ကမ္ဘာလှည့်ခရီးသည် ခြောက်သိန်း လာရောက်ရန် ဝန်ကြီးမျှော်မှန်း
ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် ရန်ကုန်ဒေသ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ဝန်ကြီးက ပြောဆိုသွားခြင်း ဖြစ်သည်။
“ခရီးသွားလုပ်ငန်းဆိုင်ရာ သယ်ယူပို့ဆောင်ရေး ယာဉ်များ စနစ်တကျ ဖြစ်စေရေး၊ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ အဆင့်အတန်း မြင့်မားစေရေး၊ ခရီးစဉ်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးစတဲ့ မူဝါဒတွေနဲ့ ချမှတ် အကောင်အထည်
ဖော်နေပါတယ်” ဟု ဝန်ကြီးက ဆိုသည်။
ထိုသို့ ခရီးသွားများ တိုးတက်လာရန် မျှော်မှန်းထားရှိ၍ တည်းခိုစရိတ်များ ကြီးလာမှုကိုလည်း ဒု-ဝန်ကြီး ဦးဌေးအောင် က “လက်ရှိမှာ ဟိုတယ်ဈေးနှုန်းတွေ မြင့်တက်နေလို့ ညှိနှိုင်းမှုတွေ ပြုလုပ်ပေးနေရပါတယ်။ ဟိုတယ်တွေအနေနဲ့ ကိုယ်တောင်းနေတဲ့ ဈေးနှုန်းနဲ့ ကိုယ်ပေးနေတဲ့ ဝန်ဆောင်မှုကို တန်ဖိုးညီဖို့ လိုပါတယ်” ဟု အဆိုပါ အခမ်းအနားတွင် သတိပေး ပြောကြားသွားသည်။
တည်းခိုခ ဒေါ်လာ ၁၅၀ ထက် မကျော်ရန် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ဦးတင့်ဆန်း က ပြောသည်။
၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် ကိုးသိန်းခန့် လာရောက်ရန်မျှော်မှန်းပြီး ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ခရီးသည် ၁၃ သိန်းမှ သိန်း ၂၀ ကျော်အထိ လာရောက်ရန် မျှော်မှန်းထားသည်ဟုလည်း ဝန်ကြီးက ပြောကြားသွား သည်။
No comments:
Post a Comment