မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမှုများအတွင်း ပေါ်ပေါက်လာနေသော လူလူချင်းစာနာ ထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများ
Ashok Nigam
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
မြန်မာနိုင်ငံသည် သဘာဝကပ်ဘေး ဒုက္ခများ၊
လူလူချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ပတ်သက်၍ ထိလွယ်
ခိုက်လွယ်အခြေအနေ ရှိသောနိုင်ငံဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့နှင့် ၃
ရက်နေ့များတွင် နာဂစ်တည်းဟူသော မုန်တိုင်းက မြန်မာ
နိုင်ငံကို ၀င်ရောက်မွှေနှောက်သွားခဲ့ သည်။ ယင်းသည် မြန်မာနိုင်ငံအတွက်
အဆိုးရွားဆုံး သဘာဝကပ်ဘေးဒုက္ခ ဖြစ်ခဲ့သည်။ နာဂစ်ကြောင့် လူပေါင်း ၁၄၀,၀၀၀
တို့ အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း၂ ဒသမ ၄ သန်းခန့် ပြင်းပြင်း
ထန်ထန် ထိခိုက်ခံစားခဲ့ရသည်။ အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ က ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်ခဲ့ သော ဂီရိမုန်တိုင်းကြောင့် လူ ၄၅ ဦး သေဆုံး ကာ လူပေါင်း ၂၆၀,၀၀၀ တို့၏ ဘ၀များကို ဆိုးကျိုးများ သက်ရောက်ခဲ့ သည်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်အနီးတွင်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၆ ဒသမ ၈ ပြင်းအားရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့သည်။
ယင်းသို့ သော ကပ်ဘေးများနှင့် အခြားသော သဘာဝ ဘေးအန္တရာယ်များကြောင့် လည်း မြန်မာပြည်သူပြည်သားများမှာ မပြောပြ နိုင်သော ဒုက္ခဆင်းရဲများကို ခံစားခဲ့ကြရပါသည်။မြန်မာနိုင်ငံရှိ ပြည်သူပြည်သား အများအပြားမှာ သဘာဝ ကပ်ဘေး၏ ဒဏ်ရာ ဒဏ်ချက် များမှ သူတို့၏ လူမှုဘ၀များကို ပြန်လည် ထူထောင်ပြီးရင်း ထူထောင်နေခဲ့ရပါ သည်။
သဘာဝကပ်ဘေးဒုက္ခများအပြင် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့မှုများကြောင့် လူဦးရေ ပမာဏအမြောက် အမြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရခြင်းကလည်း လူလူချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ အရေး တကြီး လိုအပ်လာခဲ့ပါသည်။
လူလူချင်းစာနာထောက်ထားမှုဆိုင် ရာ အခြေအနေများတွင် ပထမဦးဆုံး တုံ့ပြန်ဆောင်ရွက်မှုပြုခဲ့သူများမှာ ဒေသခံ အဖွဲ့အစည်းများ နှင့် နိုင်ငံတော်အာဏာ ပိုင်အဖွဲ့အစည်းများ ဖြစ်သည်။ ထိုဆောင်ရွက်မှုများတွင် အိမ်နီးချင်းများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ရပ်ရွာ ခေါင်းဆောင်များက ချက်ချင်းဝိုင်းဝန်း ၍ ကူညီမှုပြုခဲ့ကြပါသည်။ ထိုသူများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ ကြသော ပထမဦးဆုံး သူရဲ ကောင်းများလည်း ဖြစ်ပါသည်။ ထိုသို့ သော သဘာဝကပ်ဘေးဒုက္ခများမှ သင်ခန်းစာများရယူကာ မြန်မာ့ လူ့အသိုင်းအ၀ိုင်းသည် ကပ်ဘေးဒုက္ခများ ကို ကြံ့ကြံ့ခံနိုင်လာခဲ့ပါသည်။
မည်သို့ဆိုစေ မြန်မာ့လူ့အသိုင်းအ၀ိုင်းအား ပိုမိုကြံ့ခိုင်သန်စွမ်းစေပြီး ကူညီပံ့ပိုးရမည်ဖြစ်သည်။ မြန်မာနိုင်ငံ အစိုးရအနေဖြင့် နိုင်ငံ တကာအကူအညီများကြောင့် မိမိ ၏ ကပ်ဘေးဆိုင်ရာ ကူညီမှုလုပ်ငန်းများ အရှိန်မြင့်စေနိုင်ကြောင်းကို အသိ အမှတ်ပြုလျက်ရှိပါ သည်။ အစိုးရအနေဖြင့် ၎င်း၏ ပြည်သူ ပြည်သားများအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရမည့်သူ ဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် လူ လူချင်းစာနာထောက်ထား မှုဆိုင်ရာ အဖွဲ့အစည်းတို့က အစိုးရနှင့် အတူ မိတ်ဖက်အဖွဲ့များနှင့် မြေပြင်တွင် အတူတကွ လုပ်ဆောင် ကြပါသည်။
ဤ ကဲ့သို့ ကျွန်ုပ်တို့က ကမ္ဘာ့မည်သည့်နေရာ တွင်မဆို လုပ်ဆောင်နေပြီး မြန်မာနိုင်ငံ တွင်လည်း ဤကဲ့သို့ လုပ်ဆောင်နေပါ သည်။ တစ်ချိန်တည်းမှာပင် လူလူချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရာတွင် မည်သူတွေက အကူအညီ လိုအပ်ဆုံး ဖြစ်သည်။ မည်သည်တို့ လို အပ်သည်။ မည်ကဲ့သို့ အကောင်းဆုံး ကူညီနိုင်သည်တို့ကို ပိုင်းခြားကာ အကူ အညီပေးမှုကို သေချာစေသော အခြေ ခံ သဘောတရားများဖြင့် လမ်းညွှန်မှုပြု လျက် ရှိပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ် တို့က လူမျိုး၊ ဘာသာ၊ ယုံကြည်ချက် စသည်ဖြင့် ဘက်လိုက်မှုမပြုဘဲ ကြားနေ အနေအထားအားဖြင့် လွတ်လပ်စွာ ကူညီပံ့ပိုးမှု ပြုနေသည့် သဘောပင် ဖြစ် ပါသည်။
ကုလသမဂ္ဂသည် လူလူချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေး ခြင်းကို ပြည်တွင်းပြည်ပ အင်န်ဂျီအိုများ နှင့် အရပ်ဘက် အဖွဲ့အစည်းများမှ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဆောင်ရွက် နေခြင်း ဖြစ်သည်။ လူလူချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးမှု ကို အစိုးရ၊ အလှူရှင်များနှင့် အကူအညီ ကို လက်ခံရရှိသူတို့က အသိအမှတ်ပြု သော လုပ်ထုံးလုပ်နည်းများမှတစ်ဆင့် တာဝန်ခံ မှုနှင့်အတူ ထင်သာမြင်သာရှိ စွာ ဆောင်ရွက်နေပါသည်။ ကုလသမဂ္ဂ အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူလူ ချင်းစာနာထောက်ထား မှုဆိုင်ရာ အကူ အညီပေးခြင်းကို မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများ အပြားမှ ယုံကြည်အားထားရသော လုပ်ဖော် ကိုင်ဖက်အဖြစ် နှစ်ကာလအတန် ကြာ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ လှုပ်ရှား ဆောင်ရွက်မှုများမှာ နိုင်ငံအနှံ့တွင်ရှိပါ သည်။ မြောက်ဘက် ကချင်ပြည်နယ်မှသည် အရှေ့ တောင်ဘက်ရှိ တနင်္သာရီ နှင့် မွန်ပြည်နယ်အထိ၊ အရှေ့ဘက် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှသည် အနောက်ဘက်ရှိ ချင်းပြည် နယ်နှင့် ရခိုင် ပြည်နယ်များအထိ ကုလသမဂ္ဂက လက် လှမ်းမီသ၍ တတ်နိုင်သမျှ ကူညီပံ့ပိုးမှု ပြုနေခြင်း ဖြစ်ပါသည်။
ကုလသမဂ္ဂနှင့် အတူ အစိုးရနှင့် အရပ်သားအဖွဲ့အစည်း များမှ မိတ်ဖက်အဖွဲ့အစည်းများ၊ အထူး သဖြင့် လက်တွေ့မြေပြင်တွင် လူ အများ ကို လိုအပ်သည်များကူညီရေး၌ မရှိမဖြစ် ဖြစ်သော နိုင်ငံတကာနှင့် ပြည်တွင်းရှိ အင်န်ဂျီအိုအဖွဲ့အစည်းများ ပါဝင်လုပ် ဆောင် လျက်ရှိပါသည်။ ယခုနှစ် ဇန်န ၀ါရီလနှင့် မေလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လူပေါင်း ၅၄၅,၀၀၀ တို့ အတွက် ဆန် မက်ထရစ် တန် ၈,၉၃၀ သို့မဟုတ် ဆန်အိတ်ပေါင်း ၁၇၈,၀၀၀ အပါအ၀င် စားနပ်ရိက္ခာပမာဏ ၁၀,၂၅၀ မက်ထရစ်တန်ကို ကူညီ ထောက်ပံ့ပေးခဲ့ ပါသည်။
လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက ကချင်ပဋိပက္ခ၏ သားကောင်ဖြစ်ခဲ့ရသူ အားလုံးအား ကူညီ ပံ့ပိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ စုပေါင်းကြိုးပမ်းဆောင်ရွက်မှု၏ ရလဒ်အဖြစ် ယခုနှစ် တစ်နှစ်တည်း မှာ ပင် ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းဒုက္ခသည် ၄၀,၀၀၀ ခန့်အား ကုလသမဂ္ဂမှ တိုက် ရိုက်ကူညီပံ့ပိုးမှု ပြုလုပ်ခဲ့ပါသည်။ ယင်းတို့ အထဲတွင် ပဋိပက္ခဖြစ်ပွားနေ သည့် နေရာ ၁၃ နေရာမှ ဒုက္ခသည်ပေါင်း ၁၅,၀၀၀ ခန့်အား ကုလသမဂ္ဂအထောက်အပံ့ပြု ယာဉ်တန်း ကိုးတန်းမှတစ်ဆင့် အစားအသောက်နှင့် အိမ်ထောင် ပစ္စည်းများကို ဖြန့်ဝေပေးနိုင်ခဲ့ခြင်းလည်း ပါဝင်ပါသည်။
ကချင်ဒုက္ခသည်များအား အကူအညီပံ့ပိုးမှုပြုလုပ်ရာ တွင် ပဋိပက္ခအခြေအနေ၊ ရာသီဥတု၊ ပထ၀ီဝင်အနေအထားနှင့် အခြေခံ အဆောက်အအုံ စသည့် စိန်ခေါ်မှုများ စွာကို ရင်ဆိုင်ခဲ့ရပါသည်။ ထိုစိန်ခေါ် မှုများကို ရင်ဆိုင်ရာတွင် ကုလသမဂ္ဂ နှင့် ယင်း၏ မိတ်ဖက်အဖွဲ့များ မရောက်နိုင်သည့် ထိုဒေသများသို့ တကယ်ရောက်နိုင်ကြသည့် ဒေသ ဆိုင်ရာအဖွဲ့အစည်းများနှင့် ယင်း၏ မိတ်ဖက်အဖွဲ့အစည်းများ၏ ကြိုးပမ်း အားထုတ်မှုများအပေါ်တွင် အားထား ဆောင်ရွက်ခဲ့ရပါသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့မှုများ ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့သကဲ့သို့ ဒေသခံပြည်သူလူထု၏ သက်မွေးမှုဘ၀ များကိုပါ ထိခိုက်ခံစားခဲ့ကြရပါသည်။ ရခိုင်ပြည်နယ်အစိုးရ၏ နောက်ဆုံး သတင်းဖော်ပြချက်အရ ရခိုင်ပြည်နယ် တစ်လွှားတွင် အိုးမဲ့အိမ်မဲ့ဒုက္ခသည် ပေါင်း ၆၃,၀၀၀ ခန့် ရှိနေသည်ဟု ဆို သည်။ ထို့ထက်မကသော ပြည်သူများ သည် တစ်မျိုး မဟုတ်တစ်မျိုး ထိခိုက် ခံစားနေရပြီး အကူအညီလိုအပ်နေ သည်။
ထပ်မံဆိုရလျှင် ဒေသလူမှု အသိုက်အ၀န်းသည် အိုးမဲ့အိမ်မဲ့ဒုက္ခ သည်များနှင့် စိတ်သောကရောက်နေသူ တို့အား ကနဦးကူညီ စောင့်ရှောက်မှုများ ပေးပြီးဖြစ်သည်။ လူလူချင်းစာနာ ထောက်ထားသည့် မိတ်ဖက်အဖွဲ့ အစည်းများသည် ထိခိုက်ခံစားရသော ဒုက္ခသည်များအတွက် လူလူချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုများ ပြုရေးကို တစ်ဖက်တစ်လမ်းက ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။ လူလူချင်း စာနာထောက်ထားမှု လုပ်ငန်းတွင် ဆောင်ရွက်နေသော လုပ်သားများမှာ လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် လုပ်ကိုင်ဆောင်ရွက် နေကြပါသည်။
သဘာဝကပ်ဘေးဒုက္ခများကို ထိခိုက် ခံစားရချိန်တွင် လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှု၊ နွေးထွေးမှုများက ကြံ့ကြံ့ခံ စိတ်ကို တိုးပွားစေပါသည်။ ပဋိပက္ခနှင့် အကြမ်းဖက်တိုက်ခိုက်မှုတို့သည် တစ်ဦး နှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မယုံကြည်မှုနှင့် သံသယ မကင်းမှုများမှနေ၍ လောင်မြိုက်ပေါက်ဖွားလာခဲ့ခြင်းလည်း ဖြစ်သည်။ သဘာဝကပ်ဘေးဒုက္ခက ရက်အနည်းငယ်သာ ကြာမည်။ ကြံ့ကြံ့ခံစိတ် တိုးပွားလာသည်နှင့်အမျှ သူတို့ဘ၀များ တစ်ဖန်ရှင်သန်လာနိုင်ကြပေမည်။
ပဋိ ပက္ခနှင့် သဘောထားကွဲလွဲတင်းမာမှုက မူ အချိန်ကာလရှည်ကြာကောင်း ရှည် ကြာနိုင်မည် ဖြစ်သည်။ ထိုဖြစ်ရပ်များ ကြောင့် စိတ်ထိခိုက်ခံစားရသော လူ့အဖွဲ့ အစည်းကို အားနည်းချည့်နဲ့စေမည် ဖြစ်သည်။ သတင်းမှားများနှင့် ကောလာဟလတို့ကြောင့် မုန်းတီးမှုနှင့် သံသယ မကင်းမှုများကို ပိုမိုတိုးပွားစေမည်သာ ဖြစ်သည်။ မီဒီယာများအပါအ၀င် လုပ် ဆောင်သည့် လုပ်ငန်းတိုင်းတွင် ထင်လင်းမြင်သာသော သတင်းအချက် အလက်များကို ကျွန်ုပ်တို့ ပေးကြရမည် ဖြစ်သည်။
ယင်းသည် မှားယွင်းသော သတင်းများကြောင့် သံသယပွားမှုကို ရှောင်လွှဲနိုင်စေမည် ဖြစ်ပါသည်။ ဘေးဒုက္ခခံစားနေရသူများ နှင့် အတူ အာဏာပိုင်များအပေါ် ယုံကြည်မှုတိုးပွားစေမည် လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံ များနှင့်အတူ ရင်ပေါင် တန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသော နိုင်ငံဖြစ် သည်။ ယခုနှစ် ဇွန်လ ၂၀ ရက်နေ့က ပြောကြားခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် ဆောင်ရွက်မည့် အစီအစဉ်များတွင် ကုလသမဂ္ဂ၊ INGO နှင့် အရပ်ဘက် အဖွဲ့ အစည်းများနှင့်အတူ လက်တွဲဆောင် ရွက်သွားမည်ဖြစ်ကြောင်း အထင် အရှား ပြောကြားခဲ့ပြီးဖြစ်ပါသည်။
ကုလ သမဂ္ဂနှင့် လူလူချင်းစာနာထောက်ထား မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများကလည်း လူလူချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေခံသဘောတရားများဖြစ်သော လွတ်လပ်မှု၊ ကြားနေမှု၊ ဘက်လိုက်ခြင်းကင်းမှုများဖြင့် အကူအညီလိုအပ်နေသူများအား ကူညီ ပံ့ပိုးမှုများကိုဆောင် ရွက်သွားရန် အသင့်ရှိနေပါသည်။
သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ် သော ဘေးဒုက္ခကို ရှောင်လွှဲ၍ မရပါ။ သို့သော် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒီမိုကရေစီ ရှေးရှုဖြစ်ပေါ် တိုးတက်မှုလမ်းကြောင်းတွင် လူကြောင့် ဖြစ်သော ဘေးဒုက္ခများက ပိတ်ဆို့မနေစေသင့်ပါ။ ကုလသမဂ္ဂနှင့် ယင်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ ပြည်သူများနှင့် လက်တွဲလုပ်ရန်ရှိနေကြပါသည်။ မြန်မာပြည်သူများ၏ စွမ်းဆောင်မှုများကို ကူညီပံ့ပိုးရန် ပြည်သူ့ ထံမှ ပြည်သူ့ထံသို့ ပြည်သူများနှင့်အတူ ကျွန်ုပ်တို့ အတူတကွရှိနေကြပြီ ဖြစ်ပါသည်။
No comments:
Post a Comment