Tuesday, December 4, 2012

လမ်းဘေးပန်းချီ Graffiti ရေးဆွဲသူများကို အရေးယူတော့မည်ဟုဆို


လမ်းဘေးပန်းချီ Graffiti ရေးဆွဲသူများကို အရေးယူတော့မည်ဟုဆို 


7Day News Journal, 4 December 2012  —-
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဘေး အုတ်နံရံများ၊ အများပြည်သူနှင့် သက်ဆိုင်သောနေ ရာများတွင် ဆေးရောင်စုံများအသုံးပြု၍ ရုပ်ပုံစာသား များရေးဆွဲနေခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရ အရေးယူတော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာက ယနေ့ ထုတ်ပြန်ကြေညာသည်။

အဆိုပါ ရုပ်ပုံပန်းချီကားများကြောင့် ပြည်သူများ၏ စိတ်ညိုညင်မှုဖြစ်ပေါ်နေပြီး ယင်းသို့
စည်းကမ်းမဲ့မှုများအား ကာကွယ်ရန် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကြေငြာချက်တွင်ဖော်ပြပါရှိသည်။ အလားတူ “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အများပြည်သူများနှင့် သက်ဆိုင်သော အဆောက်အအုံများနှင့် ယင်းတို့၏ အစိတ်အပိုင်းများ၊ လမ်းတံတားများ၊ စာသင်ကျောင်းများ၊ ပန်းခြံနှင့် အားကစားကွင်းများနှင့် ယင်းတို့၏ အစိတ်အပိုင်းများတွင်လည်းကောင်း၊ အခြားအဆောက်အအုံနှင့် ယင်းတို့၏ အစိတ်အပိုင်းတွင်လည်းကောင်း ဆေးရောင်စုံများကို အသုံးပြု၍ အများပြည်သူ၏ မြင်ကွင်းတွင် ဆေးခြယ်ခြင်း၊ စာလုံးများရေးသားခြင်းနှင့် ရုပ်ပုံများမည်သူမျှ ရေးဆွဲခြင်းမပြုရ” ဟု ဖော်ပြထားသည်။
ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ကြေညာချက်ထွက်ရှိလာခြင်းနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်နှင့် အိုဘားမားပုံများကို Graffiti ရေးဆွဲခဲ့သူ ကိုအာကာက “အရင်ကတော့ ဥပဒေ သေချာမရှိခဲ့ဘူးဆိုတော့ ပြဿနာမရှိဘူး။ ခုတော့ ဒီကြေညာချက်ထွက်လာတော့ ကျွန်တော်တို့အတွက် စဉ်းစားရတာပေါ့။ ကျွန်တော်တို့ကိုလည်း နေရာတစ်ခုလောက် လုပ်ပေးနိုင်ရင်ကောင်းမယ်။ နိုင်ငံတကာမှာဆိုရင်တော့ ကြော်ငြာကုမ္ပဏီတွေ ဘာတွေနဲ့ အာဏာပိုင်တွေကိုပေါင်းပြီးလုပ်ပေးတာမျိုးရှိတာပေါ့။ ကိစ္စတော့မရှိပါဘူး။ ဒီလိုထွက်လာတော့လည်း ကျွန်တော်တို့အတွက် စဉ်းစားစရာလေးတွေ ပိုထွက်လာတာပေါ့” ဟု ပြောသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။