Friday, August 10, 2012

ဒီဂျစ်တယ်မီတာများ စက်မှုဇုန်များတွင် စတင်တပ်ဆင်


ဒီဂျစ်တယ်မီတာများ စက်မှုဇုန်များတွင် စတင်တပ်ဆင် 

သြဂုတ် (၁၀)
လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရောင်းချသူများ နစ်နာဆုံးရှုံးမှုသက်သာစေရန် စက်မှုဇုန်များနှင့် နေအိမ်များတွင် ဒီဂျစ်တယ်မီတာ   ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာနက သိရသည်။
ဒီဂျစ်တယ်မီတာများပြောင်းလဲတပ်ဆင်ရခြင်းမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်ချိန်တွင် Analog မီတာသည် လျှပ်စစ်ဓါတ်အားပမာဏ(၁ ဒဿမ ၂)ဝပ် ဆုံးရှုံးမှုရှိပြီး ဒီဂျစ်တယ်မီတာသည် (ဝ ဒဿမ ၇)ဝပ်သာ ဆုံးရှုံးမှုရှိခြင်းကြောင့် ဓါတ်အားပမာဏဆုံးရှုံးမှု သက်သာခြင်း၊မီတာသုံးစွဲယူနစ်ကောက်ခံရာတွင် တိကျမှန်ကန်ခြင်း၊ အဆင်ပြေခြင်း၊ အချိန်ကုန်သက်သာခြင်းကြောင့် ပြောင်းလဲတပ်ဆင်ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိသုံးနေကြတဲ့ မီတာတွေက Analog မီတာတွေ၊ ဒီမီတာတွေက အိမ်သုံးတွေအတွက် သိပ်ပြဿနာမရှိပေမယ့် စက်မှုဇုန်တွေကျတော့ မီးသုံးပေမယ့် မီတာမလည်ဘူး၊ မီတာမလည်တဲ့အတွက် ယူနစ်မတက်ဘူး၊ ယူနစ်မတက်တဲ့အတွက် သက်ဆိုင်ရာ လျှပ်စစ်ဓါတ်အားရောင်းချတဲ့အဖွဲ့က နစ်နာဆုံးရှုံးမှုတွေ ဖြစ်လာတယ်၊ဒါကြောင့် စက်မှု ဇုန်တွေကို ဦးစားပေး တပ်ဆင်ရတာပါ’’ ဟု အလုံမြို့နယ်၊အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရန်လင်းက ပြောသည်။
ဒီဂျစ်တယ်မီတာပြောင်းလဲတပ်ဆင်ခြင်းကို စက်မှုဇုန်များတွင် ဦးစားပေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
အဆိုပါဒီဂျစ်တယ်မီတာများကို မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်မှ ဒီဂျစ်တယ်စက်ရုံ သုံးမီတာ တစ်လုံးလျှင် ကျပ်(တစ်သိန်း တစ်သောင်း)နှင့် ဒီဂျစ်တယ်အိမ်သုံးမီတာတစ်လုံး လျှင် ကျပ်(၅ သောင်း) ရောင်းချမည်ဖြစ်ပြီး မီတာခအနေဖြင့် Analog မီတာကဲ့သို့ အိမ်သုံးမီတာ တစ်ယူနစ်လျှင်(၃၅)ကျပ်၊ စက်ရုံသုံးမီတာတစ်ယူနစ်လျှင် (၇၅)ကျပ်နှုန်း ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
 ဒီဂျစ်တယ် အဆင့်မြင့်တပ်ဆင်မယ်ဆိုတော့ မီးအားတွေပိုကောင်းလာနိုင်မလား၊ ပိုဆိုးသွားနိုင်မလား အဲ့ဒါတွေရှိတယ်၊ပြီးတော့ ကိုယ်မီတာတပ်ထားခဲ့တဲ့ဈေးနှုန်းအတိုင်းပဲ အလိုက်ထပ်မပေးရဘူးဆိုရင်တော့ ပိုကောင်းတာပေါ့ ’’ ဟုလှိုင်သာယာမြို့နယ်၊ ပင်လုံဈေးရှိ ကုန်မျိုးစုံဖွင့်ထားသူ ဦးသန်းထွဋ်က ပြောသည်။

ရည်ညွှန်း : မြစ်မခ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။