အစိုးရအဖွဲ့ဝင်များ၏ ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆို အတည်မဖြစ် |
Thursday, 09 August 2012 02:13 |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဝင်းမြင့် တင်သွင်းသည့် Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊
Clean government (သန့်ရှင်းသောအစိုးရ)ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင် စု
အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ
အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော
ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်
ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်''အဆိုကို မဲခွဲဆုံးဖြတ်ရာ
ကန့်ကွက်မဲများသဖြင့် လွှတ်တော်မှ အတည်မပြုကြောင်း သြဂုတ်လ ၈ ရက်နေ့တွင်
ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင်
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။ အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိန်ဝင်း(မအူပင် မဲဆန္ဒနယ်)၊ ဦးကျော်မင်း(လက်ပံတန်း မဲဆန္ဒနယ်)၊ ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်)၊ ဦးကျော်မြင့် (မြန်အောင်မဲဆန္ဒနယ်)၊ ဒေါ်မြင့်မြင့်စန်း (၀ါးခယ်မမဲဆန္ဒနယ်)၊ ဒေါက်တာဇော်မြင့်မောင်(ကျောက်ပန်းတောင်း မဲဆန္ဒနယ်)၊ ဒေါက်တာမျိုးအောင်(ဒဂုံမြို့သစ်ဆိပ် ကမ်းမဲဆန္ဒနယ်)တို့မှ ထောက်ခံဆွေးနွေးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်မှူးကြီးခင်မောင်ထွန်းနှင့် ဗိုလ်မှူးကြီးအောင်မြင့် ပြန်လည်သုံးသပ်ရန် ဆွေးနွေးခဲ့သည်။ ထို့နောက် ကျားဖြူပါတီမှ ဒေါက်တာစိုင်းကျော်အုန်းနှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးစိုးဝင်းနှင့်ဦးအောင်ဇင်က ပြန်လည်ပြင်ဆင် တင်သွင်းရန် ဆွေးနွေးခဲ့ကြသည်။အဆိုကို ထောက်ခံဆွေးနွေးသည့် ကိုယ်စားလှယ်များမှ ပြောကြားရာတွင် အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှုများဖော်ထုတ်မှုမှာ ဒီမိုကရေစီနိုင်ငံများ၏ အလေ့အထ ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံသည် ပွင့်လင်းမြင်သာမှုအားကောင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် လက်ဆောင်ပေးမှုမှတစ်ဆင့် လာဘ်ပေးလာဘ်ယူမှု မဖြစ်ပေါ်စေရန် လက်ဆောင်ပေးမှု အတိုင်းအတာ ပမာဏ(Gift Limit)ကို သတ်မှတ်ပေးထားကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အခြားနိုင်ငံများနည်းတူ သတ်မှတ်ပေးရန် လိုကြောင်း ဆွေးနွေးခဲ့ကြသည်။ တပ်မတော်သား ကိုယ်စားလှယ်များမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ တွင်ပါဝင်သည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းသော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တစ်ကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်ဟူသော ပြဋ္ဌာန်းချက်နှင့် မကိုက်ညီကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်မှ အဆိုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကွဲလွဲနေသော်လည်း အဆိုကောင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတမှ ခန့်အပ်တာဝန်ပေးသည့် အစိုးရအဖွဲ့ဝင်များထံမှ ပိုင်ဆိုင်မှုစာရင်း တောင်းသကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင်တွင် ကြီးလေးသော တာဝန်များ ထမ်းဆောင်နေသည့် လွှတ်တော်ဥက္ကဋ္ဌများ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များထံမှလည်း ညီတူညီမျှဖြစ်စေရန် ပိုင်ဆိုင်မှုစာရင်း တောင်းဆိုရန် စဉ်းစားသင့်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ ထိုအခါ အဆိုရှင် ဦးဝင်းမြင့်က'' ဖွဲစည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒုသမ္မတရဲ့ ပိုင်ဆိုင်တဲ့ စာရင်းတွေ၊ ပစ္စည်းတွေက ပြည်ထောင်စု လွှတ်တော်နာယကဆီကို ပဲတင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအဖွဲ့တွေက ပိုင်ဆိုင်မှုကို သမ္မတဆီ တင်ရမှာ။ ကျွန်တော်ဆိုလိုချင်တာက အများပြည်သူ သိရှိနိုင်ဖို့ အများပြည်သူ အမြင်ရှင်းဖို့ ပြည်သူကို ထုတ်ဖော်ကြေညာဖို့ အဆိုတင်တာဖြစ်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာ မဟုတ်ဘူး။ ဖွဲ့စည်းပုံမှာပါပြီးသား မဟုတ်ဘူး''ဟု ထပ်မံဆွေးနွေးခဲ့သည်။ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၆၈မဲ၊ ကန့်ကွက်မဲ ၂၇၁မဲနှင့် ကြားနေမဲ ၁၅မဲဖြင့် ရှုံးနိမ့်ခဲ့သဖြင့် အဆိုအတည်မဖြစ်ကြောင်း ကြေညာခဲ့သည်။ |
Comments
စက်ခလုပ် နှိပ် မဲ ပေး လျှင် ဦးစွာ ကဒ် ထည့် ပြီး မီမီ နှစ်သက် သော Switch(ထောက်ခံ ၊ ကန့်ကွက် ၊ ကြား နေ) ကို Press လုပ် ရ သည်။
ထို ကြောင့် မည်သူ သည် မည်သည် Switch ကို နှိပ် သည် ဆို သည် Operator မှ သိ ရှိ နိုင် ပါသည်။
လွှတ်တော် တွင် မေး ခွန်း မေး မြန်း ဖြေကြား ခြင်း တွင် ။ အများ စု မှာ ဒု ဝန်ကြီး များ ဖြစ် ကြသည်။ ဝန်ကြီး တွေ ဘာ လုပ် နေသလဲ။ လွှတ်တော် ဘာ လဲ။
ဦးသိန်းညွန့် အဆို အားလုံး နီးပါ Reject အလုပ် ခံ ရ မည်။
NLD အဆို အားလုံး နီးပါ Reject အလုပ် ခံ ရ မည်။
စဉ်းစားကြ ပါဦး။
ကဲ.. သက်သေပြလိုက်ပါပြီ....
ယုံကြည်လိုက်ပါ စည်းလုံးရင် မကောင်းတာလုပ်တာတောင် အောင်နိုင်တယ်နော်...
၂၀၁၅ မှာ ကောင်းတာလုပ်ဖို့ ဘာလို့မစည်းလုံးနိုင်ရမှာလဲ...
စည်းလုံးကြရအောင်....
If you don't believe it, just look at the following.
Quote:
You shouldn't hope something which is good for public.
Because why?
They are not real elected member.
They are stealer.
They are dictators.
They are sitting there not for peoples.
They are sitting there not for country.
They are sitting there to protect their property.
They are sitting there to protect their family.
They are SSS members.(shameless, selfish,stupid)
They are NNN members.(no brain, no heart, no afraid)
They are FFF members.(funny , fool , f***)
ပိုင်ဆိုင်မှုတွေက တအားများလွန်းတော့ မှတ်တမ်းတင်တဲ့သူတွေ မောမှာစိုးလို့လေ...စေတနာနဲ့စောစောစီးစီး ကန့်ကွက်တာပါဂျာ....
Politics is the art of possible.
တင်ပြသူ။ ။ဂျော်လကီမော်စီ
သူခိုးအစိုးရ၊သူခိုးလွှတ်တော်၊ဓါးပြ(၂၅%)နဲ့ပြည့်နှက်
နေတဲ့လွှတ်တော်ဖြစ်ကြောင်း...ကိုယ့်ပုဆိုးကိုချွတ်ပြ
တဲ့မင်းသားခေါင်းဆောင်းဘီလူးမျက်နှာခုတော့ဘွားဘွား
အကုန်ပေါ်ပြီ၊ရှက်ဖွယ်လိလိပါတကား......
အလကားဘဲ၊အထင်ကြီးလာခဲ့သမျှသဲထဲရေသွန်သလိုဘဲ
ငါတို့တိုင်းပြည်ဒီမိုကရေစီစံနစ်ကိုလျှောက်နေပြီဟေ့
ဆိုပြီးနိုင်ငံတကာမှာဝင့်ကြွားမလို့ကြံကာစရှိသေးနောက်ဆုံး
တော့ ခွေးမြီးကောက်ကျည်ထောက်စွပ်၊ ဒီဖွတ်တွေရှိနေသမျှ
ကာလပတ်လုံး သူခိုးဓါးပြတွေကြီးစိုးနေအုံးမှာပါ။။။။။
ဒါပေမယ့်ဗျာ....ဒီအပင်းဆို့နေကြတဲ့အရှက်မရှိသော ဘောင်းဘီချွတ် တွေက လွယ်လွယ်နဲ့တော့ ၂၀၁၅ မှာ အရှုံးပေးမယ်မထင်ဘူး။ဘာလို့လဲဆိုတော့ သူတို့စီးပွားရေးက ဘောင်းဘီချွတ်မှ ဗိုက်ဝတာလေဗျာ။ သောက်ရှက်မှ လုံးလုံးကိုမရှိတာ။ကြက်ကလေး၊ငှက်ကလေးလွှတ်ပေးလိုက်သလို ၂၀၁၅ မှာ သူတို့ စိတ်ကောင်းလေးရှိရင် အရင်တုံးက ဘုန်းကြီတွေကို အလကား ဘ၀နတ်ထံ ပို့မယ်မထင်ပါဘူးဗျာ။
ဝေဖန်တာမဟုတ်ပါဘူး။ အမြင်လေးတွေ ဖလှယ်တာပါ။
ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ဆိုတာ ?????????????????????????????????????????????????????????????????????????????????????
ကိုယ့်လိပ်ပြာကိုယ်မလုံတာက ၇၁.၉၄ ရာနှုန်းတဲ့
သာကူးအချောင်သမားက ၄.၂၂ ရာနှုန်းတဲ့
ခိခိခိခိခိ
We hope u guys to follow this event in ur coming publications, asking explanations from those who've voted against it, expressing our disappointments, citing legislative experts' views on this from both domestically and internationally. There is no greater duty than this for all of u guys in the press. If u guys do this , we'll truly appreciate it. U'LL TRULY BE OUR NATIONAL HEROES !!!
(လက်ညှိုးထောင်၊ ခေါင်းညိတ် လွှတ်တော် ဖြစ်နေပြီလား)
ဒါမှမဟုတ် အများစုက အနည်းစု အပေါ် ကလိမ်ကျပြီး အောက်လမ်းနည်းတွေ သုံးနေပြီလား?
(ဖွတ်တွေက ဘာလာလာ ဘူးပဲ ထွက်ရမယ်လို့  သြ၀ါဒ နာကြားထားနေရသလားပဲ)
ဒါမှမဟုတ်............... တစ်ခုခု (expired အကြီးအကဲတွေဆီက) ညွှန်ကြားလွှာ စောင့်နေသလားဗျာ။
လောလောဆယ် ဖွတ်တက်နေသမျှကာလပတ်လုံး ၂၀၁၅ အထိကတော့ ကျနော်တို့နိုင်ငံ မွဲနေအုံးမှာပဲ...
ပြည်သူအသံ ပြည်သူဆန္ဒနဲ့ တခြားစီပဲလုပ်နေကြတော့
ကြံ့ဖွံ့လွတ်တော်လို့သာပြောင်းလိုက်ပါတော့
သူတို့အကျိုးစီးပွါးထိခိုက်မယ့်ကိစ္စဆို ဘူးပဲ
တို့ဖေကြီးကို ကာကွယ်မလေ......
- - အစိုးရအဖွဲ့ဝင်များ၏ ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆိုကိုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၆၈မဲ၊ ကန့်ကွက်မဲ ၂၇၁မဲနှင့် ကြားနေမဲ ၁၅မဲဖြင့် ရှုံးနိမ့်ခဲ့ပြီး
- - အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊ မသမာသောနည်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းကို စီမံချက်ချမှတ် အရေးယူရန်အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူဦးရေ ၄၀ ဦးမပြည့်သည့်အတွက် ယင်းအဆိုကို အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးရန်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
---- -----
---- -----
----ခိုး စား ညီ ညာ - အောင် ကြောင်း ဖြာ-----
---- -----
---- -----
---- -----
အို့ ဟိုး ..... ယမမင်းဆိမှာ တော့ မဲအားကိုးနဲ့ လိမ်လို့ရမှာ မဟုတ်ဘူး
မနဲတဲ့ ပြည်သူတွေ နေစ၇ာအိမ်တွေ လယ်ယာတွေ အသိမ်းခံနေရတယ်..တိုင်းပြည် ကထွက်တဲ့ သယံဇာတတွေ မခံစားရဘူး
ဖုံး ကို ကမ္ဘာ မှာ ဈေး အကြီးဆုံးနဲ့ အဲဒိပိုင်ဆိုင်မှု မကြေငြာရဲ တဲ့သူတွေ ဆီက ဝယ်သုံးနေရတယ်..
ယမမင်းကြီးမေးတဲ့ အခါ လိမ်ရင်တော့ ပိုဆိုးသွား လိမ့်မယ် ဆိုတာသတြိ့ပုပါ
တွဲဖော်တွဲဖက် တေဖော်တေဖက် တောင်းဖော်တောင်းဖက်ခိုး
ဖော်ခိုးဖက်နောက်လဲတောင်းရဦးမှာဆိုတော့။ဒီရာထူးလေးတွေက
ပြုတ်ရင်(မဲရှုံးလို့ အမတ်နေရာလျော့တာ၊၀န်ကြီးနေရာမရတာကြောင့်မဟုတ်.ကမ်းနားသစ်ပင်ဖြစ်တာကြောင့်၊မဲကခိုးလို့ ရပါသည်)ဘာမှလဲမလုပ်တတ်မကိုင်တတ်.အကြံဥာဏ်မရှိ.ခိုးဝှက်တောင်းရမ်းတာနဲ့ အဆင်ပြေနေ ပညာကလဲအစကတည်းကမရှိတော့ ဦးနှောက်ကတုံးပီဆိုတော့
အားလုံးတည်မြဲရေးအတွက်ကန့် ကွက်ရတာပါခင်ဗျာ။အနော်တို့ မှာနည်းတာဟုတ်ဘူးဂျ။ပြောလိုက်ရင်အမျာကြီးခိုးထားတာသိသွားမှာဂျ။စဉ်းစားကြည့်လေဂျာ။ဘာမှမဟုတ်တဲ့လူညွှန်မှုး၊ဒုညွှန်မှုးအဆင့်တောင်လူကြီးနဲ့ အဆင်ပြေပြီဆို၊သူငယ်ချင်းကလုပ်ပိုင်ခွင့်ရှိပြီဆိုသူတို့ တောင်မြေကွက်က၄ ၅ ၆ ကွက်ဂျ။
အနော်တို့ စစ်သားဘ၀တုံးကမမြင်ခဲ့ရဘူးလေဂျာ။
သီးခံပါဂျာ။အလွန်ဆုံး ၂၀၁၅ ဆိုတော်ပါဘီဂျာ။
stolen,they are stealing and they are going to steal.
thieves
This is also the real image of Kyant Phut.
I am really worried for Daw Aung San Suu Kyi. She has to work with those kind of dangerous thieve.
Kyant Phut elected her to be a chairwoman of peace, security, rules of law enforcement committee. I do not trust U Shwe Mann anymore. Hlut Taw's voice is opposite to people's voice. Because majority of bad parliamentary members are sitting there.
Shame on you (217 people in the Hlut Taw).
The duty of those 25% are to keep silent or to kill the people's desire and to protect their bosses only.
That is why we hate those 25%. We have never ever elected them too but are shamelessly sitting there.
လူထုဦးစိန်ဝင်း ပြောသလိုပေါ့ဗျာ
သူတို့လဲ ကိုယ်လည်ပင်းကို ကြိုးကွင်းစွတ်တဲ့ ဥပဒေကို ဆိုတာသိနေတယ်လေ။
Quote: Quote: Quote: Quote: Quote:
အခုကန့် ကွက်မဲ(271)မဲဆိုတော့ကြံ့ဖွတ်တွေ အားလုံးစည်းလုံးညီညာကြတာပေါ့ဗျာ။
သူတို့ကိုလွှတ်တော်ထဲရောက်အောင်ပို့ပေးခဲ့တဲ့ကျေးဇူးရှင်တွေအကျိုး ယုတ်မဲ့အလုပ်ဘယ်လုပ်မှာလဲ။ ပြီးတော့ ပါတီအနေနဲ့လည်းသူ့ကိုယ်စားလှယ်တွေကိုကန့်ကွက်ဖို့ Instruction ပေးခဲ့တော့ ရုပ်သေးရုပ်များက ကန့်ကွက်ကြတာပေါ့။
ဒါရှင်းရှင်းလေးပါ။ လာဘ်တွေမတရားစားနေတော့ ဆက်ဆက်ပြီးစားချင်နေတော့ ကန့်ကွက်ကြတာပေါ့။
မဲထည့်ချင်အုံးဟဲ့ ---- ကြံ့ဖွတ်ကို
“ေ-ာက်ရှက်ကို ဗျမ်းဗျမ်းကွဲတာ”တို့
“လိပ်ဖြစ်ရင်တောင် ခေါင်းမပြူဝံ့တာ”တို့
“ရှက်တက်ရင်လဲသေသင့်တယ်”တို့......
ခင်ဗျားတို့ကိုမပြောပါဘူး..
လွှတ်တော်သတင်းဖတ်မိတဲ့ကျုပ်..
လွှတ်တော်channal ဖွင့်ကြည့်မိတဲ့ကျုပ်...
ကျုပ်ကိုကျုပ်ပြောမိတာပါ...ဟင်း....
၂၇၁မဲ သောကန့်ကွက်သူတွေကတော့ သမိုင်းရဲ့အမည်းစက်တွေထဲမှာ ပါသွားပြီ။
မြန်မာပြည်ထဲမှာ စောလူးမင်းတွေအများကြီးပဲရှိနေတုန်းပါပဲလား။ ခင်ဗျားတို့ပြုပြင်ပြောင်းလဲလိုပါတယ်လို့ ဘယ်လောက်ပဲပြောပြော အပေါ်ဘက်နောက်ကွယ်က အာဏာတစ်ခုရဲ့အောက်မှာအတူတကွပျော်ပျော်ကြီးရှိနေတုန်းဆိုတာ ဒီဖြစ်ရပ်ကသက်သေပါပဲ။
လွှတ်တော်ထဲက သူခိုးများနဲ့ အာဏာကို ခုတုံးလုပ်ပြီး အပေးအကမ်းတွေလိုချင်တဲ့သူများ အတိုင်းမသိကို ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားကြကြောင်း နောက်ဆုံးသတင်းရရှိပါသည်။
အဲဒါကို ကိုထွန်းရှင်က လူတတ်ကြီးလုပ်ပြီး မဲပေးအတည်ပြုရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုပါ ၀ါးလုံးရှည်မစင်သုတ်ရမ်းတော့.......
အဲဒီအဆို အချည်းနှီးဖြစ်သွားရတော့တာပေါ့ဗျာ........။
နိုင်ငံအတွက် တနည်း လာဘ်ပေးလာဘ်ယူ ပပျောက်ရေးအတွက် အထောက်အကူဖြစ်စေမယ့် အဆိုတစ်ခု အတည်မဖြစ်တဲ့အပြင် လွှတ်တော်မှာ မှတ်တမ်းတောင်အတင်မခံတော့ဘူး ဖြစ်သွားတာရဲ့ အဓိကတာဝန်ရှိသူကတော့ ပြည်ထောင်စု ရှေ့နေချုပ်ပဲ ဖြစ်ပါတယ်ဆိုတာ တစ်နိုင်လုံး၊ တစ်ကမ္ဘာလုံးသိသွားအောင် မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ချဖော်ထုတ်သင့်တယ်.......။
မြန်မာ crony တွေဟာ နိုင်ငံတော် နဲ့ တထပ်တည်း ဖြစ်ကြောင်း ၊ ခေတ်အဆက်ဆက် မှာ နိုင်ငံတော်နဲ့ စိတ်တူ သဘောတူ အားလုံး အတူတူ ဖြစ်ကြောင်း၊ ထို့ကြောင့် Crony ကို မကောင်းပြောလျှင် နိုင်ငံတော် လူကြီးများကို မကောင်းပြော ခြင်း ဟု သတ်မှတ်နိုင်ကြောင်း၊ Crony ကို တိုင်းပြည် ရဲ့စီးပွါးရေးကို လက်ဝါးကြီးအုပ် သူများ၊ ပြည်သူ့ ဘဏာ ကို ခိုးသူ သူခိုးကြီး များ ဟု ပြောလျှင် နိုင်ငံတော်လည်း သူခိုး နိုင်ငံတော်ကြီးဖြစ်ကြောင်း ဒေါက်ချာ တု ခင်ရွှေမှ ခရိုနီ ရဲ့ အဓိပ္ပာယ် ကို လွတ်တော်တွင် ပြောကြားရာသွားပါသည်။။။
Hot News!
အဂတိလိုက်စားဆုံး အဆင့် ထိပ်ဆု့း ကိုတက်သွားပြီ..
လွှတ်တော်ဥက္ကဌ ကြီးက မဲအများ နဲ့ အနိုင်ရသွားတဲ့ အဆို ကို ဝမ်းမြောက်ဝမ်းသာ နဲ့ အချိန်မဆိုင်းဘဲ အတည်ပြုလိုက်ပြီထင်ပါ့
dr myo ag
င်ရာ အဖွဲ့ကြီးတွေဟာ ဒီမိုကရေစီ တည်ဆောက်နေတဲ့ နိုင်ငံများကို ငွေရေးကြေးရေးအကူအညီပေးနေတဲ့ အဖွဲ့ အစည်းများ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကြီးတွေဟာ အာဏာရှင်နိုင်ငံကနေ ဒီမိုကရေစီနိုင်ငံကို ကူးပြောင်းတဲ့ နိုင်ငံတွေကို ငွေရေးကြေးရေး အကူအညီပေးတဲ့အခါအခု Good Governance ဆိုတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုကို အလေးထားကြည့်နေပါတယ်။ ဘာကြောင့် Good Governance ကို အလေးထားကြည့်လာရတာလဲဆိုတော့ သုသေသန လုပ်ငန်းတွေအရ ဒီမိုကရေစီတည်ဆောက်တဲ့ နိုင်ငံတွေမှာ ကျရှုံးသွားရတဲ့ အကြောင်းအရင်းတွေထဲမှာ လာဒ်ပေးလာဒ်ယူမှုဟာ အချက်ကြီးတစ်ချက် အနေနဲ့ ပါဝင်နေတယ်လို့ ပြောပါတယ်။ အဲတော့ လာဒ်ပေးလာဒ်ယူမှုကို တိုက်ဖျက်တဲ့နေရာမှာ Anticorruption Law တဲ့ ဥပဒေအပြင် Anticorruption commission တို့နဲ့ ဘယ်လိုပဲစောင့်ကြပ် ကြည့်ကြည့်လာဒ်ပေးလာဒ်ယူမှုနည်းသွားတာကို မတွေ့ရပါဘူးတဲ့။ Good Governanceဆိုတဲ့ ကောင်းမွန်သောအုပ်ချုပ်မှု ပုံစံကသာလျှင် လာဒ်ပေးလာဒ်ယူမှုကို နည်းသွားတယ်ဆိုတာ သိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့တစ်တွေ Good Governance ၊ Clean Government ဖြစ်ဖို့ကျွန်တော်တို့ ကြိုးစားရပါမယ်။ Good Governance ဖြစ်ဖို့ကျွန်တော်တို့ဆောင်ရွက် နေတဲ့နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းလေးတစ်ခုကို တင်ပြချင်ပါတယ်။ သေးသေးလေးပါ။ ဒါပေမယ့် ထိရောက်မှုရှိ ပါတယ်။ ဒါဘာလည်းဆိုလို့ရှိရင် လက်ဆောင်လို့ခေါ်ပါတယ်။ Giftလို့ သုံးပါတယ်။ ဟုတ်ပြီဒီလက်ဆောင်ကို ဘယ်လောက်အတိုင်းအတာအထိပေးမှာလဲဆိုတာပါလာပါတယ်။ နိုင်ငံတကာ မှာgift limited ဆိုပြီးသတ်မှတ်ပါတယ်။လက်ဆောင်ကို ဒီထက်ပိုပြီး မရဘူးလို့ပြောပါတယ်။ ဥပမာUKမှာ ဆိုရင် ပေါင် (၁၄၀)အထက်ပေးရင် ဒါဟာ gift limitedကိုကျော်သွားတဲ့အတွက် လက်ခံလို့မရပါဘူး။ ဒီလို gift limitedကို သတ်မှတ်တဲ့အထဲမှာ Janpan နိုင်ငံလည်းပါပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာလေးတစ်ခုကတော့ ဂျပန်ဝန်ကြီးချုပ် တရုတ်ပြည်သွားလည်တဲ့အချိန်မှာ လက်ဆောင်ပေးလိုက်တဲ့ မှိုတစ်ခု ကို သယ်လာပါတယ်။ သူတို့သတ်မှတ်ထားတဲ့ gift limitedကို ကျော်နေတဲ့အတွက် ပြန်ပို့ပေးရပါတယ်
ငတက်ပြား လွှတ်တော်
အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊ မသမာသောနည်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းကို စီမံချက်ချမှတ် အရေးယူရန်အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့
မျိုးမစစ် လွှတ်တော်
အထက်ပါအကျိုးရလဒ်ကိုကြည့်ခြင်းအားဖြင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အများစုသည် မိမိတို့၏ပိုင်ဆိုင်မူများကို အများပြည်သူ များသိရှိသွားမည်ကို စိုးကြောက်နေကြောင်း အဓိပ့ယ်ပေါက်နေပါသည်.... ပြည်သူများ မည်သူကိုယုံကြည်ရမည်နည်း?
We want this law to pass as soon as possible. We don't want to wait until next parliament.
Otherwise, those wrong doers will have too much planning time.
သမိုင်းတွင်မည့် ပြည်သူ့ဘဏ္ဍာသူခိုးကြီးများ၊ အာဏာအလွဲသုံး၍ ပြည်သူကို ဂုတ်သွေးစုတ် ကြီးပွားသွားကြသောသူများက ယမန်နေ့ လွတ်တော်တွင် ကန့်ကွက်မဲများပေးကာ မိမိတို့ကိုယ်ကို သူခိုးကြမ်းပိုးကြီးများ ဖြစ်ကြောင်းကို သက်သေပြခဲ့ကြကြောင်း။
ဝေသာလီပြည်ကြီး ကပ်ဆိုက်စဉ်က ဆိုးသွမ်းသောင်းကျန်းခဲ့ကြကုန်သော ဘီလူးသဘတ်တို့သည် ဤမြန်ပြည်တွင် ထိုသို့သောသူခိုးကြမ်းပိုးကြီးများအဖြစ် ၀င်စားကာ တိုင်းပြည်ကြီးကို ကျီးနှင့်ဖုတ်ဖုတ်မျှကျန်အောင် လုပ်ဆောင်နေကြသည်ကို ရဟန်းရှင်လူ၊ပြည်သူတစ်ရပ်လုံးက သိရှိနေကြသော်လည်း မည်ကဲ့သို့ တောထုတ် မောင်းနှင်ထုတ်ရမည်ကို နည်းလမ်းရှာမရ ဖြစ်နေကြောင်း။
---------------------------------------------
--------------------------------------------------
---------------------------------------------------------
အင်းး ၁၅ ယောက်က ကြားနေမဲ ဆိုတော့
ဒါဆို..ကျုပ်ပိုင်တဲ့ အုတ်ရိုးကြားက ပဲဝက်ကို လည်း ဘယ်သူ့ကိုမှ မပြောတော့ဘူးး
amend this section 68 , then.
then , resubmit this proposal in next Hluttaw ( = Parliament )