ရက်ဆက်မိုးကြောင့် ဒဂုံမြို့အရှေ့ပိုင်းမြို့နယ်ရှိ
ရွာ(၇)ရွာ ရေလွှမ်းခံနေရ
ရှုမဝအောင်(မြစ်မခ)
by Myit Makha Mediagroup on 6 Aug, 2012
by Myit Makha Mediagroup on 6 Aug, 2012
ရန်ကုန်တိုင်းဒေသကြီး၊
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊
မလှစ်အရှေ့ပိုင်းကျေးရွာအုပ်စုတွင်မိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့်
ကျေးရွာ(၇)ရွာ ရေလွှမ်းမိုးမှုခံနေရကြောင်း သိရသည်။
ရှမ်းတဲကြီးကျေးရွာ၊
ထောင်တလုတ်ကျေးရွာ၊ ထူချောင်းကျေးရွာ၊
ကြာနီကန်ကျေးရွာ၊မလှစ်အရှေ့ကျေးရွာ၊မလှစ်အနောက်ကျေး ရွာနှင့်
ရေကျော်ကျေးရွာတို့တွင် ရေလွှမ်းမိုးခံနေရသဖြင့် ဒေသခံများ စားဝတ်နေရေး
အခက်အခဲများဖြင့် ရင်ဆိုင်နေ ရခြင်းဖြစ်သည်။
ရေကြီးမှုကြောင့် ၄င်းကျေးရွာရှိ ရွာသူရွာသားများသည် စားဝတ်နေရေးအခက်အခဲများ၊ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများ ကြုံတွေ့နေရသဖြင့်
ကျောင်းများလည်း ခေတ္တပိတ်ထားရကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ဆီမှာ ကလေးတွေလည်း
ကျောင်းတက်ရတာအခက်အခဲဖြစ်ပါတယ်၊ ကျောင်းတွေလည်း ပိတ်ထားရတယ်၊ အိမ်သာတွေပါ
ရေတွေဝင်ပြီး အပေါ့အလေးသွားရတာလည်း အရမ်းဒုက္ခရောက်တယ်” ဟု
မလှစ်ရှေ့ကျေးရွာမှ ကိုသန်းစိုးက ပြောသည်။
နွားတင်ကုတ်များ
ပြိုလဲကာ
နွားများကို ရွာနှင့်ဝေးရာ ကုန်းပေါ်တွင် သွားရောက်ချည်နှောင်ထားရကြောင်း
ကျေးရွာနေပြည်သူများ ကဆိုသည်၊ရွာရှိ ဆန်စက်နှင့် အခြားလုပ်ငန်းများကိုလည်း
ရပ်ဆိုင်းထားရကြောင်းကိုလည်း သိရှိရသည်။
“မနှစ်ကရေကြီးပေမယ့် ချက်ချင်းပြန်ကျတယ်၊
အခုနှစ်လောက်မဆိုးဘူး၊ အခုနှစ်တော်တော် ဆိုးတယ်၊ ဆွမ်းခံကြရတာလဲ အခက်ခဲဖြစ်တယ်၊
ဦးဇင်းတို့ဆို ဆွမ်းဆန်စိမ်းနဲ့ပဲ ဆွမ်းစားရတယ်’’ ဟု ကြာနီကန်ကျောင်းတိုက်မှ
ဦးဇင်းဦးသေဋ္ဌိလ’’ က ပြောသည်။
ဘုန်းကြီးကျောင်းအောက်ထိ
ရေများဝင်ပြီး ရွာထဲတွင် ဆွမ်းခံရန် အခက်ခဲဖြစ်ကြောင်း ဦးဇင်း ဦးသေဋ္ဌိလ ဆိုသည်။
အဆိုပါ
ရေလွှမ်းမိုးမှုသည်
ဇူလိုင်လ ၂ဝ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့သြဂုတ်လ ၆ ရက်နေ့ထိ
ရေလွှမ်းမိုးမှုရှိနေကြောင်း ကျေးရွာသူရွာသားများက ဆိုသည်။
No comments:
Post a Comment