Thursday, August 9, 2012

ကားနှင့်ပတ်သက်သော ဘာသာရပ်ဆိုင်ရာတက္ကသိုလ် ဂျပန်နှင့်ပူးပေါင်းဖွင့်လှစ်မည်



ကားနှင့်ပတ်သက်သော ဘာသာရပ်ဆိုင်ရာတက္ကသိုလ် ဂျပန်နှင့်ပူးပေါင်းဖွင့်လှစ်မည်
ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup on 7 Aug, 2012
]
သိပ္ပံနှင့်နည်းပညာဝန်ကီးဌာနက ဂျပန်ကားကုမလီမိတက်( Japan car co.ltd ) နှင့် ပူးပေါင်း၍ရန်ကုန်မြို့တွင် ကားနှင့်ပတ်သတ်သည့်ဘာသာရပ်ဆိုင်ရာတက္ကသိုလ်တစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
 အဲဒီ့လူတွေကတတ်ပြီဆိုရင် ဂျပန်ကားကုမ္ပဏီတွေက လာရွေးလို့ရှိရင်နိုင်ငံခြားထွက်တဲ့ အခါမှာ ဂျပန်  work shop ရှိတဲ့နေရာအားလုံးလုပ်လို့ရတယ်၊ အဲဒီ့ဘွဲ့က အစိုးရ အသိအမှတ်ပြုတဲ့ဘွဲ့ပဲ၊ နေရာကတော့သိပံ္ပ နဲ့နည်းပညာ ဝန်ကီးဌာနရဲ့ အောက်မှာပဲ ဘယ်အပိုင်းက ပါရမလဲဆိုတာမသိသေးဘူး၊ ဒါပေမယ့် ကျွန်တော်တို့သည် ကားအကြောင်း ကိုပဲလုံးဝသီးသန့်သင်မယ့် သင်တန်းပါ’’ ဟုဂျပန်ကားကုမ္ပဏီလီမိတက်မှဒါရိုက်တာဦးတင်အောင်မြင့်က ပြောသည်။
အဆိုပါ တကသိုလ်တက်ရောက်ချိန်သည် ၄ နှစ်ကြာမြှင့်မည်ဖြစ်ပြီးကားဒီဇိုင်းရေး ဆွဲနည်း၊ ကားတည်ဆောက်နည်းများအပြင် ကားနှင့်ပတ်သက်သည့်ဥပဒေများကိုပါ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတကသိုလ်မှ ဘွဲ့ရရှိပါက နိုင်ငံတကာတွင်ရှိသော ဂျပန်ကား work shopရှိသည့်နေရာ မှန်သမျှတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ေးကြောင်းသိရသည်
 ‘’ လေးနှစ်သင်ပြီးမှ ဘွဲ့ရတာ၊ ဘွဲ့ရပြီးရင် မာစတာကို ဂျပန်မှာတက်တယ်၊ဒေါက်တာအထိရှိတယ်၊ အဲဒီ့အထိသွားတာ’’ ဟု ဦးတင်အောင်မြင့်ကပြောသည်။
လက်ရှိအချိန်တွင်သိပ္ပံနှင့်နည်းပညာဝန်ကီးဌာနနှင့်အသေးစိတ်အချက်အလက်များကိုဆွေးနွေးတိုင်ပင်နေ
ဆဲဖြစ်ကြောင်း တက္ကသိုလ်ဖွင့်မည်ကိုသဘောတူပြီးသွားပြီဖြစ်ကြောင်း သိရှိရသည်။
အသေးစိတ်အချက်အလက်များဆွေးနွေးပြီးပါက စတင်အကောင်အထည်ဖော်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဂျပန်ကားကုမ္ပဏီလီမိတက်မှ ဥက္ကဌဖြစ်သူ မစ္စ္စတာကာဇူဟီဇာ အီဝါမိုတို ကပြောသည်။
 ဒီလို တကသိုလ်မျိုးတွေ အစောကြီးကတည်းက ပေါ်လာခဲ့သင့်တာ၊ ကျွန်တော်ကကားဒီဇိုင်းဆွဲရတာတွေနဲ့ ပတ်သတ်ပြီး အရမ်းစိတ်ဝင်စားတာ၊ ဒါပေမယ့် နောက်လာမယ့်သူတွေအတွက်တော့ ကောင်းတာပေါ့၊ တစ်ခြား ဒီလိုမျိုးကျောင်းတွေပိုပြီး   ပေါ်လာရင် လူငယ်တွေလဲ သူတို့ဝါသနာပါတဲ့ကျောင်းကိုတက်ခွင့်ရကြမှာပါ၊ အခုက ဝါသနာကတစ်ခြား သင်နေရတာကတစ်ခြားတွေဖြစ်နေကြတယ်ဟုရေကြောင်း တက္ကသိုလ်တွင်ပညာသင်ကြားနေသော    ကျောင်းသားတစ်ဦးကပြောသည်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။