရေးက သပ်သပ်လုပ်ရမှာ။ အခုဟာက သမ္မတရဲ့သဘောထားလို ဖြစ်သွားတယ်လို့ ထင်ပါတယ်"ဟု ပြောဆိုခဲ့ပါသည်။
If the president did not write it, the parliment members should look into this case seriously and find out who is behind this.

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။