Friday, August 17, 2012

နိုင်ငံတော်၏ကံကြမ္မာသည် ငြိမ်းချမ်းရေးရရှိမှု၊ မရရှိမှုအပေါ်တွင် လုံးဝမူတည်နေကြောင်း ဒုတိယသမ္မတ ပြောကြား


နိုင်ငံတော်၏ကံကြမ္မာသည် ငြိမ်းချမ်းရေးရရှိမှု၊ မရရှိမှုအပေါ်တွင် လုံးဝမူတည်နေကြောင်း ဒုတိယသမ္မတ ပြောကြား  

Wednesday, 15 August 2012 15:19
5209
ဒုတိယသမ္မတက ကော်မတီအဖွဲ့ဝင်များအား နှုတ်ဆက်နေစဉ် ဓာတ်ပုံ နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်
ပကတိအခြေအနေအရ နိုင်ငံတော်၏ ကံကြမ္မာသည် ငြိမ်းချမ်းရေး ရရှိမှု၊ မရရှိမှုအပေါ်တွင် လုံးဝမူ တည်နေသော သဘောပါရှိနေသည့် အတွက် ငြိမ်းချမ်းရေးကို မည်သို့ပင် ဖြစ်စေရအောင် ယူမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမှလွဲပြီး အခြားရွေးစရာ လမ်းမရှိ ဖြစ်နေပါကြောင်းဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက သြဂုတ်လ ၁၂ ရက်နေ့က ပြောကြားခဲ့သည်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါများကြွယ်ဝပြီး လူ့စွမ်း အားအရင်းအမြစ်၊ လူဦးရေသင့်တင့် မျှတစွာရှိသည့်နိုင်ငံ၊ တစ်ချိန်က အာ ရှတွင် စီးပွားရေးထိပ်တန်းက ပါဝင် ခဲ့သောနိုင်ငံမှ ယခုစီးပွားရေးချွတ်ခြုံ ကျပြီး ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ LDC ဖြစ်နေရသည်မှာ ငြိမ်းချမ်းရေး မရရှိသည့်အချက် တစ်ချက် ပါဝင် နေပါကြောင်း”ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြော ကြားခဲ့သည်။
ငြိမ်းချမ်းရေးသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျနေပါကြောင်း၊ ဥပမာ အားဖြင့် တိုးတက်နေသော အိမ်နီး ချင်းအာဆီယံနိုင်ငံများ၊ အာရှနိုင်ငံ များတို့နှင့် နှိုင်းယှဉ်ကြည့်နိုင်သကဲ့ သို့ လက်နက်ကိုင်ပဋိပက္ခများသည် စီးပွားရေး ချွတ်ခြုံကျမှုနှင့်လည်း တိုက်ရိုက်အချိုးကျနေသည်ဟု ယေဘုယျအားဖြင့် ပြောဆိုနိုင်ပါကြောင်းလည်း ဒုတိယသမ္မတဒေါက်တာစိုင်း မောက်ခမ်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး မယူခဲ့ ကြသော တိုင်းရင်းသားလက်နက် ကိုင် ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့် ပြည်နယ်အဆင့်ဖြင့်သော် လည်းကောင်း၊ ပြည်ထောင်စု အဆင့်ဖြင့် သော်လည်းကောင်း အချို့သဘောထား တူညီသည့် အချက်များကို နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းနှင့် နောက်ဆုံးကျန်ရှိ နေသေးသည့် ကချင်ပြည်နယ်မှ KIO/KIA နှင့်လည်း သဘောတူညီ ချက် ရရှိနိုင်ရန်  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“မြောက်ပိုင်း ကချင်ပြည်နယ် အတွင်းတွင်ရှိသည့် ကချင်လက်နက်ကိုင် KIO/KIA အဖွဲ့နှင့် ယနေ့ အထိ ညှိနှိုင်း၍မရဖြစ်နေပါကြောင်း၊ KIO/KIA ခေါင်းဆောင်ပိုင်းများနှင့် မိမိတို့အဆက်အသွယ်ရှိပါကြောင်း၊ စိတ်ရှည်ရှည်ထားပြီး  တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု တည်ဆောက် နေပါကြောင်း”ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၄ ရက်  နေ့က နိုင်ငံရေးပါတီ ၁၄ ပါတီမှ  တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
Comments 
 
0 #11 bhone-nay 2012-08-17 14:13
ဘာပဲ ဖြစ်ဖြစ် ဗျူရိုကရေစီစနစစ် ကို စွန့်လွှတ် ခဲ့ပါ။
ဒီနေ့ သင်ရွေးတဲ့ လမ်းက သမိုင်းမှာ အမဲစက် မကျန်ခဲ့ပါစေနဲ့။
 
-13 #10 wuntho 2012-08-16 19:28
အာ။။။။။။။။။။. သမ္မတ၊ ဒုသမ္မတ တွေရဲ့ သောက်သုံး ကျမှူ/မကျ မှူ အပေါ်မူတည်။တာပါ။။ 8)
 
+11 #9 Zawtika 2012-08-16 10:44
နိုင်ငံတော်၏ ကံကြမ္မာသည် ငြိမ်းချမ်းရေး ရရှိမှု၊ မရရှိမှုအပေါ်တွင် လုံးဝမူ တည်နေ

သိပီးတော့ မသိချင်ယောင် မေ့ချင်ယောင် နားမလည်ချင်ယောင် ရူးချင်ယောင်
အယောင်ဆောင် မနေရင် ပီးတာပါဘဲ။

မဲပြာပုဆိုးဝတ်လာကြတာလဲ မွဲပြာကျနေပါဘီ
 
+23 #8 ၂မောင် 2012-08-15 19:30 
kia ကို ကချင်တွေ ထောက်ခံ တယ်မထောက်ခံ ဘူးဆိုတာ စောင့် ကြည့်ရမဲ့ မေးခွန်းပါ
 
+62 #7 salamander 2012-08-15 18:35
Quote:
“ယခုစီးပွားရေးချွတ်ခြုံ ကျပြီး ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ LDC ဖြစ်နေရသည်မှာ ငြိမ်းချမ်းရေး မရရှိသည့်အချက် တစ်ချက် ပါဝင် နေပါကြောင်း”ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြော ကြားခဲ့သည်။
ကိုစိုင်းမောက်ခမ်း ........ ဒီထက်အရေးကြီးတဲ့အချက်ကို ဘာလို.မပြောတာလဲ။ ရာစုနှစ်တ၀က်လောက် အာဏာရှင် အဆက်ဆက်အုပ်စိုးခဲ့လို. တိုင်းပြည်မွဲပြာကျခဲ့ရတာပါ။ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့တာလည်း အဲဒီ အာဏာရှင် အဆက်ဆက်ရဲ. ညံ.ဖျင်းမှုတွေပါပဲ။ ဒါကမှ တကယ်.အမှန်တရားပါ။ သင်ခန်းစာယူသင့်ပါတယ်။
 
+32 #6 tntun 2012-08-15 18:32
Quoting POUT BAW:
Quoting Mandalaythar:
EMGပြည်တွင်းသတင်းအရ စစ်ရှောင်မြန်မာတိုင်းရင်းသား(4000)ကိုတရုတ်နိုင်ငံမှယခုလအတွင်းအပြီးထွက်ခွာ
 ပေးရမည်ဖြစ်ကြောင်း........
ဟင်းဟင်းတရုတ်ကြီးကသူ့လူတွေမြန်မာပြည်မှာလာပြီးမင်းမူနေတာကြတော့ ကောင်းတယ်။
 ငါတို့တိုင်းရင်းသား(4000)လောက်ကိုများလူသားချင်းမစာနာဘဲ အတင်းနှင်ထုတ်နေပြီလေ။ ငါတို့လူမျိုးတွေကတရုတ်ဆိုသိပ်ချစ်ကြတာ။ အခုကြည့်ဇာတိပြနေပြီ။ နာတတ်ရင်သင်ခန်းစာယူသင့်ပြီ။
တရုတ်ကအထုပ်ပိုက်လာတာ၊ ဗမာတွေလိုလံကွတ်တီနဲ့လာတာမဟုတ်ဘူး။ကွန်မန့်ကလဲအထေ့အငေါ့နဲ့အခြောက်ကျနေတာပဲ
“အထုပ်ပိုက်လာတာ” ဆိုတာ မနေ့တစ်နေ့ကမှ လူမွေးလူတောင်ပြောင်လာလို့ဖြစ်ပါလိမ့်မယ်။
ကျွန်တော်သူငယ်ချင်း တရုတ်တစ်ယောက်ကတော့ သူ့အဖိုးတို့ခေတ်က တရုတ်ပြည်မှာ
သူတို့အဖိုးတို့နယ်တစ်နယ်လုံး အငတ်ဘေးဆိုက်လို့ သေချင်လဲသေ၊ ရောက်ချင်ရာရောက် ဆိုပြီး
နေရပ်စွန့်ခွာထွက်ပြေးရင်းနဲ့ ဗမာပြည်ရောက်လာတဲ့အကြောင်း လူကြီးတွေပြောပြကြတယ်လို့
ဆိုပါတယ်။
အင်းလေ သူတောင်းစား ထမင်းဝတော့ ဆေးလိပ်သောက်ချင်တယ် ဆိုတာလို ခုချိန်မှာ တစ်ချိန်က
သူတို့ဘိုးဘွားတွေ အားကိုးတကြီး ထွက်ပြေးခိုလှုံခဲ့ကြတဲ့ နိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို သိမ်းယူဖို့
နည်းအမျိုးမျိုးနဲ့အကြံပက်စက်နေတဲ့ မျိုးဆက်သစ်တွေလက်ထက်မှာ ဒီလိုစကားမျိုးပြောလာတာ
မဆန်းပါဘူး။
 
-67 #5 POUT BAW 2012-08-15 17:13
Quoting Mandalaythar:
EMGပြည်တွင်းသတင်းအရ
စစ်ရှောင်မြန်မာတိုင်းရင်းသား(4000)ကိုတရုတ်နိုင်ငံမှယခုလအတွင်းအပြီးထွက်ခွာ
ပေးရမည်ဖြစ်ကြောင်း........
ဟင်းဟင်းတရုတ်ကြီးကသူ့လူတွေမြန်မာပြည်မှာလာပြီးမင်းမူနေတာကြတော့ ကောင်းတယ်။
 
ငါတို့တိုင်းရင်းသား(4000)လောက်ကိုများလူသားချင်းမစာနာဘဲ အတင်းနှင်ထုတ်နေပြီလေ။ ငါတို့လူမျိုးတွေကတရုတ်ဆိုသိပ်ချစ်ကြတာ။ အခုကြည့်ဇာတိပြနေပြီ။ နာတတ်ရင်သင်ခန်းစာယူသင့်ပြီ။တရုတ်ကအထုပ်ပိုက်လာတာ၊ ဗမာတွေလိုလံကွတ်တီနဲ့လာတာမဟုတ်ဘူး။ကွန်မန့်ကလဲအထေ့အငေါ့နဲ့အခြောက်ကျနေတာပဲ
 
+33 #4 Mandalaythar 2012-08-15 16:15
EMGပြည်တွင်းသတင်းအရ စစ်ရှောင်မြန်မာတိုင်းရင်းသား(4000)ကိုတရုတ်နိုင်ငံမှယခုလအတွင်းအပြီးထွက်ခွာ ပေးရမည်ဖြစ်ကြောင်း........
ဟင်းဟင်းတရုတ်ကြီးကသူ့လူတွေမြန်မာပြည်မှာလာပြီးမင်းမူနေတာကြတော့ ကောင်းတယ်။ငါတို့
တိုင်းရင်းသား(4000)လောက်ကိုများလူသားချင်းမစာနာဘဲ အတင်းနှင်ထုတ်နေပြီလေ။ ငါတို့လူမျိုးတွေကတရုတ်ဆိုသိပ်ချစ်ကြတာ။ အခုကြည့်ဇာတိပြနေပြီ။ နာတတ်ရင်သင်ခန်းစာယူသင့်ပြီ။
 
+41 #3 Mandalaythar 2012-08-15 16:02
Gvt can TALK.
But cannot WORK.
WORK is much more important than TALK.
အစိုးရက....ပြောတတ်ကြပါသည်။ ကတိပေးတတ်ကြပါသည်။
သို့သော်....ပြောသည့်အတိုင်းမလုပ်နိုင်ကြပါ။
အပြောထက်အလုပ်ကသာပိုပိုပြီးအရေးကြီးကြောင်းပါ။
 
+45 #2 slinn 2012-08-15 15:53
Quoting David1970:
Burmese Army Chief must accept that Kachin State should ruled by Kachin, same things,Kayain,Mon,Chin,Shan,Rakhine should ruled by theirself as a Federal.
Why government and army are thinking they are right to rule or to take everythings from there.
Please change mindset first.

Government take tax.
I want to oppose your idea. What I believe is every state can be ruled by whoever elected democratically. Even a Kachin ethnic can rule Mon or Karen state if he is elected democratically. Of course, if you are Kachin and you are representing Kachin people, you have high chance of getting vote. I am telling you this is because every ethnic can stay in every state and division. It does not mean Kachin will only stay in Kachin state. This is no longer true in 21st Century.
 
-54 #1 David1970 2012-08-15 15:40
Burmese Army Chief must accept that Kachin State should ruled by Kachin, same things,Kayain,Mon,Chin,Shan,Rakhine should ruled by theirself as a Federal.
Why government and army are thinking they are right to rule or to take everythings from there.
Please change mindset first.

Government take tax.

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။