Sunday, November 11, 2012

ရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး လာရောက်ဖွယ်ရှိ


ရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး လာရောက်ဖွယ်ရှိ 

ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဆောက်လုပ်ဆဲ ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခ
The Voice Weekly, 11 November 2012   —-   ရန်ကုန်၊ နိုဝင်ဘာ ၁၁
ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဧရာဝတီ မြစ်ကူး တံတားရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လာရောက်ဖွယ်ရှိကြောင်း ယင်းတံတား စီမံကိန်း ဆောက်လုပ်ရေးအင်ဂျင်နီယာ တစ်ဦး က The Voice Weekly သို့ ပြောကြားသည်။
အင်အား ၆ ဒသမ ၈ ပြင်းအားရှိသော ငလျင်ကြောင့် ရတနာသိင်္ခတံတား၏ ရေလယ်မိုင် တိုင် ၂ နှင့် ၃ (ကျောက်မြောင်းမြို့ဘက် အခြမ်း)မှာ ပြိုကျသွားခဲ့ပြီး ပစ္စည်းသယ်ယူသော ရေယာဉ်မှာ လည်း နစ်မြုပ်သွား ကာ လုပ်သား လေးဦး ပါဝင်ကြောင်း The Voicce Weekly သတင်းထောက်က သတင်းပေးပို့သည်။ ရတနာသိင်္ခ တံတားအနီးရှိ (စဥ့်ကူးဘက်ခြမ်း) စေတီတော် တစ်ဆူမှာလည်း ပြိုကျ ပျက်စီးနေသည် ဟု ၄င်းက ဆက်လက် သတင်းပေးပို့သည်။
ငလျင်ထပ်လှုပ်သဖြင့် ဒုတိယ သမ္မတလှည့်ပြန် .
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ရတနာသိင်္ခ တံတားစီမံကိန်း သို့ နိုင်ငံတော် ဒုတိယ သမ္မတ လာရောက်နေစဉ် ငလျင် ထပ်မံလှုပ်ခတ် သဖြင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန်သွားခဲ့ကြောင်း ယင်း စီမံကိန်း သို့ ရောက်ရှိနေသည့် မျက်မြင်သက်သေများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။