Friday, August 17, 2012

ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရ


ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရ 

Wednesday, 15 August 2012 14:30
ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိလာပြီ ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က သြဂုတ်လ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။ ဦးဝင်းမြင့်က “ဥက္ကဋ္ဌရဲ့ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို တိုင်ကြားစာ တွေ စတင်ရောက်ရှိနေပြီ ဖြစ်ပါ တယ်။ ကော်မတီ စဖွဲ့ပြီးတဲ့သြဂုတ် လ ၇ ရက်နေ့ကစပြီး ၁၀ ရက်နေ့ အထိ သုံးရက်အတွင်း တိုင်ကြားစာ ငါးခုလောက် ရောက်လာပါတယ်။ အများစုက တရားစီရင်ရေးစနစ် ဆိုင်ရာတိုင်စာတွေနဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှုဆိုင်ရာ တိုင်စာတွေ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ကော်မတီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့ အစိုးရ၊ တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာများနှင့် သက်ဆိုင်သူအားလုံးတို့သည် တရားဥပဒေနှင့်အညီ နေထိုင်ပြုမူ လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်း ညှိ ကူညီခြင်း ပြုရမည်။ အရေးယူ ဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော် သို့တင်ပြရမည်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြောင်းကိစ္စများ ဖြစ်ပေါ်ရန်အကြောင်း ပေါ်ပေါက်လာပါက၊ ပေါ်ပေါက်သည်ဟု ယူဆပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့ အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးရမည်။ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုမှ တစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အောင်မြင်လာရေးအတွက် လေ့လာသုံးသပ် ရမည်။ အလားတူ သူရဦးအောင်ကို၏ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၌လည်း တိုင်ကြားစာ ၁၆၀၀ ခန့် ရောက်ရှိနေသည်။  
Comments 
+5 #6 bhone-nay 2012-08-17 14:34
အမေစု
မလျှော့လိုက်ပါနဲ့။
မြန်မာ့သမိုင်းမှာ ဘုရင်မကြီး ရှင်စောပု ပြီးရင်
ဒုတိယမြောက် သမိုင်း ရေးမဲ့သူပါ။ဒီမိုကရေစီခေတ် မှာ အဦးဆုံးသော ဖအေစိတ် နဲ့ သမိုင်း တွင် အမှတ်တရ သတိတရ
ထားခဲ့မဲ့ သူပါ။
ှုဘာပဲ ဘယ်သူတွေ ပြောပြော
မြန်မာပြည်သူတွေက အမေ့ အပေါ် မှာ ဘဝတွေ ပုံအပ်ထားကြတယ်။
ချစ်တယ် အမေစု
 
+9 #5 exodus88 2012-08-17 04:50
Daw Aung San Su Khi,

Now you have to start working Not only Myanmar people, people around the world respect you. You have skills to slove those problems. You don't have no business in myanmar and your relatives either. I believe that you will hold your father's pride. IYou know what you have to do. Try the best and God Bless You.
 
+19 #4 Zawtika 2012-08-16 11:04
အောက်ကလူတွေ
မဟုတ်တာတွေ လုပ်ပီး ဟုတ်တာတွေ မလုပ်ပဲ နေသမျှ အပေါ်ချည်း တင် တင် နေလို့ကတော့ .......
တိုးတက်ဘို့ ဆိုတာတော့ ရွှေဥာဏ်တော်စူးရောက်ပီး စိတ်ကူး မယဉ်တော်မူကြပါနဲ့ ... ... ...
ရွာသာကြီးမှာ နေရာမရှိဘူးနော်...
 
+22 #3 gwayPaw 2012-08-16 02:11
ပြည်သူတွေရဲ့ ရုံးကန္နားတွေနဲ့ ဆက်ဆံရတဲ့ ဒုက္ခ၊ ဟိုရုံးပြေး ဒီရုံးပြေး အချိန်ကုန်ပြီး ပိုက်ဆံကုန်တဲ့ ကိစ္စရပ်တွေဟာ နေရာတိုင်းမှာ ကြားနေရပြီး ဒီနေ့ ပြည်သူတွေ အဆင်မပြေတဲ့ အထဲမှာ ဒီကိစ္စဟာ ထိပ်တန်းက ပါဝင်နေပါတယ်
(နိုင်ငံတော် သမ္မတဦးသိန်းစိန် မှ ယနေ့ ပြောကြား)
http://www.president-office.gov.mm/briefing-room/daily-news/news1215
  +24 #2 USaytanar 2012-08-15 17:06
There are many wrong doers in the country. Therefore, there will be much more complaint letters to Daw Aung San Suu Kyi because people trust her.

Long live Daw Aung San Suu Kyi and the committee to serve the people.
 
+26 #1 Mandalaythar 2012-08-15 16:14
EMGပြည်တွင်းသတင်းအရ စစ်ရှောင်မြန်မာတိုင်းရင်းသား(4000)ကိုတရုတ်နိုင်ငံမှယခုလအတွင်းအပြီးထွက်ခွာ ပေးရမည်ဖြစ်ကြောင်း........
ဟင်းဟင်းတရုတ်ကြီးကသူ့လူတွေမြန်မာပြည်မှာလာပြီးမင်းမူနေတာကြတော့ ကောင်းတယ်။
ငါတို့တိုင်းရင်းသား(4000)လောက်ကိုများလူသားချင်းမစာနာဘဲ အတင်းနှင်ထုတ်နေပြီလေ။ ငါတို့လူမျိုးတွေကတရုတ်ဆိုသိပ်ချစ်ကြတာ။ အခုကြည့်ဇာတိပြနေပြီ။ နာတတ်ရင်သင်ခန်းစာယူသင့်ပြီ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။