Sunday, November 11, 2012

ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့



ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့  
PDF Print
Sunday, 11 November 2012 11:48
AddThis Social Bookmark Button

ကျောက်မြောင်းမြို့နယ်ခွဲရှိ ရတနာသိင်္ဃတံတား ပြိုကျ ပျက်စီးနေသည်ကို တွေ့ရစဉ်

thn-11-11-12-12ရွှေဘိုမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး(၆ .၈)ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့(၁၁-၁၁-၂၀၁၂)နံနက် (၇း၄၂)မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားချက်အရ သိရသည်။ အဆိုပါ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ပြီး ဒေသအချို့တွင် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

'ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက် မိုင်(၃၀)၀န်းကျင်လောက်ကို ဗဟိုပြုတယ်လို့သိရပါတယ်။ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့အကြား ပတ်ဝန်းကျင်ကို လေ့လာကြည့်တဲ့အခါ ၁၉၅၆မှာ စစ်ကိုင်းငလျင်က အင်အား(၇)ရှိတယ်။ ၁၉၉၁ တကောင်းမှာလည်း အင်အား(၇)ငလျင် ထပ်လှုပ်တယ်။ အဲဒီ ငလျင်တွေနောက်ပိုင်း ဒီငလျင်က အင်အားအပြင်းဆုံးလို့ပြောလို့ရတယ်။ အင်အားအသင့်တင့် ငလျင်တွေ လှုပ်ခတ်ခဲ့တာရှိပေမယ့် ၁၉၉၁ခုနှစ်နောက်ပိုင်းမှာ ဒီငလျင်က အမြင့်ဆုံး ပမာဏဖြစ်နိုင်တယ်။ စစ်ကိုင်းပြတ်ရွေ့မှာ အပိုင်းလိုက်ငလျင်ကြီးတွေ လှုပ်သွားတာရှိတယ်။ အခုလှုပ်ခတ်မှုက ရှေ့ပြေး လှုပ်ခတ်မှုလို့ပြောလို့ရတယ်။ သမိုင်းအထောက်အထားအရတော့ ကြီးမားတဲ့ ငလျင်တွေမလာခင် ဒီလိုငလျင်မျိုးတွေ လှုပ်တတ်တဲ့အတွက် သတိပြုဖို့ တော့လိုတယ်'ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားခဲ့သည်။
လတ်တလောရရှိသောသတင်းများအရ ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပွားမှုသည် ရွှေဘိုဝန်းကျင်တွင် ပိုမိုများပြားကြောင်း သိရှိရပါသည်။ ငလျင်ကြောင့် ရွှေဘိုမြို့၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတား(ဧရာဝတီမြစ်ကူးတံတား)ပြိုကျခဲ့ရာ အလုပ်သမား(၄)ဦး သေဆုံးပြီး (၂၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Eleven Media Group ရွှေဘိုသတင်းထောက်၏ သတင်းပေးပို့မှုအရ သိရှိရပါသည်။ ထို့အပြင် ကျောက်မြောင်းမြို့နယ်ခွဲရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး (၂)ဦးသေဆုံးကာ နွယ်ငြိမ်းမြို့နယ်ရှိ အိုးဖုတ်ဖိုအချို့လည်း ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ရွှေဘိုမြို့ရှိ ရွှေချက်သိုဘုရားမှ ကြာမောက်ကြာလန်များ ငလျင်ဒဏ်ကြောင့် ကွာကျခဲ့သည်။
ယခုလှုပ်ခတ်ခဲ့သောငလျင်ကြောင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် တောင်ပြင်ထီးလင်းတိုက် မြတ်ညီနောင်တိုက်ဦးစေတီမှ စိန်ဖူးတော် မြေခခဲ့ကြောင်း သိရှိရပါသည်။ မဟာမုနိဘုရားကြီးရှိ နာရီစင်ထီးတော်တိမ်းစောင်းသွားခဲ့ပြီး ရှင်မာလဲဘုရားဓမ္မာရုံရှိ အင်္ဂတေပန်းချပ်အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။ 'မီးချောင်းတွေ၊ ပန်ကာတွေ၊ ဗီဒိုတွေလှုပ်ခဲ့တယ်။ မတ်တပ်ရပ်တဲ့အခါမှာ ရပ်လို့မရအောင်လှုပ်တာကို ခံစားရတယ်။ မြို့ထဲမှာရှိတဲ့ အတော်များများကတော့ အိမ်အပြင်ပြေးထွက်ကြတယ်။ အခုတော့ နောက်ဆက်တွဲလှုပ်မယ်ဆိုပြီး ပြောနေလို့ စိုးရိမ်နေရတယ်'ဟု မန္တလေး မြို့ခံတစ်ဦးက ပြောပြပါသည်။

thn-11-11-12-11
ကျောက်မြောင်းမြို့နယ်ခွဲရှိ ရတနာသိင်္ဃတံတား ပြိုကျ ပျက်စီးနေသည်ကို တွေ့ရစဉ်
စစ်ကိုင်းမြို့တွင်လည်း ငလျင်ကြောင့် အိမ်နံရံကွဲအက်မှု၊ အုတ်အချပ်လိုက် ကွာကျမှုအချို့ဖြစ်ပေါ်ခဲ့ပြီး ဆင်များရှင်ဘုရား စိန်ဖူးတော်နှင့် အရန်စိန်ဖူးတော်(၄)လုံး မြေခခဲ့ကြောင်း သိရသည်။ 'ဒီမနက်ငလျင်ကြောင့် ဆင်များရှင်ဘုရားမှာရှိတဲ့ (၈)လက်မအရွယ် စိန်ဖူးတော်နဲ့ (၃)လက်မအရွယ် အရန်စိန်ဖူးတော်တွေ မြေခခဲ့ပါတယ်'ဟု ဆင်များရှင်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
မိတ္ထီလာမြို့တွင် စက္ကန့်အနည်းငယ်ကြာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများမရှိကြောင်း သိရသည်။ 'ကျွန်တော်တို့ မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း၊ သာစည် (၄)မြို့နယ်လုံးမှာ ငလျင်လှုပ်ပါတယ်။ သိသာရုံပါပဲ။ အခုထိ ထိခိုက်သေဆုံးမှုမရှိပါဘူး။ မြို့နယ်စခန်းအားလုံးကိုမေးပြီးပါ ပြီ'ဟု မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောပြပါသည်။ 'မနက်က ငလျင်လှုပ်တာကိုသိလိုက်တယ်။ အိမ်ကမှန်တွေ မီးချောင်းတွေ ရမ်းနေတယ်။ စက္ကန့်ပိုင်းလောက်ပါပဲ'ဟု မိတ္ထီလာမြို့မှ မသီသီအောင်ကပြောပါသည်။
ထပ်မံသိရှိရသော သတင်းများအရ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများသော စဥ့်ကူးမြို့သို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနနှင့် မန္တလေးမြို့ရှိ လူမှုရေးအသင်းအဖွဲ့အချို့မှ သွားရောက်ကူညီမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ယနေ့လှုပ်ခတ်ခဲ့သော ငလျင်သည် ၂၀၁၂ခုနှစ်အတွင်း (၁၄)ကြိမ်မြောက်လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး အင်အား(၅ အထက်) ငလျင်(၃)ကြိမ် လှုပ်ခတ်ထားကာ ၂၀၁၂ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့က ဟားခါးမြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့်အကွာတွင် အင်အားရစ်ခ်ျတာစကေး (၅ .၈) ဖြင့် လှုပ်ခတ်ထားသည်။
အသေးစိတ်အချက်အလက်များ သိရှိရပါက ဆက်လက်ဖော်ပြပေးသွားပါမည်။

thn-11-11-12-13
thn-11-11-12-14
ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲမှ ငလျင်ဒဏ်သင့်ဖြစ်စဉ်နှင့် ဆက်စပ်သည့်အပျက်အစီးဓါတ်ပုံများ


thn-11-11-12-15
ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရသူတစ်ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေစဉ်

မန္တလေး ငလျင် ဓါတ်ပုံများ
thn-11-11-12-7
thn-11-11-12-8
thn-11-11-12-9
thn-11-11-12-10


thn-11-11-12-16
ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲမှ ငလျင်ဒဏ်သင့်ဖြစ်စဉ်နှင့် ဆက်စပ်သည့်ဓါတ်ပုံများ

Update : 12:00 PM

ရွှေဘိုငလျင် ပျက်စီးမှု နောက်ဆက်တွဲ အချက်အလက်များ 


နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ အချိန်ခန့်တွင် ရွှေဘို အရှေ့ မြောက်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်ချက်တာစကေး ၆.၈ ခန့်ရှိသည့် ငလျင် လှုပ်ခဲ့ရာ အဆိုပါ ငလျင်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ ရသည်အနက် ယနေ့ မွန်းတည့်ချိန် အထိ သိရှိရသော အချက် အလက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှု အချက် အလက်များကို ရဲမှတ်တမ်းများမှ တစ်ဆင့် သိရရခြင်း ဖြစ်ပါသည်။ 

၁) မန္တလေးတိုင်း ဒေသကြီး နယ်မြေ အတွင်း ရှိ စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျ။


၂) ရွှေဂူကြီး အခြေခံ မူလတန်းကျောင်း ရှိ ကျောင်းဆောင်တစ်ဆောင် ပြိုကျပြီး အုတ်တံ တိုင်းပေ ၃၀၀ ခန့် ပြိုကျ။

၃) ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးပြိုကျ။

၎) တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်းပြိုကျ။

၅) ပရိယတ္တိသတ္တမ၀ံသနန္ဒာကျောင်းတိုက်
ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့်ပြိုကျ။

၆) အမှတ်(၂) ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ ဦးဒဏ်ရာရရှိ။

၇) အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ်(၃၈) ရှိ လေးမျက်နှာ/စေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် (၃၁) ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခ။

၈) ကျောက်မြောင်း မြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက်ရှိ ဦးမျိုးဇော်(အသက်၊ အဘအမည်၊ အလုပ်အကိုင်) စိစစ်ဆဲ၏ နေအိမ်ရှေ့တွင် ကာရံထားသည့် အမြင့် (၆)ပေ၊ အလျှား(၁၀)ပေခန့်ရှိ အုတ်တံတိုင်း (၃)ခန်း ပြိုကျရာ အနီးရှိ အမျိုးသမီး (၁) ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲမှာ အုတ်တံတိုင်းပိကာ သေဆုံးခဲ့ပြီး၊ (၁၀)ဦး ဒဏ်ရာရရှိခဲ့။ အဆိုပါ ဒဏ်ရာရသူ (၁၀)ဦး၏ အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတို့အား စိစစ်နေ။

၉) ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃ)လုပ်ငန်းခွင်မှ အလုပ်သမား (၅)ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲ တို့မှာ ရေထဲသို့ပြုတ်ကျပျောက်ဆုံးနေကြေ
ာင်းနှင့် တံတားတိုင်အမှတ် RF(1)မှ သံဘောင်ပြုတ်ကျခဲ့ရာ တံတားအောက်ရှိ ကရိန်းရေယာဉ်ပေါ်သို့ ပြုတ်ကျခဲ့သဖြင့် ရေယာဉ်နစ်မြုပ်ခဲ့။

၁၀) ခင်ဦးမြို့နယ် ကဘွက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် (၂)ထပ် ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြိုကျခဲ့ရာ ကျောင်းထိုင်ဘုန်းကြီး (ဘွဲ့၊ သက်တော်၊ ၀ါတော်၊)စိစစ်ဆဲမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့။

၁၁) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး) စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့။

၁၂) အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ စန္ဒာမုနိဘုရားနှင့် ကျောက်ဆည်မြို့နယ်၊ ဘနွဲ့ရွာ ဝေဇယန္တာကျောင်းရှိ အောင်တော်မူဘုရားမှ စိန်ဖူးတော် များမြေခခဲ့။

၁၃) နွယ်ရုံရွာရှိ ဒို့ညီနောင် စားသောက်ဆိုင် အုတ်တံတိုင်းပြိုကျသဖြင့် အောင်ကျော်ဦး (၂၀)နှစ်၊ (ဘ)ဦးကြည် (စိစစ်ဆဲ)သေဆုံးခဲ့။

၁၄) သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းရဲစခန်း၊ ဗဟိုကင်းနှင့် အချုပ်ခန်း အနောက်ဘက်အုတ်နံရံ ပြိုကျ၊ ၁၃) ကြာညှပ်ရဲစခန်းရိပ်သာကျောဘက်နှင
့် စခန်းရုံးကျောဘက် နံရံ ပြိုကျ၊

၁၅) စဉ်ကူးမြို့နယ်၊ နွယ်ရုံရဲကင်းရုံး မျက်နှာကျက်ပြိုကျ ၁၅) စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံ
းရှေ့တွင် ကာရံထားသည့် (၈)ပေ အမြင့်ရှိ အုတ်တံတိုင်း(၁၀)ခန်းပြိုကျ၊


Updated : 1:38

စစ်ကိုင်းမြို့ ငလျင်ဒဏ်သင့် မြင်ကွင်းဓါတ်ပုံများ
thn-11-11-12-19
thn-11-11-12-18
thn-11-11-12-17
Comments 
+2 #8 Thu Htut 2012-11-11 15:21
Asia Disaster Preparedness Center (ADPC) နှင့်သဘာဝဘေးအန္တရာယ် လျော့ပါးရေးကော်မတီ၊
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့၂၀၀၉ခုနှစ်တွင်ပူးပေါင်းထုတ်ဝေသည့် ငလျင်များနှင့် နေထိုင်ခြင်း (Living with Earthquakes) မြန်မာဘာသာဖြင့် စာအုပ်ကို ပိုမို ပျံ့နှံ့နိုင် စေရန်အတွက် Geolfriends မှ ဖော်ထုတ် တင်ပြအပ်ပါသည်။
(It can be downloaded by following link)
http://www.geolfriends.com/?p=2169
 
+1 #7 Thu Htut 2012-11-11 15:11
မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ (အပိုင်း-၁-အပိုင်း-၅)မြန်မာနယ်နိမိတ်အတွင်း ငလျင်အန္တရာယ်
တင့်လွင်ဆွေ
http://www.geolfriends.com/?p=2710
 
+4 #6 Thu Htut 2012-11-11 15:01
ငလျင်များနှင့် နေထိုင်ခြင်းဟု ခေါင်းစဉ်တပ်ထားသော မြန်မာဘာသာနှင့် ရေးထားသော ငလျင်ပညာပေးစာအုပ်ကို မြန်မာနိုင်ငံ ငလျင်ကော်မတီနှင့် အခြားပညာရပ်ဆိုင်ရာအဖွဲ့များ ပေါင်းကာ အခမဲ့ ဖြန်ဝေထားသော စာအုပ်ဖြစ်ပါသည်။ မည်သူမဆို လက်ဆင့်ကမ်းနိုင်သည်။
စာအုပ်က ဒီလင့်မှာ ဒေါင်းလို့ ရပါတယ်။
http://www.mediafire.com/view/?u593a3qktxo9bb3
+7 #5 naythurein 2012-11-11 13:44
magnitude 6.7 နဲ့ တင် ဒီသံဘောင်ကြီးတွေရေ ထဲဆင်းရတယ်ဆိုရင်...
ဗလမင်းထင်တံတား၊ရတနာပုံတံတား၊ပခုက္ကူတံတား
ဆင်ဖြူရှင်တံတား၊မကွေးတံတား၊ရန်ကြီးအောင်တံတား၊န၀ဒေးတံတား၊ဗိုလ်မြတ်ထွန်းတံတား-၁၊၂၊
ဒေးဒရဲတံတား၊ မော်လမြိုင်တံတား၊
စစ်တောင်းတံတား၊မုံရွာတံတားပုသိမ်တံတား၊
အဲဒီအထင်ကရတံတားကြီးတွေရဲ့အရည်အသွေးတွေစိတ်ချလို့ရပါတော့မလား။
ဒုဌ၀တီမြစ်ပေါ်ကရဲရွာဆည်၊ ပျဉ်းမနားနဲ့နီးတဲ့ပေါင်း
လောင်းဆည်နဲ့စစ်ကိုင်းတိုင်းကသဖန်းဆိပ်ဆည်တွေ
ဟာလည်း ငလျင်ကြောနဲ့နီးကပ်တဲ့နေရာတွေဖြစ်
တယ်လို့မှတ်သားဖူးပါတယ်၊လူနေတဲ့မြို့ရွာတွေက
အောက်ပိုင်းမှာအများကြီးရှိတာမို့ Disaster Hazard ကတော့ကြီးကြီးမားမားဘဲရှိနေပါပြီ။
+13 #4 tntun 2012-11-11 13:35
Quoting Bigger Biggest:
အိမ်တွေတောင် အိမ်ဟောင်းတွေပဲပြိုတာလို့ သိရတယ်..ပြီးတော့ ရှေးဟောင်းစေတီပုထိုးတွေ ကြာမောက်ကြာလန်တွေကွာကျတယ်တဲ့..ဘယ့်နှယ်..ဆောက်လုပ်ဆဲ သံဘောင်တွေ သံကူကွန်ကရစ်တွေ သံယက်မတွေနဲ့ဆောက်တဲ့ တံတားကြီးက ပြိုကျသွားတယ်ဆိုပါလား....ထူးဆန်းပါပေ့ ကိုအင်ဂျင်နီယာတို့ရယ်......
ဆောက်လုပ်ဆဲမို့ပြိုတာပေါ့ဗျာ။
ဆောက်လုပ်ပြီးဆို ဘယ်ပြိုပါ့မလဲ။
တုံးလုံးပဲလဲမှာပေါ့။
+15 #3 ဖိုးသားလေး 2012-11-11 13:15
ငလျင်တစ်ခု လှုပ်ပြီဆိုရင် နောက်ဆက်တွဲလူတွေကြောက်လန့်မှုတွေပိုတတ်ပါတယ် ပြီးတော့ အရပ်အပြောကောလဟာလ တွေလည်းတောထတတ်ပါတယ် ကျွန်တော်လေ့လာထားသလောက်ကတော့ ငလျင်ကို တိတိကျကျ ဘယ်သူမှခန့်မှန်းလို့မရသေးဘူးဆိုတာပါပဲ သတိနဲ့နေထိုင်တာကောင်းပေမဲ့ တရားလွန်ကြောက်လန့်မှုကတော့မကောင်းပါဘူး နိုင်ငံပိုင်မီဒီယာတွေကနေတဆင့်သော်လည်း အခုလီုဒီယာလောကကနေတဆင့်သော်လည်းကောင်း မှန်ကန်သော အသိပညာတွေကို ဖြန့်ဝေပေးစေလိုပါတယ် တတ်သိနားလည်သော သူများမှလည်း တတ်နိုင်သလောက် တပိုင်တစ်နိုင် ဖြန့်ဝေပေးစေလိုပါတယ် မြန်မာနိုင်ငံမှာက သဘာဝဘေးတွေနဲ့ တွေ့လာရင် ကြော်ကလန့်ဖို့လောက်ပဲသိပြီး ဘယ်လိုရင်စိုင်ရမယ်ဆိုသော အသိတွေနည်းနေလို့ပါ အထူးသဖြင့်အခုဖြစ်ပွားသောနေရာတွေမှာ အခုလောက်ဆို ဘယ်လိုကောလဟာလ တွေပြန့်နေမလဲဆိုတာ မှန်းကြည့်လို့ရလောက်နေပါတယ်

အင်း ဧရာဝတီမြစ်ကူးတံတားကြီး အဖြစ်ကတော့ အင်အား 6.8 ပဲရှိသေးတယ်နော် ဒါဆို မြန်မာပြည်က အရှည်ဆုံးနဲ့ အမြန်ဆုံးတံတားကြီးကကော
 
+23 #2 Bigger Biggest 2012-11-11 12:45
အိမ်တွေတောင် အိမ်ဟောင်းတွေပဲပြိုတာလို့ သိရတယ်..ပြီးတော့ ရှေးဟောင်းစေတီပုထိုးတွေ ကြာမောက်ကြာလန်တွေကွာကျတယ်တဲ့..ဘယ့်နှယ်..ဆောက်လုပ်ဆဲ သံဘောင်တွေ သံကူကွန်ကရစ်တွေ သံယက်မတွေနဲ့ဆောက်တဲ့ တံတားကြီးက ပြိုကျသွားတယ်ဆိုပါလား....ထူးဆန်းပါပေ့ ကိုအင်ဂျင်နီယာတို့ရယ်......
+49 #1 NyanHtet 2012-11-11 12:09
ငလျှင်ဒဏ်ကို ခံနိုင်အောင် ထည့်တွက် ထားပါသည် ဆိုတဲ့ ဒီဇိုင်းအင်ဂျင်နီယာတွေ......
VPile ဖြင့် ဆောက်လုပ်ထားပါသည်။ငလျှင်ဒဏ် ခံနိုင်ပါသည် ဆိုတဲ့
ကြော်ငြာတွေကပ် ပြည်သူကို ရောင်းချနေသည့် ဆောက်လုပ်ရေး
ကန်ထရိုက်ကြီးများ.....
မည်သည့် ပိုင်များက အမှန်အကန် ငလျှင် ဒဏ်ကို ကာကွယ်နိုင်သည်
ကို မသိရှိသည့် ရန်ကုန်မြို့တော် စည်ပင် နာမည်ခံ ဒီဇိုင်းအင်ဂျင်နီ
ယာများ......
ပြသနာ တစ်စုံတရာ တက်လို့ ပြေးမလွတ်အောင် လက်မှတ်တွေ
ပုံစံတွေ ကျောက်စာနဲ့ထွင်းထု အင်ထုထားတဲ့ ဆရာ တွေ...ရဲ့
အထောက်အထားများ စုဆောင်းထားကြ ကုန်လော့။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။