Saturday, October 13, 2012

မြိတ်မြို့တွင်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ကားများ၊နေအိမ်များ၏မှန်များကို ဖျက်ဆီးခဲ့သူများအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရ


မြိတ်မြို့တွင်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ကားများ၊နေအိမ်များ၏မှန်များကို ဖျက်ဆီးခဲ့သူများအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရ PDF Print
Friday, 12 October 2012 13:04
AddThis Social Bookmark Button
thn-10-12-2
မြိတ်မြို့တွင် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ရပ်နားထားသောကားများနှင့် နေအိမ်များ၏မှန်တံခါးများကို ဖျက်ဆီးခဲ့သူများကို ဖမ်းဆီးရမိရန်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်ကြောင့် မြို့ပေါ်ရှိရပ်ကွက်အတော်များများတွင် ရပ်နားထားသောကားများ၏ မှန်တံခါးများမှာ ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။ကန်ကြီးကွက်သစ်၊ဆိပ်ငယ်ရပ်ကွက်၊ထားဝယ်စုရပ်ကွက်၊မြစ်ငယ်ရပ်ကွက်၊ ကန်ဖျားရပ်ကွက်၊မြိတ်တောင်နယ်မြေ၊အလယ်ကျွန်းရပ်ကွက်များရှိ ရပ်နားထားသောကားများမှာ ဖျက်ဆီးခံခဲ့ရပြီး ဆိပ်ငယ်ရပ်ရှိနေအိမ်နှင့် လေဆိပ်အနီးရှိ ရုံးတစ်ခုမှာလည်းခဲနှင့်ပစ်ပေါက်မှုကြောင့် မှန်များပျက်စီးခဲ့ကြောင်း သိရသည်။ တစ်ညအတွင်းဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာရပ်ကွက်အလိုက် နေရာအနှံ့ပြုလုပ်သွားကြောင်း ဒေသခံများကပြောကြားခဲ့သည်။
'' ကျွန်တော့်ကားဆိုရင် ဆိပ်ငယ်ရပ်၊ဈေးကြီးရှေ့မှာ နားထားတာပါ။မြို့လယ်ကောင်ကြီးမှာဖြစ်တဲ့အ ပြင် အစောင့်တွေလည်းရှိတဲ့နေရာမှာဖြစ်သွားတာပါ ဆိုင်ကယ်သုံးစင်းလောက်နှင့်လာပြီး ကားမှန်ကိုဖျက်ဆီးသွားခဲ့တာလို့သိရတယ်။အောက်တိုဘာလ ၁၁ရက်နေ့ နံနက် ၃ နာရီလောက်မှာ ဖျက်ဆီးခံလိုက်ရပြီး အနီးနားမှာရှိတဲ့အစောင့်တွေထကြည့် တော့ ဆိုင်ကယ်တွေမောင်းထွက်ပြေးသွားတယ်လို့ သိရတယ်။အဲဒီလိုပဲ ကျွန်တော်တို့တစ်လမ်းထဲမှာရှိတဲ့ ကားတွေကိုလည်း တွေ့သမျှဖျက်ဆီးသွားတယ်''လို့ ဖျက်ဆီးခံခဲ့ရသော ကားပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။
မြိတ်မြို့တွင် အုပ်စုဖွဲ့ဂိုဏ်းဂနဆန်ဆန် မိုက်ကြေးခွဲနေသည့်အဖွဲ့များပေါ်ပေါက်နေကြောင်း ပြီးခဲ့သည့်အပတ်ကလည်း ကန်ဖျားရပ်ကွက်တွင်အုပ်စုဖွဲ့ကာ မိသားစုတစ်စုအားဓားများဖြင့် ၀င်ရောက်ခုတ်သွားသည့်ဖြစ်ရပ်အပြင် ညအချိန်လမ်း များတွင် အုပ်စုဖွဲ့ကာဆိုင်ကယ်များဖြင့်သွားလာနေပြီး လမ်းသွားလမ်းလာများကိုမိုက်ကြေးခွဲကာ ရိုက်နှက်ခြင်း၊ ရန်ရှာခြင်းများပြုလုပ်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ယခုဖြစ်ရပ်တွင် ရပ်ကွက်အသီးသီး၌ဖျက်ဆီးခံရသည့် ကားအရေတွက်မှာ ၁၄ စီးခန့်ရှိနိုင်ပြီး သက်ဆိုင်ရာမှလည်း အဆိုပါအဖွဲ့များကို ဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
thn-10-12-1
'' ဖျက်ဆီးသွားတဲ့လူတွေကိုတော့မမိသေးပါဘူး စုံစမ်းစစ်ဆေးနေဆဲပါပဲ၊ ကားအရေအတွက်လည်းကောက်ယူနေပြီး ဖမ်းဆီးရမိရင်တော့ဆက်သွယ်ပါ့မယ်''ဟု မြိတ်မြို့မှ ရဲဝန်ထမ်းတစ်ဦးက အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက်ရပ်ကွက်အတွင်း တာဝန်ကျသည့် အရန်မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်လူကြီးများနှင့် ရဲတပ်ဖွဲ့များပူးပေါင်းကာ ရပ်ကွက်အလိုက်လုံခြုံရေးတာဝန်များယူထားကြောင်း သိရသည်။
'' ဒီလိုဖြစ်ရပ်ကမြို့ပုံရိပ်လည်းထိခိုက်တဲ့အပြင် အရင်ကမရှိဖူးခဲ့တဲ့အရာတွေပါ၊ဒါကိုအားလုံးပူးပေါင်းဖော်ထုတ် သင့်ပါတယ်၊ကားတွေပေါပါတယ်ဆိုတဲ့ ရန်ကုန်မြို့ကြီးမှာတောင် တစ်ညတည်းဒီလိုကားအစီးအရေ အများကြီးဖျက်ဆီးခံရတယ်ဆိုတာ မရှိခဲ့ဖူးဘူးလို့ထင်ပါတယ်၊ဒီလိုအုပ်စုဖွဲ့ပြီး ဥပဒေမဲ့လုပ်ရပ်တွေကိုလက်မခံနိုင်ပါဘူး၊ သက်ဆိုင်ရာနှင့် ပူးပေါင်းပြီး ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးဖော်ထုတ်သွားပါ့မယ်''ဟု ရပ်ကွက်လူကြီးတစ်ဦးက ပြောကြားခဲ့သည်၊
အဆိုပါအဖွဲ့တွင် လူငယ်အများစုဖြစ်ကြောင်း၊ဆိုင်ကယ်များဖြင့် နေရာအနှံ့လိုက်လံဖျက်ဆီးရာတွင် အုပ်စုများခွဲပြီး တချို့နေရာတွင်၂ စီး တစ်ချို့နေရာများတွင် သုံးစီးမှ ငါးစီးအထိရှိကြောင်း ကားရပ်နားပြီး လက်ဖက်ရည်သောက်နေစဉ် လူစည်ကားသည့်နေရာတွင်ပင် ဖျက်ဆီးထွက်ပြေးသွားကြောင်း မည်သူမည်ဝါဖြစ်သည်ကိုမတွေ့လိုက်သော်လည်း ဆိုင်များဖြင့် အုပ်စုဖွဲ့လိုက်လံဖျက်ဆီးနေသူများတွင် လူငယ်များအများစုပါဝင်ကြောင်း သိရသည်။
 

Comments 

+1 #7 ဥုံဖွ 2012-10-13 12:16
ဒီလူငယ်တွေကို ဖမ်းမိရင်ဘာလုပ်မလဲ အဲ့သတင်းနောက်ဆက်တွဲလေးပါတင်ပေးပါဦး တရားဥပဒေစိုးမိုးရေးအတွက်ကို မြိတ်အာဏာပိုင်တွေအနေနဲ.ဘယ်လိုပညာသားပါပါကိုင်တွယ်ဖြေရှင်းမယ်
ဆိုတာသိချင်လို.
 
+6 #6 Phoe Khant 2012-10-13 07:30
Many news like this around these days. So strange to hear and feel like our living is not safe.
Rule of law is strongly needed.
-Main responsibility of Police, need more police for people security ( not government security).
-Also judge are one of the big part. If their decision is not straight, and these people think no problem if they give bribe.
-Also people need to help.
-Amnesty on person who broke the law had also effect. If these people brake the law again, need to sentence them for recent case + years left for old case.
 
+5 #5 exodus88 2012-10-13 07:02
Myanmar is too far to get democracy. People need to understand well about democrcy and freedom. Now they are not still deserved.
 
-20 #4 THU THU 2012-10-12 19:23
ဒါ ရိုဟင်ဂျာ သူငယ် တွေ ဖြစ်ရမယ်။ ကုလား... ပဲကြီး လှော်ဆားညှပ် စေချင်လို.။ ဘယ်ကောင်တွေ လဲ ကွ street of fire ရုပ်ရှင်ထဲကလို နာခြင်လို့လား
 
+26 #3 Snipher 2012-10-12 18:24
လူကြီးနှင့်လူငယ် သဟဇာတဖြစ်အောင် လက်တွဲကူမှု အားနည်းတော့ တချို့ မြိတ်လူငယ်တွေ့ မိဘပိုက်ဆံထိုင်ဖြုန်းပြီး အလုပ်မရှိ အကိုင်မရှိနဲ့ ဘိန်းစာမှုန်စွဲ၊ ဆေးလုံးစွဲ ဘ၀တွေပဲ ရောက်ကြတာများတယ်။ အလုပ်လက်မဲ့များပြီး ဆင်းရဲချမ်းသာကွာဟမှုများလာတော့ လူမှုရေးပေါက်ကွဲမှု အစွန်းရောက်ကလေကချေလူမိုက်တွေ ဖြစ်လာတာပါပဲ။
 
+24 #2 Mr.talkative11 2012-10-12 17:32
မီဒီယာတွေကျေးဇူးကြောင့် ရာဇဝတ်မှုတွေ ပိုသိလာရတာလား၊
လွတ်ငြိမ်းချမ်းသာလာတဲ့ မလွတ်သင့်တဲ့ကောင်တွေကြောင့်လား။
ရာဇဝတ်မှုတွေပိုများလာတာတော့ အမှန်ပဲ။
(စကားမစပ် ကားမှာ NLD အမှတ်အသားလေးနဲ့)
 
+40 #1 klvnaung 2012-10-12 16:19
၂၀၁၅ ဖွတ်ပြုတ်ကျတဲ့အခါ ပိုက်ဆံပုံကြီးနဲ့ကျန်ခဲ့မယ့် ဖွတ်ခေါင်းဆောင်တွေက Danger လိုဂိုဏ်းမျိုးတွေရာနဲ့ချီပြီးထူထောင်ပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ အကြမ်းဖက်မိုက်ကြေးခွဲမှုတွေကို ရဲကလက်ပိုက်ကြည့်နေလိမ့်မယ်။ ဒီမိုကရေစီဘက်တော်သားတွေရဲ့ အုပ်ချုပ်မှုကို မီးကုန်ယမ်းကုန် နှောက်ယှက်ပါလိမ့်မယ်။ တရားဥပဒေစိုးမိုးမှုကို လာမယ့်သုံးနှစ်အတွင်းအကောင်အထည်မဖေါ် နိုင်ရင်တော့ သွားပြီ။ အလွန်အန္တရာယ်ကြီးပါတယ်။ US က MS-13 (Mara Salvatrucha-13) ဂိုဏ်းလိုမျိုးတွေပါ။ ဒီလင့်မှာဝင်ကြည့်နိုင်ပါတယ်။
http://en.wikipedia.org/wiki/MS-13
ဂိုဏ်းဖွဲ့ကျူးလွန်တာတွေကိုတားဆီးဖို့ စင်ကာပူမှာလိုပြင်းထန်တဲ့ဥပဒေ ပြဌာန်းဖို့လိုအပ်တယ်လို့ထင်မြင်မိကြောင်းပါ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။