Sunday, July 29, 2012

ဥက္ကဋ္ဌကြီး

ဥက္ကဋ္ဌကြီး

မာဂျေ
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
"တပည့်မောင်ကြွက်နီရေ၊ သူများတွေ က ဟိုအဖွဲ့မှာ ဥက္ကဋ္ဌကြီးအခေါ်ခံလိုက်၊ ဒီအဖွဲ့မှာ ဥက္ကဋ္ဌကြီးအခေါ်ခံလိုက်နဲ့ တော်တော် အားကျလာပြီ။ ငါလည်း ဥက္ကဋ္ဌကြီးအခေါ်ခံရအောင် ကြံဦးမှထင် တယ်"လို့ ပြောလိုက်ရင်ပဲ...
"တော်စမ်းပါ ရပ်ကွက်ဥက္ကဋ္ဌလုပ်ဖို့ တောင် အသက်ကကျော်နေပြီ။ အေးအေး နေစမ်းပါ။ သူများတွေ သူ့ဟာသူ အသင်း အဖွဲ့နဲ့ နေတာကို သွားဒုက္ခမပေးစမ်းပါ နဲ့" တဲ့။
"မင်းကတော့လေ၊ ငါ့ဆိုရင် တစ်သက် လုံး အထင်ကိုမကြီးဘူး။ သူများတွေလို အသင်းအဖွဲ့မှာ လက်တိုလက်တောင်း လုပ်ပါရစေ ပြောပြီးမှ ကုလားအုတ်လို ရွက်ဖျင်တဲထဲ တစ်ကောင်လုံးဝင်တဲ့ လူစားထဲမှာ ငါမပါဘူး။ အခုဟာက ကိုယ့်ဟာကိုယ် အသင်းတစ်သင်း ထောင် ပြီး ဥက္ကဋ္ဌလုပ်မလို့။ အဲဒါဘာအသင်း ထောင်ရမလဲလို့ မင်းဆီက အကြံတောင်းတာ"
"အဲဒီလို အားကိုးတကြီးပြောလိုက်ရင် ပဲ မောင်ကြွက်နီက သူ့မုတ်ဆိတ်ကို လက်နဲ့သပ်ပြီး "ခက်တာက တောခိုပြီး သူပုန်ထတဲ့ ခေတ်လည်း မဟုတ်တော့ ဘူး။ အသင်းအဖွဲ့တွေလည်းအများကြီး ရှိနေပြီ။ နာရေးကူညီမှုအသင်းဆိုတာ ကလည်း ရှိပြီးသား။ ဒီလိုအသင်းမျိုး တောင် ပထမပိုင်းမှာ နှစ်ဖွဲ့ကွဲပြီး တရား တပေါင် ဖြစ်ကြသေးတယ်။ စာရေး ဆရာအသင်း ထောင်ဖို့ကျပြန်တော့ လည်း အစိုးရနဲ့ဖက်စပ်ဖွဲ့ပြီး အစိုးရ စကားပြန်လုပ်ချင်သူတွေ များနေလို့ သူတို့ချင်းတောင် အဝေမတည့်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရိုက်ဖို့ လည်း အဖွဲ့ကဖွဲ့ပြီးသား။ ရန်ကုန်မြို့ အပြင်တောင်မထွက်ဘဲ သဘာဝပတ်ဝန်း ကျင်ကို ကျွန်တော်တို့ ကျွန်မတို့ ထိန်း သိမ်းနေပါတယ်ဆိုပြီး နိုင်ငံခြားက ဒေါ်လာတွေယူနေတဲ့ အဖွဲ့တွေက လည်း ရှိပြီးသား။ အင်န်ဂျီအိုလုပ်မယ်ဆို ပြီး ခုမှ ထထောင်ပြန်လို့လည်း မလွယ် တော့ဘူး။ မြန်မာပြည်မှာ အင်န်ဂျီအိုတွေ က မိုးတွင်းပေါက်တဲ့မှိုတွေလို များနေပြီ။ ရပ်ကွက်တွေ အားလုံးမှာလည်း သာရေး၊ နာရေးအဖွဲ့တွေ ဖွဲ့ပြီးသား။ ကုန်ကုန် ပြောရရင် ဓမ္မာရုံမှာတောင် ဆွမ်းလောင်း အသင်းက ရှိပြီးသား။ မင်းသားမင်းသမီး တွေလို ဘာဖောင်ဒေးရှင်း၊ ညာဖောင် ဒေးရှင်း ထောင်ရအောင်ကလည်း ခင်ဗျားကိုမယုံလို့ ဘယ်သူကမှ အလှူငွေ ထည့်ကြမှာမဟုတ်ဘူး။ ခင်ဗျားပိုက်ဆံ နဲ့ခင်ဗျား လုပ်နိုင်တာလည်းမဟုတ်ဘူး။ တကယ်ဆို ဒါမျိုးက ကျွန်တော့ကိုမေးရမှာ မဟုတ် ဘူး။ ပညာရှင်တွေကို ပိုက်ဆံ ပေးပြီး အလုပ်အပ်ရမှာ။ ပညာရှင်ဆိုတာ က သူတို့ကိုယ်တိုင်ထလုပ်ရင်သာ အချိုး မကျတာ၊ သူများကို အကြံပေးဖို့တော့ ချောနေတာပဲ၊ ဟူး..ပြောရတာ မော လိုက်တာဗျ"
"ဒီလိုလုပ်ပါလား၊ မင်းကိုပဲ ပညာရှင် အမှတ်နဲ့ ငါအလုပ်အပ်လိုက်မယ်။သိန်း ဂဏန်းတော့ မပေးနိုင်ဘူး။ မင်းကို မြန်မာ ရမ်တစ်ဖာ ပေးမယ်ကွာ"လို့ ပြောလိုက်မှ နှုတ်ခမ်းတွေ ဘာတွေသပ်ပြီး...
"အင်း ဒီလိုအသံကြားရရင်တော့ ခေါင်းထဲကအကြံတွေ ချက်ချင်းထွက် လာသလိုပဲ။ ဒီလိုလုပ်ဗျာ၊ ခင်ဗျားနိုင်ငံ ရေးပါတီထောင်ပြီး ကိုယ်ထောင်တဲ့ ပါတီမှာ ကိုယ့်ဟာကိုယ် ဥက္ကဋ္ဌပြန်လုပ် ပေါ့။ ဂုဏ်လည်း ရှိတယ်ဗျာ။ ဒီကြားထဲ မျက်စိလည်ပြီး အမတ်တွေ ဘာတွေ ဖြစ်ရင် လွှတ်တော်ထဲမှာ ခင်ဗျားပြောချင် တာတွေ ထုတ်လို့ရတာပေါ့တဲ့"
"မောင်ကြွက်နီရယ်၊ တွက်ရေးက စက် သူဌေးပေမယ့် စက်မရှိတာက ခက်တယ် ဆိုသလိုပဲ။ ပါတီထောင်တာများ လွယ်မှတ်လို့။ ဘယ်မှာလဲရုံးခန်း၊ ဘယ်မှာလဲ ရုံးဝန်ထမ်းတွေ။ အဲဒါတွေအားလုံးက ပိုက်ဆံနဲ့ဝယ်မှရမှာ။ ငွေစက္ကူရိုက်စက် ကလည်း အစိုးရမှာပဲရှိ တာ။ ငါ့ရှိတာ မဟုတ်ဘူး။ ဒီကြားထဲ ပါတီမှတ်ပုံတင်ဖို့ နေပြည်တော် ကဒီးကဒီး သွားရရင် ဆီဖိုး နဲ့တင် ဒေ၀ါလီခံသွားရမယ်။ လမ်းက လည်း နာမည်ကြီး။ တော်ကြာ ဥက္ကဋ္ဌ မဖြစ်ဘဲ မသာဖြစ်နေဦးမယ်။ တခြား အကြံပေးစမ်းပါကွာ"လို့ ချော့လိုက်ရ တယ်။
မောင်ကြွက်နီလည်း ခေါင်းတော် တော်ခြောက်သွားပုံရတယ်။ "ခင်ဗျား ပေးမယ့် မြန်မာရမ်က ဘယ်နေမှန်းမသိ သေးဘူး။ အခုပြောရ တာနဲ့တင် တော် တော် ခေါင်းနောက်လာပြီ။ ဒီတော့ ဒီလို လုပ်ဗျာ၊ ခင်ဗျားလိုလားချက်တွေကို အရင်ပြောပြပါလား" တဲ့။
"ငါ့လိုလားချက်ကတော့ ရှင်းတယ်၊ အဖွဲ့တစ်ခုခုမှာ ပိုက်ဆံသိပ်မကုန်ဘဲ ဥက္ကဋ္ဌဖြစ်ရေးပဲ။ ကုလားထိုင်တစ်လုံး လောက်ပဲ လိုချင်တာ ပါ။ ပိုက်ဆံကတော့ မလိုဘူး။ ကိုယ့်အိတ်ထဲက သိပ်မစိုက်ရ ရင် တော်ပြီ"
"ရည်ရွယ်ချက်က ကြီးမားလှချည်လား ဗျာ။ သူများတွေလို အော်ဘဂျက်တစ် ခေါ်တဲ့ ရည်မှန်းချက်တို့၊ ဗီးရှင်းတို့၊ မစ်ရှင်စတိတ်မင့်တို့၊ မိုတိုခေါ်တဲ့ ဆောင် ပုဒ်တို့ ဘာတို့လည်း မရှိဘူးပေါ့"
"အော်ဘဂျက်တစ်တော့ မသိဘူး၊ ကဗျာဆရာအောင်ဘညိုတော့ ကြားဖူး တယ်။ ဗီးရှင်းဆိုတာ ရွှေဘုံသာလမ်းက မျက်မှန်ဆိုင်ပဲ။ မစ်ရှင်ဆိုတာကတော့ ဟိုတုန်းက သာသနာပြုကျောင်းတွေကို ခေါ်တာ။ မိုတိုတော့မသိဘူး၊ မော်ဒယ် တွေတော့ သိတယ်။ ငါ့ဂျာနယ်မှာ မျက်နှာ ဖုံး တင်တင်နေရတာ"
"ဟာ ဟာ ဟ၊ ခုမှ ပညာရှိ ပိဋကတ် အိုးကွဲကြီး လာတွေ့နေရတယ်။ ခင်ဗျား ဦးဆောင်မယ့်အဖွဲ့ကတော့ ရင်လေး စရာပဲ"
"ဟေ့ကောင်၊ ဘာမှရင်လေးစရာမလို ဘူး။ မင်းတာဝန်က ငါ့အတွက်အဖွဲ့ တစ်ခုရှာပေး။ အဲဒီမှာ ဥက္ကဋ္ဌလုပ်ရရင် တော်ပြီ။ သူများတွေ လို အစိုးရနဲ့ပေါင်း၊ အစည်းအရုံးယောင်ယောင်၊ အသင်း အဖွဲ့ယောင်ယောင်၊ အင်န်ဂျီအိုယောင် ယောင်၊ ဘာယောင်ယောင်နဲ့ နိုင်ငံ ခြားကို အစိုးရစရိတ်နဲ့ဖိတ်တဲ့ နိုင်ငံစရိတ်နဲ့ မိသားစုလိုက်သွားဖို့လည်း စိတ်ကူးမရှိ ဘူး။ လူရာဝင်ချင်တာလေး တစ်ခုတည်း ပါကွာ"
"ဒါဖြင့်ရင် ဒီလိုလုပ်၊ ခေတ်လည်းမီ အောင်၊ လူလည်းရှိန်အောင် သမဂ္ဂတစ်ခု ဖွဲ့ဗျာ။ အခုတောင် သမဂ္ဂတွေဖွဲ့လိုက်တာ မျက်စိ တောင်နောက်နေပြီ။ မဖွဲ့ရ သေးတာ တစ်ခုပဲကျန်တော့တယ်"
"မြန်မြန်ပြောစမ်းပါကွာ။ အဲဒီအဖွဲ့မှာ ငါ ဥက္ကဋ္ဌတက်လုပ်မယ်"
"မဖွဲ့ရသေးဘဲ ကျန်တာကတော့ သူတောင်းစားသမဂ္ဂပဲ။ သူတို့က နေရာ အနှံ့ တောင်းပြီး လူအင်အားသာတောင့် တာ၊ ရုံးလည်းမရှိ၊ အဖွဲ့အစည်းလည်း မရှိ နဲ့။ အဲဒီလူတွေကို ခင်ဗျားကြီးက ဈေးတွေ၊ ကားမှတ်တိုင်တွေမှာ သွားစည်းရုံး၊ ပြီးရင် လှိုင်သာယာဘက်မှာ မြေတစ်ကွက်ငှား၊ သူတို့အိပ်ဖို့ တဲကြီးတစ်လုံးသာ ထိုးပေး မယ်ပြောလိုက်။ ခင်ဗျားအဖွဲ့က မြန်မာ နိုင်ငံမှာ အသင်းဝင်အများဆုံး အဖွဲ့ဖြစ် သွားမှာ။ မြန်မာပြည်မှာ သူတောင်းစား များ နည်းမှတ်လို့"
"အောင်မယ်လေးဗျာ၊ ပေးလိုက်တဲ့ အကြံက ဆိုးရွားလှချည်လား မောင် ကြွက်နီရယ်၊ မင်း ငါ့ကို ဘယ်ကတည်း က မုန်းနေတာလဲ"
"အလဲ့... လာလာချည်သေးတယ်။ချစ်လို့ ဒီအကြံပေးတယ်မှတ်ပါ။ ဒီအကြံ ကို ဘာဖွဲ့ဖွဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးနေရာ က မဆင်းချင် တဲ့သူတွေကို သွားပေး ကြည့်ပါလား၊ နောက်နေ့ဆို ဆိုင်းဘုတ် ထောင်ပြီးသားတောင်ဖြစ်မှာ"
"ဟာဟာဟ၊ ငါ့ကိုသတ္တိမရှိဘူးပဲ ပြော ပြော၊ အဲဒီအကြံတော့ ခုနမင်းပြောတဲ့သူ တွေသာ သွားပေးလိုက်ပေတော့။ ငါ တော့ မလုပ်ရဲ ဘူး။ မင်းကို အားလည်းနာ တယ်၊ ခင်လည်းခင်တယ်၊ ဒီအကြံတော့ မယူပါရစေနဲ့"လို့ ပြောလိုက်တာတောင် ရမ်တစ်ပုလင်းဖိုးရ အောင်တောင်းသွား သေးတယ်ဗျာ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။