မြန်မာပြည်ရောက်လာတဲ့ ကိုရီးယား KIA K5
ရောက်တာမှ လတ်လတ်ဆက်ဆက်၂၀၁၁ မော်ဒယ် Kia K5 ဖြစ်ပါတယ်။ သူ့ကို Optima လို့လည်း လူသိများပါတယ်။ Optima တတိယမျိုးဆက်ဖြစ်ပြီး လက်တလော တပ်မတော်ပြခန်းက Show Room တစ်ခုမှာ တွေ့ခဲ့တာ ဖြစ် ပါတယ်။ ဂျပန်က ကားလည်းမဟုတ်၊ မော်ဒယ်ကလည်း ၂၀၀၇ အထက်၊ အင်ဂျင်ပါဝါကျတော့ ၂၀၀၀ စီစီ ဆိုတော့ ဘယ်လိုလူတွေ ဝယ်စီးခွင့်ရှိသလဲလို့ ခေါင်းရှုပ်ချင်စရာပါပဲ။
ကားကတော့ နောက်ဆုံးပေါ် ဖြစ်တဲ့အတွက် တကယ့် နောက်ဆုံးပေါ် နည်းပညာတွေချည်း တပ်ဆင်ထားပါ တယ်။ စမတ်ကီး၊ iPod တပ်ဆင်ပြီး နားထောင်ရန် နားထောင်ရန် ပလက်ပေါက်၊ ဖုန်းနဲ့ ချိတ်ဆက်မယ့်Bluetooth, နောက်ဆုံးပေါ် Audio system ကတော့ မိုက်ခရိုက်ဆော့နဲ့ ပူးပေါင်းယူထားတဲ့ UVO infotainment ဖြစ်ပါတယ်။
ထူးထူးခြားခြား Hybrid version လည်း ထုတ်လုပ်ပါသေး တယ်။ သို့ပေမယ့် Hybrid version ကို တွင်တွင် ကျယ်ကျယ်ထုတ်လုပ်မှုကတော့ ၂၀၁၂ နှောင်းပိုင်းမှ စတင်နေတာ ဖြစ်ပါတယ်။ အစီးရေ နည်းနည်းတော့ တွေ့ နိုင်ပါတယ်။
ဇိမ်ခံဆလွန်းကား တစ်စီးအနေနဲ့ ရှိသင့်တဲ့ အရည်အသွေး အားလုံး ပြည့်မှီပြီး ဥရောပ၊ အမေရိက ဈေးကွက်ကို Target ထားတဲ့ ကားများ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်လမ်းနဲ့ ကိုက်ပါ့မလားလို့ စဉ်းစားစရာ တွေရှိလာပါ တယ်။
မော်ဒယ်မြင့် ကားမှန်ရင်တော့ မြန်မာပြည် လမ်းနဲ့ နှစ်ပါးသွား ရာမှာ အခက်အခဲဆိုတာကတော့ ရှိလာမှာပါပဲ။ ဘီးအောက်ခြေနိမ့်တဲ့ ပြိုင်ကားများစီးတာနဲ့စာရင် ဒီလို ခပ်မိုက်မိုက် ဆလွန်းကမှ အပျက်အစီး သက်သာနိုင်မယ် ထင်ပါတယ်။ ဝိတ် ၃၁၁၀ ပေါင်၊ အရှည် ၁၉၀.၇ လက်မ၊ အမြင့် ၅၇.၃ လက်မ၊ အကျယ် ၇၂.၂ လက်မ အတိုင်း အတာ ရှိတဲ့ လေးယောက်စီး ကားဖြစ်ပါတယ်။
ညွှန်း - http://www.colayonline.com.mm/automobile/portal.html#auction
No comments:
Post a Comment