ဦးသန့် အရေးအခင်း (၃၈) နှစ်ပြည့် အခမ်းအနား ပထမဆုံး အကြိမ် ပြုလုပ်မည်
ပညာရေးပါမောက္ခမဂ္ဂဇင်း . ၄ရက်နေ့ ဒီဇင်ဘာ ၂၀၁၂ —-
“ဦးသန့် ဈာပန အရေးအခင်း အထိမ်းအမှတ်ကို စစ်အစိုးရ အုပ်ချုပ် နေတဲ့ကာလတစ်လျှောက်လုံးမှာ ပြုလုပ်ဖို့ ကြိုးစား ခဲ့ပေမယ့် ခွင့်ပြုချက် မရခဲ့ ပါဘူး။ ဦးသန့် အရေးအခင်းက မှေးမှိန် တဲ့ သဘောဖြစ်နေတယ်။ အစိုးရသစ် လက်ထက် မှာတော့ နိုင်ငံရေး အခြေအနေက ပွင့်လင်း လွတ်လပ်တဲ့ သဘော ရှိတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပနိုင် အောင် ကြိုးစားတာပါ”ဟု ၄င်းက ဆက်လက် ပြောကြားသည်။
ဦးသန့် ဈာပန အရေးအခင်း အထိမ်းအမှတ်နေ့ ကျင်းပမှုနှင့် ပတ်သက်၍
“နိုင်ငံရေး သမိုင်းဆိုတာ မမေ့ ကောင်းဘူးဗျ။ ဥပမာ-ဒီဇင်ဘာလဆိုရင် ဗိုလ်အောင်ကျော် ကျဆုံးတဲ့နေ့ ဆိုတာ ရှိသေးတယ်။ ဒီလိုပွဲမျိုးတွေက လုပ်ကို လုပ်ရမယ်။ ဒီလို လုပ်ခြင်းအားဖြင့် ပြည်သူကို နိုင်ငံရေး အသိအမြင် ကြွယ်ဝ စေသလို နိုင်ငံရေးအရ နိုးကြားတက်ကြွစေတယ်။ ဦးသန့်လို ကမ္ဘာသိ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့ ပြုလုပ်တာကို ကျွန်တော့်အနေနဲ့ ကြိုဆို ပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် ဟံသာဝတီ ဦးဝင်းတင်ကThe Voice Weekly သို့ပြောကြားသည်။
ဦးသန့်သည် မြန်မာကို ကမ္ဘာကသိအောင် လုပ်ဆောင်ပေးခဲ့သော ပုဂ္ဂိုလ်ထူး တစ်ဦးဖြစ်ကြောင်း၊ ကမ္ဘာစစ်ကြီး မဖြစ်အောင်၊ ငြိမ်းချမ်းရေး ရအောင် စွမ်းဆောင်ပေးခဲ့သူ တစ်ဦးဖြစ်ကြောင်း သမ္မတ အိုဘားမား မြန်မာနိုင်ငံ လာစဉ် ပြောကြားသွားသော မိန့်ခွန်းတွင် ဦးသန့် အကြောင်းထည့် ပြောသွားသည်ကို ကြည့်လျှင် ကမ္ဘာကပင် လေးစားသည်ကို သက်သေပြနေ ကြောင်း၊ ဦးသန့်ဈာပနအထိမ်းအမှတ် ပွဲပြုလုပ်သည်ကို ထောက်ခံ အားပေး ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးညိုထွန်းက ဆိုသည်။
ဦးသန့် ဈာပန အရေးအခင်း ကျင်းပရန် ငါးဦး ကော်မတီ အဖွဲ့ဖွဲ့ပြီး ဖိတ်ကြားသင့်သူများကို ဖိတ်ကြားခြင်းနှင့် ရန်ပုံငွေ ရှာဖွေခြင်းကို ပြုလုပ်နေကြောင်း၊ ဦးသန့်၏ ကျန်ရှိနေသော ဆွေမျိုးသားချင်းများနှင့် ဟံသာဝတီ ဦးဝင်းတင်တို့ ကဲ့သို့ ရှေ့မီ နောက်မီ နိုင်ငံရေး သမားကြီးများ၊ နိုင်ငံရေး ပါတီများ၊ ဦးသန့် ဈာပန အရေး အခင်းတွင် ပါဝင်မှုကြောင့် အဖမ်းခံခဲ့ရသောကျောင်းသား ၅၂ ဦး၊ သက်ရှိ ထင်ရှားရှိနေသေး သော ၄၂ ဦးတို့ကို ဖိတ်ကြားမည်ဖြစ်ကြောင်း ဦးလှမြင့်ကဆိုသည်။
ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင် ဘာလ ၂၅ ရက်နေ့တွင် အမေရိကန် နယူးယောက်မြို့၌ အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ၄င်းသည် ကုလသမဂ္ဂတွင် ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင် ခဲ့သည်။ ထိုကာလအတွင်း ကျူးဘား ပြဿနာနှင့် ကွန်ဂိုနိုင်ငံ ပြည်တွင်းစစ် အရေးတို့ကို ငြိမ်းချမ်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်မှုများအတွက် ကမ္ဘာ့ခေါင်းဆောင်များ၏ ချီးကျူးမှုကိုခံခဲ့ရသည်။
http://www.thevoicemyanmar.com/ မှကူးယူဖော်ပြသည်
No comments:
Post a Comment