ဒေါ်စု နိုဝင်ဘာလလယ် အိန္ဒိယ သွားမည်
အိန္ဒိယ၀န်ကြီးချုပ်
မန်မိုဟန်ဆင်း မြန်မာနိုင်ငံကို လာရောက် ခဲ့စဉ်အတွင်း မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ
ပြုလုပ်နေစဉ်။ (မေလ ၂၉ ရက်၊ ၂၀၁၂)။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ပန်ဒစ် ဂျဝါလာနေရူး ရဲ့ မွေးနေ့ အခမ်းအနားမှာ နေရူးအမှတ်တရ စကား ပြောကြားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
နေရူး အမှတ်တရ ရန်ပုံငွေ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ မစ် ဆိုနီယာဂန္ဓီ ရဲ့ ဖိတ်ကြားမှုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာပါ။ ၂၀၁၂ ခုနှစ် မေလအတွင်း အိန္ဒိယ ၀န်ကြီးချုပ် မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ချိန်မှာ အဲဒီလို ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံကို လည်ပတ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ ဒုတိယ သမ္မတ ၀န်ကြီးချုပ် လွှတ်တော် သဘာပတိနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ မဟတ္တမဂန္ဓီ၊ ဂျဝါလာ နေရူး တို့ရဲ့ ဗိမ္မာန်တွေမှာလည်း သွားရောက် ဂါရ၀ ပြုမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
No comments:
Post a Comment