From : မိုးမိုးကျော်
Myanmar Express
မေး။ ။ ကိုခိုင်ဆန်းအောင် အနေဖြင့် ဒီလို ဧရာဝတီ သတင်း စာမျက်နှာမှာ သြဂုတ်လ (၆) ရက်နေ့က ဖော်ပြပါရှိတဲ့ ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာများ ပြည်တော်ပြန်ခွင့် မရသေး လို့ ဖော်ပြချက်မှာ အစ်ကို့ ဓါတ်ပုံကို ရှေ့ဆုံးက ပါနေတာနဲ့ ပတ်သက်လို့ ဘယ်လိုခံစားရ ပါသလဲ။
ဖြေ။ ။ “ယခုနှစ် နှစ်ဆန်း ၁ ရက်နေ့က သက်ကြီးပူဇော်ပွဲသို့ တက်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်တိုင်းရင်းသားများ (ဓာတ်ပုံ – ငြိမ်းချမ်း/ ဧရာဝတီ)” ဆိုပြီး ဓါတ်ပုံအောက်မှာ အသေအချာဖော်ပြပါရှိပါတယ်။ ဒါက သတင်းထောက်ဆိုသူက သက်ကြီး ရွယ်အိုပူဇော်ပွဲက ပုံကိုယူပြီး ဒီမှာလာ အသုံးပြုထားတာဖြစ်မှာပါ။
ပြည်တော်ပြန်ဖို့လျှောက် ထားသူ တစ်ဦးဦးရဲ့ ပုံကိုသုံးစွဲခြင်းက ပိုပြီးအကျုံးဝင်လိမ့်မယ်လို့ယူဆပါတယ်။ ခုဟာက သတင်း ဖတ်သူတွေကို ထင်ယောင် ထင်မှားဖြစ်စေ ပါတယ်။ သတင်းထောက်ဆိုသူတွေရဲ့ အလေးထားရမယ့် ကိစ္စရပ် တခုပါ။ ကျွန်တော်ကတော့ ပြည်တော်ပြန်ဖို့လျှောက်ထားခြင်း တို့ ဘာတို့ မရှိဘူးခင်ဗျ။ သိရသလောက်က တော့ ဘင်္ဂလားဒေ့ရှ်ဘက်က စုစုပေါင်း ၆ ယောက် ခန့် လျှောက်ထားတာ ရှိတယ်လို့ကြားပါတယ်။ ကျွန်တော်တို့တွေ ရာနဲ့ချီရှိနေကြတာကို လူ ၆ ယောက်ရဲ့ဆန္ဒ နဲ့ နှိုင်းပြီး၊ သိမ်းကြုံးလို့ ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာများ ဆိုပြီးသုံးနှုန်းထားတာကလဲ ကလေ ကချေဖြစ်လွန်းလှပါတယ်။ သတင်းသမားရဲ့ဝတ္တရားကို အလွဲသုံးစား လုပ်တဲ့ပုံစံမျိုး ဖြစ်တယ်လို့လည်း ယူဆ ပါတယ်။
No comments:
Post a Comment