အစိုးရ၏ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပေါ်လစီ
Friday, 10 August 2012 13:20
“ ဒီလိုပါဗျ။ စစ်တပ် ရံပုံငွေဆိုပြီး တပ်ဖွဲ့တွေ ကိုယ်တိုင်က လက်ကားလုပ်ပြီး၊ ဖြန့်နေတာရှိတယ်။ ပြီးတော့ လိုင်းကြေးပေး ပြီး လက်လီရောင်းနေတဲ့ သူတွေကလည်း သူတို့လူတွေပါဘဲ၊ ကျနော်မြင်တာက အခုပြောနေတဲ့အချက်ဟာ ၀ယ်သောက်တဲ့ ကလေးတွေနဲ့ ရောင်းရင် ဘယ်လိုလျင်းကပ်ရမလဲ ဆိုတာကို လွှတ်ပြီးစုံစမ်းခိုင်းလို့ ပြောရဲနေတာပါ။ တကယ်လို့ လိုင်း ကြေးတာမပေးဘူးဆိုရင်တော့ ဟဲဟဲ ထောင်ဒါဏ်က တန်းစီသွားလိမ့်မယ်။ ဒီတော့ဒီနေရာမှာ ပြောချင်တာက အစိုးရဆိုတဲ့ အဖွဲ့တွေကိုလည်း သိပ်မယုံဘူးဗျ။ သူတို့က လိုရင်တမျိုး မလိုရင်တမျိုး အခုလည်း ပြောကုန်ပြီးလေ- ဟု ရန်ကုန်မြို့ခံ တဦး က ပြောပါသည်။
အစိုးရသည် ပြီးခဲ့သည့် ရက်ပိုင်းက စိတ်ကြွဆေးပြား Amphetamine အလုံးရေ ၁ သန်း ၄ သိန်း နဲ့ ဘိန်းဖြူ ပိဿာ ၇၀ ကျော်ကို ဖမ်းဆီး ရမိခဲ့ခြင်းကြောင့် အစိုးရက စိုးရိမ်စရာဖြစ်လာသည်ဟု AFP ကဆိုပါသည်။ ဖမ်းဆီး ရမိသည့် မူးယစ်ဆေး ၀ါးများ၏ အများစုသည် မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်တွင် ဖြစ်သော်လည်း ဖြန့်ဖြူးရောင်းချမှုသည် နိုင်ငံအနှံ့တွင် အလွယ်တကူ ၀ယ်ယူရရှိနေသည်ဟု အသုံးပြုသူများက ဆိုပါသည်။
ဘိန်းမစိုက်ရင် ထမင်းမစားရဘူး ဆိုတဲ့ ရှမ်းပြည်နယ်မှ
တိုင်းရင်းသားများ၏ ဘ၀ကို ၀ိုင်းဝန်းဖြေရှင်းပေးပါ
အစိုးရသည် မူးရစ်ဆေးဝါး နှိမ်နှင်းရေး၌ ခက်ခဲနေသည်မှာ
နယ်စပ်ရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ၄င်းတို့၏ ဘဏ္ဍာငွေ ရှာဖွေရေး
လုပ်ငန်း တခုဖြစ်နေခြင်းကြောင့်ဟု အမြဲတမ်း စွပ်စွဲလေ့ ရှိပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကလည်း မူးရစ်ဆေးဝါး လုပ်ငန်းလုပ်ကို
အစိုးရ တပ်ဖွဲ့ အပါဝင် ၄င်းတို့ ဖွဲ့စည်းပေးထားသော ပြည်သူ့စစ်များကလည်း
ထုတ် လုပ်နေကြောင်း ဆိုနေပါသည်။တိုင်းရင်းသားများ၏ ဘ၀ကို ၀ိုင်းဝန်းဖြေရှင်းပေးပါ
“အစိုးရကတော့ ဒီကိစ္စနဲ့ ပါတ်သက်နိုင်တဲ့ အဲဒီအဖွဲ့တွေကို သူတို့ စစ်ဆင်တော့မယ် ဆိုရင် ဆေးဝါးတွေကို ဖမ်းပြတယ်။ ပါတ် သက်တဲ့နိုင်ငံတွေနဲ့ ဆွေးနွေးတယ် လိုအပ်ရင် ကမ္ဘာ့ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့တွေနဲ့ ဆွေးနွေးပြီး အကူအညီယူ တယ်၊ ဒီလိုမျိုးဝါဒဖြန့်ပြီး လုပ်နေကြပါတယ်။ အခုလည်း တနေ့က ထိုင်းမူးရစ် တိုက်ဖျက်ရေးနဲ့ ဆွေးနွေးတယ်၊ ပြီးတော့ အခု သူတို့ ဖမ်းပြတယ်၊ပြီးတော့ သတင်းထုတ်တယ်၊ ဒါဆိုရင် ရှမ်း၊ ၀နဲ့ မိုင်းလားအဖွဲ့တွေကို စစ်ဆင်ဖို့ ဖြစ်နိုင်သလို အကူအညီ ရ နိုင်မလားလို့ လုပ်စားကွက်တွေ ရှာတာလည်း ဖြစ်နိုင်တယ်၊ ပြီးခဲ့တဲ့ အတွေ့အကြုံအရပြောရင်” ဟုရှမ်းပြည် တိုးတက်ရေး ပါတီဝင် တဦးက ၄င်း၏အ တွေ့အကြုံကို ပြောပြပါသည်။
မူးရစ်ဆေးဝါးတိုက်ဖျက်ရေးကို နိုင်ငံရေးလက်နက်မသုံးကြပါရန်
ဤကဲ့သို့သော ကစားကွက်မျိုး ဖန်တီး လာခဲ့သည်မှာ ကြာလှပြီးဖြစ်သည်ဟု
ဆိုပါသည်။ ပြသနာအရင်းခံဖြစ်သော ဘ၀ရပ် တည်ရေးအတွက် မူးရစ် ဆေးဝါးကို
မဖြစ်မနေ စိုက်နေရသည့် တိုင်းရင်းသားများ၏ ဘ၀ဖူလုံရေးကိုမူ တကြိမ်
တခါမျှကူညီ ဆောင်ရွက်ခြင်း မရှိခဲ့ဟု ရှမ်းနိုင်ငံရေး သမား တဦးက
ဆိုပါသည်။ မူးရစ်ဆေးဝါး ထုတ်လုပ်မှုသည် အစိုးရပေါ်လစီ ကစားကွက်တခု အဖြစ် ရှိနေဆဲဖြစ်ပြီး၊ ကုလသမဂ္ဂသည်လည်း အရင်းခံပြသနာကို တိုက်ရိုက် မဖြေရှင်းဘဲ အစိုးရ၏ လှည့်ကွက်၌သာ ထုတ်ပြောနေကြသည်ဟု ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်း သား လက်ကိုင် အဖွဲ့များက ဆိုပါသည်။ ယခုလည်း မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ထုတ်လုပ်မှုသည် ၁၉၉၈ ခုနှစ်မှ ၂၀၁၀ ခုနှစ် အတွင်း ၃ ဆ များလာသည်ဟုသာ ထုတ်ပြန် ထားပါသည်။ ပံ့ပျောက်ရေးအတွက် တိုင်းရင်းသားများနှင့် တိုက်ရိုက်ပူး ပေါင်းရန် ဖိတ်ခေါ်အပ်ပါကြောင်း တိုင်းရင်းသား အဖွဲ့များက ဆိုပါသည်။