ရိုဟင်ဂျာသည် မြန်မာ့ပြဿနာဟု အမေရိကန်သံအမတ် ပြော
ရိုဟင်ဂျာအရေးဟာ ကမ္ဘာကမြင်နေတာထက် ပိုပြီး မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း လူမှုရေး မညီမျှမှုများကို ဖွင့်လှစ်ဖော်ပြနေတာလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်က ပြောဆိုလိုက်ပါတယ်။
အရင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆို စစ်တပ်နဲ့ အစိုးရတွေကိုသာ နိုင်ငံတကာက စွပ်စွဲရှုတ်ချခဲ့ကြတယ်။ အခု ရိုဟင်ဂျာအရေးကတော့ သူတို့ကို နိုင်ငံအတွင်း နေထိုင်ခွင့်တောင် မပေးလိုတဲ့ သာမန်လူထုတွေကြား ခွဲခြားနှိမ့်ချမှုတွေကြောင့်ဖြစ်တယ်လို့ ဒဲရက်မစ်ချယ်က The Wall Street Journal ဝေါစတြိဂျာနယ် သတင်းစာကို ပြောကြားခဲ့ပါတယ်။
“ကံအကြောင်းမလှလို့ဘဲ ဆိုပါစို့၊ ဒီကိစ္စကိုကြည့်ရင် (မြန်မာ)နိုင်ငံသားတွေကြား သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်နက်ရှိုင်းရှိုင်း တွေ့ရတယ်။ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့သူတွေနဲ့ တိုးတက်တဲ့အမြင်ရှိသူတွေလို့ တွေးထင်ထားသူတွေတောင် ဒီသဘောထားရှိကြတယ်” လို့ ဒဲရက်မစ်ချယ်က ပြောပါတယ်။
ရလဒ်အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာ “ကျနော်တို့ ထုံးစံ စနစ်၊ အစိုးရ၊ စစ်တပ်တွေအပေါ် စိုးရိမ်ကြောင့်ကြမှုတွေထက် ပိုကျယ်ပြန့်တယ်။ ဒီကိစ္စဟာ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေပုံရတဲ့ သည်းမခံတတ်မှုတွေကြောင့် ဖြစ်ရတာပါ။ ဆိုတော့ ဒီကနေ အကြီးအကျယ် စိတ်ပျက်စရာတွေ ပေါ်လာရတယ်။ ပြီးတော့ ငါတို့နဲ့ သူတို့ဆိုပြီး ပိုင်းခြားမှု ဒီဂရီ အရှိန်မြင့်လာခဲ့တော့တာပဲ” လို့ အမေရိကန် သံအမတ်က ပြောပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာအရေးဟာ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ မပတ်သတ်ကြောင်းလည်း ဆိုပါတယ်။
အမေရိကန် အစိုးရအရာရှိများ အနေနဲ့ နှစ်ရှည်လများ ဒုက္ခခံခဲ့ကြရတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေရဲ့ ခံစားချက်တွေကိုလည်း အလေးဂရုပြုကြောင်း၊ နိုင်ငံတကာကလည်း ရိုဟင်ဂျာတွေကိုပဲ ဇောင်းပေးဖော်ပြနေကြောင်း ဒဲရက်မစ်ချယ်က ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ ရိုဟင်ဂျာတွေ ဒုက္ခရောက်နေတာကို မကူညီ မစာနာရဘူးလို့ အဓိပ္ပါယ်မထွက်ဘူးလို့ ဆိုပါတယ်။
“သူတို့ဟာ နိုင်ငံမဲ့တွေပါ။ ဘယ်ကိုမှ သွားလို့လည်း မရဘူး။ ဒီကိစ္စ နိုင်ငံတကာမှာလည်း ပျောက်သွားမှာ မဟုတ်ဘူး” လို့ အမေရိကန် သံအမတ်က ဆိုပါတယ်။
ဩဂုတ်လ ၁၇ ရက် လွှတ်တော်ကို ပေးပို့တဲ့ သမ္မတဦးသိန်းစိန် ပေးပို့တဲ့ သဝဏ်လွှာနဲ့အတူ ပါတဲ့ သုံးသပ်ချက်မှာလည်း ရခိုင်ဒေသ ပဋိပက္ခဖြစ်ပွားမှုမှာ ရခိုင်နိုင်ငံရေး ပါတီများ၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ခေါင်းဆောင်ပြီး လူမျိုးရေး မုန်းတီးမှု သွေးထိုး လှုံ့ဆော်မှုများ ပါဝင်နေကြောင်း၊ လူမျိုးရေး မုန်းတီးမှု စိတ်ဓာတ် အလွန်မြှင့်တင်ပြီး အဆင် အခြင်မဲ့စွာ တိုက်ခိုက် ဆောင်ရွက်လျက် ရှိကြောင်း ဆိုထားပါတယ်။
ဒါပေမဲ့ သုံးသပ်ချက်တွေဟာ အထောက်အထား ခိုင်လုံမှု မရှိဘဲ တဖက်သတ် စွပ်စွဲထားတယ်လို့ ရခိုင် တိုင်း ရင်းသားများ တိုးတက်ရေးပါတီ (RNDP) လွှတ်တော်ကိုယ်စားလှယ်တွေက အပြင်းအထန် ကန့်ကွက်တဲ့အပြင် လူအတော်များများကလည်း ဝေဖန်ကန့်ကွက်ကြတာမို့ အဲဒီသုံးသပ်ချက်ဟာ သမ္မတ သဘောထားမဟုတ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့ရပါတယ်။
ရာဇာ August 24, 2012 - 3:48 pm
ရှင်းပါတယ်..သူတို့နိုင်ငံရဲ့ ဥပဒေတွေက တိတိကျကျ နဲ့ အုပ်ချုပ်သူ လူတွေက မာမာတင်းတင်း ရှိခဲ့တော့ ဘယ်သူက မှ အသံကျယ်ကျယ် ထွက်မလာခဲ့ဘူး…အခု မြန်မာနိုင်ငံ မှာ ဖြစ်တော့မှ ဟိုကအသံထွက် ဒီကအသံထွက် နဲ့ ဖြစ်လာရတယ်လို့….လတ်တလော ဖြစ်နေတာလေး ကို အချိန်မနှောင်းခင် ပြတ်ပြတ်သားသား ဆောင်ရွက်ဘို့ လိုပြီ…အခုရှုပ်မှ နောင်ရှင်း ဆိုသလို မထိတထိ နဲ့ တော့ ဆေးမီးတို သုံးပြီး မရှင်းကြပါနဲ့….အဓိက တရားခံ ကိုပြပါ ဆိုရင် ဘင်္ဂလားဒေ့ရှ် ကို ပြရမှာဘဲ…သူတို့ဘက်က နေခိုးဝင် လာတဲ့ အတွက် မြန်မာပြည် မှာ ပြသနာတွေ ဖြစ်လာရတယ် ဆိုတဲ့ အကြောင်း နိုင်ငံတကာ သိအောင် ပြောကြရပါမယ်…ပြန်လက်ခံ လိုက်ရင်တော့ ရခိုင်ပြည်နယ်ဟာ စုံးစုံးမြုပ်သွားနိုင်တယ် ဆိုတာ သတိထားကြပါ…အခွင့်သင့် တုံး ပြတ်ပြတ်သားသား ရှင်းကြပါ….
Absolute Truth. Not our problem.
ဒါပေမယ့်… ဒါကမြန်မာနိုင်ငံလေ အမေရီကန်မှ မဟုတ်တာ
မျိုးချစ်စိတ်ဆိုတာ တိုင်းရင်းသားတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံတွေမှာပဲရှိတာ
သူတို့ဆီမှာက ဒီလိုမျိုးမှ မဟုတ်တာ နိုင်ငံသားပေါင်းစုံ နေထိုင်ကြတာ
မျိုးချစ်စိတ်ဆိုတာကို သူတို့ဘယ်နားလည်ပါ့မလဲ
မြန်မာနိုင်ငံသားတွေကတော့ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ပြင်းထန်ကြတယ်
ဒါက အခုမှ မဟုတ် ဒို့ဗိုလ်ချုပ်တို့ လက်ထက်ကတည်းက မွေးမြူခဲ့တဲ့စိတ်
နိုင်ငံသားတိုင်းရဲ့ ရင်ထဲမှာ ကိန်းအောင်းနေပြီးသား
သီးခံတယ်ဆိုတာလည်း အတိုင်းအတာတော့ ရှိတယ်…
ကိုယ့်မြေ ကိုယ့်ရေပေါ်မှာ နေပြီး ကိုယ့်အမျိုးကို ထိပါ့လာလို့ကတော့ လုံးဝ လက်မခံနိုင်ဘူး
ဒီကနေ့ ဖြစ်ပျက်နေတဲ့ ရခိုင်အရးကိုလဲ
နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး
ဒို့မြေပေါ်မှာ နေခွင့်မပြောနဲ့ တစ်လက်မတောင်မှ ခြေချခွင့်မပေးနိုင်ဘူး…..
မူ၇င်းသတင်းနဲ့ အခုဘာသာပြန်ထားတာ တော်တော်ကြီးကို လွဲနေပါတယ်။
linkကို ဖွင့်ဖတ်ကြည့်ကြည့်ပါ။ လို၇ာဆွဲေ၇းမနေပါနဲ့။ ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များအကြားဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို အမေရိကန်ပြည်ထောင်စုက နားလည်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာအရေးကိစ္စအပေါ် အလွန်အမင်း အသားပေးပြောဆိုခဲ့သည်ဟူသော အချက်ကိုလည်း မိမိတို့ကသိရှိ ထားပါကြောင်းလည်း ပြောကြားသွားပါတယ်။
ဒီလို မျက်ရေကျရတာ ကုလားမှ မဟုတ်ဘူး…. ရခိုင်ဘက်မှာလည်း ရှိတာပဲ….
ဒီဓါတ်ပုံကို ဘယ်မှာဖော်ပြထားတာကို ကူးယူဖော်ပြပါသလဲ သိချင်ပါတယ်….
ဧရာဝတီက မဂ္ဂဇင်းက ရွေးချက်ဖော်ပြတာဆိုရင် တော့ဧရာဝတီ မဂ္ဂဇင်းကို မရိုးသားဟု စွပ်စွဲ ပြောဆိုရမှာ ဖြစ်ပါတယ်….
မူ၇င်းသတင်းနဲ့ အခုဘာသာပြန်ထားတာ တော်တော်ကြီးကို လွဲနေပါတယ်။
linkကို ဖွင့်ဖတ်ကြည့်ကြည့်ပါ။ လို၇ာဆွဲေ၇းမနေပါနဲ့။ ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များအကြားဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို အမေရိကန်ပြည်ထောင်စုက နားလည်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာအရေးကိစ္စအပေါ် အလွန်အမင်း အသားပေးပြောဆိုခဲ့သည်ဟူသော အချက်ကိုလည်း မိမိတို့ကသိရှိ ထားပါကြောင်းလည်း ပြောကြားသွားပါတယ်။
နှိုင်ပါတယ်။ ကိုဆိုဗိုမှာ ပြင်ပမှခိုးဝင်လာသော မွတ်စလင်တွေကြောင့် ဒေသခံတိုင်းရင်းသား
တွေက လူနည်းစုဖြစ်သွားပြီး၊ မွတ်စလင်ပြည်နယ်ဖြစ်သွားပါပြီ။ ဒေသခံတွေက ဧည့်သည်လို
ဖြစ်သွားပြီး ပြင်ပမှခိုးဝင်လာတဲ့ မါတ်စလင်တွေက အိမ်ရှင်ဖြစ်သွားပြီး မွတ်စလင်ပြည်နယ်
အဖြစ်ပြောင်းလဲသွားပါပြီ။အနောက်နိုင်ငံတွေကသိသိကြီးနဲ့ လက်ခံလိုက်တာဟာ သူတို့နိုင်ငံ
မှာမဖြစ်ရင်ပြီးရောဆိုပြီးကြည့်နေကြတာပါ။ကျွန်တော်တို့ရဲ့မြန်မာပြည် မည်သည့်အစိတ်အပိုင်း
ကိုမျှ ကိုဆိုဗိုကဲ့သို့ မွတ်စလင်ပြည်နယ်အဖြစ် အရောက်မခံနှိုင်ပါ။
အထက်က ကို Same ပြောတာ အယမ်းမှန်တေဗျာ။ ကျနော် မလေးချား ထောင်ထဲမှာတုံးက တွေ့ခဲ့တဲ့ တစ်ခုပါ ဘင်္ဂလီတွေ့ အများကြီးပေ့အေးမာ ရိုဟင်ဂျာဘင်္ဂလီ မြန်မာနိုင်ငံ ရခိုင်ပြည်က လာတာပါလတ် သူတို့ကိုမီးကြည့်တော ဗာမာစကား လေးမတတ်ဘူ ရခိုင်စကာလေး မတတ်ဘူး။ ဆိုတာသူတို့ကို ဆက်မေးတော မင်းတို့ဘာဖြစ်တို့ မြန်မာပြောသလေးလို့ မေးတော သူတို့က ကျနော်တို့က မြန်မာမခံလို့ရှိယင် မလေး ထေင်ကနီလွတ်တာနှင့် သူတို့ကို ဘင်္ဂလာကိုဒါရိုက် လှေယေနှင့်ပြန်ပို့မေဟာကို ကြောက်လို့ မြန်မာခံတာလို့ပြောတေ။
ဒါဆို သူတို့တွေက ဘင်္ဂလာကနီလှေနှင့် ထွက်တာနှင့် ရိုဟင်ဂျာအမည်ခံပြီ။
ပြက်သာနာက ဘင်္ဂလားဒေခ်ျကနီစက်တာ အေးဒါကို မြန်မာ အစိုးရတွေက ဘာမှကိုပြန်မပြောဘူ ဒီအတိုင်ကြည့်နေတေ။
အမေရိကန် သံအမတ်ကြီး ပြောတဲ့ ဒီကိစ္စကိုကြည့်ရင် (မြန်မာ)နိုင်ငံသားတွေကြား သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်နက်ရှိုင်းရှိုင်း တွေ့ရတယ်။ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့သူတွေနဲ့ တိုးတက်တဲ့အမြင်ရှိသူတွေလို့ တွေးထင်ထားသူတွေတောင် ဒီသဘောထားရှိကြတယ်” ဆိုတဲ့စကားကို ဒီအချိန်မှမပြောသင့်ပါဘူး ၉/၁၁ နေ့မှာပြောပါတယ် အမေရိကန် သံအမတ်ကြီး ကို တခုပြေလိုက်ပါရစေ ကျနော်တို့ဗမာပြည်သူပြည်သာွးသည် ဗုဒ္ဒဘာသာဝင်များ ဖြစ်သည်နှင့်အညီ သနား သည်းခံ ပေးကမ်းစွန့်ကြဲ ခြင်း တို့သည်လူတိုင်းတွင်ရှိကြသော်လည်း မိမိတိုင်းပြည် နှင့် မိမိလူမျိုး ကို ကျူးကျော်စော်ကားခြင်း ကိုတော့ ခေါင်းငုံ့ ခံနေမည့်လူမျိုးမဟုတ်ပါ ။ထို့အပြင် အနာဂတ်ကာလ တွင်မိမိတို့တိုင်းပြည်အတွင်း ယခုကဲ့သို့ အကြမ်းဖက်ဝါဒီများကို လက်ခံခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကြမ်းဖက်မှုများ ( ထိုင်း နိုင်ငံတောင်ပိုင်း / ဖိလစ်ပိုင်နိုင်ငံ/ အမေရိကန် WTC ) တို့ကဲ့သို့မဖြစ်ပွါးစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် သူတို့ကို နိုင်ငံအတွင်း နေထိုင်ခွင့်တောင် မပေးလိုတဲ့ သာမန်လူထုတွေကြား က သဘောထား အတွက် ဗမာပြည်သူတွေမှာ အပြစ်ရှိပါသလား
သံအမတ်ကြီး ခင်ဗျား လူ့အခွင့်အရေးဆိုတာ လူတိုင်းမှာရှိပါတယ် လူတိုင်းသည် လွတ်လပ်စွာ ရှင်သန် နေထိုင် ပြောဆို ရေးသား တွေးခေါ် လုပ်ကိုင် ခွင့် ရှိသော်လည်း တခြားသူတပါး ကိုမထိခိုက်စေသင့်ပါ ထို့ကြောင့် ဗမာပြည်သားတွေမှာ ရန်လိုသူ အကြမ်းဖက်သမား အစွန်းရောက်တွေကို လက်မခံပိုင်ခွင့်လည်းရှိပါတယ် တကယ်လို့ သံအမတ်ကြီး က ကျနော်တို့ ဗမာပြည်သားတွေ ကသည်းမခံတတ်ဘူး လို့ထပ်ပြောနေဦးမယ်ဆိုရင် အဲဒီ ဘင်္ဂာလီတွေကို အမေရိကန်မှာ အခြေချနေထိုင်ခွင့်ပေးသင့်ပါတယ် အဲ နောင်နှစ်၂၀လောက်ကြာရင် အမေရိကန်နိုင်ငံရဲ့အခြေအနေကို ကြည့်တဲ့အခါ ပြန်လည်ပြင်ဆင် အစားထိုးလို့မရနှိုင်တဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်တွေ့ကြုံရမယ်ဆိုတာ သံအမတ်ကြီး မယုံရင်စမ်းကြည့်စေချင်ပါတယ်
နောက်ဆုံးတခုပြောပါမယ် အစ္စလမ်မစ်တိုင်းသည် အကြမ်းဖက်သမားမဟုတ်သော်လည်း အကြမ်းသမားများ၏ ၉၀ % သည် အစ္စလမ်မစ် များဖြစ်ကြပါတယ် ဆိုတာပါပဲ ။
ဗမာ့မြေပေါ်တွင် မည်သည့်အကြမ်းဖက်သမား မှ ခြေချခွင့်မပြုနှိုင် ခြင်းသည် ဗမာပြည်သားတွေ၏ အပြစ်မဟုတ်ပါကြောင်း ။