ဗွီအိုအေအသံလွှင့်ဌာနမှ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံမေးမြန်းမှု |
|
|
Wednesday, 15 August 2012 22:07 | |
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား VOA မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းမှ သီးသန့် တွေ့ဆုံ မေးမြန်းနေစဉ် (Photo : VOA ) အမေရိကန်နိုင်ငံအခြေစိုက် ဗွီအိုအေအသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်မှ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံပြီး အင်တာဗျူးပြုလုပ်ခဲ့သည့် အမေးအဖြေကဏ္ဍအား ပြန်လည် ဖော်ပြအပ်ပါသည်။ရခိုင်ပြည်နယ်က အရေးအခင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းထားခြင်းဖြစ်ပါသည်။ မေး - အခု ဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာကနေ မီးမောင်းထိုးပြီး ပြောပြလာတဲ့ အရေးတကြီးကိစ္စတစ်ခုအနေနဲ့ ပြောပြလာတာတွေရှိပါတယ်။ အဲဒါကိုသမ္မတကြီးလည်း သိပြီး ဖြစ်မှာပါ။ အထူးသဖြင့် ရခိုင်ပြည်နယ်က ကိစ္စပါ။ အခုဆိုလို့ရှိရင် မကြာမီက လူ့ အခွင့်အရေး ကော်မရှင် အစည်းအဝေးပွဲတွေ လုပ်တော့မယ်။ ကုလသမဂ္ဂ အစည်းအဝေးပွဲတွေ လုပ်မယ်။ နောက် နိုင်ငံတကာ အစ္စလာမ်မစ်ကောင်စီ အစည်းအဝေးပွဲတွေ လုပ်တော့မယ်ဆိုတဲ့ နေရာတွေမှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာရှိနေတဲ့ ရိုဟင်ဂျာလို့ လူမျိုးစုတွေလို့ ခေါ်ကြတဲ့ မွတ်စလင်တွေပေါ့။ သူတို့ကို မြန်မာနိုင်ငံက အများစုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး စွပ်စွဲမှုတွေ ကြားနေရပါတယ်။ အဲဒီအတွက်ကြောင့် မို့လို့ပဲ လူနည်းစုတွေကို ကူညီဖို့ဆိုပြီးတော့ ဆော်ဒီအာရေးဗျနိုင်ငံက ဒေါ်လာသန်း ၅၀ လှူတာတို့ မကြာသေးခင်ကပဲ တူရကီနိုင်ငံခြားရေးဝန်ကြီးကနေ အကူအညီတွေ ပေးသွားတာတို့ ဘာတို့ဆိုတာ ရှိနေတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့သမ္မတကြီး ဦးဆောင်နေတဲ့ တိုးတက်ပြောင်းလဲမှုတွေရဲ့ အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာကနေပြီးတော့ လူ့အခွင့်အရေးဆိုပြီးတော့ ထောက်ပြပြီးတော့ ဒါဟာ လူမျိုးရေး၊ ဘာသာရေးဖိနှိပ်မှုတွေ ရှိနေတယ်ဆိုပြီး ထောက်ပြမှုတွေ ကြားနေရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးရဲ့အမြင်ကို ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။
မေး - သူတို့တောင်းဆိုနေတဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တွေ ဖွဲ့ပေးဖို့ဆိုတာရော စုံစမ်းမှုတွေ လုပ်ဖို့ဆိုတာရော ဖြစ်လာနိုင်မလား မသိဘူး။ ဖြေ - တစ်ခုကတော့ ကျွန်တော်တို့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်ပြီးပြောရရင် ကျွန်တော်တို့ ရန်ကုန်မှာ Press Conference တစ်ခုလည်း လုပ်လိုက်ပါတယ်။ ဒီမှာဆိုရင် ရန်ကုန်မှာရှိတဲ့ နိုင်ငံခြား သံတမန်တွေ ကျွန်တော်တို့ အကုန်လုံးဖိတ်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေ၊ အန်ဂျီအိုတွေပြီးရင် တိုက်ဆိုင်မှုပဲ ပြောရမလား။ ကျွန်တော်တို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဘာညာကိုလုပ်နေတဲ့ မစ္စတာကင်တားနားကလည်း ရောက်နေတဲ့အတွက် သူ့ကိုလည်း ဖိတ်လိုက်ပါတယ်။ သူ့လည်းတက်တယ်။ နောက်တစ်နေ့မှာ On Ground ကိုသွားပြီးပြတယ်။ အဲတော့ ဒီဟာကို ကျွန်တော်တို့က ပြည်တွင်းမှာ ဖြစ်ပျက်တဲ့ ကိစ္စလေးတစ်ခုပဲ ဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာ မရှိဘူး။ ခင်ဗျားသိတဲ့အတိုင်းပဲ ရန်ကုန်မှာလည်း မွတ်စလင်တွေနေတာ အများကြီးရှိတယ်။ ဗုဒ္ဓဘာသာတွေ၊ ခရစ်ယာန်တွေ၊ ဟိန္ဒူတွေလည်းရှိတယ်။ တခြားမြို့ကြီးတွေမှာလည်း ဒီအတိုင်းပဲ ဘာမှဒီနေရာမှာ ဖြစ်တာပြုတာမရှိဘဲ ရခိုင်ပြည်နယ်က ကွက်ကွက်လေး တစ်ခုထဲမှာပဲ ဖြစ်တာဖြစ်ပါတယ်။ အဲဒီတော့ ဒါဟာ ပြည်တွင်းကိစ္စ သက်သက်သာ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့က နိုင်နိုင်နင်းနင်းနဲ့ လုံခြုံရေးအရလည်း ထိန်းသိမ်းထားနိုင်ပြီး ကူညီကယ်ဆယ်ရေးတွေ နဲ့ ပတ်သက်ပြီး တောက်လျှောက် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဆီမှာလည်း လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မရှင် ဖွဲ့ထားတာလည်း ရှိပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကိုလည်း ဒါလေးကို စစ်ဆေးပေးပါဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့အတွက်မို့ ပြည်ပက International Issue တစ်ခုလို လုပ်ပြီးတော့မှ ဒီမှာလာပြီး စစ်မယ် ပြုမယ်ဆိုရင် အမှန်တော့ မလိုအပ်ပါဘူး။ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်ပြည်တွင်းရေးကိစ္စလည်း ဖြစ်တယ်။ လုပ်သင့် လုပ်ထိုက်တာတွေလည်း လုပ်နေတာဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ပြည်ပက အဖွဲ့တွေဖွဲ့ပြီးတော့ ဒီလိုစစ်မယ်ပြုမယ်ဆိုတာကတော့ ဒါတော့ ကျွန်တော်တို့ မဖြစ်သင့်တဲ့ကိစ္စလို့ ထင်ပါတယ်။ မေး - စောစောက သမ္မတကြီး ပြောသလိုပဲ ဒါဟာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူးဆိုရင် ဒီဒေသထဲမှာ နေနေကျတဲ့ အသိုင်းအ၀ိုင်းနှစ်ခုမှာ တစ်ဖက်နဲ့ တစ်ဖက်ရေရှည်ဖြစ်နေခဲ့တဲ့ မုန်းတီးမှုဆိုတာကတော့ ကျွန်တော်တို့လည်း ငြင်းလို့မရတဲ့ကိစ္စပါ။ အဲလိုမုန်းတီးမှု ဒီထက်ပိုပြီးတော့ ပြန့်ပွားမလာအောင် သူတို့နှစ်ဖက်အတူ ယှဉ်တွဲပြီးနေနိုင်အောင် သမ္မတကြီးတို့အနေနဲ့ ဘယ်လိုစီမံချက်တွေ၊ ဘယ်လိုဖြေရှင်းမှုတွေ ရေရှည်လုပ်သွား ဖို့ ရှိပါသလဲ။ ဖြေ - ရေရှည် လုပ်သွားရမယ့်ကိစ္စပါ။ အခုအချိန်မှာတော့ Tension က နည်းနည်းလေး မြင့်နေတဲ့အတွက် Tension မြင့်နေတဲ့ အချိန်မှာ Cool down ဖြစ်အောင်ကလည်း ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားပါတီတွေလည်း ရှိပါတယ်။ ပါတီအကြီးအကဲတွေနဲ့လည်း ကျွန်တော်တို့ တွေ့ပါတယ်။ တွေ့ပြီးတော့ ဒီနေ့ ခုနကလို ကမ္ဘာကြီးက ကျဉ်းမြောင်းသွားပြီ။ ကမ္ဘာကြီးက ရွာလိုဖြစ်နေတဲ့အတွက် ကျွန်တော်တို့က သူ့လူမျိုး၊ ကိုယ့်လူမျိုး သူ့ဘာသာ၊ ကိုယ့်ဘာသာခွဲခြားလို့မရတော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ရဲ့အမြင်ကိုက လူသားဆိုတဲ့  အမြင်နဲ့ မြင်ရမယ်။ ဒီကနေ့ ကမ္ဘာမှာလည်း လူ့အခွင့်အရေးကို ရှေ့တန်းတင်ပြောကြားလာတယ်။ ဒါကြောင့်မို့ လူသားဆိုတဲ့ အမြင်နဲ့ မြင်ပါ။ လူ့အခွင့်အရေးကို မထိခိုက်အောင် လုပ်ဖို့လိုပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားတွေကို ကျွန်တော်တို့က စကား ၁၀ ခွန်း၊ ၁၅ ခွန်းပြောတာနဲ့ ခင်ဗျားတို့က စကားတစ်ခွန်းပြောတာ ပိုပြီးထိရောက်ပါတယ်။ အဲဒီတော့ ခင်ဗျားတို့က ဒါလေးကို ၀င်ပြီးတော့ သဘောထားတွေ၊ စိတ်ထားတွေ၊ ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာအောင် လုပ်ပေးပါဆိုပြီးတော့ ဒါက အချိန်ယူပြီးတော့ ပြောင်းရမယ့်သဘောရှိပါတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့ ငြင်းလို့မရအောင် တစ်ဖက်နဲ့ တစ်ဖက်ပြဿနာမရှိအောင် ဥပဒေနဲ့ ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဥပမာ ၁၉၈၂ ဥပဒေဆိုတာ ကျွန်တော်တို့မှာရှိပါတယ်။ ၁၉၈၂ ခုနှစ်ဥပဒေမှာလည်း ဒီမှာရှိနေတဲ့ နေထိုင်ကြတဲ့ သူတွေနဲ့ ပတ်သက်ပြီးတော့ အကာအကွယ်ပေးထားတာတွေ လည်း ရှိပါတယ်။ အကြမ်းဖျဉ်း ကျွန်တော် သိရသလောက်ဆိုရင် ၄၈ ခုနှစ်မတိုင်မီကဆိုရင် လယ်လုပ်ဖို့ပြုဖို့ ခေါ်လာကြတာပါပဲ။ ခေါ်လာရင်းနဲ့ မပြန်ဘဲနဲ့ ကျွန်တော်တို့ ဒီမှာသောင်တင်ပြီးတော့ နေနေကြတယ်။ အဲဒီတော့ ၁၉၄၈ ခုနှစ် မတိုင်မီကရောက်လာတဲ့ ဟိုဒင်းတွေကနေ မွေးဖွားတဲ့ Third Generation တွေပေါ့။ မြေးတို့ဘာတို့အဆင့်ရောက်လာတဲ့ အချိန်မှာ နိုင်ငံသားအဖြစ်နဲ့ ခုနကလို အသိအမှတ်ပြုပေးဖို့ဆိုတဲ့ ဒီဟာကလည်း ဥပဒေထဲမှာ ကျွန်တော်တို့ ပါပြီးသားဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်အသုံးချပြီးတော့ အနာဂတ် လူ့အဖွဲ့အစည်းမှာ သင့်သင့်တင့်တင့်ဖြစ်အောင်၊ နောက်တစ်ခုကလည်း လူသားတွေဆိုတဲ့ အမြင်မျိုးတွေ ရှိလာအောင် လူ့အခွင့်အရေးတွေကို ရှေ့တန်းကနေ ဦးစားပေးပြီး စဉ်းစားတတ်လာအောင် အချိန်ယူပြီးလုပ်သွားရမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာလည်း ဘာက အရေးကြီးသလဲဆိုရင် ပညာရေးက အရေးကြီးပါတယ်။ ဟိုဘက်ပိုင်းမှာတော့ ကျွန်တော်တို့ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ စာသင်ကျောင်းတို့ ဘာတို့ ထိထိရောက်ရောက်မရှိဘူး။ များသောအားဖြင့်တော့ ဘာသာရေးတွေနဲ့ ပတ်သက်ပြီး သင်တဲ့ကျောင်းတွေပဲရှိတယ်။ အဲဒီတော့ အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ထိထိရောက်ရောက်နဲ့ ခေတ်မီတဲ့ ပညာရေးစနစ်ကို ထူထောင်ပေးမယ်။ ပညာတတ်တယ်ဆိုရင် အတွေးအခေါ်ရှိလာမယ်။ မှားတယ်၊ မှန်တယ်ဆိုတာ သူတို့ စဉ်းစားဆုံးဖြတ်တတ်မယ်။ ဆိုတော့ ဟိုမှာတိုးလာတဲ့ လူထက် လက်ရှိလူကပေါက်ဖွားတဲ့နှုန်းကပိုပြီးတော့ များပါတယ်။ ကွင်းဆင်းပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ နောက်ထပ်ဝင်ရောက်လာတဲ့ သူက မရှိသလောက်နည်းပါတယ်။ ဟိုတုန်းရှိနေတဲ့သူက ပေါက်ဖွားမှု သိပ်များတယ်။ အိမ်ထောင်စုတစ်ခုဆိုရင် တချို့ဆိုရင် ၇၀၊ ၈၀ လောက်ရှိတယ်။ မေး - ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ကို ဆင်းရဲနေတဲ့ လူစုလူဝေးအတွက်ကို ဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့ဆိုတာ ရန်ပုံငွေလိုတာ အမှန်ပါပဲ။ ဆော်ဒီအာရေဗျနိုင်ငံကနေ ဒေါ်လာသန်း ၅၀ လှူမယ်ဆိုမယ့် နေရာမှာ နိုင်ငံတော်အစိုးရဆီ တစ်ဆင့် ဒီလိုဒေသတွင်းမှာ သွားပြီးတော့ ဖွံ့ဖြိုးမှုတွေ လုပ်ပေးဖို့ ဖြစ်လာရင်တော့ ကောင်းမှာပေါ့။ ဒါသမ္မတကြီးတို့လည်း ကျေနပ်စရာဖြစ်ပါလိမ့်မယ်။ အဲလိုမှမဟုတ်ဘဲ နိုင်ငံတကာမှာ လူ့အခွင့်အရေးအတွက်ဆိုပြီးတော့ အပြင်ဘက်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကို တစ်ဆင့် ထောက်ပံ့ပေးနေတဲ့ အနေအထားမျိုး ရောက်သွားမှာကော သမ္မတကြီးတို့အနေနဲ့ မစိုးရိမ်မိဘူးလား။ ဖြေ - စိုးရိမ်ပါတယ်။ သူတို့ကို ချဉ်းကပ်ပြီးတော့ လာသမျှကို ပြောနေတာပါ။ ခင်ဗျားတို့ ကူညီမယ်ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ ကူညီပါ။ လက်တွေ့ဒုက္ခခံစားနေရတဲ့ သူတွေကို ထိထိရောက်ရောက်နဲ့ ကူညီပေးဖို့လိုတယ်။ ထိထိရောက်ရောက်နဲ့ ဒီလူတွေလက်ထဲကို ရောက်အောင်လုပ်ပေးမယ်ဆိုပြီး ကျွန်တော်တို့ကလည်း တွေ့တိုင်းပြောပါတယ်။ မသက်ဆိုင်တဲ့ သူတွေဆီကို ရောက်သွားမှာလည်း စိုးရိမ်ပါတယ်။ မေး - ဒေသတွင်းက အခြေအနေနဲ့ပတ်သက်လို့ ပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနောက် ပြင်ပမီဒီယာတွေရဲ့ တင်ပြမှုတွေမှာ တော်တော်များများ ကွဲလွဲမှုတွေရှိနေတယ်။ ပြည်တွင်းမီဒီယာတွေက အမျိုးသားရေး စိတ်ဓာတ် အခြေအနေကို အကြောင်းပြုပြီးတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ဖော်ပြတာရှိတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးတမ်းအစဉ်အလာ အတိုင်းပဲ လူ့အခွင့်အရေးကို အခြေပြုပြီးတော့ ဖော်ပြကြတယ်ဆိုတော့ နောက်ဆုံးမှာ ပြည်ပမီဒီယာတွေကို တောင်မှပဲ တစ်ဖက်ကနေပြီးတော့ ဒါဟာ ကျူးကျော်လာတဲ့ သူတွေကို မြှောက်ပေးတယ်ဆိုတဲ့ ပုံစံမျိုးစွပ်စွဲခံရတာတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ပြီးတော့ သမ္မတကြီးအနေနဲ့ ပြင်ပမီဒီယာတွေရဲ့ ပြောကြားမှုကို တစ်စုံတစ်ရာများ စိတ်အနှောက်အယှက် ဖြစ်ရတာ တွေရှိသလား။ ဖြေ - ကျွန်တော်တို့က စိုးရိမ်ရပါတယ်။ ဒီကိစ္စတွေနဲ့ ဆက်နွှယ်ပြီးတော့မှ အကြမ်းဖက်မှုတွေဘာတွေ ဒီလောက်အထိ ကိုယ့်နိုင်ငံအပေါ်မှာ ကူးစက်လာမှာတို့ ဘာတို့ အတော်လေးစိုးရိမ်မိပါတယ်။ တချို့သတင်းတွေကလည်း လုပ်ကြံဖန်တီးပြီးတော့မှ တစ်ဖက်က မွတ်စလင်ဘာသာ ကိုးကွယ်တဲ့ သူတွေကို နှိုးဆွပေးတဲ့ အင်တာနက်သတင်းတွေလည်း ကျွန်တော်တို့အများကြီး တွေ့ရပါတယ်။ ဒီအတွက်လည်း အတော်လေးစိတ်တို ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ပြည်ပမှာနေတဲ့ သံရုံးတွေ၊ ဥပမာ အီဂျစ်မှာရှိတဲ့ သံရုံးဆိုလို့ရှိရင် ဆန္ဒပြတာတွေဘာတွေ လုပ်ပါတယ်။ သာမန်ဆန္ဒပြတာ ကတော့ လူ့အခွင့်အရေးပါပဲ။ ပြဿနာမရှိပါဘူး။ သို့သော်လည်း သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေ ဘာတွေဖြုတ်ချ၊ ဒါတွေမျိုးတွေအထိ ဖြစ်တဲ့အတွက် အဲဒီမှာရှိနေတဲ့ မိသားစုတွေ သံရုံးဝန်ထမ်းတွေအတွက် ဒီလို စိုးရိမ်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာပါတယ်။ အင်ဒိုနီးရှားမှာလည်း အလားတူပါပဲ။ ဒီကိစ္စတွေ မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး အကြီးအကဲတွေဆီ ကျွန်တော် ကိုယ်တိုင်စာရေးပါတယ်။ ကုလသမဂ္ဂ မစ္စတာဘန်ကီမွန်ဆီလည်း ကျွန်တော်ရေးပါတယ်။ ဖြစ်စဉ်က ဒီလို ဒီလိုဖြစ်တာပါ။ ဒါတွေက လူမျိုးရေး၊ ဘာသာရေး ပြဿနာမဟုတ်ပါဘူး။ တစ်ပြည်လုံးမှာ ဖြစ်နေတာမဟုတ်ပါဘူး။ နေရာလေး တစ်နေရာမှာပဲ ကွက်ကွက်ဖြစ်တဲ့ ကိစ္စပဲဖြစ်တယ်။ အင်ဒိုနီးရှားသမ္မတတို့ ဘာတို့ဆိုရင်လည်း ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တဲ့အတွက် ရေးပါတယ်။ မလေးရှားက ၀န်ကြီးချုပ်ဆိုရင်လည်း ဒီအတိုင်းပဲ ကျွန်တော်တို့ဆီ အလည်အပတ်လာတာ သိပ်မကြာသေးပါဘူး။ ဒီပြဿနာတွေကို ကြီးထွားပြီး မလာစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့ ခုနကလို လူမျိုးရေး စိတ်ဓာတ်နဲ့ ပြည်တွင်း မီဒီယာတွေက အတော်လေးရေးပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ ပြည်တွင်းမီဒီယာတွေဟာ သူတို့သိလာပါတယ်။ ဒါတွေက ခုနကလို လူသားအမြင်နဲ့ မြင်ရမယ်။ လူ့အခွင့်အရေးကို ထိခိုက်လို့မရဘူးဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ်။ ဒီလို အမြင်ပြောင်းတဲ့ တစ်ချိန်တည်းမှာပဲ ပြည်ပက အမြင်တွေကတော့ ကျွန်တော်တို့နဲ့ ပြောင်းပြန်ဖြစ်လာတယ်။ ကိုယ့်နိုင်ငံအတွက်တော့ ကျွန်တော်တို့က စိုးရိမ်မိတာပေါ့။ ဒါမျိုးတွေမဖြစ်အောင် ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ပြတယ်။ OIC က အတွင်းရေးမှူးလည်း ကျွန်တော်တို့ ဖိတ်ထားပါတယ်။ လာပါ ခင်ဗျားတို့လာပြီးတော့ ကြည့်ပါ။ ကျွန်တော်တို့ ရှင်းပြပါမယ်။ On Ground လည်း လိုက်ပြပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါမျိုးတွေ ဖြစ်မှာစိုးလို့ပါ။ စိုးရိမ်မှုတော့ ကျွန်တော်တို့ စိတ်ထဲမှာရှိပါတယ်။ |
Comments
နိုင်ငံအကြီးအကဲဆိုတာကျိုးကြောင်းဆင်ခြင်ပြီးအခုလိုကိုင်တွယ်နိုင်ရပါမယ်။
သမ္မတကြီးပြောသလို ဇာစ်မြစ်ကိုဖေါ်ထုတ်ပြီး ခိုးဝင်သူများကိုပြင်းပြင်းထန်ထန်သတိပေးပြီးမောင်းထုတ်ပါ။
ဥပဒေအရလက်ခံသင့်သူကိုသာဥပဒေအရလက်ခံပါ။ သမ္မတကြီးရဲ့ရဲရင့်မှုနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ဟာသမ္မတကြီးကိုသမိုင်းဝင်စေမှာပါ။ နိုင်ငံတကာအလယ်မှာ ကျွန်တော်တို့နိုင်ငံတင့်တယ်မှာပါ။ ဝေဖန်သူများရဲ့ဦးနှောက်နဲ့သမ္မတကြီးရဲ့ဦးနှောက်မည်သို့မျှမနှိုင်းယှဉ်နိုင်ပါ။ ဝေဖန်သူတွေရဲ့အသိကLimitationတွေရှိနေတယ်။ သမ္မတကြီးကအခြေအနေအရပ်ရပ်ကိုသိပါတယ်။ သမ္မတကြီးကိုယုံကြည်ပါတယ်။
ဘင်္ဂလားဒေရှ်က ဘင်္ဂလီမူဆလင်တွေကို ပညာသင်ပေးပြီး မြန်မာသမီးပျိုတွေနဲ့ပါပေးစားလိုက်အုန်းမယ်ပေါ့
ဒီလောက် ဗုဒ္ဓဘာသာရခိုင်တွေကို အငြိုးတကြီးနဲ့လည်လှီးသတ်၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို မီးရှို့ပြီး မြန်မာပြည်ကို
ဘာလုပ်ဖို့ ကြံနေတဲ့ မူဆလင် တွေကိုသန်းနဲ့ချီပြီး မြန်မာပြည် အနှံ့အပြားကို ပို့လိုက်ပြီရင်တော့ စဉ်းစားကြည့်ပေါဗျာ။
ကိုယ့်မြန်မာတိုင်းရင်းသားတွေကို တောင် ပညာသင်မပေးနိုင်သေးတာ၊ ထမင်းဝအောင် မကျွေးနိုင်သေးတာ
ဘင်္ဂလားဒေရှ်က ဘင်္ဂလီမူဆလင်တွေကို ပညာသင်ပေးပြီး ကိုယ့်သမီးနဲ့တောင် ပေးစားလိုက်အုန်းမယ်ဆိုတော့
ကြည့်တော့ လုပ်ကြပေါ့ဗျာ။ ဒါမျိုးဟာ အင်္ဂလိပ်ဆီက လွတ်လပ်ရေးပြန်တိုက်ယူသလို မျိုး ပြန်တိုက်ယူလို့ရတဲ့ဟာမျိုးတော့ မဟုတ်ဘူးဗျ။
လူမျိုးရေးဘာသာရေး ၀ါးမျိုလာရင် ပြန်ပြီးတိုက်ယူလို့ မရတော့ဘူး။ တစ်ခါတည်း အပျောက်ပဲ၊ မလေး၊ အင်ဒိုကို နမူနာယူပေါ့
လောလောဆယ်တစ်ခဏတာ ပြသနာပြေလည်မှာကို မကြည့်ပါနဲ့ ။ ရေရှည်ကို ကြည့်ပါ။
သူတို့ တတွေအားလုံးကလည်း မြန်မာနိုင်ငံအပေါ် ရေရှည်စီမံကိန်းနဲ့ တွက်ပြီး လုပ်နေကြတာပဲ။
အကုန်လုံးကို တိုင်းပြည်ကတော့ မောင်းထုတ်လို့မရဘူး...
နိုင်ငံသားပေးသင့်တဲ့သူပေးရမယ်... အဲဒီသူတွေက အရိုင်းအစိုင်းဖြစ်နေရင်လည်း ယဉ်ပါးအောင်လုပ်ရမယ်...
ထိုက်သင့်တဲ့ပညာ အတွေးအခေါ်လေး ရှိအောင်တော့.. သင်ပေးရမလိမ့်မယ်
ခိုးဝင်တဲ့သူတွေ ဖော်ထုတ် အရေးယူရမယ်...
နောက်ပြီးအရေးအကြီးဆုံးက presentation လှမှ ဖြစ်မယ်..
ကျွန်တော်တော့ အဲလိုပဲ ယူဆတယ်... ထောက်ခံပါတယ်..
ဒီဘင်င်္ဂါလီတွေကို စာသင်ပေးတော့ရော ဘာထူးမှာလည်း ဒီကောင်တွေကို လက်ခံထားတာ မြန်မာနိုင်ငံမြေကြီးလေးတယ် ကုလားမနိုင် ရခိုင်မဲလို့တော့မရဘူးလေ ပြည်ပမီဒီယာ တွေမှ မေးတတ် ရေးတတ်တာမဟုတ်ပါဘူး ပြည်တွင်းမီဒီယာတွေလည်း မေးတတ် ရေးတတ်ပါတယ်။
ပြည်တွင်းမီဒီယာတွေကသာ ဦးသိန်းစိန်ကို တိုက်ရိုက်မေးမြန်းခွင့်ရရင် ပိုကောင်းပါလိမ့်မယ် ဒါမှပိုပြီးပွင့်လင်းမြင်သာပါလိမ့်မယ်.....
စကားကို နှစ်မျိုး မပြောပါနဲ့ ၊
ရိုဟင်ဂျာ သည် ( လူဖေါက်လို့ပဲများလာလာ၊ ကျူးကျော်လို့ပဲများလာလာ၊ ) မြန်မာတိုင်းရင်းသားမျိုးနွယ် လုံးဝမဟုတ်ပါ။
မြွေပွေးကို မြွေပွေးလို့ မမြင် ပဲ သနားစရာအကောင်လေးဆိုတဲ့ အမြင်နဲ့ မြင်ကြည့်ရင် ဘာဖြစ်သွားမလဲ။
ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသားမျိုးနွယ်လုံးဝမဟုတ်။
( 3rd generation မကလို့ 300th Generation ဖြစ်ဖြစ် ) လုံးဝ လက်မခံနိုင်ဘူး။
ရှင်းပြချင်ရင် BBC, CNN, VOA , FOX, NHK, Al_Jazeera, CCTV, စတဲ့ သတင်းဌာနတွေ အားလုံးကို ဖိတ်ပြီး နိုင်ငံခြားသားသတင်းထောက်တွေ ရှေ့မှာ ပီပီပြင်ပြင် ရှင်းပြပါ။
VOA က ဘာသောက်ဆင့်မှ မရှိတဲ့ သန်းလွင်ထွန်းလို ကောင်မျိုးကို ဘာမှ တူတူတန်တန် သောက်ဖက်လုပ်ပြီး ရှင်းပြရအောင် ဒီကောင် က VOA ရဲ့ CEO မို့လို့လား။
သန်းလွင်ထွန်းဆိုတဲ့ သူတောင်းစားက ဘင်္ဂလီထွန်းခင်၊ ၀ါကာအူးင်းတို့ကို မြန်မာတိုင်းရင်းသားရိုဟင်ဂျာ လူမျိုးဆိုပြီး သောက်ရှက်မရှိ စင်မြင့်ပေါ် ပွဲထုတ်ပေးတဲ့ ရိုဟင်ဂျာလုပ်စားပွဲစား။
ပြည်ပရိုဟင်ဂျာမီဒီယာခွေးတွေကို ဘာမှ လက်ခံတွေ့ စရာမလိုပါဘူး
ပြည်ပ က Exile တွေက ရိုဟင်ဂျာဘက်ကရေးနေချိန် မှာ ပြည်တွင်းမီဒီယာတွေ က မြန်မာဘက်ကရေးပြန်တော့ လည်း တိုင်းပြည်ဆူပူစေတယ်ဆိုပြီး တရားစွဲပြန်တော့ တရားနည်းလမ်း မကျဘူး။
မြန်မာအစိုးရပိုင်းက ကိုယ့်တပ်ကို ပြန်မနင်းသင့်ပါဘူး။
ကိုယ်တပ်ကို ကိုယ်ပြန်နင်းရင် တစ်မျိုးသားလုံးသေကုန်မယ်
ရိုဟင်ဂျာကို ခြံခတ်ပေးထားပြီး ခဏ ကျွေးမွေးထားပေးမယ်။ လာခေါ်မဲ့ နိုင်ငံတွေရှိရင် အကုန်ထည့်ပေးလိုက်မယ်။
ရိုဟင်ဂျာ သည် ( လူဖေါက်လို့ပဲများလာလာ၊ ကျူးကျော်လို့ပဲများလာလာ၊ ) မြန်မာတိုင်းရင်းသားမျိုးနွယ် လုံးဝမဟုတ်ပါ။
( 3rd generation မကလို့ 300th Generation ဖြစ်ဖြစ် ) လုံးဝ လက်မခံနိုင်ပါ။
SHAME ON YOU, Than Lwin Tun.
You (VOA/RFA) are partly responsible for the escalation of hatred to Buddhist by Muslims now around the world. Go back and check your news starting the violence and check if you really cover only for Human Rights or cover for Rohingya.
This is just a small part of info from your news covering info from Maung Kyaw Nu of the Burmese Rohingya Association of Thailand.
"Today, I am coming here to express, to hand over the letter to Mr. Ban Ki-moon, secretary general of the United Nations," said Maung Kyaw Nu. "I would like his intervention, U.N. intervention to save my people who are killed. Genocide is there. I'm coming here to ask his help, intervention as well as the global civil society's help."
Now you go and ask Patrick Ventrell who is part of your Govt responsible spokeman whether that Genocide in Myanmar of those Rohingya?? You people put those kind of one-sided stories/propagandas from Rohingya on your news and spread the world. What are you people going to say about that??? FUCK YOU Than Lwin Tun and SHAME ON YOU people you were born in Myanmar but the beggers by promoting false news on your medias. Don't be so proude that our Govt had to see you... Our poor Govt had to see you just to clean up those messes of info you guys made which in turn made the muslims hate Buddhist all around the world now. SO, again, FUCK YOU.
VOA အစီအစဉ်မှူးကြီးက မြန်မာပြည်ကို တကူးတကလာပြီး ...
မြန်မာပြည်အတွက် ဘာတွေများ လာဆွေးနွေးမလဲလို့ ဖတ်လိုက်တာ .....
လက်စသပ်တော့ .. ဒင်းက ဘင်ဂလီတွေအတွက် အင်တာဗျူးလာလုပ်တာပါလား ....
အပြန်ကျရင်တော့ မွတ်စလင်တိုင်းပြည်တွေက ဒေါ်လာတွေ ဘယ်လောက်တောင်ရမလဲမသိဘူး ...
(နိုင်ငံတော် သမ္မတဦးသိန်းစိန် မှ ယနေ့ ပြောကြား)
http://www.president-office.gov.mm/briefing-room/daily-news/news1215
ပညာတတ်လွန်နေလို့ တောင်မှ..နိုင်ငံသားအဖြစ်ထက်တောင်မှ လွန်ပြီး တိုင်းရင်းသားအဖြစ်တောင်းနေတာ ပါ၊၊
win-win ပေါ့ကွာ၊ တိုင်းရင်းသားလောက်တော့မပေးဘဲ နိုင်ငံသားတော့ ပေးမယ်တွေ ဘာတွေ မလုပ်နေပါနဲ့ တော့  ။
ချစ်လှစွာသော နိုင်ငံတော်သမ္မတကြီခင်ဗျား ...
သူ့ ကျွန်ဘ၀ကို အတူတူရောက်ကြရ ၊အတူတူတွန်းလှန်ခဲ့ကြရတဲ့ ကိုယ့်တိုင်း၇င်းသားစစ်စစ် ဆွေမျိုးသွေးသား အရင်းအချာတွေကို မီလောင်တိုက်သွင်းသူ တိုင်တပါးသား ဘင်ဂါလီ တွေကို သူတို့ မိခင်နိုင်ငံအစစ် bangladesh သို့ မဟုတ် မွေးသမိခင်အလား ချစ်ခင်သနားနေသော သူတို့ ဆွေတော်မျိုးတော် နိုင်ငံများ ကို ဖြစ်ဖြစ် အမြန်ပို့ ပစ်သင့်ပါ ပြီ ခင်ဗျား ။။
အဲဒါက ပြည်တွင်းမီဒီယာတွေကလူသားအမြင်နဲ့ မြင်ပေးရမယ်ဆိုရင် မြင်ပေးလို့ ရပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာ ကိုတော့လာမထိနဲ့  အမျိုးသားရေးစိတ်ဓာတ်ပဲရှိတယ်။
ဦးသိန်းစိန်ကဘာကိုရည်ညွန်းချင်တာလဲ။
ဥပဒေအရမှန်ကန်တယ်ဆိုရင်တောင် မြန်မာပြည်သူတရပ်လုံးကန့် ကွက်သင့်တယ်။
မဟုတ်ရင်ဘူးသီးတောင်၊မောင်တောက မွတ်ဆလင်တိုင်းပြည်တစ်ပြည်ဖြစ်သွားနိုင်တယ်။
ဘင်္ဂါလီတွေကိုနိုင်ငံသားဖြစ်အသိအမှတ်ပြုတဲ့မည်သူကိုမဆိုဆန့် ကျင်ကန့် ကွက်ပါသည်။
ငါတို့ မြန်မာတိုင်းရင်းသားစစ်စစ်တွေ ဟာ အဲဒိ BENGALI တွေကို မြန်မာနိုင်ငံသားတိုင်ရင်းသားအဖြစ် ပေးဖို့  လက်မခံ နိုင်ပါဘူး ၊ ဆက်ထားနေရင် တစ်နေ့  ဒီလိုအဖြစ်မျိုးထက် မကတဲ့ အဖြစ်မျိုးတွေ ကြုံလာမှာ အသေအချာ မို့  ..နေရင်းအရပ်ကို ပြန်ပို့  ရပါမယ် သို့ မဟုတ် .လူသားချင်းစာနာတတ်သူများ နိုင်ငံတွေကို ပို့ ရပါမယ် ...၊၊
တကယ်လို့  ဘယ်သူကမှ လက်မခံနိုင်ဘဲ တို့ နိုင်ငံမှာပဲပေးနေရမယ် ဆိုရင် ...အဲဒိ နိုင်ငံတွေ နဲ့  လူတွေကသာ လူအခွင့်အရေးချိုးဖောက်သူများ သာ ဖြစ်ပါကြောင်း ၊၊
တကယ်က ပြည်တွင်းမီဒီယာတွေက အဖြစ်မှန်ကို ဘက်မလိုက်ပဲ သာစေနာစေ မရှိ ၊ ဘယ်သူ့ အခွင့်အရေးမှ မချိုးဖောက်ပဲ ရေး နေတာသာ ဖြစ်ပြီး .......
မင်းတို့  ပြည်ပမီဒီယာတွေကတော့ ထုံးတမ်းအစဉ်အလာ အတိုင်းပဲ လူ့အခွင့်အရေး လိုလို ဘာလိုလိုနဲ့ ..
နိုင်ငံတကာ က မူစလင်ဘာသာဝင်တွေကို စိတ်ဆွပေးနေတဲ့
အရေးအသားတွေ ရေးနေတာသာ ဖြစ်ပြီး ၊ အမှန်ကိုမရေး ဘက်လိုက်ရေးနေတာသာ ဖြစ်တယ်၊၊
ဘယ်သူ က ရန်မီးမွှေး အရေးအသားတွေ ရေးနေသလဲ၊
ရှင်းပါတယ် ၊၊
ဘယ် ပြည်တွင်းမီဒီယာကမှ ရန်မီမွှေး အရေးအသားမျိုးတောင် မရေးနေကြဘူး နော် ၊အရှင်းကြီးပါ ၊၊
.ငါတို့  တိုင်းရင်းသားအချင်းချင်းပဲ ယှဉ်တွဲပြီးနေမယ် ၊ ဘင်ဂါလီ တွေနဲ့ တော့ မနေချင်ဘူး ၊၊
ရေလာမြောင်းပေးတွေ လာမေးမနေနဲ့  ။