မြန်မာနိုင်ငံအနေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်အား ချေးငွေ အမေရိကန်ဒေါ်လာ
သန်း ၅၀၀ ကျော် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုအတွက် ၂၅ နှစ်ကျော်ကြာ
ငွေကြေးနှင့် နည်းပညာ အကူအညီများ ကူညီထောက်ပံ့မှုအား ၁၉၈၇ ခုနှစ်မှ
စတင်ရပ် ဆိုင်းခဲ့သော်လည်း အာရှဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံသို့
ကူညီမှုများ ပြန်လည်ပေးအပ်မည့် မဟာဗျူဟာ အား အောက်တိုဘာ လ ၂၆ ရက်နေ့က
အတည်ပြုပေးခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ ဆက်လက်လုပ်ဆောင်မည့်
လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အာရှဖွံ့ဖြိုးရေးဘဏ်ဒုဥက္ကဋ္ဌ Mr.Steven Groff
နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး - အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အနေနဲ့ မြန်မာနိုင်ငံအတွင်း ဘယ်ကဏ္ဍတွေမှာ အဓိက လုပ်ဆောင်သွားမလဲ သိပါရစေ။
ဖြေ - အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့ မြန်မာနိုင်ငံထဲမှာ အခြေခံပညာရေး၊
လမ်းပန်းဆက်သွယ်ရေး၊ လျပ်စစ် ဆိုင်ရာ ဥပဒေတွေ ပြန်လည်သုံးသပ် ပြင်ဆင်ရေး၊
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေ တပြေးညီ စီးပွားရေး တိုးတက်ဖို့နဲ့
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပါအ၀င် ကဏ္ဍခုနစ်ခုမှာ
နည်းပညာအထောက်အပံ့ တွေကူညီဖို့ လုပ်ဆောင်သွားပါမယ်။
မေး - ဒီလိုလုပ်ဆောင်တာဟာ အာရှဖွံ့ဖြိုးရေးဘဏ်အပေါ်
မြန်မာနိုင်ငံကပေးဆပ်ဖို့ ကျန်နေတဲ့ ကန်ဒေါ်လာ သန်း ၅၀၀ ကျော်ကို
လျော်ပစ်ဖို့ဆိုတဲ့ အနေအထားမျိုးလား သိပါရစေ။
ဖြေ - ကြွေးဆပ်ဖို့ ပျက်ကွက်မှုအတွက် မြန်မာအစိုးရနဲ့ မဆက်ဆံခဲ့တာ ၂၅
နှစ်ကျော် ကြာပါပြီ။ မြန်မာ အစိုးရရယ်၊ ကျွန်တော်တို့လိုပဲ
မြန်မာနိုင်ငံကနေ အကြွေးရစရာရှိနေတဲ့ ကမ္ဘာ့ဘဏ်ရယ် သုံးပွင့်ဆိုင် တွေ့ဆုံ
ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးဖြစ်သလို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းမှာ
မြန်မာနိုင်ငံအနေနဲ့ (ADB) ကိုပေးဆပ်ဖို့ ကျန်နေတဲ့ အကြွေးတွေ
ပြန်လည်ပေးဆပ်နိုင်မယ်လို့ မျော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့
မြန်မာနိုင်ငံကို နည်းပညာအထောက်အပံ့တွေပေးဖို့ ၀င်လာတာဟာ
မြန်မာနိုင်ငံအနေနဲ့ (ADB) ကို အကြွေး ဘယ်လိုကျေအောင် ပြန်ဆပ်နိုင်မလဲဆိုတာ
နည်းလမ်းရှာဖို့ ပြန်ဝင်လာခဲ့တာပါ။
မေး - မြန်မာနိုင်ငံကို နည်းပညာ ပြန်လည်ကူညီဖို့အတွက် အချိန်ကာလ ဘယ်လောက်ကြာလုပ်ကိုင်မှာလည်း သိပါရစေ။
ဖြေ - (ADB) အနေနဲ့ မြန်မာနိုင်ငံအတွင်း အကူအညီပေးရေးဆိုင်ရာ
လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက်နဲ့ မြန်မာနိုင်ငံအတွက် ထိရောက်တဲ့
ကူညီမှုတွေ ပေးနိုင်ဖို့အတွက် လေ့လာမှုကာလကို ၁၈ လကနေ ၂၄ လအတွင်း
လုပ်ဆောင်သွားပါမယ်။ ဒီလို နည်းပညာနဲ့ အကူအညီပေးဖို့အတွက်လည်း
အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ပြည်သူလူထု၊ အစိုးရ၊ အတိုက်အခံတွေနဲ့
သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး အဓိကလိုအပ်နေတဲ့ ကဏ္ဍတွေမှာ ကူညီမှု
ပေးအပ်သွားပါမယ်။
မေး - မြန်မာနိုင်ငံအတွင်း ဒီလို လေ့လာမှုတွေ၊ ကူညီမှုတွေ လုပ်ဖို့အတွက် ဘယ်လိုအရာတွေက အဓိကကျခဲ့ပါသလဲ။
ဘဏ်လုပ်ငန်း မဖွံ့ဖြိုးဘဲနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့
မဖြစ်နိုင်ပါဘူး။ တစ်ပြေးညီစီးပွားရေး တိုးတက်ဖို့အတွက် ဘဏ်လုပ်ငန်းက
အဓိကကျပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုကဏ္ဍတွေမှာ အကူအညီပေးနိုင်ဖို့အတွက်
မဟာဗျူဟာ စီမံကိန်းကို အချိန်နှစ်နှစ်အထိ ယူထားတာပါ . . .
|
ဖြေ - မြန်မာနိုင်ငံကို ပြန်လည်ကူညီဖို့ အဓိကအကျဆုံးအချက်က
မြန်မာနိုင်ငံအစိုးရရဲ့ ပြုပြင်ပြောင်းလဲလာ မှုတွေပါ။ မြန်မာနိုင်ငံကို
ဆက်လက်ကူညီဖို့ကတော့ တခြားနိုင်ငံတွေရဲ့ သဘောတူညီမှုနဲ့ သက်ဆိုင်ပါတယ်။
မေး - အခုလက်ရှိ ရခိုင်မှာဖြစ်နေတဲ့ ပြဿနာက (ADB) ရဲ့ ကူညီမှုအပေါ် ဘယ်လိုများ သက်ရောက်စေ နိုင်ပါသလဲ။
ဖြေ - ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာကို (ADB) တင်မကဘူး။ တစ်ကမ္ဘာ
လုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ ရခိုင်အရေးရဲ့ မတည်ငြိမ်မှုက
လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်စေပါတယ်။ တည်ငြိမ်မှုမရှိဘဲ
ဆင်းရဲမှုလျော့ချဖို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီး ဒီပြဿနာအပေါ်
မြန်မာအစိုးရရဲ့ ကိုင်တွယ်မှုက တစ်ကမ္ဘာလုံးလက်ခံနိုင်တဲ့
ဖြေရှင်းမှုဖြစ်ဖို့လိုသလို (ADB) အနေနဲ့ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း
အလားတူဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနဲ့ ချိန်ထိုးပြီး စောင့်ကြည့်သွားပါမယ်။
ရေရှည်တည်ငြိမ်မှုရှိပြီး တစ်ပြေးညီ စီးပွားရေးဖွံ့ဖြိုးဖို့ ဆိုတာက
တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ တည်ငြိမ်မှုရှိဖို့ လိုပါတယ်။
မေး - (ADB) အနေနဲ့ လမ်းပန်းဆက် သွယ်ရေးအတွက် အဓိကလုပ်ဆောင်မယ်ဆိုတဲ့
အချက်တွေထဲမှာ ချင်းပြည်နယ်လို နေရာမျိုးတွေအတွက် ပြည်တွင်း
လမ်းပန်းဆက်သွယ်ရေးကို လုပ်မှာလား။ ဒါမှမဟုတ် မြန်မာနိုင်ငံအနေနဲ့
ကမ္ဘာကိုဆက်သွယ်နိုင်တဲ့ အဝေးပြေးလမ်းတွေမှာ လုပ်ကိုင်မှာလား သိပါရစေ။
ဖြေ - ဆက်သွယ်ရေး ကောင်းမွန်မှလည်း တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှာပါ။
လမ်းပန်းဆက်သွယ်မှု မကောင်းတဲ့ ပြည်နယ်တွေမှာ လုပ်ချင်သလို မြန်မာကနေ
တခြားနိုင်ငံတွေကိုသွားတဲ့ လုပ်ငန်းတွေမှာလည်း လုပ်ချင်ပါ တယ်။ အဓိကကတော့
လမ်းပန်းဆက်သွယ်ရေး ကဏ္ဍမှာ အဓိကထောက်ပံ့မှု ပေးမဲ့သူတွေနဲ့ မြန်မာအစိုးရ
ညှိနှိုင်းနေပါတယ်။ ထောက်ပံ့သူတွေကလည်း အကျိုးအမြတ် ရနိုင်တဲ့
နိုင်ငံတကာလမ်းတွေမှာ လမ်းပန်းဆက် သွယ်ရေး လုပ်စေချင်သလို
မြန်မာအစိုးရကလည်း ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသတွင်း ပို့ဆောင်ဆက်သွယ်ရေးအတွက်
လုပ်စေချင်ပါတယ်။
မေး - တစ်ပြေးညီစီးပွားရေး တိုးတက်ဖို့အတွက် (ADB) က အကူအညီပေးမယ်
ပြောပါတယ်။ မြန်မာနိုင်ငံမှာက ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံး ချင်းပြည်နယ်၊
လက်ရှိ ပြဿနာဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ ပြည်တွင်းစစ်အဆုံးမသတ် နိုင်သေးတဲ့
ကချင်ပြည်နယ် ရှိနေပါတယ်။ ဘယ်လိုဒေသတွေကို ဦးစားပေး ကူညီသွားမလည်း
သိပါရစေ။
ဖြေ - တစ်ပြေးညီစီးပွားရေး တိုးတက်ဖို့အတွက် လုပ်ကိုင်မယ်ဆိုပေမယ့်
လက်ရှိကာလမှာ ဘယ်လိုဒေသတွေကို ဦးစားပေး ကူညီမယ်ဆိုတဲ့ အချက်ကတော့
မစီစဉ်ရသေးပါဘူး။
မေး - မြန်မာနိုင်ငံမှာက ဘဏ်စနစ်ဖွံ့ဖြိုးမှု မရှိပါဘူး။ လက်ရှိ
မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေမှာလည်း (ADB) အနေနဲ့ အကူအညီပေးဖို့
ရှိပါသလား။
ဖြေ - ဘဏ်လုပ်ငန်း မဖွံ့ဖြိုးဘဲနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့
မဖြစ်နိုင်ပါဘူး။တစ်ပြေးညီစီးပွားရေး တိုးတက် ဖို့အတွက် ဘဏ်လုပ်ငန်းက
အဓိကကျပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုကဏ္ဍတွေမှာ အကူအညီပေးနိုင် ဖို့အတွက်
မဟာဗျူဟာ စီမံကိန်းကို အချိန်နှစ်နှစ်အထိ ယူထားတာပါ။
မေး။ ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်ရုံးဖွင့်ခွင့် ပေးထားပေမယ့်
မြန်မာနိုင်ငံက ဘဏ်တွေ နိုင်ငံတကာဘဏ်တွေကို ယှဉ်ပြိုင်နိုင်စွမ်း
မရှိမှာစိုးတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်တော့ ခွင့်ပြုမထားသလို
ပြည်ပဘဏ်တွေ ပြည်တွင်းမှာ လုပ်ခွင့်ရရင်လည်း ဖက်စပ်လုပ်ကိုင်ခွင့်ပဲ
ခွင့်ပြုပေးမယ်ဆိုတဲ့အပေါ် (ADB) ဘဏ် ဒုဥက္ကဋ္ဌတစ်ဦးအနေနဲ့ သုံးသပ်ပေးပါ။
ဖြေ - ဒါက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ဆိုင်ပါတယ်။
ဒါကြောင့်မို့ ၁၈ လကနေ ၂၄ လအထိ အချိန် ယူထားတာပါ။ တစ်ဆင့်ပြီး တစ်ဆင့်
သွားရပါမယ်။ အဆင့်ဆင့် ပြောင်းလဲမှုတွေလုပ်ဖို့ အစိုးရ၊ အတိုက်အခံ၊
ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေး ရပါမယ်။ ဒီလိုမျိုး လုပ်ငန်းတွေဆိုတာ
ရုတ်တရက် ပြောင်းလဲဖို့အတွက် အခက်အခဲတွေ ရှိပါတယ်။ |
No comments:
Post a Comment