နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ဇနီး ဒေါ်ခင်ခင်ဝင်း တူရကီ သမ္မတနိုင်ငံ ဝန်ကြီးချုပ်၏ ဇနီး Mrs. Emine Erdogan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
သြဂုတ် (၁၀)
ပြည်ထောင်စု
သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ဇနီး
ဒေါ်ခင်ခင်ဝင်း သည် တူရကီ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ၏ ဇနီး Mrs. Emine Erdogan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား သြဂုတ် ၉ရက်နံနက် ၁ဝ နာရီ ခွဲတွင် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ၌ လက်ခံတွေ့ ဆုံသည်။
ထိုသို့တွေ့
ဆုံရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ဇနီး ဒေါ်ခင်ခင်ဝင်း နှင့် အတူ
နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် ၏ ဇနီး
ဒေါ်လင်းလင်းတင် နှင့် သမ္မတရုံး ဝန်ကြီး ဌာန ပြည် ထောင်စု ဝန်ကြီး
ဦးသိန်းညွန့် ၏ ဇနီး ဒေါ်ကျင်ခိုင်တို့ တက်ရောက် ကြပြီး ဧည့်သည် တော် တူရကီ
သမ္မတနိုင်ငံ ဝန်ကြီးချုပ် ၏ ဇနီးနှင့် အတူ နိုင်ငံခြား ရေးဝန်ကြီး ဌာန
ဝန်ကြီး၏ ဇနီး Mrs. Sare Davutoglu က တက်ရောက် သည်။
ယင်းသို့
တွေ့ဆုံ ရာတွင် တူရကီ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ၏ ဇနီးက မြန်မာနိုင်ငံ ၏
ဒီမို ကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက် နေမှုအပေါ်
ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း နှင့် ဆက်လက် အကောင် အထည်ဖော်
ဆောင်ရွက်မှုများ အောင်မြင် စေရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊ မိမိတို့
အနေဖြင့် ယခု ခရီးစဉ်တွင် ရခိုင် ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့
သွားရောက် ၍ လိုအပ်သည် များကို ကူညီ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း၊ မိမိ
တို့နှင့် အတူ NGO အဖွဲ့များ ပါရှိလာ ကြောင်း၊ ကူညီ ပေးစေ လိုသည့် ကဏ္ဍ များကို ပြောကြား စေလိုပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ဇနီး ဒေါ်ခင်ခင်ဝင်း က ပြန်လည် ပြောကြား
ရာတွင် ရခိုင် ပြည်နယ်ရှိ ဒုက္ခသည် စခန်း များသို့ နိုင်ငံတော် အစိုးရ အနေ
ဖြင့်လည်း လိုအပ်သည် များကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ ထောက်ပံ့ ကူညီပေး
နေပါကြောင်း၊ ယင်းသို့ ကူညီ ပေးရာတွင် အစိုးရအဖွဲ့ သာမက NGO များ၊ INGO များကလည်း
အတူတကွ လက်တွဲ ဆောင်ရွက် နေပါကြောင်း၊ ယခု ကဲ့သို့ ကိုယ်တိုင် လာရောက်
ကူညီပေး သည့် အတွက် လွန်စွာ ကျေးဇူးတင် ရှိပါကြောင်း၊ လူမှုရေး ဆိုင်ရာ
ကိစ္စရပ်များ၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ကိစ္စရပ် များတွင်
မြန်မာနိုင်ငံ အမျိုးသမီးရေး ရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး
စောင့်ရှောက်ရေး အသင်းစသည့် လူမှုရေး အသင်း အဖွဲ့များက စွမ်းစွမ်း တမံ
ဆောင်ရွက် နေပါကြောင်း၊ မြန်မာ နိုင်ငံ အနေဖြင့် တူရကီ နိုင်ငံ နှင့်
ပိုမိုရင်းနှီး ချစ်ကြည်စွာ ဆက်ဆံ လိုပါကြောင်း ဖြင့် ပြန်လည် ပြောကြား
သည်။
from: mwdmedia
No comments:
Post a Comment