ရခိုင်ပြည်အရေးနှင့် ပတ်သတ်၍ NLD တင်သွင်းသော အဆိုကို ကြံ့ဖွံ့ပယ်ချ
နေပြည်တော်၌
ကျင်းပသော စတုတ္ထအ ကြိမ် ပြည်သူ့ လွှတ်တော်ပုံမှန်အစည်းအဝေး တွင်ယမန်နေ့က
ရခိုင်ပြည်အရေးနှင့်ပတ်သတ်၍ NLD မှ တင်သွင်းလိုက်သောအဆို ကို
ကြံ့ခိုင်ရေးပါတီက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
NLD ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် မှ ဒေါက်တာ မြတ်ဥာဏစိုး တင်သွင်းသွား သော အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မသမာ သော နည်းလမ်းဖြင့်မြန်မာနိုင် ငံအတွင်းသို့ ဝင်ရောက်မှုရှိခြင်း၊ မသမာသော နည်းလမ်းများ ဖြင့်မြန်မာ နိုင်ငံသား စိစစ်ရေးကဒ်ပြားများ ကိုင်ဆိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးနှင့် အမျိုးသား ရေးတာဝန်အဖြစ် အထူးစီမံ ချက် ချမှတ်ပြီးဖေါ်ထုတ်အရေးယူ ပေးသွားပါရန်ပြည် ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကြံ့ခိုင်ရေး ပါတီမှ ရခိုင်ပြည် နယ်အတွင်း ပုဒ်မ ၁၄၄ အမိန့် ရုတ်သိမ်းပြီး ချိန်မှသာ ယခု အဆိုကို ဆွေးနွေးလို ကြောင်း၊ လတ်တလော ဆွေးနွေး လိုက်ပါက မီးလောင်ရာ လေပင့်ပေး သကဲ့သို့ ဖြစ်သွားနိုင်သည်ဟု အကြောင်း ပြကာ ပယ်ချလိုက်ခြင်းဖြစ်ကြေင်း သိရှိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယင်းအဆိုနဲ့ပတ်သတ်၍ ထောက်ခံသူ များရှိပါ သလားဟု မေးရာတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ ခင်မောင်မှ ထောက်ခံခဲ့ပြီး ပယ်ချသူများ ရှိပါသလားဟု မေးရာတွင် ကြံ့ဖွံ့ပါတီ အမတ်တစ်ဦးမှ ၄င်းအဆိုကို ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့က မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ညနေ ၆ နာရီမှ နံနက် ၆ နာရီကို ညနေ ၅ နာရီမှ နံနက် ၇ နာရီအထိ တိုးချဲ့လိုက်ကြောင်းလည်း သိရှိရသည်။
နယ်မြေဒေသ လုံခြုံမှုမရှိသည့် အခြေအနေနှင့် တစ်ဖက်နိုင်ငံတွင် အခြေစိုက်သော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် လက်နက်ကိုင် တပ် များ ဝင်ရောက်လာနိုင်သည့် သတင်းများ ထွက်ပေါ်နေသောကြောင့် ယခုကဲ့သို့ ညမထွက်ရအမိန့်ကို အချိန်တိုးမြှင့် လိုက်ခြင်းဖြစ် ကြောင်း နယ်စပ်လေ့လာသူများက ပြောသည်။

No comments:
Post a Comment