တော်ဝင်သစ်အချောထည်စက်ရုံအလုပ်သမားများ လမ်းလျှောက်ဆန္ဒုပြရာတွင် အာဏာပိုင်များက သုံးကြိမ်တိုင် တားမြစ်
အဆိုပါတော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမား ၂၅၀ ကျော်သည် ယနေ့ နေ့လည် ၁
နာရီခန့်မှ စတင်ကာ အင်းစိန်မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရုံးမှ
အလုပ်သမားဦးစီး ဌာန(အနောက်ပိုင်း ခရိုင်ရုံး)သို့ မရပ်မနား လမ်းလျှောက်ဆန္ဒ
ထုတ် ဖော်ခဲ့ကြပြီး သက်ဆိုင်ရာအာဏာပိုင်များက အာလိန် ငါးဆင့် ဘုရားအနီး
အင်းစိန်လမ်းမပေါ်တွင် တစ်ကြိမ်၊ ပြည်လမ်း
ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်ဝင်ပေါက်တွင် တစ်ကြိမ်နှင့်မရမ်း
ကုန်းမြို့နယ် အလုပ်သမားဝန်ကြီးဌာနရုံးရှေ့တွင်တစ်ကြိမ် စုစုပေါင်း
သုံးကြိမ်တိုင် တားမြစ်ခဲ့ကြောင်းသိရသည်။
္ဒသက်ဆိုင်ရာအာဏာပိုင်များကလည်း “ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို ချိုးဖောက်ရာရောက်တဲ့ အတွက်ဆန္ဒပြမှုကိုတားမြစ်ပါတယ်။လူစုခွဲပေးကြပါ။ဒါနောက်ဆုံးသတိပေးခြင်းပဲ”ဟု အသိပေးကြေညာခဲ့ကြောင်းသိရသည်။
No comments:
Post a Comment