Saturday, October 13, 2012

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဥရောပသမဂ္ဂဆွတ်ခူး


၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဥရောပသမဂ္ဂဆွတ်ခူး   PDF Print
Friday, 12 October 2012 17:16
AddThis Social Bookmark Button
mt ၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဥရောပသမဂ္ဂက ဆွတ်ခူးသွားခဲ့ကြောင်း နိုဗယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ သော်ဂျွန်းဂျက်လန်က အော်စလိုတွင်ထုတ်ပြန်ကြေညာသည်။
"သမဂ္ဂနဲ့ သူ့ရဲ့ရှေ့ဆောင်အဖွဲ့အစည်းတွေဟာ ဥရောပမှာ ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်ထွန်းကားစေဖို့အတွက် ဆယ်စုနှစ် ခြောက်ခုကျော်ကြာ ထောက်ပံ့ပေးခဲ့ပါတယ်။ အနှစ် ၇၀ ကျော်အတွင်းမှ ဂျာမနီနဲ့ ပြင်သစ်တို့ စစ်ပွဲသုံးကြိမ်ဖြစ်ခဲ့ပါတယ်။ အခုနေအခါမှာတော့ ဂျာမနီနဲ့ ပြင်သစ် စစ်ဖြစ်ဖို့ဆိုတာတွေးကြည့်လို့တောင်မရတဲ့ ကိစ္စဖြစ်သွားပါပြီ။ ဒါက ဘာကိုပြသလဲဆိုရင် ရည်ရွယ်ချက်ကောင်းကောင်းနဲ့ အားထုတ်ခဲ့တာတွေ၊ အပြန်အလှန်ယုံကြည်မှုနဲ့တည်ဆောက်ခဲ့တာတွေကြောင့် သမိုင်းဝင်ရန်ဘက်တွေဟာ ရင်းနှီးတဲ့မိတ်ဖက်တွေဖြစ်လာခဲ့တယ်ဆိုတဲ့ အချက်ပါပဲ" ဟု ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့ သည်။
အကြွေးနွံနစ်နေသော တောင်ပိုင်းနိုင်ငံများနှင့် ချမ်းသာကြွယ်ဝသည့် မြောက်ပိုင်းနိုင်ငံများအကြား ဆယ်စုနှစ်များစွာအတွင်း နက်နက်ရှိုင်းရှိုင်းသဘောကွဲလွဲနေပြီး ဥရောပသမဂ္ဂ၏ညီညွတ်မှုမှာ စိန်ခေါ်ခံ ရသည့်အခြေအနေမျိုးရောက်နေသည့် ယခုကဲ့သို့သောကာလမျိုးတွင် ဆုချီးမြှင့်ခဲ့ခြင်းမှာမူ အံ့အားသင့်စရာဖြစ်ခဲ့သည်။
သို့ရာတွင်ဥရောပသမဂ္ဂသည် လတ်တလောကာလတွင် အကျပ်အတည်းများကြုံတွေ့နေရသော်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း အစိတ်စိတ်အမွှာမွှာကွဲနေသည့် နိုင်ငံများအကြား ရာစုနှစ်ဝက်ကျော်ကြာ ကြာမြင့်ပြီဖြစ်သည့် ငြိမ်းချမ်းရေးကိုဖန်တီးရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်ဟု အသိအမှတ်ပြုခံခဲ့ရပြီး ကာလတိုအခြေအနေတစ်ရပ်အတွက်မဟုတ်ဘဲ ကာလရှည်အားထုတ်ခဲ့မှုအတွက် ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။
mt1
အခက်အခဲများကြုံနေရသော်လည်း ဥရောပမသမဂ္ဂသည် ကမ္ဘာတွင် အကြီးဆုံးဘုံဈေးကွက်တစ်ခုဖြစ်လာပြီး ကုန်ပစ္စည်း၊ လူ၊ ၀န်ဆောင်မှု၊ အရင်းနှီးများလွတ်လပ်စွာစီးမြောခွင့်ရသည့်ရပ်ဝန်းကြီးအဖြစ် ရပ်တည်နေဆဲဖြစ်သည်။
တစ်ချိန်က သံကန့်လန့်ကာ၏တစ်ဖက်စီတွင် နေထိုင်ခဲ့ကြသော နိုင်ငံ ၂၇ နိုင်ငံသည် တစ်ပေါင်းတစ်စည်းတည်း ရပ်တည်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသည်။ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနောက် ခံများစွာကွဲလွဲကြသော်လည်း ပူးပေါင်းဆောင်ရွက်ရေးကို အားထုတ်နိုင်ခဲ့ပြီး ၁၇ နိုင်ငံမှာ ယူရိုငွေကြေးကို ဘုံငွေကြေးအဖြစ်သုံးစွဲနေကြသည်။
ယခုနှစ်နိုဗယ်ဆုချီးမြှင့်မှုနှင့် ပတ်သက်သည့်ထူးခြားသည့်အချက်မှာ ဆုကိုချီးမြှင့်ပေးသည့် အိမ်ရှင်နိုင်ငံ နော်ဝေကိုယ်တိုင်မှာမူ ၁၉၇၂ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင် ဥရောသမဂ္ဂသို့ဝင်ရောက်ရေးကို ငြင်းဆန်ပယ်ချခဲ့ဖူးခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်လည်း စစ်တမ်းကောက်ယူမှုများအရ နိုင်ငံသားလေးပုံသုံးပုံသည် သမဂ္ဂ၀င်ရောက်ရေးကို လက်မခံကြဟုသိရသည်။
နော်ေ၀၀န်ကြီးချုပ် ယန်းစတိုလ်တန်ဘာ့ဂ်ျက ဥရောသမဂ္ဂကိုဂုဏ်ပြုခဲ့ပြီး နော်ဝေ၏ဥရောပမသမဂ္ဂသို့ဝင်ရောက်ရန်ရှိမရှိ မေးမြန်းချက်ကိုမူ အစီအစဉ်မရှိကြောင်းဖြေကြားခဲ့သည်။
ဥရောပသမဂ္ဂဥက္ကဋ္ဌ ဗန်ရွမ်ပေ က ဥရောပနိုင်ငံများ၏စစ်ပွဲနှင့် သဘောကွဲလွဲမှုများကို ကျော်လွှားနိုင်ခဲ့ခြင်း၊ ငြိမ်းချမ်းပြီးသာယာဝပြောသည့် တိုက်ကြီးတစ်တိုက်အဖြစ် ဖန်တီးနိုင်ခဲ့ခြင်းဆိုသည့် ပြိုင်ဘက် ကင်းသည့်အားထုတ်မှုကို ယခုဆု က ဂုဏ်ပြုရာရောက်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိခဲ့ဖူးသည့် အဖွဲ့အစည်းများ
ငြိမ်းချမ်းရေးနိုဗယ်ဆုကို လူပုဂ္ဂိုလ်များကိုသာမက အဖွဲ့အစည်းများကိုပါပေးအပ်ချီးမြှင့်လေ့ရှိသည်။
၁၉၀၄- အပြည်ပြည်ဆိုင်ရာဥပဒေ အင်စတီကျု
၁၉၁၀-အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး အမြဲတန်းဗျူရို
၁၉၁၇-အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့
၁၉၃၈-ဒုက္ခသည်များဆိုင်ရာ နန် ဆန်အပြည်ပြည်ဆိုင်ရာရုံး
၁၉၄၄-အပြည်ပြည်ဆိုင်ရာကြက် ခြေနီအဖွဲ့
၁၉၄၇-Friends Service Council(The Quakers), American Friends Service Committe(The Quakers)
၁၉၅၄-ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
၁၉၆၃-အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် ကြက်ခြေနီအဖွဲ့အစည်းများအဖွဲ့ချုပ်
၁၉၆၅-ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)
၁၉၆၉-အပြည်ပြည်ဆိုင်ရာအလုပ် သမားအဖွဲ့ချုပ်
၁၉၇၇-အပြည်ပြည်ဆိုင်ရာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့
၁၉၈၁-ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
၁၉၈၅-နျူကလီးယားစစ်ပွဲ ကာကွယ်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရူပဗေဒပညာရှင်များအဖွဲ့
၁၉၈၈-ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့
၁၉၉၅-Pugwash လှုပ်ရှားမှု
၁၉၉၇-မြေမြှုပ်မိုင်းများပိတ်ပင်ရေး အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု
၁၉၉၉-နယ်စည်းမခြားဆရာဝန်များ အဖွဲ့ (Doctors Without Borders)
 

Comments 

+4 #13 casperchitoo 2012-10-13 14:41
Quoting tntun:
A short news from EMG in this week.
Quote:
သေဆုံးသွားသူမှာ ကျဘမ်းလုပ်နေသူတစ်ဦးဖြစ်ပြီး စားဝတ်နေရေးကိစ္စအဆင်မပြေသဖြင့် လင်မယားချင်းစကားများခဲ့ကာ အိမ်ရှေ့ဧည့်ခန်းထုတ်တန်းတွင် ပလပ်စတစ်ကြိုးဖြင့် ကြိုးကွင်းပြုလုပ်၍ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။
One of comments under this news.
Quote:
မြန်မာပြည်မှာ ငတ်လို့သေတဲ့မသာ ရှိသွားပြီ ... သမ္မတကြီးရေ ....
ဘာလို့ အမှန်တရားကို လက်ခံဖို့ ကြောက်နေကြတာလဲ? ကြိုက်ကြိုက် မကြိုက်ကြိုက် ဒါဟာ တကယ်ဖြစ်ခဲ့တာလေ.....
 
+1 #12 casperchitoo 2012-10-13 14:39
Quoting naung252:
သမ္မကြီးရဲ့ကိုးရီးယားနိုင်ငံဆိုးမြို့မှာ မြန်မာကျောင်းသားတွေနဲ့တွေ့စဉ်သြဝါဒစကားတွေပါQuote:
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်တွင် မြန်မာနိုင်ငံသံရုံးတွင် သံအမတ်ကြီးနှင့် အဖွဲ့ဝင်များ ပညာသင်ကြားရန် ရောက်ရှိနေသော မြန်မာပညာသင်သားများနှင့် တွေ့ဆုံစဉ် သမ္မတကြီး ဦးသိန်းစိန် ပြောကြားခဲ့သော ဆုံးမ စကားများကို မှတ်မိသလောက် တင်ပြလိုက်ပါသည်။ ““ သူများတိုင်းပြည်တွေမှာ တိုးတက်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ တို့နိုင်ငံမှာတော့ ထင်းစည်းလေးချိုးပြပြီး စည်းလုံးညီညွတ်ဖို့ သင်နေရတယ်။ တစ်ချောင်းထဲဆိုရင် ကျိုးတယ် သုံးချောင်းလောက်ဆိုရင် မကျိုးဘူး ဆိုပြီး။ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ကြိုးစားရတယ်။ အရင်က နှစ် ၂၀ လုံးအဖက်ဖက်က ပိတ်ဆို့တာတွေ မဆက်ဆံတာတွေ ဆန့်ကျင်တာတွေ ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံနေတဲ့ ပါတီတွေဆိုရင်လည်း အရင်က ကျောခိုင်းနေရာက အခုမျက်နှာချင်းဆိုင် လက်ဆွဲနှုတ်ဆက်လာအောင် ကြိုးစားခဲ့ပြီ။ ကိုရီးယားနိုင်ငံ မှာ ပညာသင်ကြားဖို့ ရောက်ရှိနေတဲ့ သမီးတို့ သားတို့လည်း နိုင်ငံခြားရောက်ရင် ပြီးရော ဆိုတဲ့စိတ် မမွေးပါနဲ့ သူများနိုင်ငံတွေမှာ ဘယ်လိုတွေ ကြိုးစားနေလည်း လေ့လာပါ။ အတုယူပါ။ ကိုရီးယားနိုင်ငံ တိုးတက်နေတာဟာ သူတို့လူမျိုးတွေက ၀ီရိယ ကောင်းတယ်။ ကျောက်တောင်တွေကို တူးဆွပြီး သီးနှံကို နိုင်ငံတော်အတွက် စိုက်ပျိုးတယ်။ တို့နိုင်ငံဟာ သယံဇာတ ဆိုရင်လည်း မထွက်တာ မရှိသလောက်ပဲ။ ရေမြေ ရာသီဥတုလည်း မဆိုးဘူး အဖက်ဖက်က ပြည့်စုံ နေပေမယ့် ဘာကြောင့်ဆင်းရဲနေသလဲ ဆိုတော့ brain လိုနေလို့။ ဒါကြောင့် နည်းပညာတွေ သင်ကြားကြပါ။ သင်ကြားတတ်မြောက်ပြီးရင်လည်း ကိုယ့်နိုင်ငံကို ပြန်လာပါ။ အခုလည်း ခရီးတွေ ဆက်နေတော့ ပင်ပန်းပါတယ်။ တစ်နေ့ကပဲ အမေရိကန်ကို သွားရတယ်။ ဟိုမှာလည်း ကိုယ့်နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းတွေအတွက် ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးရတယ်။ ( ဒီနေရာ မှာ ကျွန်တော် ၀မ်းနည်းမိပြီး မျက်ရည်ကျမိတယ် အ၇င်ကတည်းက င့ါအဖေသာဆိုရင် အောက်ကျနောက်ကျ မခံစေချင်ဘူး ဆိုတဲ့ အတွေးက အမြဲတန်းဖြစ်မိလို့ပါ)။ သူတို့ကလည်း စီးပွားရေးနဲ့ လိုအပ်တဲ့ အကူညီတွေ ပေးနေပါပြီ။ အမေရိကန်ကို ချစ်လွန်းလို့ အားကိုးလွန်းလို့ မဟုတ်ဘူး။ ကိုယ့်နိုင်ငံက နောက်ကျကျန်နေလို့ ၁၀ လှမ်းနဲ့ မမီလို့ အပြေးလိုက်နေရပြီ။ နိုင်ငံခြားက မိတ်ဆွေတွေက မေးတယ် ခင်ဗျားတို့ နိုင်ငံမှာ အလုပ်လက်မဲ့တွေ ဘယ်လို ထမင်းစားလဲ ကျွန်တော် တို့နိုင်ငံမှာတော့ အလုပ်မရှိရင် ထမင်းစားဖို့ မရဘူး တဲ့ ကျွန်တော်တို့နိုင်ငံမှာ အလုပ်လက်မဲ့တွေတော့ ရှိတယ် ဒါပေမဲ့ ထမင်းမငတ်ဘူး လို့ပြောတော့ အံ့သြသွားတယ်။ ဟုတ်တယ်လေ စားစရာ မရှိရင် ဘယ်ဘုန်းကြီးကျောင်းတက်စားစား ရတယ်။ အလှုရှင်တွေကလည်း နေ့တိုင်းရှိတယ်။ ဒါကြောင့် နည်းပညာလိုနေတဲ့ အတွက် စာကိုကြိးစားသင် ယူကြပါ။ နောင်ကျရင် နိုင်ငံတော်အနာဂတ်က မင်းတို့လူငယ်တွေ လက်ထဲ လွှဲခဲ့ရမှာပဲ။ တို့က အသက်ကြီးပြီ။”” အထက်ပါ သမ္မတကြီးပြောကြားသော ဆုံးမစကားများကို မနေ့ညက sky net Up To Date မှာ ကြည့်ရတာပါ။ ဘယ်ဂျာနယ်မှ ဒီလို အဖိုးတန်တဲ့ စကားတွေကို ဂျာနယ်မျက်နှာဖုံးမှာ စာမျက်နှာ အပြည့် မဖော်ပြပါဘူး။ ကျွန်တော် မှတ်မိသလောက်ရေးသား တင်ပြခြင်းဖြစ်ပါတယ်။ ကူးယူဖော်ပြ စရာလည်း ဘယ်စာမျက်နှာမှာမှ တင်ပြမထားလို့ ရှေ့နောက် အစီအစဉ်လွဲချော်ခြင်း “၏” နှင့် “သည်” အနည်းငယ် လွဲချင်လွဲပါမည်။ သို့သော အဓိပ္ပါယ် မလွဲပါဟု ရေးသားတင်ပြသူမှ တာဝန်ယူပါသည်။
မြန်မာ့နိုင်ငံရေးသမားကြီးဟာ မင်းသားကြီး ကျော်ဟိန်းထက်သာလွန်သော ပညာရှင်ကြီးပါလားလို့ သိလိုက်ရတယ်....
 
+3 #11 Ta Won Pu 2012-10-13 12:23
ယခုနှစ်နိုဗယ်ဆုချီးမြှင့်မှုနှင့် ပတ်သက်သည့်ထူးခြားသည့်အချက်မှာ ဆုကိုချီးမြှင့်ပေးသည့် အိမ်ရှင်နိုင်ငံ နော်ဝေကိုယ်တိုင်မှာမူ ၁၉၇၂ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင် ဥရောသမဂ္ဂသို့ဝင်ရောက်ရေးကို ငြင်းဆန်ပယ်ချခဲ့ဖူးခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်လည်း စစ်တမ်းကောက်ယူမှုများအရ နိုင်ငံသားလေးပုံသုံးပုံသည် သမဂ္ဂ၀င်ရောက်ရေးကို လက်မခံကြဟုသိရသည်။
+11 #10 myo kyaw 2012-10-13 10:53
တတိယ ကမ္ဘာစစ်ဖြစ်မည့်အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည့် ကုလသမ္မဂ အတွင်းရေးမှူးချုပ် နှစ်ကြိမ်ဆက်တိုက် တာဝန်ယူခဲ့သူ ဦးသန့် မှာ ငြိမ်းချမ်းရေး နိုဘယ်ဆု မရရှိခဲ့သည်မှာ အဘယ့်ကြောင့်ပါလဲ အမေရိကန်ကြီး။
ဘာအချက်တွေကြည့်ပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုပေးပါသလဲ။ အမေရိကန်အကျိုးကာကွယ်သူကို အဓိက ရည်ရွယ်ပါသလား။ သမ္မတကြီးဦးသိန်းစိန်က ဘာဆုမှ မမက်ပါဘူး။ နိုင်ငံကောင်းကြိုးအတွက်ပဲ အစွမ်းကုန် ကြိုးစားနေတာပါ။
 
 
-2 #9 tntun 2012-10-13 09:46
A short news from EMG in this week.
Quote:
သေဆုံးသွားသူမှာ ကျဘမ်းလုပ်နေသူတစ်ဦးဖြစ်ပြီး စားဝတ်နေရေးကိစ္စအဆင်မပြေသဖြင့် လင်မယားချင်းစကားများခဲ့ကာ အိမ်ရှေ့ဧည့်ခန်းထုတ်တန်းတွင် ပလပ်စတစ်ကြိုးဖြင့် ကြိုးကွင်းပြုလုပ်၍ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။
One of comments under this news.
Quote:
မြန်မာပြည်မှာ ငတ်လို့သေတဲ့မသာ ရှိသွားပြီ ... သမ္မတကြီးရေ ....
 
+14 #8 myo kyaw 2012-10-13 09:42
Quoting naung252:
သမ္မကြီးရဲ့ကိုးရီးယားနိုင်ငံဆိုးမြို့မှာ မြန်မာကျောင်းသားတွေနဲ့တွေ့စဉ်သြဝါဒစကားတွေပါQuote:
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်တွင် မြန်မာနိုင်ငံသံရုံးတွင် သံအမတ်ကြီးနှင့် အဖွဲ့ဝင်များ ပညာသင်ကြားရန် ရောက်ရှိနေသော မြန်မာပညာသင်သားများနှင့် တွေ့ဆုံစဉ် သမ္မတကြီး ဦးသိန်းစိန် ပြောကြားခဲ့သော ဆုံးမ စကားများကို မှတ်မိသလောက် တင်ပြလိုက်ပါသည်။ ““ သူများတိုင်းပြည်တွေမှာ တိုးတက်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ တို့နိုင်ငံမှာတော့ ထင်းစည်းလေးချိုးပြပြီး စည်းလုံးညီညွတ်ဖို့ သင်နေရတယ်။ တစ်ချောင်းထဲဆိုရင် ကျိုးတယ် သုံးချောင်းလောက်ဆိုရင် မကျိုးဘူး ဆိုပြီး။ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ကြိုးစားရတယ်။ အရင်က နှစ် ၂၀ လုံးအဖက်ဖက်က ပိတ်ဆို့တာတွေ မဆက်ဆံတာတွေ ဆန့်ကျင်တာတွေ ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံနေတဲ့ ပါတီတွေဆိုရင်လည်း အရင်က ကျောခိုင်းနေရာက အခုမျက်နှာချင်းဆိုင် လက်ဆွဲနှုတ်ဆက်လာအောင် ကြိုးစားခဲ့ပြီ။ ကိုရီးယားနိုင်ငံ မှာ ပညာသင်ကြားဖို့ ရောက်ရှိနေတဲ့ သမီးတို့ သားတို့လည်း နိုင်ငံခြားရောက်ရင် ပြီးရော ဆိုတဲ့စိတ် မမွေးပါနဲ့ သူများနိုင်ငံတွေမှာ ဘယ်လိုတွေ ကြိုးစားနေလည်း လေ့လာပါ။ အတုယူပါ။ ကိုရီးယားနိုင်ငံ တိုးတက်နေတာဟာ သူတို့လူမျိုးတွေက ၀ီရိယ ကောင်းတယ်။ ကျောက်တောင်တွေကို တူးဆွပြီး သီးနှံကို နိုင်ငံတော်အတွက် စိုက်ပျိုးတယ်။ တို့နိုင်ငံဟာ သယံဇာတ ဆိုရင်လည်း မထွက်တာ မရှိသလောက်ပဲ။ ရေမြေ ရာသီဥတုလည်း မဆိုးဘူး အဖက်ဖက်က ပြည့်စုံ နေပေမယ့် ဘာကြောင့်ဆင်းရဲနေသလဲ ဆိုတော့ brain လိုနေလို့။ ဒါကြောင့် နည်းပညာတွေ သင်ကြားကြပါ။ သင်ကြားတတ်မြောက်ပြီးရင်လည်း ကိုယ့်နိုင်ငံကို ပြန်လာပါ။ အခုလည်း ခရီးတွေ ဆက်နေတော့ ပင်ပန်းပါတယ်။ တစ်နေ့ကပဲ အမေရိကန်ကို သွားရတယ်။ ဟိုမှာလည်း ကိုယ့်နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းတွေအတွက် ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးရတယ်။ ( ဒီနေရာ မှာ ကျွန်တော် ၀မ်းနည်းမိပြီး မျက်ရည်ကျမိတယ် အ၇င်ကတည်းက င့ါအဖေသာဆိုရင် အောက်ကျနောက်ကျ မခံစေချင်ဘူး ဆိုတဲ့ အတွေးက အမြဲတန်းဖြစ်မိလို့ပါ)။ သူတို့ကလည်း စီးပွားရေးနဲ့ လိုအပ်တဲ့ အကူညီတွေ ပေးနေပါပြီ။ အမေရိကန်ကို ချစ်လွန်းလို့ အားကိုးလွန်းလို့ မဟုတ်ဘူး။ ကိုယ့်နိုင်ငံက နောက်ကျကျန်နေလို့ ၁၀ လှမ်းနဲ့ မမီလို့ အပြေးလိုက်နေရပြီ။ နိုင်ငံခြားက မိတ်ဆွေတွေက မေးတယ် ခင်ဗျားတို့ နိုင်ငံမှာ အလုပ်လက်မဲ့တွေ ဘယ်လို ထမင်းစားလဲ ကျွန်တော် တို့နိုင်ငံမှာတော့ အလုပ်မရှိရင် ထမင်းစားဖို့ မရဘူး တဲ့ ကျွန်တော်တို့နိုင်ငံမှာ အလုပ်လက်မဲ့တွေတော့ ရှိတယ် ဒါပေမဲ့ ထမင်းမငတ်ဘူး လို့ပြောတော့ အံ့သြသွားတယ်။ ဟုတ်တယ်လေ စားစရာ မရှိရင် ဘယ်ဘုန်းကြီးကျောင်းတက်စားစား ရတယ်။ အလှုရှင်တွေကလည်း နေ့တိုင်းရှိတယ်။ ဒါကြောင့် နည်းပညာလိုနေတဲ့ အတွက် စာကိုကြိးစားသင် ယူကြပါ။ နောင်ကျရင် နိုင်ငံတော်အနာဂတ်က မင်းတို့လူငယ်တွေ လက်ထဲ လွှဲခဲ့ရမှာပဲ။ တို့က အသက်ကြီးပြီ။”” အထက်ပါ သမ္မတကြီးပြောကြားသော ဆုံးမစကားများကို မနေ့ညက sky net Up To Date မှာ ကြည့်ရတာပါ။ ဘယ်ဂျာနယ်မှ ဒီလို အဖိုးတန်တဲ့ စကားတွေကို ဂျာနယ်မျက်နှာဖုံးမှာ စာမျက်နှာ အပြည့် မဖော်ပြပါဘူး။ ကျွန်တော် မှတ်မိသလောက်ရေးသား တင်ပြခြင်းဖြစ်ပါတယ်။ ကူးယူဖော်ပြ စရာလည်း ဘယ်စာမျက်နှာမှာမှ တင်ပြမထားလို့ ရှေ့နောက် အစီအစဉ်လွဲချော်ခြင်း “၏” နှင့် “သည်” အနည်းငယ် လွဲချင်လွဲပါမည်။ သို့သော အဓိပ္ပါယ် မလွဲပါဟု ရေးသားတင်ပြသူမှ တာဝန်ယူပါသည်။


naung252 ကျေးဇူးအထူးတင်ရှိပါသည်
 
 
+10 #7 ooookyaw 2012-10-13 03:41
ဦးသိန်းစိန်ကို နိုဘယ်ဆုရရန် ခန့်မှန်း ဆိုသည့်သတင်းနှင့် ပတ်သက်၍ လေ့လာတင်ပြချက်။

ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်တင်သွင်းခြင်းကို လူတိုင်း မလုပ်နိုင်ပါ။ တင်သွင်းနိုင်သည့်လူ သို့မဟုတ် အဖွဲအစည်း ၇ မျိုး ရှိပါတယ်။ အဲဒီ ၇ မျိုးမှာ လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များက အမှတ် ၁ မှာ ပါတယ်။ အောက်ပါ လင့်ခ်ကို ကြည့်ပါ။
ဒါဆိုရင် ဦးသိန်းစိန်ကို ဘယ်သူတင်သွင်းသလဲဆိုတာ မှန်းနိုင်ပါပြီ။
http://www.nobelprize.org/nobel_prizes/peace/nomination/index.html
နိုဘယ်ဆုအတွက် တစ်စုံတစ်ဦးကို အမည်တင်သွင်းထားတယ်ဆိုတဲ့ ကောလာဟလတွေကို ဘယ်လိုနားလည်ရမှာလဲဆိုတာနဲ့ ပတ်သက်ပြီး နိုဘယ်ဆုကော်မတီရဲ့အဖြေက ဒီလိုပါ။
အဲဒါတွေဟာ ကောလာဟလသာ ဖြစ်ပါတယ်။ သို့မဟုတ် အမည်တင်သွင်းသူတွေဆီက ပေါက်ကြားလာတာ ဖြစ်ပါတယ်။ အမည်တင်သွင်းခြင်း၊ စုံစမ်းခြင်း၊ ထင်မြင်ယူဆချက်များကို နှစ်ပေါင်းငါးဆယ် လျှို့ဝှက်ထားပါတယ်။ ကောလာဟလ မှန်မမှန်သိချင်ရင် နှစ်ငါးဆယ် စောင့်ပါ။
What about the rumours circling around the world about certain people being nominated for the Nobel Prize this year?
Well, either it's just a rumour, or someone among the invited nominators has leaked information. Since the nominations are kept secret for 50 years, you'll have to wait until then to find out.
 
+27 #6 bravo 13 2012-10-12 22:46
naung252 ကို အရမ်းပဲကျေးဇူးတင်ပါတယ်။ မသိလိုက်တဲ့သူတွေအတွက် အဖိုးတန်စကားကို share လုပ်ပေးတဲ့အတွက် ထပ်ဆင့်ကျေးဇူးတင်ပါရစေ။ EMG အနေနဲ့လဲ ကူညီပေးစေချင်ပါတယ်။ သတင်းက update မဖြစ်တော့ပေမဲ့ သမ္မတကြီးရဲ့ နဂိုစိတ်ရင်းကထွက်တဲ့စကားက ကျွန်တော်တို့မြန်မာပြည်သားတွေ အတွက် အားဆေးတစ်ခွက်ပါ။ အမြဲ update ဖြစ်ပီး လတ်ဆတ်စေမှာပါ။ သမ္မတကြီးရဲ့ ပင်ကိုစိတ်ရင်း အလွတ်သဘောပြောတာကို တစ်တိုင်းပြည်လုံး သိစေချင်ပါတယ်။
 
+40 #5 Mr.talkative11 2012-10-12 21:32
သမ္မတကြီးအတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ အရှက်ကွဲတယ်လို့ မယူဆစေချင်ပါ။ တနှစ်ကျော်လောက်ပဲလုပ်ရသေးတာတောင် ဆုရရှိနိုင်ခြေရှိသူများ၏စာရင်းမှာ ပါလာပြီဆိုတော့ သိပ်မဝေးတော့ပါဘူးဗျာ။ ဆက်ကြိုးစားပါ။ အားပေးနေပါ့မယ်။ (ကျောင်းသားတွေကို ကိုရီးယားမှာ ပြောတဲ့ သြဝါဒစကားဖတ်ရတော့ အခု စိတ်ပုတီးကိုင်နေတဲ့ အရင်က ပညာရေးကော်မတီဥကဌကြီးကို မဆီမဆိုင် သွားသတိရတယ်။ ကျောင်းဆုပေးပွဲတွေမှာ ပြောနေကျပေါ့)
 
+36 #4 minhtetpaizin 2012-10-12 21:04
သမ္မတကြီးလက်ထက်မှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီကို သွေးမြေမကျပဲ ငြိမ်းချမ်းအောင်မြင်စွာကူးပြောင်းနိုင်ခဲ့မယ်ဆိုရင် မြန်မာပြည်ဟာ ကမ္ဘာ့သမိုင်းမှာစံပြနမူနာကောင်းတခု ဖြစ်လာနိုင်ရုံမက နောင်နှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထိုက်ထိုက်တန်တန် ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
 
+31 #3 hmohh 2012-10-12 21:01
သမ္မတကြီးကျန်းမာပါစေ ဒီထက်ပိုပြီးကြိုးစားပါ ပြည်သူတွေအတွက်ဆောင်ရွက်ပေးပါ။ ကချင်ဒေသစစ်ငြိမ်းချမ်းအောင် ကြိုးစားဆောင်ရွက်ပေးပါ။
နောက်နှစ်ရမှာပါ နောက်ကြောင်းတော့ပြန်မလှည့်နဲ့နော် ICC ရောက်သွားမယ်
 
+6 #2 naymyo1992 2012-10-12 18:58
ကဲ...EUတော့ရသွားပြီ။ဦးသိန်းစိန်လူတွေတော့တောက်တခေါက်ခေါက်ဖြစ်နေမှာပဲ၊ဒေါ်စုကသာထိုက်တန်တဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုပိုင်ရှင်ပါ၊
 
 +141 #1 naung252 2012-10-12 18:17
သမ္မကြီးရဲ့ကိုးရီးယားနိုင်ငံဆိုးမြို့မှာ မြန်မာကျောင်းသားတွေနဲ့တွေ့စဉ်သြဝါဒစကားတွေပါQuote:
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်တွင် မြန်မာနိုင်ငံသံရုံးတွင် သံအမတ်ကြီးနှင့် အဖွဲ့ဝင်များ ပညာသင်ကြားရန် ရောက်ရှိနေသော မြန်မာပညာသင်သားများနှင့် တွေ့ဆုံစဉ် သမ္မတကြီး ဦးသိန်းစိန် ပြောကြားခဲ့သော ဆုံးမ စကားများကို မှတ်မိသလောက် တင်ပြလိုက်ပါသည်။ ““ သူများတိုင်းပြည်တွေမှာ တိုးတက်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ တို့နိုင်ငံမှာတော့ ထင်းစည်းလေးချိုးပြပြီး စည်းလုံးညီညွတ်ဖို့ သင်နေရတယ်။ တစ်ချောင်းထဲဆိုရင် ကျိုးတယ် သုံးချောင်းလောက်ဆိုရင် မကျိုးဘူး ဆိုပြီး။ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ကြိုးစားရတယ်။ အရင်က နှစ် ၂၀ လုံးအဖက်ဖက်က ပိတ်ဆို့တာတွေ မဆက်ဆံတာတွေ ဆန့်ကျင်တာတွေ ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံနေတဲ့ ပါတီတွေဆိုရင်လည်း အရင်က ကျောခိုင်းနေရာက အခုမျက်နှာချင်းဆိုင် လက်ဆွဲနှုတ်ဆက်လာအောင် ကြိုးစားခဲ့ပြီ။ ကိုရီးယားနိုင်ငံ မှာ ပညာသင်ကြားဖို့ ရောက်ရှိနေတဲ့ သမီးတို့ သားတို့လည်း နိုင်ငံခြားရောက်ရင် ပြီးရော ဆိုတဲ့စိတ် မမွေးပါနဲ့ သူများနိုင်ငံတွေမှာ ဘယ်လိုတွေ ကြိုးစားနေလည်း လေ့လာပါ။ အတုယူပါ။ ကိုရီးယားနိုင်ငံ တိုးတက်နေတာဟာ သူတို့လူမျိုးတွေက ၀ီရိယ ကောင်းတယ်။ ကျောက်တောင်တွေကို တူးဆွပြီး သီးနှံကို နိုင်ငံတော်အတွက် စိုက်ပျိုးတယ်။ တို့နိုင်ငံဟာ သယံဇာတ ဆိုရင်လည်း မထွက်တာ မရှိသလောက်ပဲ။ ရေမြေ ရာသီဥတုလည်း မဆိုးဘူး အဖက်ဖက်က ပြည့်စုံ နေပေမယ့် ဘာကြောင့်ဆင်းရဲနေသလဲ ဆိုတော့ brain လိုနေလို့။ ဒါကြောင့် နည်းပညာတွေ သင်ကြားကြပါ။ သင်ကြားတတ်မြောက်ပြီးရင်လည်း ကိုယ့်နိုင်ငံကို ပြန်လာပါ။ အခုလည်း ခရီးတွေ ဆက်နေတော့ ပင်ပန်းပါတယ်။ တစ်နေ့ကပဲ အမေရိကန်ကို သွားရတယ်။ ဟိုမှာလည်း ကိုယ့်နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းတွေအတွက် ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးရတယ်။ ( ဒီနေရာ မှာ ကျွန်တော် ၀မ်းနည်းမိပြီး မျက်ရည်ကျမိတယ် အ၇င်ကတည်းက င့ါအဖေသာဆိုရင် အောက်ကျနောက်ကျ မခံစေချင်ဘူး ဆိုတဲ့ အတွေးက အမြဲတန်းဖြစ်မိလို့ပါ)။ သူတို့ကလည်း စီးပွားရေးနဲ့ လိုအပ်တဲ့ အကူညီတွေ ပေးနေပါပြီ။ အမေရိကန်ကို ချစ်လွန်းလို့ အားကိုးလွန်းလို့ မဟုတ်ဘူး။ ကိုယ့်နိုင်ငံက နောက်ကျကျန်နေလို့ ၁၀ လှမ်းနဲ့ မမီလို့ အပြေးလိုက်နေရပြီ။ နိုင်ငံခြားက မိတ်ဆွေတွေက မေးတယ် ခင်ဗျားတို့ နိုင်ငံမှာ အလုပ်လက်မဲ့တွေ ဘယ်လို ထမင်းစားလဲ ကျွန်တော် တို့နိုင်ငံမှာတော့ အလုပ်မရှိရင် ထမင်းစားဖို့ မရဘူး တဲ့ ကျွန်တော်တို့နိုင်ငံမှာ အလုပ်လက်မဲ့တွေတော့ ရှိတယ် ဒါပေမဲ့ ထမင်းမငတ်ဘူး လို့ပြောတော့ အံ့သြသွားတယ်။ ဟုတ်တယ်လေ စားစရာ မရှိရင် ဘယ်ဘုန်းကြီးကျောင်းတက်စားစား ရတယ်။ အလှုရှင်တွေကလည်း နေ့တိုင်းရှိတယ်။ ဒါကြောင့် နည်းပညာလိုနေတဲ့ အတွက် စာကိုကြိးစားသင် ယူကြပါ။ နောင်ကျရင် နိုင်ငံတော်အနာဂတ်က မင်းတို့လူငယ်တွေ လက်ထဲ လွှဲခဲ့ရမှာပဲ။ တို့က အသက်ကြီးပြီ။”” အထက်ပါ သမ္မတကြီးပြောကြားသော ဆုံးမစကားများကို မနေ့ညက sky net Up To Date မှာ ကြည့်ရတာပါ။ ဘယ်ဂျာနယ်မှ ဒီလို အဖိုးတန်တဲ့ စကားတွေကို ဂျာနယ်မျက်နှာဖုံးမှာ စာမျက်နှာ အပြည့် မဖော်ပြပါဘူး။ ကျွန်တော် မှတ်မိသလောက်ရေးသား တင်ပြခြင်းဖြစ်ပါတယ်။ ကူးယူဖော်ပြ စရာလည်း ဘယ်စာမျက်နှာမှာမှ တင်ပြမထားလို့ ရှေ့နောက် အစီအစဉ်လွဲချော်ခြင်း “၏” နှင့် “သည်” အနည်းငယ် လွဲချင်လွဲပါမည်။ သို့သော အဓိပ္ပါယ် မလွဲပါဟု ရေးသားတင်ပြသူမှ တာဝန်ယူပါသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။