Thursday, August 9, 2012

အခြေခံပညာကျောင်းသားကျောင်းသူများအား ပညာသင်နှစ်ကုန်ထိ နွားနို့တိုက်ကျွေးမည်



အခြေခံပညာကျောင်းသားကျောင်းသူများအား ပညာသင်နှစ်ကုန်ထိ နွားနို့တိုက်ကျွေးမည်
ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 9 Aug, 2012
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ များအားသြဂုတ်လ (၁၄)ရက်နေ့မှ ယခုပညာသင် နှစ်ကုန်ပိုင်းအထိ  နွားနို့တိုက်ကျွေး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေုးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။
နွားနို့သည် ကလေးငယ်များ၏ ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ အရိုးအဆစ်သန်မာမှုနှင့်ကျန်းမာရေး အတွက် အထောက် အကူပြုနိုင်ခြင်းကြောင့်အလှူရှင်များစုပေါင်း၍ တတ်နိုင်သလောက်လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျောင်းတွေမှာ ကလေးတွေကို နွားနို့တိုက်ကျွေးဖို့ အစီအစဉ်ဖြစ်မြောက်ရေးအတွက် နို့စားနွားမွေးမြူသူအသင်းမှ အလှူရှင်(၁၂)ဦးက သိန်း(၆ဝ) မတည်ထားပြီးတော့ ဒီပညာသင်နှစ်ကုန်အထိ အပတ်စဉ် တိုက်ကျွေးသွားဖို့ရှိပါတယ်’’ ဟု မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဝင်းစိန်က ပြောသည်
အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးမှု အစီအစဉ်အား ရန်ကုန်တိုင်းဒေသကီး အစိုးရ၏ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ဝ၁၂ခုနှစ် ပညာသင်နှစ်ကုန်အထိ အပတ်စဉ် တိုက်ကျွေး မည်ဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်က သိရှိရသည်။
ယခု သြဂုတ်လတွင်း နွားနို့တိုက်ကျွေးရန် မင်္ဂလာဒုံမြို့နယ်မှ အခြေခံပညာ(၆)ကျောင်း၊ တိုက်ကြီးမြို့နယ်မှ အခြေခံပညာကျောင်း(၂)ကျောင်း၊ ညောင်နှစ်ပင်ဇုန်-၃မှ အခြေခံပညာ ကျောင်း(၁)ကျောင်း၊မြောက်ဥကလာပမှ အခြေခံပညာကျောင်း(၁)ကျောင်း၊စုစုပေါင်း အခြေခံပညာကျောင်း(၁ဝ)ကျောင်းတို့အား လျာထားပြီး ကျောင်းသား ဦးရေ(၂ဝဝဝ)အား တစ်ပတ်လျှင် တစ်ရက်နွားနို့အာဟာရ တိုက်ကျွေးနိုင်မည့် အစီအစဉ်ဖြစ်သည်။ 
မန္တလေးတိုင်းဒေသကီးတွင်လည်း အလှူရှင်များ၏ မတည်ငွေကျပ် သိန်း(၅ဝ)ဖြင့် ချမ်းအေးသာစံ၊ ပုသိမ်ကီး၊ ပြင်ဦးလွင၊် အမရပူရ၊တံတားဦး၊စဥ့်ကိုင်၊ ကျောက်ဆည်နှင့် မိတ္ထီလာ(၈)မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း(၁၁) ကျောင်းတွင် ဇူလိုင်လ (၁၆) ရက်နေ့မှစတင် တိုက်ကျွေးခဲ့ကြောင်း မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။