ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များ ဆက်လက်ခွင့်ပြုပေး
Sun, 11/18/2012 - 21:17
နေပြည်တော် နိုဝင်ဘာ ၁၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတသည်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့် အညီ
နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ပြီး နိုင်ငံတော်တည်ဆောက်ရေးတွင်
တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့
ပြုပြင်ပြောင်းလဲစေရန်အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ
အကျဉ်းထောင်အသီးသီးမှ ထိုင်သင့်စွာ ပြစ်ဒဏ်ကျခံပြီးဖြစ်သည့်
အကျဉ်းသားများအားစိစစ်၍ အကျဉ်းသား/အကျဉ်းသူ(၄၅၂) ဦးအား ၂၀၁၂ ခုနှစ်၊
နိုင်ဘာလ ၁၅ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်
ပြုခဲ့ပြီးဖြစ်ပါသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း ထိုင်သင့်စွာ
ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် အကျဉ်းသားများအား ထပ်မံစိစစ်၍
အကျဉ်း သား/အကျဉ်းသူ(၆၆) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ရာ
နိုဝင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ပြစ်ဒဏ်
လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည့် အကျဉ်းသား/အကျဉ်းသူ(၅၁၈) ဦးဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment