Friday, August 17, 2012

ပုဗ္ဗသီရိမြို့နယ်တွင် မီတာဘီလ် အချိန်မီရောက်ရှိရန် လိုအပ်လျက်ရှိ


ပုဗ္ဗသီရိမြို့နယ်တွင် မီတာဘီလ် အချိန်မီရောက်ရှိရန် လိုအပ်လျက်ရှိ 

စုလှိုင်ထွန်း
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ်၊ ဇ၀နဒီပရပ်ကွက်၌ မီတာသုံးစွဲခ ကောက်ခံလွှာများမှာ ဘီလ်ဆောင်ရမည့်ရက်မှသာ လာရောက်ပေးသည့်အတွက် အချိန်မီပေးဆောင်ရန် အခက်အခဲများရှိနေသဖြင့် အချိန်မီရောက်ရှိရန် လိုအပ်လျက်ရှိကြောင်းရပ်ကွက် နေ သူများက ပြောသည်။
"မီတာဘီလ်မရောက်တာ သုံးလ လောက်ရှိနေပြီ။ အရင်လို ၂၅ ရက် နောက်ဆုံးထင်နေတာ၊ ဘီလ်ဆောင်ရ တဲ့ရုံးနေရာပြောင်းသွား တော့ ၂၁ ရက် နေ့နောက်ဆုံးဖြစ်သွားတယ်။ ဒါလည်း ကိုယ်မသိဘူး။ ဘီလ်မရောက်လို့သွား မှ သိရတာ။ သူတို့ဘက်က ပျက်ကွက်မှု အတွက် တာဝန်ယူတာမရှိဘူး။ကိုယ်တွေ ပျက်ကွက်မှုအတွက်တော့ ဒဏ်ကြေး ၂,၀၀၀ ပေးလိုက်ရတယ်"ဟု ဘီလ် မရောက်ရှိသည့် ဇ၀နဒီပရပ်ကွက်ရှိ အိမ်ပိုင်ရှင်တစ်ဦးက ပြောသည်။
ယခင်သုံးလခန့်က ပုဗ္ဗသီရိမြို့နယ်ရှိ မီတာဘေလ်ဆောင်မည့်သူများသည် ဥတ္တရသီရိမြို့နယ်၊ ချင်းရွာတွင် သွားရောက်ပေးဆောင်ရ သော်လည်း ယခု အခါ ပုဗ္ဗသီရိမြို့နယ်၊ မြို့မဈေးအနီးရှိ မီတာရုံး၌ ပြောင်းလဲပေးဆောင်နိုင်ပြီ ဖြစ်သည်။
"ကိုယ့်ရပ်ကွက်က ဘီလ်တော့ ရောက်ပါတယ်။ ရက်နီးပြီးမှ လာပေးလို့သာ ဒုက္ခရောက်ရတာ။ ၀န်ထမ်းအိမ်တွေများတယ်။ အရင်က ပေးသလို ဘီလ်စာရွက် က တစ်ပတ်လောက်ကြိုပေးသင့်တယ်"ဟု ၀ဏ္ဏဒီပရပ်ကွက်သူ မတာက ပြော သည်။
ပုဗ္ဗသီရိမြို့နယ်တွင်းရှိ ရပ်ကွက်တချို့ ၌ လျှပ်စစ်ရုံးများက သတ်မှတ်ထား သည့် မီတာဘီလ်စာရွက်များ မဟုတ်ဘဲ လက်ရေးမူဖြင့် ရေးသားထားသည့် စာရွက်များဖြင့်သာ ထုတ်ပေးသုံးစွဲနေရ ကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။