Sunday, July 29, 2012

စစ်ကိုင်းတိုင်း ဇီးကုန်းဘူတာမှ အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်သေဆုံး

စစ်ကိုင်းတိုင်း ဇီးကုန်းဘူတာမှ အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်သေဆုံး
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 30 Jul, 2012










စစ်ကိုင်းတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ဇီးကုန်းကျေးရွာတွင်အမျိုးသမီးငယ်တစ်ဦးအဆိပ်သောက်သေမှုတစ်ခု   ဖြစ်ပွားခဲ့သည်ဟုဇီးကုန်းဒေသခံများထံက သိရှိရသည်။
အဆိုပါအမျိုးသမီးငယ်သည် ဇီးကုန်းဘူတာတွင်နေကြာစေ့လှော်လာရောင်းသောသူဖြစ်ပြီး ဇီးကုန်းအနီးရှိ ရွာတစ်ရွာ တွင်နေထိုင်ကြောင်းသိရပြီး ဇီးကုန်းမြို့ခံဗုဒ္ဓဘာသာဗမာအမျိုးသားလူငယ်တစ်ဦးနှင့် လူငယ်သဘာဝ ကျူးလွန်ရာမှအစပြုခဲ့သည်။
ကောင်မလေးက ဘူတာမှာနေကြာစေ့လှော်ရောင်းရင်းနဲ့ ၊ အဲဒီကောင်လေးနဲ့ရည်းစားဖြစ်ပြီးလွန်ကုန်တာပေါ့ ၊ လွန်သွားမှ ကောင်လေးမှာမိန်းမရှိမှန်းသိတော့ ခုလိုဖြစ်ကုန်တာပဲဟုဇီးကုန်းဒေသခံတစ်ဦးကပြောကြားခဲ့ သည်။
အဆိုပါကိစ္စကြောင့် ကာယကံရှင်အမျိုးသမီးဖြစ်သူက ဇီးကုန်းမီးသတ်သို့သွားရောက်အကူအညီတောင်းခံရာ ၊ မီးသတ်မှ တာဝန်ရှိသူ(၄)ဦးကသက်ဆိုင်ရာရဲစခန်းသို့ လိုက်ပါပို့ဆောင် အမှုဖွင့်စေခဲ့သော်လည်း ရဲစခန်းမှတာဝန်ယူ   အမှုမဖွင့်ပေးခဲ့သောကြောင့်ယခုလိုအဆိပ်သောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုအဆိုပါ ဒေသခံမှ ပြောကြားသည်။
ထိုကဲ့သို့ဖြစ်ပွားမှုကြောင့် ဇီးကုန်းရဲစခန်းသို့တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှူးဖြင့် တိုက်ရိုက်ပြောခွင့်မရသော်လည်း တာဝန်ကျ ရဲတပ်သားတစ်ဦးက အထက်ပါကိစ္စအားငြင်းဆိုခဲ့သည်။
မိန်းကလေးက အမှုလာဖွင့်တယ်ဆိုတာ မဟုတ်ပါဘူး ၊ ကျွန်တော်တို့ကိုဆေးရုံကနေပြီး အကြောင်းကြားမှသိလို့  ဆေးရုံ လိုက်သွားရတာ၊ဆေးရုံရောက်ပြီး (၁၅)မိနစ်လောက်နေတော့ ဆုံးသွားတယ် ၊ မနေ့က တင်သူ့ မိဘတွေ လိုက်လာတယ် ၊ ကောင်းကောင်းမွန်မွန်သဂြို င်္ဟ်ပေးလိုက်တယ်ဟုဇီးကုန်းရဲစခန်းမှ တာဝန်ကျရဲတပ်သားဇော်မင်းဦးက   ပြန်လည်ဖြေကြားခဲ့သည်။
ဇီးကုန်းရဲစခန်းမှထိုအမှုအား သေမှုသေခင်း ( ၁၁/၁၂)ဖြင့်အမှုဖွင့်ထားကြောင်းရဲစခန်းမှအတည်ပြု ပြောကြား ခဲ့သည်။
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။