Friday, August 17, 2012

စာပေလွတ်လပ်ခွင့်နှင့် စာနယ်ဇင်းကောင်စီ


စာပေလွတ်လပ်ခွင့်နှင့် စာနယ်ဇင်းကောင်စီ 

Written by ချစ်ဝင်းမောင်   
Thursday, 16 August 2012 10:25
မကြာသေးမီ လပိုင်းအတွင်းက ဖြစ်သည်။ ကိစ္စတစ်ခုဖြင့် မြို့ထဲသို့ ကားမောင်းထွက်လာစဉ် ရုတ်တရက် ဖုန်းမြည်လာသဖြင့် နားထောင်လိုက်သည်။ “စာပေစိစစ်ရေးက ဖုန်းဆက်တယ်။ ဒီတစ်ပတ်ဂျာနယ်ထဲက ကြော်ငြာမှာ အရက်ပုလင်းပုံတွေပါ နေလို့တဲ့။ အဲဒါ နောက်ဆုံးသတိပေး လိုက်တယ်တဲ့။ နောက်တစ်ခါပါရင် ဂျာနယ်ကို ပိတ်ပစ်မယ်လို့ ပြောတယ်”။ ဟာ စာပေစိစစ်ရေးဆိုသော ခေါင်းစဉ် ကို ကြားလိုက်ရသည်နှင့် ခေါင်းနပန်း ကြီးသွားသည်။ စောစောတုန်းက အေးအေးလူလူ ဖြစ်နေသော စိတ်တွေ ရုတ်တရက် ပျောက်ဆုံးသွားသည်။ ဂျာနယ်တိုက်မှ လှမ်းဆက်လာခြင်း ဖြစ်သည်။ “အေးအဲဒါဆိုလည်း မင်းတို့သတိထားပေါ့ကွာ” ဟု ပြန်ဖြေရင်း ဖုန်းချလိုက်သည်။ စိတ်ထဲမှာတော့ အတော် မသက်မသာဖြစ်သွားသည်။
တကယ်တော့ ထိုအရက်ပုလင်းကိစ္စမှာ သက်ဆိုင်ရာကြော်ငြာကုမ္ပဏီ က အာမခံပြီး လာထည့်သွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်ကပဲ “လာမယ့်အပတ်ထည့်မယ့် ကြော်ငြာဒီဇိုင်းလဲ ချင်တယ်။ အခုထည့်ထားတဲ့ ကြော်ငြာဒီဇိုင်းနောက်ခံ အရက်ပုလင်းတွေက ၀ါးနေတယ်။ ပုလင်းပုံပါတဲ့ ဒီဇိုင်း တခြားဂျာနယ်တစ်ခုမှာ ထည့်ထားပြီးပြီ။ အဲဒီ ဒီဇိုင်းလဲပေးပါ”ဟု ကုမ္ပဏီ မှတာဝန်ရှိ အမျိုးသမီးတစ်ဦးက ဖုန်းဆက်လာသည်။ “တခြားဂျာနယ်မှာ ထည့်ထားပြီးဆိုရင်လည်း လဲပေးပါ့မယ်”ဆိုပြီး အာမခံချက်ပေးတာနှင့် ဒီတစ်ပတ် ထည့်ပေးလိုက်သည်။ သည်လို ထည့်ပေးလိုက်ပြီးမှ ပြဿနာပေါ်လာခြင်း ဖြစ်သည်။ ပြဿနာက အကြီးကြီး မဟုတ်သော်လည်း ‘ဂျာနယ်ကိုပါ အရေးယူမယ်’ ဆိုသော စကားက ကားမောင်းနေရင်း ရင်ထဲ တနုံ့နုံ့ခံစားနေမိသည်။

ဒီမိုကရေစီစနစ်နှင့် နှစ်ပေါင်းများစွာ ယဉ်ပါးပြီးဖြစ်သော ထိုင်းနိုင်ငံမှာလည်း (Press council) ဆိုတာ ရှိသည်။ ထိုင်းနိုင်ငံမှာ စာပေစိစစ်ရေးဆိုတာမရှိ။ လွန်ခဲ့သည့်နှစ်ပေါင်း များစွာကတည်းက စာနယ်ဇင်းများ လွတ်လပ်စွာစိတ်ကြိုက် ထုတ်ဝေရေးသားခွင့်ရကြသည်။ မည်သည့် အတားအဆီး၊ အနှောင့်အယှက်မျှ မရှိ။ လွတ်လပ်စွာရေးသားခွင့်၊ ထုတ်ဝေခွင့်ရှိသည်။ သို့သော် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်ငြိစွန်းလျှင်တော့ ထိုဥပဒေအရ တရားစွဲဆိုနိုင်သည်။ ထိုဥပဒေသည် (Media Law) မဟုတ်။
သည်အဖြစ်မျိုးက ယခုမှကြုံတွေ့ရတာ မဟုတ်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်အတွင်း စာပေလုပ်ငန်းနှင့် အသက်မွေးဝမ်း ကျောင်းနေကြသူများ၊ ပုံနှိပ်လုပ်ငန်းရှင်များ ကြိမ်ဖန်များစွာကြုံတွေ့ရသည့် စာပေစိစစ်ရေး ၏ ခြိမ်းခြောက်မှုများစွာထဲက တစ်ခု ဖြစ်သည်။ သတင်းဂျာနယ်ထုတ်ဝေလျှင် ပြဿနာမျိုးစုံ တစ်ကြိမ်မဟုတ် တစ်ကြိမ်ကြုံ တွေ့နိုင်သလို ယခုလိုမျိုး ခြိမ်းခြောက်မှုတွေနှင့် မကြာခဏ ရင်ဆိုင်ရနိုင်သည်မို့ စိတ်အေးချမ်းသာစွာ နေလိုသည့်မိမိအဖို့ပြဿနာကင်းသည့် ဂျာနယ်အမျိုးအစား တစ်ခုတည်းကိုပဲ အေးအေးလူလူ ရွေးချယ်ထုတ်ဝေနေခဲ့သည်။ ဒါတောင် သတိပေးခံရတာ တွေ၊ ခြိမ်းခြောက်ခံရတာတွေ ရှိနေသေးသည်။ စာပေနှင့် အသက်မွေးဝမ်းကျောင်းပြုကြသူ၊ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာအများစုမှာ အမှုအခင်း ပြဿနာများနှင့် မကြုံလိုကြသူတွေ၊ အေးအေးချမ်းချမ်း ကိုယ့်စာကိုယ်ရေး ပြီး နေလိုသူတွေ၊ မဂ္ဂဇင်း၊ ဂျာနယ် ထုတ်ဝေလိုကြသူတွေဖြစ်သည်။ သို့သော် လွန်ခဲ့သည့် နှစ် ၂၀ ကာလ အတွင်း ကျွန်တော်တို့သည် ‘စာပေစိ စစ်ရေး’ဆိုသော ဌာန၏ ကြိုးနီစနစ် နှင့်အမိန့်၊ ညွှန်ကြားချက်များအောက်တွင် မလူးသာမလွန့်သာ စာပေများ ထုတ်ဝေ ရေးသားခဲ့ကြရသည်။
ကျွန်တော်တို့ တည်းဖြတ်လိုက်သည့် မဂ္ဂဇင်းတစ်အုပ်၊ ဂျာနယ်တစ်စောင် (သို့) ရေးသားလိုက်သည့် စာတစ်အုပ်သည် အဆိုပါဌာနသို့ ရောက်သွားသည့်အခါ အလိုလိုနေရင်း ‘အမှု တွဲ’ (ဃျေန်ငူန) ဖြစ်သွားသည်။ ဘယ် လိုပြစ်မှုမျိုး ကျူးလွန်ထားသဖြင့် ‘အမှုတွဲ’ဟု ခေါ်တွင်သလဲ နားမလည်နိုင်။ အပတ်စဉ်ကျွန်တော်တို့သည် ‘စီရင်ချက်’များကို စောင့်ဆိုင်းကြရသည်။ အချိန်နှင့် တစ်ပြေးညီ တက်သုတ်ရိုက် လုပ်ကြရသလို ပြိုင်ဆိုင်မှုကြီးမားသည့် ဂျာနယ်တချို့မှာ စီရင်ချက်ကို မစောင့်ဆိုင်းနိုင်ဘဲ ကြိုတင်ရိုက်နှိပ်လိုက်ကြ သဖြင့် ပြစ်မှုကျူးလွန်သူတွေဖြစ်သွား ကြပြီးအရေးယူခံကြရသည်။ သည်ဌာနနှင့် ပတ်သက်လာလျှင် စာပေနှင့် အသက်မွေးဝမ်းကျောင်း ပြုကြသူအားလုံး၊ ပုံနှိပ်လုပ်ငန်းနှင့် သက်ဆိုင်နေသူ အားလုံး အနည်းဆုံး စိတ်မသက်မသာ ခံစားကြရဖူးသူတွေပဲ ဖြစ်သည်။ ၁၉၉၀ ပြည့် ၀န်းကျင်က ‘စကားလုံး တစ်လုံး’၊ ‘စာတစ်ကြောင်း’၊ ‘စာပိုဒ် တစ်ပိုဒ်’ အတွက်မြောက်မြားလှစွာသော မဂ္ဂဇင်းအုပ်ရေများကို စာအုပ် ချုပ် (Binding) တွင် တစ်အုပ်ချင်း စာမျက်နှာတွေလှန်၍ ငွေမင်သုတ် ပေးခဲ့ရတာကိုအမှတ်ရမိသည်။ ဘယ် လောက်လက်ဝင်သလဲ။ဘယ်လောက် အကုန်အကျများသလဲ၊ ဘယ်လောက် အချိန်ကုန်သလဲ။ ထုတ်ဝေသူ၊ အယ်ဒီ တာတွေပဲသိကြသည်။ ဌာနကတော့ ‘ဒါပြင်၊ ဒါဖျက်’ဆိုတာ အလွယ်တကူ စီရင်ချက်ဖြင့် ဆုံးဖြတ်ပေးလိုက်တာ ဖြစ်သည်။ ထုတ်ဝေသူ၊ အယ်ဒီတာတွေ အားလုံးသည် ခံစားမှုမျိုးခံစားဖူး ကြမည်ထင်ပါသည်။ သို့သော်မိမိတို့မှာ စာပေလုပ်ငန်းမှတစ်ပါး အခြား လုပ်ငန်းများကို မပျော်မွေ့ကြသူများ ပီပီသည်လို အတားအဆီးအခက်အခဲတွေ ကြားကပဲ စာအုပ်တွေထုတ်ကြ၊ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ ထုတ်ကြနှင့် ဖြတ်သန်းနေကြသည်။
( ၂ )
တစ်နှစ်သားကျော်လွန်လာခဲ့ပြီ ဖြစ်သော မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ယခုအချိန်အထိ အဖုအထစ်တစ်ခု ဖြစ်နေသေးသည်မှာ ‘စာပေစိစစ်ရေး’ဖြစ်သည်။ စာပေလွတ်လပ်ခွင့် (Freedom of Press) ဖြစ်ပေါ်ရေးတွင်’စာပေစိစစ်ရေး’ သည် အမည်းစက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ခေတ်နှင့်လျော်ညီအောင် ဖျက်သိမ်းတော့မည်ဟု ကြားနေရသော်လည်း တစ်နှစ်ကျော်ကြာလာသည် အထိ ရှိနေဆဲဖြစ်သည်။ ထိုမျှမက ဂျာနယ်အချို့ အား ထုတ်ဝေခွင့်ရပ်ဆိုင်းသည်အထိ အရေးယူမှုမျိုး ရှိလာသောအခါ စာပေ လွတ်လပ်ခွင့် (Freedom of Press) အသံက ပိုကျယ်လောင်လာသည်။ နိုင်ငံတော်အစိုးရက သွားနေသော ‘စနစ်’ နှင့် ‘လုပ်ဆောင်ချက်’ များက ဟာမိုနီမဖြစ်ဘဲ ရှိလာသည်။
ယခုရက်ပိုင်းအတွင်းမှာတော့ ‘မြန်မာနိုင်ငံ စာနယ်ဇင်းအမြုတေ ကောင် စီ’ ဖွဲ့စည်းလိုက်ပြီဆိုသော သတင်း ထွက်ပေါ်လာသည်။ သည်ကောင်စီ ပေါ်ထွက်လာပြီဖြစ်၍ စာပေစိစစ်ရေး ကကြိုတင်စိစစ်ပြီးမှ ထုတ်ဝေခွင့်ရနေ ကြသော သတင်းဂျာနယ်များ ကြိုတင် ပြသနေစရာမလိုတော့ဘဲ ထုတ်ဝေပြီးမှ တင်ပြရသော အခွင့်အရေးရရှိ သွားကြပြီဖြစ်သည်။ ‘စာနယ်ဇင်း လွတ်လပ်ခွင့်’ ပေးလိုက်ပြီဟုဆိုရမည် လားမသိ။ မည်သို့ပင်ဖြစ်စေ စာနယ် ဇင်းသမား၊ ဂျာနယ်လစ်များအားလုံး ရင်ဆိုင်နေရသော အခက်အခဲတစ်ခု ကတော့ ပြေလည်သွားပြီဟုဆိုရမည် ဖြစ်သည်။
သည်နေရာတွင် မေးစရာရှိလာသည်မှာ  စာနယ်ဇင်းကောင်စီ (Press Council) ကိစ္စဖြစ်သည်။ စာနယ်ဇင်း ကောင်စီ၏တာဝန်က ဘာလဲ။ စာနယ် ဇင်းကောင်စီသည် စာနယ်ဇင်း သမားအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့လား၊ ထိန်းချုပ်ဖို့လား။ စာနယ်ဇင်းလွတ် လပ်ခွင့်ပေးလိုက်ပြီ၊ စာပေစိစစ်ရေး မရှိတော့ဟုဆိုပြီး စာနယ်ဇင်းကောင်စီက စာနယ်ဇင်းသမားတို့၏ အခွင့် အရေးကို ဥပဒေအမျိုးမျိုးဖြင့် ထပ်မံ ထိန်းချုပ်လာမှာလားဆိုတာ စိုးရိမ်စရာဖြစ်လာသည်။ ယခုဖွဲ့စည်းလိုက်သည့် စာနယ်ဇင်းအမြုတေကောင်စီ ကရော ဘယ်လောက်အထိ လွတ်လပ်ပြီး ဘယ်လောက်အထိ လုပ်ပိုင်ခွင့် ရရှိမလဲဆိုတာ မေးမြန်းစရာ ရှိလာသည်။
ဒီမိုကရေစီစနစ်နှင့် နှစ်ပေါင်းများစွာ ယဉ်ပါးပြီးဖြစ်သော ထိုင်းနိုင်ငံမှာလည်း (Press council) ဆိုတာ ရှိသည်။ ထိုင်းနိုင်ငံမှာ စာပေစိစစ်ရေးဆိုတာမရှိ။ လွန်ခဲ့သည့်နှစ်ပေါင်း များစွာကတည်းက စာနယ်ဇင်းများ လွတ်လပ်စွာစိတ်ကြိုက် ထုတ်ဝေရေးသားခွင့်ရကြသည်။ မည်သည့် အတားအဆီး၊ အနှောင့်အယှက်မျှ မရှိ။ လွတ်လပ်စွာရေးသားခွင့်၊ ထုတ်ဝေခွင့်ရှိသည်။ သို့သော် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်ငြိစွန်းလျှင်တော့ ထိုဥပဒေအရ တရားစွဲဆိုနိုင်သည်။ ထိုဥပဒေသည် (Media Law) မဟုတ်။ အများပြည်သူတို့ လိုက်နာရန်ပြဋ္ဌာန်းသည့် ဥပဒေသာဖြစ်သည်။ စာနယ်ဇင်းများအတွက် သီးခြားဥပဒေ ပြဋ္ဌာန်းထားတာမရှိ။ ဒီမိုကရေစီနိုင်ငံအများအပြားတွင်လည်း သည်အတိုင်းပဲ ဖြစ်ပါသည်။ Media Law ဟူ၍ သီးခြားပြဋ္ဌာန်း ထားတာမျိုးမရှိ။ လိုလည်းမလိုအပ် ဟု ထင်သည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းတစ်ခုသည် စနစ်ဟောင်း၏ အနှောင်အဖွဲ့များမှ ကင်းရှင်းရန်လို
ထိုသို့ စာနယ်ဇင်းများအတွက် သီးခြားပြဋ္ဌာန်းထားသော ဥပဒေမရှိသဖြင့် စာနယ်ဇင်းများအချင်းချင်း ကျင့်ဝတ်ဆိုင်ရာ ထိန်းကျောင်းနိုင်ရေး အလို့ငှာ (press council) ကိုဖွဲ့စည်း ခဲ့ကြသည်။ ထိုင်းစာနယ်ဇင်းကောင် စီ (Thailand Press Council-PCT) ကို ဖွဲ့စည်းခဲ့တာ သိပ်မကြာလှသေးပါ။ ၁၉၉၇ ခုနှစ် ဇူလိုင်လထဲမှာဖြစ်သည်။ ထိုင်းစာနယ်ဇင်းကောင်စီက လွတ်လပ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အစိုးရထိန်းချုပ်မှု လုံးဝမပါ။ လွတ်လပ်သော ကိုယ်ပိုင်မူဝါဒကွပ်ကဲရေး အဖွဲ့အစည်း (Independent self-regulating Body) ဖြစ်သည်။ ထိုင်းစာနယ်ဇင်းကောင်စီတွင် ကော် မတီတစ်ရပ်ရှိပြီး အဖွဲ့ဝင် ၂၁ ဦးပါ ရှိသည်။ ၎င်းတို့အနက် ၁၄ ဦးမှာ ဂျာနယ်လစ်များဖြစ်ကြပြီး ခုနစ်ဦးမှာ နယ်ပယ်အသီးသီးမှ အရည်အချင်း ပြည့်ဝသော ပုဂ္ဂိုလ်များဖြစ်သည်။  ထိုသူတို့မှာ အစိုးရလစာခံစားနေရသော အစိုးရ၀န်ထမ်းများ မဖြစ်စေရ။ နိုင်ငံရေးတာဝန်ရှိသူများ၊ ဒေသဆိုင် ရာအာဏာပိုင်များ၊ အမှုထမ်း၊ အရာ ထမ်းများမဖြစ်စေရဘဲ အငြိမ်းစားအ ရာရှိများသာဖြစ်ရမည်ဟု သတ်မှတ် ထားသည်။ ကော်မတီဝင်အဖြစ် ဂျာနယ်လစ်များကို ရွေးချယ်ရာတွင် အောက်ပါသတ်မှတ်ချက်အတိုင်း ရွေးချယ်ရ မည်ဟု ဆိုသည်။
၁။       မီဒီယာပိုင်ရှင်များ၊ အမှုဆောင် အရာရှိများ၊ လုပ်ငန်းရှင်များထဲမှ ၎င်းတို့ကိုယ်တိုင်ရွေးချယ်သော ကိုယ်စားလှယ်ငါးဦး။
၂။       အယ်ဒီတာများနှင့် အယ်ဒီတာ အဖွဲ့ဝင်များက ၎င်းတို့ကိုယ်တိုင် ရွေးချယ်သည့် ကိုယ်စားလှယ် ငါးဦး။
၃။       ထိုင်းစာနယ်ဇင်းအဖွဲ့ (Federation of Thai Journalists) က ရွေးချယ်သည့် ဂျာနယ်လစ်လေး ဦး။
၎။       အထက်ပါ ကော်မတီအဖွဲ့ဝင် အားလုံးသည် သတင်းစာတိုက်များက ရွေးချယ်သည့်အဖွဲ့ဝင် များဖြစ်ပြီး သတင်းစာတိုက်တစ်တိုက်မှ တစ်ဦးသာ ကိုယ်စားပြု ခွင့်ရှိသည်။
၅။       အထက်ပါ ၁၊ ၂၊ ၃ အရ ရွေး ချယ်ထားသည့်အဖွဲ့ဝင်များက နယ်ပယ်အသီးသီးမှ ကျွမ်းကျင် ပညာရှင်ခုနစ်ဦးကို ထပ်မံရွေးချယ် ရမည်ဖြစ်သည်။
ဤခုနစ်ဦးအနက်နှစ်ဦးမှာ သတင်းစာလုပ်ငန်း (Journalism) ၌ အတွေ့အကြုံရှိသော ထိပ်တန်းပညာရှင် (Senior expert) ဖြစ်ရမည်ဟု သတ်မှတ် ထားသည်။ သို့သော် ထိုပုဂ္ဂိုလ်နှစ်ဦးသည် လက်ရှိအချိန်တွင် မည်သည့် သတင်းစာနှင့်မျှ မပတ်သက်တော့သောသူ ဖြစ်ရမည်ဟု ဆိုသည်။
အဆိုပါကော်မတီဝင်များက ဥက္ကဋ္ဌတစ်ဦး၊ ဒု-ဥက္ကဋ္ဌနှစ်ဦးနှင့် အထွေထွေအတွင်းရေးမှူး တစ်ဦးတို့ကို ရွေးချယ်တင်မြှောက်ရမည်ဟု ဖော်ပြထားသည်။
ထိုင်းစာနယ်ဇင်းကောင်စီ၏ အဓိက လုပ်ငန်းစဉ်များကို ကြည့်လျှင်
၁။       စာနယ်ဇင်းသမားများ (Senior expert) အနေဖြင့် မိမိတို့၏တာဝန်များကို ထမ်းဆောင်ကြရာ တွင် ပညာရပ်ဆိုင်ရာကျင့်ဝတ် များကို လိုက်နာရန်နှင့် တာဝန်ယူမှုရှိစေရန် တိုက်တွန်းခြင်း။
၂။       စည်းမျဉ်းခံဖွဲ့စည်းပုံအခြေခံတွင် ပြဋ္ဌာန်းထားသည်နှင့်အညီ လွတ်လပ်မှုကို အားပေးရန်နှင့် ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းလက်ခံ ရယူခွင့်ကို ထောက်ခံအားပေး ရန်ဆောင်ရွက်ခြင်း။
၃။       သတင်းစာပညာ (Journalism) နှင့် သတင်းစာလုပ်ငန်း (newspaper operations) တိုးတက်မှု  ရှိအောင် မြှင့်တင်ပေးခြင်း။
စသည့်အချက်သုံးချက်သာ ပါဝင်သည်ကို တွေ့ရသည်။ အလားတူ တာဝန်နှင့်လုပ်ပိုင်ခွင့်များ သတ်မှတ် ရာတွင်လည်း
၁။       အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များအတွက် တာဝန်ထမ်းဆောင်နေကြသည့် ဂျာနယ်လစ်များ၏ လုပ်ဆောင်ချက်များသည် PCT က ပြ ဋ္ဌာန်းထားသည့် ပညာရပ်ဆိုင်ရာ ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်း ကိုလေးစားလိုက်နာမှုရှိ၊ မရှိ စုံ စမ်းလေ့လာရန်။
၂။       ဂျာနယ်လစ်များအတွက် ပညာရေးနှင့် ပညာရပ်ဆိုင်ရာသင်တန်းများ ပို့ချပေးရန်။
၃။       (PCT) ထိုင်းစာနယ်ဇင်းကောင်စီက ပြုလုပ်သော အစည်းအဝေး မှတ်တမ်းများ ထုတ်ပြန်ကြေညာချက်များ စည်းမျဉ်းစည်းကမ်းများ ညွှန်ကြားချက်များကို ပုံမှန်ထုတ် ပြန်ပေးရန်။
စသည့်အချက်များကိုသာ ပါဝင်သည်ကို တွေ့ရသည်။ ထိုင်းစာနယ်ဇင်းကောင်စီ၏ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းအရ ထိုင်းစာနယ်ဇင်း ကောင်စီ ကော်မတီသည် ထိုင်းစာနယ်ဇင်းများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ လေးစားလိုက်နာမှုရှိရေး၊ ပြည်သူလူထုနှင့် အဖွဲ့အစည်းများ၏ ကန့်ကွက်မှုများရှိလာပါက စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး သက်ဆိုင်ရာသတင်းစာ၊ မီဒီ ယာများအားစာဖြင့်အသိပေး၍မှား လျင်တောင်းပန်စေခြင်းသာ ပြုလုပ်စေသည်ကို တွေ့ရှိရသည်။
အချုပ်ဆိုရင် ထိုင်းစာနယ်ဇင်း ကောင်စီ (PCT) သည် ထိုင်းစာနယ်ဇင်းများ အချင်းချင်း မူဝါဒကွပ်ကဲ ထိန်းသိမ်းရန် (Self-regulating) ဖွဲ့ စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး အစိုးရ၏မည်သည့် စွက်ဖက်မှုမျှ မပါသော လွတ်လပ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်ကို တွေ့ရှိရသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းတစ်ခုသည် စနစ်ဟောင်း၏ အနှောင်အဖွဲ့များမှ ကင်းရှင်းရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။
Comments 
 
-2 #2 U Mar Ga 2012-08-16 12:10
နောက်ပြီး Open say ဖြစ်မှသာ
မင်းဘာကောင်လဲ ငါဘာကောင်လဲ ဆိုတာတွေ ဖြစ်လာမယ်။
နို့မို့ဆို.......
4 D နဲ့ ၀င်သွားတာ၊
ထမီရုတ်မှု၊ ဖိနပ်ခိုးမှုနဲ့ အထဲရောက်သွားပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပြန်ထွက်လာရင် နိုင်ငံရေးသမားယောင်ယောင် လုပ်စားနေကြတာတွေ မြင်ပြင်းကပ်လွန်းလို့။

ရပ်ရွာထဲမှာ တစ်ဝမ်းတစ်ခါးအတွက် ရိုးသားစွာ ရှာဖွေစားသောက်နေရလို့ အနေစုတ်နေကြတဲ့သူတွေကို ခင်ဗျားတို့ နိုင်ငံရေးအမြင်မရှိလို့၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာလို့ တို့ ပြောပြောပြီး သူတို့ကိုယ်တိုင် မိသားစုအတွက်၊ တာဝန် မယူနိုင်လို့ အထဲမှာ အနှစ် ၂၀ လောက် နေခဲ့တာကို ခင်ဗျားတို့အတွက် ကျုပ်တို့ အနစ်နာခံနေ ရတာတို့ဆိုတဲ့ အပြောတွေ နား ခါး လွန်းလို့ပါဗျာ......။
 
+16 #1 U Mar Ga 2012-08-16 11:57
လူတွေ ဒီလောက် ပြောဆိုနေကြတာတောင်
ချုပ်ကိုင်ချင်နေသေးတာရဲ့ အကြောင်းရင်းက ဘာလဲ သိဖို့လိုနေပြီ၊
ကျနော်ကိုယ်တိုင်လည်း ဒီ Media Law ဆိုတာ ရှိဖို့ လိုကို မလိုတာလို့ ခံယူထားပါတယ်။
ဖွင့်ပေးလိုက်စမ်းပါ၊ လွှတ်ပေးလိုက်စမ်းပါ၊
ထည့်ကြ၊ ဖဲ့ကြပါစေ....။
ဒါမှ.....
ဘယ်သူ ၀မ်းစာပြည့်လဲ၊ ဘယ်သူ ခံယူချက်မှန်သလဲ၊
ဘယ်သူ ကမှ အမှန်အကန် ပြည်သူလူထုကို ကြည့်လဲ၊
ဘယ်ကောင်က သာကူးလဲ၊ ဘယ်ကောင်က ဆိတ်လစိလဲ၊
ဘယ်ကောင်က ပုတ်သင်ညိုလဲ၊ ဘယ်ကောင်က ဖြတ်ညှပ်ကပ်လဲ၊
ဘယ်ကောင်က ပေါ်ပင်သမားလည်း၊ ဘယ်ကောင်က ဘယ်သူ့ Backing နဲ့ အာကျယ်နေတာလဲ သိသွားတာပေါ့............
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။