ကချင်ဒုက္ခသည်တွေကို တရုတ်နိုင်ငံက အင်အားသုံး ပြန်ပို့နေ
အကူအညီတွေလိုအပ်နေပြီး မြန်မာစစ်တပ်ရဲ့ အနိုင်ကျင့်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရဲ့မြေစာပင်တွေဖြစ်နေကြရတဲ့ မြန်မာပြည် မြောက်ဖျားက ကချင် ဒုက္ခသည် ထောင်ပေါင်းများစွာကို တရုတ်နိုင်ငံက အင်အား သုံး ပြန်ပို့နေတာတွေ ရပ်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့ကြီး က ပြောလိုက်ပါတယ်။




တရုတ်အစိုးရ ကတော့ ဒုက္ခသည်ပေါင်း ၇ ထောင်ကနေ ၁ သောင်း ၀န်းကျင်ထိကို အကူအညီ အထောက် အပံ့တွေ ပေးခဲ့ တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေရှိနေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကုလသမဂ္ဂရဲ့ ကချင်ဒုက္ခသည်တွေကို အကူအညီပေးမှုတွေကို လည်း မြန်မာ အစိုးရက အစောပိုင်း ကန့်သတ်မှုတွေ လုပ်ခဲ့ပါသေးတယ်။
ဒေသခံ ကချင် ဒုက္ခသည်တွေကတော့ အဖက်ဖက်က စိန်ခေါ်ခံနေရတဲ့ အန္တရာယ်တွေနဲ့ အံတုနေကြရတာပါ။
No comments:
Post a Comment