ဒေါ်အောင်ဆန်းစုကြည် Infosys သို့ လည်ပတ်
(ဓာတ်ပုံ - မဇ္ဈိမ)
မဇ္ဈိမသတင်းဌာန. ၁၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —-“အင်ဖိုစစ်လို့ ခေါ်တဲ့ IT (Information Technology )ကုမ္ပဏီကြီးကို လာရောက်လည်ပါတ်တယ်။ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Christ Ghopa Christna နဲ့
တွေ့ဆုံနေပါတယ်။ အဲဒါပြီးရင် ဒေါ်အောင်ဆန်းစုကြည် ဟာ အင်ဖိုစစ် ပရဝုဏ် အတွင်းမှာ အမှတ်တရ သစ်ပင် စိုက်ပျိုးဖို့ရှိပါတယ်” ဟုဆိုသည်။
နေတာကြောင့် သတင်းထောက်များ သတင်းယူ ခွင့်မရကြောင်းနှင့် အိန္ဒိယမီဒီယာများ၊ မြန်မာမီဒီယာများ ကုမ္ပဏီပန်းခြံအနီး သတင်း ရယူနိုင်ရေး စောင့်ဆိုင်းလျှက်ရှိကြောင်း မဇ္စျိမ သတင်းထောက်က သတင်းပေးပို့သည်။
အိန္ဒိယ လူ့အဖွဲ့အစည်းအတွင်း အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ရေးကဏ္ဍ အတွက် အထောက်အကူပြုရန် ၁၉၉၆ ခုနှစ် တွင် Infosys ဖောင်ဒေးရှင်းကို ထူထောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အိန္ဒိယနိုင်ငံ၌ IT (Information Technology ) သတင်းနည်းပညာ ကဏ္ဍတွင် အလွန် ထင်ရှားကျော်ကြားသည်။
No comments:
Post a Comment