ဆီဘောက်ဆာ အင်းစိန်ဂုံးတံတားအောက် ထိုးဆင်းမလိုဖြစ်
စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup on 8 Aug, 2012
by Myit Makha Mediagroup on 8 Aug, 2012
သြဂုတ်လ
(၇)ရက်နေ့  ညနေ ၅နာရီ ၃ဝ ဝန်းကျင်က အင်းစိန်ဂုံးတံတားထိပ် အင်းစိန်လမ်းမကြီး
အနီးတွင် ဆီဘောက်ဆာကားတစ်စီးက စက်ဘီးအားရှောင်တိမ်းရာမှ ဂုံးတံတားပလက်ဖောင်းသို့ ဘီးတစ်ဖက်ကျော်လွန်ကာ
ဂုံးတံတားအောက်သို့ ထိုးကျမလိုဖြစ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ
ဆီဘောက်ဆာကားသည် အဏ္ဍာဝါလွှမ်းကုမ္ပဏီပိုင်ဆီဘောက်ဆာကားတစ်စီးဖြစ်ပြီး အောက်တိန်း
၂၈ဝဝဂါလန်သယ်ဆောင်လာသည့်ယာဉ်ဖြစ်သဖြင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများက
စိုးရိမ်ပူပန်နေခဲ့ကြသည်။
အဆိုပါဖြစ်စဉ်အားကိုင်တွယ်ခဲ့သူ အင်းစိန်ဂုံးတံတားထိပ်မှ တာဝန်ကျယာဉ်ထိန်းရဲက
ယခုကဲ့သို့ ပြောကြားသည်။
“ ကားကအရှိန်နဲ
့ဆင်းလာတာပါ။ ရှေ့ ကနေ စက်ဘီးတစ်စီးကအတက်လမ်းကကားကိုကျော်တက်ပြီး ဝင်လာတယ်လေ။ အဲဒီမှာ
စက်ဘီးကိုရှောင်ပြီး ပလက်ဖောင်းကျော်သွားတာပါ။’’ဟု အင်းစိန်ဂုံးတံတားမှယာဉ်ထိန်းရဲက ပြောသည်။
သို
့သော် အဆိုပါဖြစ်စဉ်အား ကိုယ်တိုင်မြင်တွေခဲ့ သူအချို့ မှဘရိတ်ပေါက်၍ရှေ
့ကားများသို့ဝင်မတိုက်မိရန်ပလက်ဖောင်းသို့  ဝင်တိုက်လိုက်ခြင်းသာဖြစ်ကြောင်း
၎င်း၏အမြင်ကို ပြောပြသည်။
အဆိုပါ
အခင်းဖြစ်စဉ်တွင် ဒဏ်ရာရရှိသူမရှိပဲ အောက်တိန်းဂါလန် ၂၈ဝဝ ပါဝင်သည့်အတွက်
မီးလောင်မှုမဖြစ်စေရန် အင်းစိန်မီးသတ်မှမီးသတ်ကားတစ်စီးလာရောက်
စောင့်ကြည့်ပေးခဲ့ကြောင်းကိုလည်း သိရသည်။
အင်းစိန်ဂုံးတံတားပေါ်သို့
ကား၊ဆိုက်ကား၊စက်ဘီး၊ဆိုင်ကယ်များ တက်ရောက်ခွင့်ရှိပြီး အမြဲလိုလို
ကားလမ်းပိတ်ဆို့မှုများဖြစ်ကာ ယာဉ်တိုက်မှုများမှာလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိသည်ဟု
ဒေသခံတို့ ဆိုသည်။
No comments:
Post a Comment