ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Sun, 11/18/2012 - 18:48
နေပြည်တော် နိုဝင်ဘာ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ ဒေသစံတော်ချိန် နံနက် (၉) နာရီ(၂၅)
မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Peace Palace တတိယထပ်
Nuon Sery Hall ၌ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီး
အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်သည်။
အဆိုပါ အခမ်းအနားသို့
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ
ဘုရင်ဆူလ်တန်ဟာဂျီ ဟာဆာနာလ်ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ၊
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်နှင့်ဇနီး၊
အင်ဒိုနီးရှားသမ္မတနိုင်ငံသမ္မတ ဒေါက်တာဆူစီလို ဘန်ဘန်း ယူဒိုရိုနို၊
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ သွန်ဆင်း
သမာဗောင်နှင့်ဇနီး၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်
ဒါတိုဆရီမိုဟာမက်နာဂျစ်ဘင်ထွန်း ဟာဂျီ အဗ္ဗဒူရာဇတ်နှင့်ဇနီး၊
ဖိလစ်ပိုင်သမ္မတနိုင်ငံသမ္မတ မစ္စတာဘီနင်နိုအကွီနို၊ စင်ကာပူ သမ္မတ
နိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းနှင့်ဇနီး၊
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်၊ ဗီယက်နမ်ဆိုရှယ်
လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းနှင့်ဇနီး၊
အာဆီယံနိုင်ငံများမှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်
အရာရှိကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်နှင့်
ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်
ဆမ်ဒက်ဟွန်ဆန်နှင့်ဇနီးတို့က ဖွင့်ပွဲအခမ်း အနားသို့တက်ရောက်လာကြသည့်
နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲ များအား ရင်းနှီး ခင်မင်စွာ
ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံယဉ်ကျေးမအဖွဲ့က အာဆီယံသီချင်းကို သီဆို၍ အခမ်း အနားကို ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အိမ်ရှင်
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် က အဖွင့်မိန့်ခွန်းပြောကြားရာတွင်
ဒေသတွင်းနှင့် ကမ္ဘာပေါ်တွင် ရင်ဆိုင် ကြုံတွေ့နေရသော စိန်ခေါ်မှုများကို
ရင်ဆိုင်နိုင်ရန် အတွက် အာဆီယံနိုင်ငံများအတွင်း ပိုမိုနားလည်စွာ
ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ အကြိမ်(၂ဝ) မြောက်
အာဆီယံအစည်းအဝေးပွဲမှ ထွက်ပေါ်လာသော အသီးအပွင့်များကို (၂၁) ကြိမ် မြောက်
အာဆီယံအစည်းအဝေးတွင် ပိုမိုအင်အားဖြည့်တင်းနိုင်ရန်အတွက် ဦးစားပေး
လုပ်ဆောင် ရမည်ဖြစ်ကြောင်း။ (၄၅)နှစ်ကျော် ကာလအတွင်း အာဆီယံအဖွဲ့အစည်း
ကြီးသည် နိုင်ငံရေးနှင့်လုံခြုံရေး လူမှုအဖွဲ့အစည်း၊
စီးပွားရေးလူမှုအဖွဲ့အစည်း၊ လူမှုရေးနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းဟူသော
မဏ္ဍိုင်ကြီးသုံးရပ်အောင်မြင်မှု များရခဲ့ကြောင်း၊ အဆိုပါ အောင်မြင်မှုမှာ
အာဆီယံနိုင်ငံများကြားတွင် အချင်းချင်းချစ်ခင်ရင်းနှီးစွာ ပူးပေါင်း
ဆောင်ရွက်မှု၏ရလာဒ်ပင်ဖြစ်ပါကြောင်း၊ သို့သော်လည်း စိန်ခေါ်မှုများနှင့်
လုပ်ဆောင်ရန် ရည်မှန်းချက်များစွာကျန်ရှိနေသေးသည်ကို
ထင်ရှားစွာမြင်နိုင်ပါကြောင်း၊ စိန်ခေါ်မှုများ ကို ကျော်လွှားနိုင် ရန်မှာ
အချင်းချင်းပိုမိုနီးကပ် စည်းလုံးစွာဖြင့် ဒေသတွင်းသာမက နိုင်ငံတကာ
အဆင့်တွင် ပါဝင်၍ ဖြေရှင်းရန်လည်း လိုအပ်နေပါကြောင်း။
အာဆီယံနိုင်ငံများအားလုံး ဖွံ့ဖြိုးတိုးတက်မှု
အသီးအပွင့်များကို မျှမျှတတမျှဝေခံစားနိုင်ရန်အာဆီယံအဖွဲ့ဝင်နိုင်ငံများ
အနေဖြင့်လည်း လက်ရှိ အားစိုက်ထုတ်မှု နှစ်ဆတိုး၍ လုပ်ကိုင် နေပါကြောင်း၊
၂ဝ၁၅-မတိုင်မှီ (၁) ကုန်သွယ်မှု အတားအဆီးများဖယ်ရှားရန် (၂)
ရင်းနှီးမြုပ်နှံမှုကို လွတ်လပ်ခွင့်ပေးရန် (၃)
လမ်းပန်းဆက်သွယ်ရေးတိုးမြှင့်ရန်(၄) အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရန် (၅) အာဆီယံပေါင်းစည်းဆောင်ရွက်ရေး
အတွက် စတင်အကောင်အထည်ဖော်ရန် (၆) ရွှေ့ပြောင်းအလုပ်သမားအရေးနှင့်
ကျွမ်းကျင်ဝန်ဆောင်မှု လုပ်ငန်များ နှင့် ပတ်သက်၍ နိုင်ငံအချင်းချင်း
အပြန်အလှန် အသိအမှတ်ပြုရေး စီစဉ်ဆောင်ရွက်ရန် (၇)
စည်းမျဉ်းစည်းကမ်းများရေးဆွဲရန် (၈) AEC တည်ဆောက်မှု မြင့်တင်ရန်
ကိစ္စများကို အာဆီယံနိုင်ငံတွင်း ဝန်ကြီးများအချင်းချင်း အဖြေရှာနိုင်ရန်
အတွက် လိုအပ်သောမူဝါဒများအားပေးမှုများ လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း
ဖြင့်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်
အာဆီယံနိုင်ငံများမှနိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများသည်
စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အာဆီယံနိုင်ငံများမှ
နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများသည် ASEAN Institute for Peace
and Reconciliation (AIPR) တရားဝင်ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
No comments:
Post a Comment