အစိုးရအဖွဲ့ဝင်တို့၏ ပိုင်ဆိုင်မှုစီးပွားများ ထုတ်ဖော်မှတ်တမ်း တင်ရေးအဆို လွှတ်တော်၌ ဆွေးနွေးရန် အတည်ပြုပြီ
စိုးသန်းလင်း
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
နိုင်ငံတော်သမ္မတကြီး မိန့်ကြားသည့် အတိုင်း ကောင်းမွန်သော အုပ်ချုပ်မှုနှင့်
သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အစိုးရအဖွဲ့ဝင် များ၏ ပိုင်ဆိုင်မှု
ပစ္စည်း
များ၊ အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာမှတ်တမ်းတင်ထားရန်ဟူသည့်
ပုသိမ်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်၏ အဆိုအား
ဆွေးနွေးရန် သင့်မသင့်ကို ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ၁၄
ရက်မြောက်နေ့ (ဇူလိုင်လ ၂၅ ရက်)
တွင် လွှတ်တော်က ကန့်ကွက်မည့်သူ မရှိသဖြင့် လက်ခံဆွေးနွေးရန်
အတည်ပြုလိုက်ကြောင်း သိရသည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
"နိုင်ငံတော်သမ္မတကြီးက 'မိမိတို့ အစိုးရဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ကို ဖော်ဆောင်လျက်ရှိပါတယ်။ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ ဆောင်ရွက်လျက်ရှိပါ တယ်'လို့ ပြောကြားခဲ့ပါတယ်။ တိုင်းသူ ပြည်သားများကလည်း မျှော်လင့်စောင့် စားလျက်ရှိပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှန်တကယ် အရေးတကြီး လိုအပ်ချက်လည်းဖြစ် ပါတယ်။ ဒါဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျော ညီထွေလည်း ရှိပါတယ်။
"အစိုးရဆိုတာ ပြည်သူ့ကိုယ်စား ပြည်သူတို့က အပ်နှင်းထားတဲ့ အုပ်ချုပ် ရေးအာဏာကို ပြည်သူ့တို့အကျိုးအတွက် ထမ်းဆောင်ကြ သူများ ဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်တို့ရဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန် ခံမှုတွေဟာ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။
အစိုးရနဲ့ ပြည်သူအကြားမှာ အဲဒီလို ပွင့်လင်း မြင်သာမှုတွေ၊ တာဝန်ခံမှုတွေ ရှိလာတာ နဲ့အမျှ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေမှာ ပြည်သူ တွေဟာ ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်လာကြမှာဖြစ်သလို ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာတာနဲ့အတူ ဥပဒေကို လေးစားလိုက်နာမှု၊ အုပ်ချုပ်ရေးအဖွဲ့ အပေါ် ကျေနပ်အားရမှုတွေ တိုးပွား လာပြီး နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် လာကြမှာပါ။
"ဒီအခါမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရက်တစ်တန်ဖိုးတွေ မြင့်မားလာ မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက် နိုင်မယ်။ ဒါကြောင့် ဒီ အဆိုကို တင်သွင်းရတာပါ"ဟု အင်န် အယ်လ်ဒီပါတီဝင်လည်းဖြစ်သည့် ဦးဝင်းမြင့်က လွှတ်တော်သို့ ပြောကြား သည်။ အင်န်အယ်လ်ဒီပါတီဝင် ဦးဝင်းမြင့်၏ အဆိုသည် အင်န်အယ်လ်ဒီပါတီ၏ လွှတ်တော်သို့ တင်သွင်းလာသော ပထမဦးဆုံး အဆို ဖြစ်လာ တော့သည်။ ၎င်းအဆိုကို ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ခံခဲ့သည်။
"သန့်ရှင်းသော အစိုးရဖြစ်ဖို့ဆိုတာက သန့်ရှင်းသော အစိုးရအဖွဲ့ဝင်တွေဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီအဆိုကို ကျွန်တော် ထောက်ခံပါတယ်"ဟု ၎င်းက ထောက်ခံအပြီး ပြည်သူ့လွှတ်တော်၌ ကန့်ကွက်မှု မရှိ သဘောတူကြသဖြင့် လွှတ်တော်၌ ဆွေးနွေးရန် အဆိုအဖြစ် အတည်ပြုခဲ့သည်။ ပါဝင်ဆွေးနွေးလို သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ဇူလိုင်လ ၂၆ ရက် နေ့လယ် နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ သည်။
No comments:
Post a Comment