Friday, August 10, 2012

ကေအိုင်အေ မှ ရိက္ခာဖူလုံစေရန် စပါးစိုက်ပျိုး


ကေအိုင်အေ မှ ရိက္ခာဖူလုံစေရန် စပါးစိုက်ပျိုး 

သြဂုတ် (၁၀)


ကေအိုင်အေ တပ်ရင်း(၁၄)မှ ဒုဗိုလ် တူးလွန်ဦးဆောင်သော အဖွဲ့ဝင် (၂၅)ဦးခန့်သည် အင်ခတ်တွင် ၄င်းတို့ တပ်ရင်း(၁၄)က ပိုင်ဆိုင်တဲ့ လယ်မြေဧက (၅၀)ကို လာရောက်စိုက်ပျိုးလျက်ရှိတယ်လို့ သိရပါတယ်။ လယ်စိုက်ဖို့ အတွက် အင်ခတ်နှင့် အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေက နွားနဲ့ လယ်လုပ်သူတွေကို ခေါ်ယူစေခိုင်းမှုတွေ ပြုလုပ် နေခဲ့ပါတယ်။
            “ လယ်လုပ်ပေးတဲ့ နွားနဲ့ လယ်လုပ်သူတွေကိုတော့ စပါးပေါ်ရင်  လယ်လုပ်ပေးခအနေနဲ့ စပါးတင်း(၂၀)စီ ပေး မယ်လို့တော့ပြောတာဘဲ။ ခိုင်းလို့သာလုပ်နေရတာ ကိုယ့်ရဲ့ တောင်ယာနဲ့ လယ်တွေကို ဒီအတိုင်းထားထားရတယ်။ နွားရှိ တဲ့ အိမ်တွေကနွားပေးရတယ်။ နွားမရှိတဲ့အိမ်တွေကျတော့ လူပေးရတာပေါ့။ ကိုယ့်ထမင်းထုပ်နဲ့ ကိုယ်လာပြီး လယ်လုပ် ပေးရ တာ။ နေ့စားလို လယ်လုပ်ခမပေးတော့ လုပ်နေရတဲ့သူတွေလည်း စားဝတ်နေရေး အဆင်မပြေကြဘူးလေ။ သူတို့က သူတို့အခုလုပ်တဲ့ လယ်တွေကထွက်တဲ့ စပါးတွေနဲ့ ကျန်တဲ့ ကေအိုင်အေတပ်ရင်းတွေစားဖို့ စပါးစိုက်ပေးရတာ လို့ ပြောတယ် ” ဟု ဒေသခံတောင်သူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
       ကေအိုင်အေ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ တရုတ်နိုင်ငံနဲ့ နိုင်ငံရပ်ခြားမှာနေထိုင်တဲ့ ကချင်လူမျိုးတွေဆီက ထောက်ပံ့ မှုတွေရရှိအောင် လုပ်ဆောင်နေပေမယ့် ထောက်ပံ့မှုတွေမရရှိတဲ့အပြင် ယခုလအတောအတွင်း လူသစ်စုဆောင်းမှု များလာ တာတွေကြောင့် စားနပ်ရိက္ခာလုံလောက်ဖို့အတွက် လက်အောက်ခံ ကေအိုင်အေတပ်ရင်းတွေကို ကိုယ်တိုင်စပါးစိုက်ဖို့ ညွှန်ကြား ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။