သီတဂူ ဆရာတော် မြစ်ကြီးနား မျက်စိကုသရေးဌာန အတွက် လှူဒါန်း
မျက်စိဝေဒနာ ကုသဖို့ အတွက် မြစ်ကြီးနားမြို့ တောင်တန်း သာသနာပြု သီတဂူ
စက္ခုဒါနဆေးရုံမှာ မှန်ပုံတင်ထားတဲ့ မျက်စိဝေဒနာရှင် တစ်ထောင်ဝန်းကျင်ထဲက
လူပေါင်း ၃၀၀ နီးပါး နဲ့ ပူတာအိုက လူပေါင်း ၁၀၀ နီးပါးကို
ခွဲစိတ်ကုသနိုင်မှာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဒါအပြင် ဆရာတော် အရှင်ဥာဏိဿရ ဟာ မြစ်ကြီးနား အကျဉ်းထောင်မှာ ရှိတဲ့ အကျဉ်းသား ၁၈၀၀ ကို တရားဟောပြီးတော့ ထမင်းကျွေး ဒါနပြုဖို့လည်း ရှိတယ်လို့ သိရပါတယ်။
သီတဂူဆရာတော်ကြီးရဲ့ တောင်တန်းသာသနာပြု သီတဂူစက္ခုဒါန ဆေးရုံတွေဟာ မြန်မာနိုင်ငံ ဒေသ အသီးသီးမှာ ၁၉ ခု ရှိပြီးတော့ မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ မျက်စိဝေဒနာရှင်တွေကို ကုသလာတာ အခုဆိုရင် ၁၅ နှစ်ရှိပြီလို့ သိရှိရပါတယ်။

No comments:
Post a Comment